iMyanmarHouse.com - Best Property Website for Myanmar
×

က်ေနာ္ ရဲမင္းသူ ဆိုတဲ့ အညာသားေလး တစ္ေယာက္ ကိုရီးယား မွာ ၃ႏွစ္ အလုပ္ လုပ္ခဲ့တယ္။ ကိုရီးယားမွာေနတုန္းက ရခဲ့တဲ့ ပိုက္ဆံ ေတြက္ို လကုန္ၿပီ ဆိုလွ်င္ မိဘဆီ ပို႔လိုက္တယ္။ အေဖနဲ႔ အေမ စိတ္ခ်မ္းသာတယ္။ မိသားစု စားဝတ္ေနေရး ေျပလည္ လာတယ္။ ညီမေလးနဲ႔ ညီငယ္ တစ္ေယာက္ကိုလည္း ေက်ာင္း ေကာင္းေကာင္း မွာထားႏိုင္တယ္။

က်ေနာ္ကလည္း အသံုးစားရိတ္ေလာက္ ခ်န္ထားတက္တာ အပို မသံုးျဖစ္ေအာင္ ေနတယ္။ အဓိက ကေတာ့ အေဖ၊ အေမနဲ႔ ညီငယ္၊ ညီမငယ္ေလးေတြ ဆီ ဖုန္းဆက္တဲ့ အခ်ိန္ လြင့္ပ်ံလာတဲ့ ရယ္ရႊင္ျမဴးး သံေတြက က်ေနာ့္ အတြက္ ပ႐ိုဘီမင္ ပါပဲ။

က်ေနာ္ အေဖ့ဆီ ဖုန္းဆက္တယ္။ အေဖေရ အေႂကြးေတြေၾကၿပီ လား။ လူ႔ေလာကမွာ သူမ်ားဆီက အေႂကြး ရွိေနလွ်င္ စိတ္ခ်မ္း သာ မႈေတြ ေပ်ာက္ပ်က္လြန္းလို႔ ေႂကြး ကင္းရွင္းၿခင္း ခ်မ္းသာကို​ေတာ့ က်ေနာ္ ခံစားခ်င္တယ္။

က်ေနာ္ အေဖနဲ႔ အေမကို အၿမဲေျပာတယ္ အေဖေရ သူမ်ားက ကိုယ့္ ကို ယံုၾကည္လို႔ ေခ်းတဲ့ ေငြေတြကို အရင္ျပန္ဆပ္ပါ။ ၿပီးလွ်င္ က်န္ တာလုပ္ေပါ့။

အေဖကလည္း က်ေနာ့္ကိုျပန္ေျပာတယ္။ ငါ့သားႀကီးရ မင္းႏိုင္ငံ ၿခားသြားဖို႔ ေခ်းတဲ့ ေငြေတြကို အလြယ္တစ္ကူေခ်းလို႔ ရတာက အေဖတို႔ မ်ိဳး႐ိုးမွာ သူမ်ားေႂကြးေျမကို သံသရာထိ မယူဘူး ဆိုတဲ့ ႐ိုးသားမႈ ဂုဏ္နဲ႔ အၿမဲေနတယ္။

လက္ထဲ ရွိရင္ျပန္ဆပ္ခဲ့တဲ့ အတြက္ေၾကာင့္ အေဖ တို႔မွာ ေငြအခက္ အခဲ မရွိပါဘူးကြာ။ အဲ့ဒီလိုနဲ႔ အေႂကြးေတြေၾကေအာင္ ဆပ္ၿပီးေတာ့ အေဖနဲ႔ အေမက သားေရ အေႂကြးေက်ၿပီကြာ။ အေဖ့ သားေတြ သမီးငယ္ေတြနဲ႔ တူ၊ တူမေတြကို အလႉ လႉေပးခ်င္တယ္ကြာ။

အေဖ ကေတာ့ မီးခိုးတိတ္။ ဗ်ိဳ႔ထိုး အကူမခံဘူး။ ထမင္းရည္ေခ်ာင္း စီး ေမာင္းတီး လႉခ်င္တာကြ။ ၿပီးေတာ့ ငါ့သားလည္း ကိုရီးယား ရွိေနတာ ဆိုေတာ့ အႀကီးအက်ယ္ လႉခ်င္တယ္သား။

