iMyanmarHouse.com - Best Property Website for Myanmar
×


က်ည္ဆံ ၁၉၅၀ သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းကို ေနာင္ခ်ိဳ ၿမိဳ႕  အိုရီယမ္တယ္တိုးဂိတ္၌ ယာဥ္စစ္ေဆးေရးအဖြဲ႕က ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ ထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁၁ ရက္ နံနက္ ၉ နာရီတြင္ မူးယစ္ရဲတပ္ဖြဲ႕စု(၂၄)ပါဝင္သည့္ ပူးေပါင္း အဖြဲ႕သည္ ေနာင္ခ်ိဳၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္တြင္ ယာဥ္စစ္ေဆးေဆာင္႐ြက္ေနစဥ္ ေနာင္ခ်ိဳၿမိဳ႕ ဘက္မွသီေပါၿမိဳ႕ဘက္သို႔ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ ေန ေဇယ်ာမင္း(ခ)သားႀကီး ၃၁ ႏွစ္ ေမာင္းႏွင္လာသည့္ မတ္တူးအမ်ိဳးအစားယာဥ္ကို ရွာေဖြခဲ့သည္။

ထိုသို႔ရွာေဖြစဥ္ ယာဥ္ေနာက္ခန္းအတြင္း ဘီးထည့္သည့္ ဝဲ/ယာေဘးေဘာင္အတြင္းမွ ပလတ္ စတစ္ေကာ္ဘူးျဖင့္ထည့္ထားေသာ 9MM THAIARMS က်ည္ဆံ ၅ဝဝ ေတာင့္ႏွင့္ ပြိဳင့္၂၂ က်ည္ဆံ ၁၄၅ဝေတာင့္တို႔ကို ရွာေဖြသိမ္းဆည္းရမိခဲ့သည္။

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕နယ္၊ တုံခန္းေက်း႐ြာေန စိုင္းလွမိုး(ခ)လွမိုး ၂၂ ႏွစ္ ထံသို႔ ေငြက်ပ္ ၂၂ဝဝဝဝ ျဖင့္ ပို႔ေဆာင္ခိုင္း၍ေမာင္းႏွင္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ ထိုသို႔ ပို႔ေဆာင္ခိုင္းသူမွာ တစ္ရပ္ကြက္တည္းေန ေယာက္ဖျဖစ္သူ လႈိင္ဦး (စိစစ္ဆဲ)ျဖစ္သည္ဟု ဆိုသည္။

သက္ဆိုင္ရာ၏ စုံစမ္းခ်က္မ်ားအရ ညေန ၄ နာရီခန္႔တြင္ ဖုန္းျဖင့္ဆက္သြယ္လာသူ စိုင္းလွမိုး(ခ)လွမိုးႏွင့္ မူဆယ္ၿမိဳ႕ေကာင္းမႈလြယ္ရပ္ကြက္ေန စိုင္းဆိုင္ဖ ၂၂ ႏွစ္တို႔ကို သီေပါၿမိဳ႕၊ အုပ္က်င္းရပ္ကြက္၊ မဟာျမတ္မုနိဘုရားႀကီး ဝန္းအတြင္းရွိ ငါးကန္အနီး ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့သည္။

၄င္းတို႔ ႏွစ္ဦးကိုလည္း ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းကအမႈျဖင့္အေရးယူထားၿပီး လႈိင္ဦး (စုံစမ္းဆဲ) ကို ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarTime

#Unicode Version#

ကျည်ဆံ ၁၉၅၀ သယ်ဆောင်လာသည့် ယာဉ်မောင်းကို နောင်ချို မြို့  အိုရီယမ်တယ်တိုးဂိတ်၌ ယာဉ်စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီတွင် မူးယစ်ရဲတပ်ဖွဲ့စု(၂၄)ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ယာဉ်စစ်ဆေးဆောင်ရွက်နေစဉ် နောင်ချိုမြို့ ဘက်မှသီပေါမြို့ဘက်သို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နေ ဇေယျာမင်း(ခ)သားကြီး ၃၁ နှစ် မောင်းနှင်လာသည့် မတ်တူးအမျိုးအစားယာဉ်ကို ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေစဉ် ယာဉ်နောက်ခန်းအတွင်း ဘီးထည့်သည့် ဝဲ/ယာဘေးဘောင်အတွင်းမှ ပလတ် စတစ်ကော်ဘူးဖြင့်ထည့်ထားသော 9MM THAIARMS ကျည်ဆံ ၅ဝဝ တောင့်နှင့် ပွိုင့်၂၂ ကျည်ဆံ ၁၄၅ဝတောင့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ တုံခန်းကျေးရွာနေ စိုင်းလှမိုး(ခ)လှမိုး ၂၂ နှစ် ထံသို့ ငွေကျပ် ၂၂ဝဝဝဝ ဖြင့် ပို့ဆောင်ခိုင်း၍မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထိုသို့ ပို့ဆောင်ခိုင်းသူမှာ တစ်ရပ်ကွက်တည်းနေ ယောက်ဖဖြစ်သူ လှိုင်ဦး (စိစစ်ဆဲ)ဖြစ်သည်ဟု ဆိုသည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ ညနေ ၄ နာရီခန့်တွင် ဖုန်းဖြင့်ဆက်သွယ်လာသူ စိုင်းလှမိုး(ခ)လှမိုးနှင့် မူဆယ်မြို့ကောင်းမှုလွယ်ရပ်ကွက်နေ စိုင်းဆိုင်ဖ ၂၂ နှစ်တို့ကို သီပေါမြို့၊ အုပ်ကျင်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီး ဝန်းအတွင်းရှိ ငါးကန်အနီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ နှစ်ဦးကိုလည်း နောင်ချိုမြို့မရဲစခန်းကအမှုဖြင့်အရေးယူထားပြီး လှိုင်ဦး (စုံစမ်းဆဲ) ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: MyanmarTime
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top