iMyanmarHouse.com - Best Property Website for Myanmar
×


ဆင္ေျပာင္သေဘၤာနစ္ၿပီး ေပ်ာက္ဆံုးေနသူထဲက ၈ ဦးအ​ေလာင္​းကို မေန႔က ထပ္မံ ေတြ႔ရွိခဲ့ပါတယ္။​ေဖ​ေဖာ္​၀ါရီ ၁၁ ရက္​​ေန႔  မနက္ ၄ နာရီေလာက္က​ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕နယ္ ဇီးေတာေက်းရြာရွိ မီးျပတိုက္ကို ျပဳျပင္ဖို႔ေရာက္ရွိေနတဲ့ ဆင္ေျပာင္သဘၤာနစ္ျမဳပ္ခဲ့တာပါ။သေဘၤာနစ္ျမဳပ္မႈေၾကာင့္ လူ ၁၉ ဦးေပ်ာက္ဆုံးေန​ၿပီး ေပ်ာက္​ဆံုးသူေတြကို ကယ္​ဆယ္​​​ေရး အဖြဲ႔ေတြနဲ႔ ​ေရတပ္​တို႔ ပူး​ေပါင္​းရွာေဖြ​ေနၾကရာ ေဖ​ေဖာ္​၀ါရီ ၁၂ ရက္​​ေန႔အထိ ​ေပ်ာက္​ဆံုး​ေနသူ အ​ေလာင္​း ၈ ​ေလာင္​းရွာ​ေဖြ​ေတြ႔ရွိခဲ့တာပါ။

ကယ္​ဆယ္​​ေရးအဖြဲ႔၀င္တဦးက “ေဖေဖာ္၀ါရီ ၁၁ ရက္ေန႔က လိႈင္​းႀကီး​ေန​ေတာ ဘယ္​လို႔မွ ရွာမ​ေတြ႔ႏိုင္​ခဲ့ပါဘူး။ အ​ေလာင္​း ၂ ​ေလာင္​း ​ေတြ႔တာကို​ေတာင္ ​ဆည္​ယူလို႔ မရႏိုင္​ခဲ့ပါဘူး။ ဒီ​ေန႔ မနက္​ပိုင္​းမွာ​ေတာ ငမန္​းတင္​ဆိပ္​ဖက္​မွာ ၃ ​ေလာင္​း ကမ္​းတင္​​ေနတာ စ​ေတြ႔တယ္​။ ​ေန႔လယ္​ပိုင္​းမွာ ​ေနာက္​ထပ္​ ၅ ​ေလာင္​း ရွာ​ေတြ႔ခဲ့ပါတယ္​။ ​ေနာက္​က်န္​​ေနတဲ့ အ​ေလာင္​း​ေတြ ကိုလည္း ျပန္​​ေတြ႔မွာပါ။ အသက္​ရွင္​က်န္​ရွိနိုင္​သူရွိနိုင္​ဖို႔ ​ေမွ်ာ္​လင့္ခ်က္​က​ေတာ နည္​းပါး​ေနပါတယ္​။ ကံ​ေကာင္​း​ေထာက္​မစြာနဲ႔ပဲ ကၽြန္း​ေတြကို​ေရာက္​​ေနတာ ေတြ႔မလား​ေပါ့​ေလ”လို႔​ေျပာပါတယ္​။

ဆယ္ယူရရွိတဲ့ အေလာင္းေတြမွာ ဦးထြန္းထြန္း (သေဘၤာကပၸတိန္)၊ ဦးထြန္းေအာင္ (သေဘၤာအရာရွိ)၊ ကုိျမင့္ေဇာ္ (ေအာ္ပေရတာ)၊ ဦးေက်ာ္ညႊန္႔၊ ဦးသိန္းလႊင္ (သေဘၤာသား)၊ ဦးထြန္းဦး (သေဘၤာသား)၊ ဦးျမတ္ေဆြနဲ႔ ဦးတင္ေမာင္၀င္း တို႔ျဖစ္ၿပီး ​ေတြ႔ရွိတဲ့အ​ေလာင္​းေတြကို မာန္ေအာင္ၿမိဳ႕ျပည္​သူ​ေဆး႐ုံကို ပို႔ေဆာင္ခဲ့ပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

ဆင်ပြောင်သင်္ဘောနစ်ပြီး ပျောက်ဆုံးနေသူထဲက ၈ ဦးအလောင်းကို မနေ့က ထပ်မံ တွေ့ရှိခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၁ ရက်နေ့  မနက် ၄ နာရီလောက်က ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇီးတောကျေးရွာရှိ မီးပြတိုက်ကို ပြုပြင်ဖို့ရောက်ရှိနေတဲ့ ဆင်ပြောင်သင်္ဘာနစ်မြုပ်ခဲ့တာပါ။သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၁၉ ဦးပျောက်ဆုံးနေပြီး ပျောက်ဆုံးသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရေတပ်တို့ ပူးပေါင်းရှာဖွေနေကြရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ပျောက်ဆုံးနေသူ အလောင်း ၈ လောင်းရှာဖွေတွေ့ရှိခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ဖေဖော်ဝါရီ ၁၁ ရက်နေ့က လှိုင်းကြီးနေတော ဘယ်လို့မှ ရှာမတွေ့နိုင်ခဲ့ပါဘူး။ အလောင်း ၂ လောင်း တွေ့တာကိုတောင် ဆည်ယူလို့ မရနိုင်ခဲ့ပါဘူး။ ဒီနေ့ မနက်ပိုင်းမှာတော ငမန်းတင်ဆိပ်ဖက်မှာ ၃ လောင်း ကမ်းတင်နေတာ စတွေ့တယ်။ နေ့လယ်ပိုင်းမှာ နောက်ထပ် ၅ လောင်း ရှာတွေ့ခဲ့ပါတယ်။ နောက်ကျန်နေတဲ့ အလောင်းတွေ ကိုလည်း ပြန်တွေ့မှာပါ။ အသက်ရှင်ကျန်ရှိနိုင်သူရှိနိုင်ဖို့ မျှော်လင့်ချက်ကတော နည်းပါးနေပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်းတွေကိုရောက်နေတာ တွေ့မလားပေါ့လေ”လို့ပြောပါတယ်။

ဆယ်ယူရရှိတဲ့ အလောင်းတွေမှာ ဦးထွန်းထွန်း (သင်္ဘောကပ္ပတိန်)၊ ဦးထွန်းအောင် (သင်္ဘောအရာရှိ)၊ ကိုမြင့်ဇော် (အော်ပရေတာ)၊ ဦးကျော်ညွှန့်၊ ဦးသိန်းလွှင် (သင်္ဘောသား)၊ ဦးထွန်းဦး (သင်္ဘောသား)၊ ဦးမြတ်ဆွေနဲ့ ဦးတင်မောင်ဝင်း တို့ဖြစ်ပြီး တွေ့ရှိတဲ့အလောင်းတွေကို မာန်အောင်မြို့ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top