အေဖ ဘယ္ေလာက္ေလာက္ဆိုရင္ ရလည္းေမးေတာ့ သိပ္မကုန္ ပါဘူးကြာတဲ့။ အလႉကိစၥ ဆိုေတာ့ က်ေနာ္ကလည္း မပိတ္ပင္ပါဘူး။ ​ေနာက္တစ္ခုက မိဘကို စိတ္ခ်မ္းသာေစခ်င္တယ္ေလ။ အဲ့ဒီလိုနဲ႔ အလႉႀကီးကို ၿခိမ့္ၿခိမ့္သဲ လႉလိုက္တယ္။

အလႉၿပီးေတာ့ ဖုန္းဆက္လာတယ္။ သားေရ သိန္းတရာ နား ကပ္ သြား တယ္။ အေဖ႔ရဲ႕ ဂုဏ္ယူ ဝံ့ႂကြားတဲ့ အသံက က်ေနာ့္ရင္ကို ေအးျမေစေပမဲ့ သက္ျပင္းေလး တစ္ခ်က္ ခိုးၿပီး ခ်မိတာကိုေတာ့ အေဖ သိမွာ စ္ိုးရိမ္မိတာအမွန္ပင္။

အေႂကြးေတြေတာ့ က်တယ္။ ငါ့သား ဒီတစ္ခါ လစာ ဘယ္ေန႔ ရမွာ လဲ။ အေဖေရ လစဥ္ ပံုမွန္ ၂၅ ရက္ေန႔ေပါ့ အေဖရယ္ေျပာလိုက္ တယ္။ ​ေအးကြာ အေႂကြးရွင္ေတြက္ို ေျဖးေျဖးခ်င္း ဆပ္သြားမယ္ကြာ။ဟုတ္ကဲ့ပါ အေဖ။

အေဖ၊ အေမနဲ႔ မိသားစု အားလံုး အဆင္ေျပေနတယ္ ဆိုရင္ သား ေပ်ာ္ပါတယ္ အေဖ။ အဲ့ဒီလိုနဲ႔ အလႉေႂကြးကို ၅ လခန္႔ ႔ကိုရီးယား လာတုန္းက ေခ်းတဲ့ ေငြက အတိုးနဲ႔ ဆိုေတာ့ ၇လ ခန္႔။ တႏွစ္ရွိ သြားၿပီ။ လက္ထဲေတာ့ မပိုေသးဘူးေပါ့။

အေဖ နဲ႔ အေမ ဘာလုပ္ငန္းေတြ လုပ္ဖို႔ စိတ္ကူးထားလည္း သား တို႔ စီးပြားေရး တစ္ခုေတာ့ လုပ္မလားလို႔ဗ်ာ။ အေဖက ေျပာတယ္ ငါ့သားရာ လုပ္မွာေပါ့ကြ။ အေဖနဲ႔ အေမက အသက္ႀကီးၿပီဆိုေတာ့ အိမ္ေကာင္းေကာင္းေဆာက္ခ်င္တယ္ ။ သားအေနနဲ႔ ဘယ္လို သေဘာ ရလဲ ။

က်ေနာ္ စဥ္းစားလ္ုက္တယ္။ အေဖနဲ႔ အေမ လည္း အိမ္ေကာင္း ေကာင္းနဲ႔ ေနခ်င္မွာပဲေလ။ ငါ့သားေရ သစ္သားအိမ္ႏွစ္ထပ္ ပ်ဥ္ေထာင္၊ ပ်ဥ္ခင္း၊ အုပ္ခံုခံ၊ သြပ္မိုး ဆို ၁၅၀သိန္း ဝန္းက်င္ ေလာက္ က်မွာ။ နံကပ္ ဆိုရင္လည္း ၂၀၀ သိန္းေက်ာ္ပဲ မထူး ေတာ့ဘူး။ နံရံကပ္ လုပ္လိုက္ရေအာင္ ဟုတ္ကဲ့ အေဖ။

