စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×


လှမြင့်မှ ၄င်းနေအိမ်တွင်အလုပ်ရှိ၍ ပြန်ဦးမည်နောက် (၃)ရက်လောက် မလာဖြစ်သေးဘူး ဟု ပြောဆိုကာပြန်သွားခဲ့ပြီး

နေအိမ်တွင်ရှိနေသူ သမီးမ ……… (၁၄)နှစ်(၉)တန်းကျောင်းသူမှာ မျက်နှာမကောင်းဖြစ်နေသည်ကို တွေ့ရှိ၍ချော့ မေးမြန်းရာသမီးဖြစ်သူမှ ၄င်းတစ်ဦးတည်း နေအိမ်တွင် သင်္ချာတွက်နေစဉ် လှမြင့်ရောက်လာပြီး ဝဲဘက်ပါးကိုကိုင်ကာ စာမေးပွဲ




#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အသက်(၁၄)နှစ်အရွယ်ကျောင်းသူလေးအား ခြံစည်းရိုးကာရန်ခိုင်းစေထားသူအိမ်ထောင်ရှိ အမျို းသားမှသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

ဖေဖော်ဝါရီ(၆)ရက်နေ့ (၁၀း၂၅)အချိန်ခန့် သာစည်မြို့အမှတ်( – )ရပ်ကွက်နေဦး……… မှ လှိုင်းတက်ကျေးရွာမှ နေအိမ်သို့ပြန်လာ ရောက်ရှိစဉ် နေအိမ်တွင်သစ်များခုတ်၍ ခြံစည်းရိုးကာရန် စေခိုင်းထားသူသာစည်မြို့ အမှတ်( – )ရပ်ကွက်နေ
လှမြင့်မှ ၎င်းနေအိမ်တွင်အလုပ်ရှိ၍ ပြန်ဦးမည်နောက် (၃)ရက်လောက် မလာဖြစ်သေးဘူး ဟု ပြောဆိုကာပြန်သွားခဲ့ပြီး

နေအိမ်တွင်ရှိနေသူ သမီးမ ……… (၁၄)နှစ်(၉)တန်းကျောင်းသူမှာ မျက်နှာမကောင်းဖြစ်နေသည်ကို တွေ့ရှိ၍ချော့ မေးမြန်းရာသမီးဖြစ်သူမှ ၎င်းတစ်ဦးတည်း နေအိမ်တွင် သင်္ချာတွက်နေစဉ် လှမြင့်ရောက်လာပြီး ဝဲဘက်ပါးကိုကိုင်ကာ စာမေးပွဲ
အောင်အောင် လုပ်ပေးမယ် ဘယ်သူမှပြန်မပြောနဲ့ဟု ဆိုပြီး

ဘုရားစင်ရှေ့တွင် မတ်တတ်ရပ်၍ မျက်စိမှိတ် ခိုင်းကာပါးစပ်ထဲသို့ စာရွက်တစ်ရွက် ငုံခိုင်းထားကြောင်း တစ်ကိုယ်လုံးပွတ်သပ်ကိုင်တွယ်ကာ လှမြင့်မှနေရာကျဉ်းတယ်ဟု ပြောပြီးနေအိမ်အ ပေါ်ထပ်အခန်းထဲ ခေါ်ဆောင်၍ ပက်လက်လှန် ခိုင်းကြောင်း

မျက်စိမှိတ်ထား အသံမထွက်နဲ့ဆိုကာ တစ်ကိုယ်လုံးပွတ်သပ်ပြီးလူပေါ်တက်ခွ၍ သားမယားအဖြစ် ပြုကျင့်ရန်အားထုတ်စဉ် လှမြင့်အားတွန်းထုတ် ထွက်ပြေးခဲ့ရ ကြောင်းသမီးဖြစ်သူ ပြောပြချက်အရ သိရကြောင်းသိရသည်။

သမီးဖြစ်သူအသက်( ၁၄ )နှစ်အား သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်ခဲ့သူ လှမြင့်အား အရေးယူပေးရန် ဖခင်ဖြစ်သူ၏တိုင်ကြားချက်အရ သာစည်မြို့မရဲစခန်း (ပ)၃၆/ ၂၀၁၉ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူပြီး ပြစ်
မှုကျူ းလွန်သူ လှမြင့်(၃၂)နှစ်(ဘ)ဦးအုန်းရွှေ အမှတ်( – )ရပ်ကွက်သာစည်မြိုနေသူအားယနေ့ ညနေ(၅း၃၀)အချိန်ဖမ်းဆီးရမိပြီးအမှုနှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:ရွှေမောင်မောင်(မိထ္တီလာ)Media Top 4
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top