ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္နဲ႔ ဒုတိယအႀကိမ္ လူခ်င္းေတြ႕ဆံု ေဆြးေႏြးမယ့္ အစီအစဥ္အတြက္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းဟာ ဗီယက္နမ္ ႏုိင္ငံကို ဆိုက္ေရာက္လာၿပီ ျဖစ္ပါတယ္။

ကိုရီးယားကၽြန္းဆြယ္ ႏ်ဴကလီးယားလက္နက္ ကင္းစင္ေရးအတြက္ ၿပီးခဲ့တဲ့ႏွစ္က စင္ကာပူမွာ ထရမ့္နဲ႔ ကင္မ္တို႔ သမိုင္းဝင္ ေတြ႕ဆံုခဲ့ၿပီး ေနာက္ဆက္တြဲ ေဆြးေႏြးပြဲကို ေဖေဖာ္ဝါရီ ၂၈ ရက္မွာ က်င္းပသြားမွာပါ။

ေဖေဖာ္၀ါရီ ၂၆ ရက္ မနက္ပိုင္းမွာေတာ့ ကင္မ္လိုက္ပါလာတဲ့ ရထားဟာ ေဒါင္ဒန္ ဘူတာကို ဆိုက္ေရာက္လာၿပီး အဲဒီကေနတဆင့္ ဟႏြိဳင္းကို ကားနဲ႔ ခရီးဆက္မွာ ျဖစ္ပါတယ္။

ကင္မ္ကို ဗီယက္နမ္ အစိုးရ တာဝန္ရွိသူေတြက ဘူတာ႐ံုမွာ ေကာ္ေဇာနီ ခင္းၿပီး ႀကိဳဆိုခဲ့ၾကပါတယ္။

ကင္မ္လုိက္ပါသြားတဲ့ ဇိမ္ခံကားႀကီး ထြက္ခြာသြားခ်ိန္မွာ ထံုးစံအတိုင္း အနက္ေရာင္ဝတ္ ကိုယ္ရံေတာ္ တသိုက္က ၿခံရံ လုိက္ပါသြားတာ ေတြ႕ရပါတယ္။

ကင္မ္နဲ႔အတူ ညီမျဖစ္သူ ကင္မ္ယိုေဂ်ာင္၊ ေျမာက္ကိုရီးယား ဗိုလ္ခ်ဳပ္ေဟာင္း ကင္မ္ေယာင္ခ်ိဳလ္တို႔လည္း အခုခရီးစဥ္မွာ ပါဝင္လာတယ္လုိ႔ သတင္းေတြက ေဖာ္ျပပါတယ္။

ထရမ့္ကေတာ့ ေဖေဖာ္ဝါရီ ၂၆ ရက္ မြန္းလြဲပိုင္းက်မွ ဗီယက္နမ္ကို ေရာက္လာမွာပါ။

သူတို႔ႏွစ္ဦးဟာ ေဖေဖာ္ဝါရီ ၂၇ ရက္မွာ အခ်ိန္ပိုင္းေလာက္ ေတြ႕ဆံုၿပီး အစိုးရအဖဲြ႕ဝင္ေတြနဲ႔အတူ ညစာစားၾကဖို႔ စီစဉ္ထားပါတယ္။

ေနာက္တစ္ရက္က်မွ ေခါင္းေဆာင္ႏွစ္ဦးဟာ မူဝါဒေရးရာ အေလးအနက္ ေဆြးေႏြးမႈေတြ စတင္သြားမယ္လုိ႔ အိမ္ျဖဴေတာ္က ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thelifestylemyanmar

#Unicode Version#
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဒုတိယအကြိမ် လူချင်းတွေ့ဆုံ ဆွေးနွေးမယ့် အစီအစဉ်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဗီယက်နမ် နိုင်ငံကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် ပြီးခဲ့တဲ့နှစ်က စင်ကာပူမှာ ထရမ့်နဲ့ ကင်မ်တို့ သမိုင်းဝင် တွေ့ဆုံခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျင်းပသွားမှာပါ။

ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာတော့ ကင်မ်လိုက်ပါလာတဲ့ ရထားဟာ ဒေါင်ဒန် ဘူတာကို ဆိုက်ရောက်လာပြီး အဲဒီကနေတဆင့် ဟနွိုင်းကို ကားနဲ့ ခရီးဆက်မှာ ဖြစ်ပါတယ်။

ကင်မ်ကို ဗီယက်နမ် အစိုးရ တာဝန်ရှိသူတွေက ဘူတာရုံမှာ ကော်ဇောနီ ခင်းပြီး ကြိုဆိုခဲ့ကြပါတယ်။

ကင်မ်လိုက်ပါသွားတဲ့ ဇိမ်ခံကားကြီး ထွက်ခွာသွားချိန်မှာ ထုံးစံအတိုင်း အနက်ရောင်ဝတ် ကိုယ်ရံတော် တသိုက်က ခြံရံ လိုက်ပါသွားတာ တွေ့ရပါတယ်။

ကင်မ်နဲ့အတူ ညီမဖြစ်သူ ကင်မ်ယိုဂျောင်၊ မြောက်ကိုရီးယား ဗိုလ်ချုပ်ဟောင်း ကင်မ်ယောင်ချိုလ်တို့လည်း အခုခရီးစဉ်မှာ ပါဝင်လာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ထရမ့်ကတော့ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းကျမှ ဗီယက်နမ်ကို ရောက်လာမှာပါ။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ အချိန်ပိုင်းလောက် တွေ့ဆုံပြီး အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ညစာစားကြဖို့ စီစဉ်ထားပါတယ်။

နောက်တစ်ရက်ကျမှ ခေါင်းဆောင်နှစ်ဦးဟာ မူဝါဒရေးရာ အလေးအနက် ဆွေးနွေးမှုတွေ စတင်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:thelifestylemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top