သား အလုပ္ လုပ္ေနတယ္ ဆိုတာကလည္း အေဖ၊အေမနဲ႔ မိသားစု အတြက္ပါ။ အေဖ အေမ စိတ္ခ်မ္းသာတယ္ ဆိုရင္ သား ေပ်ာ္တယ္ အေဖနဲ႔ အေမ။ ညီေလး ညီမေလးေတြ ကိုလည္း လိုအပ္တာ ေလး ေတြ လုပ္ေပးလိုက္ပါ။

အေဖေရ သားကလည္း လခစား အလုပ္သမား ဆိုေတာ့ လကုန္မွ သာ ေငြက ရႏိုင္တာ ဆိုေတာ့ အေဖအဆင္ေၿပသလို ေဆာက္သြား ပါ။

ငါ့သား လစဥ္ပံုမွန္ လႊဲေပးေနရင္ အေႂကြး အကုန္ယူလို႔ရတယ္ကြ။အဲ့ဒီလိုနဲ႔ က်ေနာ္လည္း လစဥ္ ပံုမွန္ေငြလႊဲ အေဖကလည္း ႏွစ္ထပ္ တိုက္က္ို အက်အန ဆာက္လိုက္ေတာ့ သိန္း ၃၀၀ နားကပ္ သြား တယ္ ။ အခ်ိန္ကလည္း ႏွစ္ႏွစ္ခန္႔ၾကာ သြားတယ္။

က်ေနာ့္႔ စက္ရံု ကလည္း ၃ႏွစ္ျပည့္ေတာ့ ေနာက္တႏွစ္ အတြက္ က အလုပ္ မေကာင္း စက္ရံု ကလည္း ေဒဝါလီ ခံမယ္႔ အဆင့္နီးပါး ဆိုေတာ့ တိုးဖို႔ အဆင္မေျပေတာ့ဘူး။

က်ေနာ္ အိမ္ကို ဖုန္းဆက္လိုက္တယ္။ အေဖ သားသက္တမ္း တိုး မရဘူး။ အျခားလည္း ထြက္ၿပီး အလုပ္မရွာေတာ့ဘူး။ ျပန္လာခဲ့မယ္ ဆို အဆင္ေျပလား ဆိုေတာ့။ အိမ္လည္းၿပီးၿပီကြာ ျပန္လာေပါ့ကြာ ဒိုးတူေဘာင္ဘက္ လုပ္စားတာေပါ့။

အဲ့ဒီလိုနဲ႔ သံုးႏွစ္ျပည့္ေတာ့ျပန္လာခဲ့တယ္။ လက္ထဲမွာ ထြဲဂ်ီးဂြန္း ေလးေတာ့ အနည္းငယ္ ပါေသးတယ္။ အဲ့ဒီလိုနဲ႔ ေနလာလိုက္တာ ၆ လခန္႔ၾကာေသာ္ေပါ့ဗ်ာ ။

လုပ္ငန္းကလည္း မယ္မယ္ရရမရွိ လက္ထဲက ေငြကလည္း ကုန္ သြားၿပီ။ အေဖ့ ေငြ ၂ေသာင္းေလာက္ ေပးပါဦး ။ သား သူငယ္ခ်င္း ေတြနဲ႔ အျပင္ ခဏသြားမလို႔။ ငါ့သားရ ေရာ့ ၅၀၀၀ က်ပ္ ၅၀၀၀ ဆိုတာ တစ္ရက္ လုပ္အားခ ရွိတယ္။ေခၽြေခၽြတာတာ သံုးကြ။ ဟုတ္ကဲ့ပါ အေဖ။

က်ေနာ္ ေခါင္းကေလး ငိုက္စိုက္က် ဆိုင္ကယ္ေလးနဲ႔ အသာ ကေလး ထြက္လာတယ္။ ငါကိုရီးယားမွာေနတုန္းက ေငြေတြ အမ်ားႀကီး ဝင္ခဲ့ေပမဲ့ လုပ္ငန္းတစ္ခု စီးပြားေရး တစ္ခုကို မထူ ေထာင္ႏိုင္ခဲ့ဘူးကြာ။

