မဂၤလာဒုံၿမိဳ႕နယ္၊ ၾကဴစမ္းရပ္ကြက္ရွိ မူးယစ္ေဆးဝါးေရာင္းခ်သူ၏ ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္အတူ လက္နက္မ်ားပါ ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ႔ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ရန္ကုန္ - ျပည္လမ္းေပၚတြင္ လမ္းေလွ်ာက္လာေသာ အသက္ ၂၀ ႏွစ္အ႐ြယ္ ေနမင္းထြန္းႏွင့္ အသက္ ၁၉ ႏွစ္အ႐ြယ္ ေက်ာ္ကိုကိုဇင္တို႔အား သက္ဆိုင္ရာက သတင္းအရ ေဖေဖာ္ဝါရီ ၁၂ ရက္၌ စစ္ေဆးရွာေဖြခဲ့သည္။

ယင္းအမ်ိဳးသားႏွစ္ဦးမွာ မဂၤလာဒုံၿမိဳ႕နယ္၊ ေပါက္ကုန္းရပ္ကြက္တြင္ေနထိုင္ၾကၿပီး သက္ဆိုင္ရာကစစ္ေဆးရွာေဖြရာ ေနမင္းထြန္း ဝတ္ဆင္ထားသည့္ အက်ႌအိတ္ကပ္အတြင္းမွ ပလတ္စတစ္အိတ္အၾကည္ျဖင့္ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၃ ျပား (ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁ ဒသမ၂၉ သိန္း)၊ေငြ ၂ဝဝဝဝ က်ပ္၊ လက္ကိုင္ဖုန္းတစ္လုံးႏွင့္ ေက်ာ္ကိုကိုဇင္၏ လက္အတြင္းမွ လက္ကိုင္ဖုန္းတစ္လုံးတို႔အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့သည္။

၎တို႔အား ဆက္လက္စစ္ေဆးရာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို မဂၤလာဒုံၿမိဳ႕နယ္၊ ၾကဴစမ္းရပ္ကြက္ တြင္ေနထိုင္သူ မ်ိဳးမင္းဦး(ခ)မ်ိဳးေလးထံမွ ဝယ္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ ယင္းသို႔စစ္ေဆးေပၚေပါက္ခ်က္အရ အသက္ ၃၁ ႏွစ္အ႐ြယ္ မ်ိဳးမင္းဦး(ခ)မ်ိဳးေလး ၏ေနအိမ္သို႔ သက္ဆိုင္ရာက ဝင္ေရာက္ရွာေဖြရာ ၎ကိုေနအိမ္တြင္ေတြ႕ရွိခဲ့သည္။

၎အိပ္သည့္ အိပ္ယာေဘးရွိ စကၠဴဘူးအတြင္းမွ ပလတ္စတစ္အိတ္အၾကည္ျဖင့္ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၆ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၂ ဒသမ ၅၈ သိန္း)၊ ေငြ ၅ဝဝဝဝ က်ပ္၊ အိပ္ယာေဘးအနီးမွ ဓားအိမ္ပါ ဓားသုံးေခ်ာင္း၊ ဒူးေလးတစ္လက္၊ ေလေသနတ္တစ္ လက္ႏွင့္ ခဲက်ည္ ၂ဝဝ ပါ တစ္ဘူးႏွင့္ မူးယစ္ေဆးဝါးသုံးစြဲရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းတို႔အား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။

ယင္းအမႈကိုမဂၤလာဒုံၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္ၿပီး ကြင္းဆက္မ်ားေဖာ္ထုတ္စစ္ေဆးလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarTime

#Unicode Version#

မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရပ်ကွက်ရှိ မူးယစ်ဆေးဝါးရောင်းချသူ၏ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်နက်များပါ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က့ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန် - ပြည်လမ်းပေါ်တွင် လမ်းလျှောက်လာသော အသက် ၂၀ နှစ်အရွယ် နေမင်းထွန်းနှင့် အသက် ၁၉ နှစ်အရွယ် ကျော်ကိုကိုဇင်တို့အား သက်ဆိုင်ရာက သတင်းအရ ဖေဖော်ဝါရီ ၁၂ ရက်၌ စစ်ဆေးရှာဖွေခဲ့သည်။

ယင်းအမျိုးသားနှစ်ဦးမှာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင်နေထိုင်ကြပြီး သက်ဆိုင်ရာကစစ်ဆေးရှာဖွေရာ နေမင်းထွန်း ဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ ပလတ်စတစ်အိတ်အကြည်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၃ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ ဒသမ၂၉ သိန်း)၊ငွေ ၂ဝဝဝဝ ကျပ်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျော်ကိုကိုဇင်၏ လက်အတွင်းမှ လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့အား ဆက်လက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများကို မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရပ်ကွက် တွင်နေထိုင်သူ မျိုးမင်းဦး(ခ)မျိုးလေးထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ယင်းသို့စစ်ဆေးပေါ်ပေါက်ချက်အရ အသက် ၃၁ နှစ်အရွယ် မျိုးမင်းဦး(ခ)မျိုးလေး ၏နေအိမ်သို့ သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေရာ ၎င်းကိုနေအိမ်တွင်တွေ့ရှိခဲ့သည်။

၎င်းအိပ်သည့် အိပ်ယာဘေးရှိ စက္ကူဘူးအတွင်းမှ ပလတ်စတစ်အိတ်အကြည်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၆ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ ဒသမ ၅၈ သိန်း)၊ ငွေ ၅ဝဝဝဝ ကျပ်၊ အိပ်ယာဘေးအနီးမှ ဓားအိမ်ပါ ဓားသုံးချောင်း၊ ဒူးလေးတစ်လက်၊ လေသေနတ်တစ် လက်နှင့် ခဲကျည် ၂ဝဝ ပါ တစ်ဘူးနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ယင်းအမှုကိုမင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: MyanmarTime
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top