iMyanmarHouse.com - Best Property Website for Myanmar
×

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေက်ာက္ေခါက္ေက်းရြာက အုပ္ခ်ဳပ္ေရးမႉးကို အမည္မသိလူ လူေလးဦးကေနအိမ္ကိုလာေရာက္ၿပီး  ေသနတ္နဲ႔ ပစ္သတ္သြားခဲ့တယ္လို႔ ေက်ာက္ေခါက္ေက်းရြာ ေဒသခံေတြက ဒီဗီြဘီကို ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၂ ရက္ည ၉ နာရီဝန္းက်င္မွာ လူေလးဦးက ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေက်ာ္ရဲ႕ အိမ္ေရွ႕ကို ေရာက္လာၿပီး ထိုင္တဲ့သူေတြအထဲမွာ အုပ္ခ်ဳပ္ေရးမႉးကို ေရြးၿပီး ပစ္သတ္သြားတယ္လို႔ အမည္မေဖာ္လိုတဲ့ ေက်းရြာသားတဦးက ေျပာပါတယ္။

“မေန႔က အိမ္ေအာက္မွာ သူ႔ရဲ႕ အသိမိတ္ေဆြေတြနဲ႔ စကားထိုင္ေျပာေနၾကတာပါ။ အဲ့ဒီမွာ လူေလးေယာက္ ေရာက္လာၿပီးေတာ့ ေသနတ္နဲ႔ ပစ္လိုက္တာ။ အဲ့ဒီမွာ ႏွစ္ေယာက္ အထဲကို ဝင္လာတယ္။ အုပ္ခ်ဳပ္ေရးမႉးကို ေရြးပစ္လိုက္တာ။ ဝင္လာၿပီးေတာ့ အုပ္ခ်ဳပ္ေရးမႉးကို ေသနတ္ေလးခ်က္ပစ္လိုက္တာပါ” လို႔ေျပာပါတယ္။

ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေက်ာ္ဟာ လည္ပင္းမွာ ေသနတ္ဒဏ္ရာ ႏွစ္ခ်က္နဲ႔ ဘယ္ညာ ခါးႏွစ္ဖက္မွာ ဒဏ္ရာေတြနဲ႔ ေနရာမွာပဲ ေသဆုံးခဲ့တာလို႔ ေက်းရြာသား ေတြကေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမႉးရဲ႕အေလာင္းကိုေတာ့ မင္းျပားၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံကို ပို႔ေဆာင္ထား ပါတယ္။

ေက်ာက္ေခါက္ရြာ အုပ္ခ်ဳပ္ေရးမႉး ေသဆုံးမႈနဲ႔ပတ္သက္လို႔ မင္းျပားရဲစခန္းနဲ႔ အာဏာကိုင္ေတြကို ဆက္သြယ္ေမးျမန္းလို႔ မရေသးပါဘူး။

ရခိုင္ျပည္နယ္ထဲမွာ အရပ္သားေတြကို ပစ္မွတ္ထားၿပီး ေသနတ္နဲ႔ ပစ္သတ္လို႔ ေသဆံုးခဲ့သူ ၃ ဦး ရွိၿပီျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.dvb.

#Unicode Version# ျဖင့္ဖတ္ပါ ။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခေါက်ကျေးရွာက အုပ်ချုပ်ရေးမှူးကို အမည်မသိလူ လူလေးဦးကနေအိမ်ကိုလာရောက်ပြီး  သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ကျောက်ခေါက်ကျေးရွာ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ည ၉ နာရီဝန်းကျင်မှာ လူလေးဦးက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ရဲ့ အိမ်ရှေ့ကို ရောက်လာပြီး ထိုင်တဲ့သူတွေအထဲမှာ အုပ်ချုပ်ရေးမှူးကို ရွေးပြီး ပစ်သတ်သွားတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက ပြောပါတယ်။

“မနေ့က အိမ်အောက်မှာ သူ့ရဲ့ အသိမိတ်ဆွေတွေနဲ့ စကားထိုင်ပြောနေကြတာပါ။ အဲ့ဒီမှာ လူလေးယောက် ရောက်လာပြီးတော့ သေနတ်နဲ့ ပစ်လိုက်တာ။ အဲ့ဒီမှာ နှစ်ယောက် အထဲကို ဝင်လာတယ်။ အုပ်ချုပ်ရေးမှူးကို ရွေးပစ်လိုက်တာ။ ဝင်လာပြီးတော့ အုပ်ချုပ်ရေးမှူးကို သေနတ်လေးချက်ပစ်လိုက်တာပါ” လို့ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဟာ လည်ပင်းမှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ ဘယ်ညာ ခါးနှစ်ဖက်မှာ ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တာလို့ ကျေးရွာသား တွေကပြောပါတယ်။

အုပ်ချုပ်ရေးမှူးရဲ့အလောင်းကိုတော့ မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထား ပါတယ်။

ကျောက်ခေါက်ရွာ အုပ်ချုပ်ရေးမှူး သေဆုံးမှုနဲ့ပတ်သက်လို့ မင်းပြားရဲစခန်းနဲ့ အာဏာကိုင်တွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး သေနတ်နဲ့ ပစ်သတ်လို့ သေဆုံးခဲ့သူ ၃ ဦး ရှိပြီဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.dvb.


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top