က်ေနာ္ေလ ေရကန္ပဲ တူးခဲ့မိတာ။ ေရတြင္း မတူးခဲ့ရဘူး။ ​ေရကန္ ဆ္ိုတဲ့ စီးပြားေရးက ခပ္လို႔ကုန္ရင္ ထပ္မျဖည့္တဲ့ တစ္ေန႔ ခုဆို ေရ မရွိေတာ့ဘူး။ ေရတြင္း ဆိုတဲ့ စီးပြားေရး အမာခံတစ္ခုကို လုပ္ခဲ့ ရမွာ ။

က်ေနာ္ေလ ေနာင္တေတြနဲ႔ အတူ သူငယ္ခ်င္း ​ေတြကို ရင္ဖြင့္မိတယ္။ သူငယ္ခ်င္းေတြ ကလည္း ငါတို C BT ျပန္ေျဖၿပီး လစ္ရ ေအာင္ကြာတဲ့။ က်ေနာ့္႔ သူငယ္ခ်င္း ဘဝတူေတြကလည္း ငါတို႔ တစ္ေခါက္ ထပ္ထြက္က်ရေအာင္ကြာ။

မင္းလည္း ေဆးခင္းကို တစ္ရက္ ၅၀၀၀ က်ပ္နဲ႔ ေပါက္တူး မေပါက္ႏိုင္ဘူး။ ပဲရိတ္လည္း မလိုက္ႏိုင္မယ္႔ အတူတူ ငါတို႔ တစ္ေတြ ျပန္ႀကိဳးစားမယ္ကြာ။

ဒါေတြက ဘဝသင္ခန္းစာေတြပဲေလ။ ငါတို႔ ဟိုေရာက္ရင္ မိဘကို လုပ္ေကၽြးရင္း ဘဝ အနာဂါတ္အတြက္ စီပြားေရး အလုပ္တစ္ခုကို လုပ္ဖို႔ ငါေတာ့ စဥ္းစားထားၿပီးၿပီ။

က်ားႀကီးေျခရာႀကီး သံုးစြဲေနရင္ ျပန္လာလည္း ငါတို႔ ရပ္တည္ လို႔မွ မရတာ ။

ငါတို႔ ဆံုးၿဖတ္ခ်က္ ခ်လိုက္ရေအာင္ကြာ ဒုကႀကီး တစ္ေယာက္ အေန နဲ႔ ကိုရီးယား ကို ျပန္ေရာက္ခဲ့ရင္ စီးပြားေရး တစ္ခု အေခ် က်ေအာင္ လုပ္သင့္တယ္လို႔ အေတြးေတြကို ရင္မွာပ္ိုက္ၿပီး ဒုကႀကီး ဘဝနဲ႔ ေနာင္တမဲ့ ေန႔ရက္ေတြကို ျဖတ္သန္းဖို႔ က်ေနာ္ဆံုးျဖတ္ခ်က္ ခ်မိပါေတာ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကာရန္မင္း (ေခတၱကိုရီးယား)
 Kar Yan Min‎ ဟန္းဂုရြာ
#Unicode Version#
ကျနော် ရဲမင်းသူ ဆိုတဲ့ အညာသားလေး တစ်ယောက် ကိုရီးယား မှာ ၃နှစ် အလုပ် လုပ်ခဲ့တယ်။ ကိုရီးယားမှာနေတုန်းက ရခဲ့တဲ့ ပိုက်ဆံ တွေကို လကုန်ပြီ ဆိုလျှင် မိဘဆီ ပို့လိုက်တယ်။ အဖေနဲ့ အမေ စိတ်ချမ်းသာတယ်။ မိသားစု စားဝတ်နေရေး ပြေလည် လာတယ်။ ညီမလေးနဲ့ ညီငယ် တစ်ယောက်ကိုလည်း ကျောင်း ကောင်းကောင်း မှာထားနိုင်တယ်။

ကျနော်ကလည်း အသုံးစားရိတ်လောက် ချန်ထားတက်တာ အပို မသုံးဖြစ်အောင် နေတယ်။ အဓိက ကတော့ အဖေ၊ အမေနဲ့ ညီငယ်၊ ညီမငယ်လေးတွေ ဆီ ဖုန်းဆက်တဲ့ အချိန် လွင့်ပျံလာတဲ့ ရယ်ရွှင်မြူးး သံတွေက ကျနော့် အတွက် ပရိုဘီမင် ပါပဲ။

ကျနော် အဖေ့ဆီ ဖုန်းဆက်တယ်။ အဖေရေ အကြွေးတွေကြေပြီ လား။ လူ့လောကမှာ သူများဆီက အကြွေး ရှိနေလျှင် စိတ်ချမ်း သာ မှုတွေ ပျောက်ပျက်လွန်းလို့ ကြွေး ကင်းရှင်းခြင်း ချမ်းသာကိုတော့ ကျနော် ခံစားချင်တယ်။

ကျနော် အဖေနဲ့ အမေကို အမြဲပြောတယ် အဖေရေ သူများက ကိုယ့် ကို ယုံကြည်လို့ ချေးတဲ့ ငွေတွေကို အရင်ပြန်ဆပ်ပါ။ ပြီးလျှင် ကျန် တာလုပ်ပေါ့။

အဖေကလည်း ကျနော့်ကိုပြန်ပြောတယ်။ ငါ့သားကြီးရ မင်းနိုင်ငံ ခြားသွားဖို့ ချေးတဲ့ ငွေတွေကို အလွယ်တစ်ကူချေးလို့ ရတာက အဖေတို့ မျိုးရိုးမှာ သူများကြွေးမြေကို သံသရာထိ မယူဘူး ဆိုတဲ့ ရိုးသားမှု ဂုဏ်နဲ့ အမြဲနေတယ်။

လက်ထဲ ရှိရင်ပြန်ဆပ်ခဲ့တဲ့ အတွက်ကြောင့် အဖေ တို့မှာ ငွေအခက် အခဲ မရှိပါဘူးကွာ။ အဲ့ဒီလိုနဲ့ အကြွေးတွေကြေအောင် ဆပ်ပြီးတော့ အဖေနဲ့ အမေက သားရေ အကြွေးကျေပြီကွာ။ အဖေ့ သားတွေ သမီးငယ်တွေနဲ့ တူ၊ တူမတွေကို အလှူ လှူပေးချင်တယ်ကွာ။

အဖေ ကတော့ မီးခိုးတိတ်။ ဗျို့ထိုး အကူမခံဘူး။ ထမင်းရည်ချောင်း စီး မောင်းတီး လှူချင်တာကွ။ ပြီးတော့ ငါ့သားလည်း ကိုရီးယား ရှိနေတာ ဆိုတော့ အကြီးအကျယ် လှူချင်တယ်သား။

အဖေ ဘယ်လောက်လောက်ဆိုရင် ရလည်းမေးတော့ သိပ်မကုန် ပါဘူးကွာတဲ့။ အလှူကိစ္စ ဆိုတော့ ကျနော်ကလည်း မပိတ်ပင်ပါဘူး။ နောက်တစ်ခုက မိဘကို စိတ်ချမ်းသာစေချင်တယ်လေ။ အဲ့ဒီလိုနဲ့ အလှူကြီးကို ခြိမ့်ခြိမ့်သဲ လှူလိုက်တယ်။

အလှူပြီးတော့ ဖုန်းဆက်လာတယ်။ သားရေ သိန်းတရာ နား ကပ် သွား တယ်။ အဖေ့ရဲ့ ဂုဏ်ယူ ဝံ့ကြွားတဲ့ အသံက ကျနော့်ရင်ကို အေးမြစေပေမဲ့ သက်ပြင်းလေး တစ်ချက် ခိုးပြီး ချမိတာကိုတော့ အဖေ သိမှာ စိုးရိမ်မိတာအမှန်ပင်။

အကြွေးတွေတော့ ကျတယ်။ ငါ့သား ဒီတစ်ခါ လစာ ဘယ်နေ့ ရမှာ လဲ။ အဖေရေ လစဉ် ပုံမှန် ၂၅ ရက်နေ့ပေါ့ အဖေရယ်ပြောလိုက် တယ်။ အေးကွာ အကြွေးရှင်တွေကို ဖြေးဖြေးချင်း ဆပ်သွားမယ်ကွာ။ဟုတ်ကဲ့ပါ အဖေ။

အဖေ၊ အမေနဲ့ မိသားစု အားလုံး အဆင်ပြေနေတယ် ဆိုရင် သား ပျော်ပါတယ် အဖေ။ အဲ့ဒီလိုနဲ့ အလှူကြွေးကို ၅ လခန့့်ကိုရီးယား လာတုန်းက ချေးတဲ့ ငွေက အတိုးနဲ့ ဆိုတော့ ၇လ ခန့်။ တနှစ်ရှိ သွားပြီ။ လက်ထဲတော့ မပိုသေးဘူးပေါ့။

အဖေ နဲ့ အမေ ဘာလုပ်ငန်းတွေ လုပ်ဖို့ စိတ်ကူးထားလည်း သား တို့ စီးပွားရေး တစ်ခုတော့ လုပ်မလားလို့ဗျာ။ အဖေက ပြောတယ် ငါ့သားရာ လုပ်မှာပေါ့ကွ။ အဖေနဲ့ အမေက အသက်ကြီးပြီဆိုတော့ အိမ်ကောင်းကောင်းဆောက်ချင်တယ် ။ သားအနေနဲ့ ဘယ်လို သဘော ရလဲ ။

ကျနော် စဉ်းစားလ်ုက်တယ်။ အဖေနဲ့ အမေ လည်း အိမ်ကောင်း ကောင်းနဲ့ နေချင်မှာပဲလေ။ ငါ့သားရေ သစ်သားအိမ်နှစ်ထပ် ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုပ်ခုံခံ၊ သွပ်မိုး ဆို ၁၅၀သိန်း ဝန်းကျင် လောက် ကျမှာ။ နံကပ် ဆိုရင်လည်း ၂၀၀ သိန်းကျော်ပဲ မထူး တော့ဘူး။ နံရံကပ် လုပ်လိုက်ရအောင် ဟုတ်ကဲ့ အဖေ။

သား အလုပ် လုပ်နေတယ် ဆိုတာကလည်း အဖေ၊အမေနဲ့ မိသားစု အတွက်ပါ။ အဖေ အမေ စိတ်ချမ်းသာတယ် ဆိုရင် သား ပျော်တယ် အဖေနဲ့ အမေ။ ညီလေး ညီမလေးတွေ ကိုလည်း လိုအပ်တာ လေး တွေ လုပ်ပေးလိုက်ပါ။

အဖေရေ သားကလည်း လခစား အလုပ်သမား ဆိုတော့ လကုန်မှ သာ ငွေက ရနိုင်တာ ဆိုတော့ အဖေအဆင်ပြေသလို ဆောက်သွား ပါ။

ငါ့သား လစဉ်ပုံမှန် လွှဲပေးနေရင် အကြွေး အကုန်ယူလို့ရတယ်ကွ။အဲ့ဒီလိုနဲ့ ကျနော်လည်း လစဉ် ပုံမှန်ငွေလွှဲ အဖေကလည်း နှစ်ထပ် တိုက်ကို အကျအန ဆာက်လိုက်တော့ သိန်း ၃၀၀ နားကပ် သွား တယ် ။ အချိန်ကလည်း နှစ်နှစ်ခန့်ကြာ သွားတယ်။

ကျနော့့် စက်ရုံ ကလည်း ၃နှစ်ပြည့်တော့ နောက်တနှစ် အတွက် က အလုပ် မကောင်း စက်ရုံ ကလည်း ဒေဝါလီ ခံမယ့် အဆင့်နီးပါး ဆိုတော့ တိုးဖို့ အဆင်မပြေတော့ဘူး။

ကျနော် အိမ်ကို ဖုန်းဆက်လိုက်တယ်။ အဖေ သားသက်တမ်း တိုး မရဘူး။ အခြားလည်း ထွက်ပြီး အလုပ်မရှာတော့ဘူး။ ပြန်လာခဲ့မယ် ဆို အဆင်ပြေလား ဆိုတော့။ အိမ်လည်းပြီးပြီကွာ ပြန်လာပေါ့ကွာ ဒိုးတူဘောင်ဘက် လုပ်စားတာပေါ့။

အဲ့ဒီလိုနဲ့ သုံးနှစ်ပြည့်တော့ပြန်လာခဲ့တယ်။ လက်ထဲမှာ ထွဲဂျီးဂွန်း လေးတော့ အနည်းငယ် ပါသေးတယ်။ အဲ့ဒီလိုနဲ့ နေလာလိုက်တာ ၆ လခန့်ကြာသော်ပေါ့ဗျာ ။

လုပ်ငန်းကလည်း မယ်မယ်ရရမရှိ လက်ထဲက ငွေကလည်း ကုန် သွားပြီ။ အဖေ့ ငွေ ၂သောင်းလောက် ပေးပါဦး ။ သား သူငယ်ချင်း တွေနဲ့ အပြင် ခဏသွားမလို့။ ငါ့သားရ ရော့ ၅၀၀၀ ကျပ် ၅၀၀၀ ဆိုတာ တစ်ရက် လုပ်အားခ ရှိတယ်။ချွေချွေတာတာ သုံးကွ။ ဟုတ်ကဲ့ပါ အဖေ။

ကျနော် ခေါင်းကလေး ငိုက်စိုက်ကျ ဆိုင်ကယ်လေးနဲ့ အသာ ကလေး ထွက်လာတယ်။ ငါကိုရီးယားမှာနေတုန်းက ငွေတွေ အများကြီး ဝင်ခဲ့ပေမဲ့ လုပ်ငန်းတစ်ခု စီးပွားရေး တစ်ခုကို မထူ ထောင်နိုင်ခဲ့ဘူးကွာ။

ကျနော်လေ ရေကန်ပဲ တူးခဲ့မိတာ။ ရေတွင်း မတူးခဲ့ရဘူး။ ရေကန် ဆိုတဲ့ စီးပွားရေးက ခပ်လို့ကုန်ရင် ထပ်မဖြည့်တဲ့ တစ်နေ့ ခုဆို ရေ မရှိတော့ဘူး။ ရေတွင်း ဆိုတဲ့ စီးပွားရေး အမာခံတစ်ခုကို လုပ်ခဲ့ ရမှာ ။

ကျနော်လေ နောင်တတွေနဲ့ အတူ သူငယ်ချင်း တွေကို ရင်ဖွင့်မိတယ်။ သူငယ်ချင်းတွေ ကလည်း ငါတို C BT ပြန်ဖြေပြီး လစ်ရ အောင်ကွာတဲ့။ ကျနော့် သူငယ်ချင်း ဘဝတူတွေကလည်း ငါတို့ တစ်ခေါက် ထပ်ထွက်ကျရအောင်ကွာ။

မင်းလည်း ဆေးခင်းကို တစ်ရက် ၅၀၀၀ ကျပ်နဲ့ ပေါက်တူး မပေါက်နိုင်ဘူး။ ပဲရိတ်လည်း မလိုက်နိုင်မယ့် အတူတူ ငါတို့ တစ်တွေ ပြန်ကြိုးစားမယ်ကွာ။

ဒါတွေက ဘဝသင်ခန်းစာတွေပဲလေ။ ငါတို့ ဟိုရောက်ရင် မိဘကို လုပ်ကျွေးရင်း ဘဝ အနာဂါတ်အတွက် စီပွားရေး အလုပ်တစ်ခုကို လုပ်ဖို့ ငါတော့ စဉ်းစားထားပြီးပြီ။

ကျားကြီးခြေရာကြီး သုံးစွဲနေရင် ပြန်လာလည်း ငါတို့ ရပ်တည် လို့မှ မရတာ ။

ငါတို့ ဆုံးဖြတ်ချက် ချလိုက်ရအောင်ကွာ ဒုကကြီး တစ်ယောက် အနေ နဲ့ ကိုရီးယား ကို ပြန်ရောက်ခဲ့ရင် စီးပွားရေး တစ်ခု အချေ ကျအောင် လုပ်သင့်တယ်လို့ အတွေးတွေကို ရင်မှာပိုက်ပြီး ဒုကကြီး ဘဝနဲ့ နောင်တမဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ ကျနော်ဆုံးဖြတ်ချက် ချမိပါတော့သည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကာရန်မင်း (ခေတ္တကိုရီးယား)

 Kar Yan Min‎ ဟန်းဂုရွာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top