ဆာမူရိုင္းဆိုတဲ့ စစ္သည္ေတာ္ေတြကေတာ့ ေအဒီ ၆၄၆ ခုႏွစ္ေလာက္မွာစတင္ေပၚေပါက္ခဲ့တာပါ ။အဲ့ဒီအခ်ိန္တုန္းက အင္ပါယာမင္း Kōtoku စုိးစံေနတဲ့အခ်ိန္ျဖစ္ျပီး လယ္သမားငယ္ေလးေတြကုိ အတင္းအၾကပ္ဖိအားေပးျပီး သူတုိ႕လယ္ေတြကို ေရာင္းေစျပီးေတာ့ ေျမပုိင္ရွင္ၾကီးေတြရဲ႕လက္ေအာက္မွာ အလုပ္လုပ္ေစခဲ့တဲ့အခ်ိန္ေပါ့ ။ေျမပိုင္ရွင္ၾကီးေတြဟာ သူတုိ႕ရဲ႕ ခ်မ္းသာ ၾကြယ္ဝမႈေတြကို ကာကြယ္ဖုိ႕အတြက္ ဥေရာပ ရဲ႕ ကုိယ္ပိုင္စစ္တပ္လုိအရာမ်ိဳးေတြကုိဖန္တီးဖုိ႕ စီစဥ္ခဲ့ၾကပါတယ္ ။

ဒီလုိနဲ႕ ဂ်ပန္ေျမရွင္ၾကီးေတြဟာ Bushi လို႕ေခၚတဲ့ ဆာမူရိုင္းစစ္သည္ေတာ္ေတြကုိ စတင္ငွားရမ္းခဲ့ၾကပါတယ္ ။အခ်ိဳ႕ဆာမူရိုင္းေတြကေတာ့ သူတုိ႕ကာကြယ္ေပးရတဲ့ ေျမပုိင္ရွင္ေတြရဲ႕ ေဆြမ်ိဳးေတြျဖစ္ျပီး အျခားဆာမူရိုင္းအမ်ားစုကေတာ့ ငွားရမ္းထားတဲ့သူေတြပဲျဖစ္ပါတယ္ ။ဆာမူရိုင္းအားလံုးဟာ ေျမပိုင္ရွင္ နဲ႕ ေျမပိုင္ရွင္ရဲ႕မိသားစုကို သစၥာရွိရွိ ကာကြယ္ေစာင့္ေရွာက္ပါ့မယ္လုိ႕ က်မ္းက်ိန္ထားရပါတယ္ ။သမုိင္းအေထာက္အထားေတြအရေတာ့ ေျမပုိင္ရွင္မိသားစု မိသားစုဝင္ ဆာမူရိုင္း သုိ႕မဟုတ္ ေျမပိုင္ရွင္ကုိမွီခိုေနရတဲ့ ဆာမူရိုင္းေတြကသာ သစၥာအရွိဆံုးဆာမူရိုင္းေတြအျဖစ္ေတြ႕ရပါတယ္ ။

သကၠရာဇ္ ၉၀၀ ျပည့္ႏွစ္အေရာက္ ဂ်ပန္အင္ပါယာမင္းဆက္ Heian Era အင္အားနည္းလာျပီး တိုင္းျပည္တစ္ခုလံုး အစိတ္စိတ္အမႊာမႊာျဖစ္စျပဳလာပါတယ္ ။ ဒီအခ်ိန္မွာ ဆာမူရိုင္းေတြဟာ တုိင္းျပည္တစ္ခုလံုးကို သူတုိ႕အင္အားနဲ႕ထိန္းသိမ္းထားခဲ့ျပီးေနာက္ ႏွစ္အတန္ငယ္ၾကာတဲ့အခ်ိန္မွာ Shogaunate ဆိုတဲ့ စစ္တပ္တစ္ခုဖြဲ႕စည္းခဲ့ပါတယ္ ။၁၁၀၀ ျပည့္ႏွစ္တစ္ဝိုက္ထိ ဂ်ပန္ႏိုင္ငံတစ္ဝွမ္းမွာ ဒီဆာမူရိုင္းေတြဟာ စစ္ေရးစစ္ရာ အရေရာ ႏုိင္ငံေရာအရေရာ စုိးမုိးခ်ယ္လွယ္ႏုိင္ခဲ့ပါတယ္ ။

၁၁၅၆ ခုႏွစ္ ၊ အင္ပါယာမင္း Toba ဟာ ဆက္ခံသူကုိမေၾကျငာခဲ့ပဲ နတ္ရြာစံသြားတဲ့အတြက္ သားႏွစ္ေယာက္ျဖစ္တဲ့ Sutoku နဲ႕ Go-Shirakawa ႏွစ္ေယာက္ၾကားမွာ ပုလႅင္နဲ႕ပတ္သတ္ျပီး ပဋိပကၡေတြျဖစ္ေပၚလာခဲ့ပါတယ္ ။ ဒီလုိနဲ႕ Hogen Rebellion ဆိုတဲ့ ျပည္တြင္းစစ္ၾကီးေပၚေပါက္လာခဲ့ျပီးေနာက္ စစ္ပြဲအဆံုးမွာေတာ့ မင္းသားႏွစ္ပါးလံုး ရာထူးေတြအကုန္ဆံုးရွံဳးသြားခဲ့ရပါတယ္ ။

၁၁၅၆ ခုႏွစ္မွာျဖစ္ခဲ့တဲ့ ျပည္တြင္းစစ္အတြင္းမွာေပၚေပါက္လာခဲ့တဲ့ Minamoto ဆာမူရိုင္းအဖြဲ႕ နဲ႕ Taira ဆာမူရိုင္းအဖြဲ႕တုိ႕ဟာလည္း ၁၁၆၀ ျပည့္ႏွစ္ Heiji Rebellion ျပည္တြင္းစစ္မွာအခ်င္းခ်င္းတုိက္ခိုက္ခဲ့ၾကပါတယ္ ။စစ္ပြဲျပီးတဲ့အခ်ိန္မွာေတာ့ စစ္မွာရွံဳးနိမ့္ခဲ့တဲ့ Minamoto အဖြဲ႕က က်ိဳတို (တိုက်ိဳမဟုတ္ပါ) ျမိဳ႕ကထြက္ခြာေပးခဲ့ရျပီး Taira အဖြဲ႕ကေတာ့ ဆာမူရုိုင္းဦးစီးတဲ့ အစိုးရအဖြဲ႕ကုိတည္ေထာင္ႏုိင္ခဲ့ပါတယ္ ။

၁၁၈၀ – ၁၁၈၅ ခုႏွစ္ Genpei စစ္ပြဲအတြင္းမွာ Minamoto နဲ႕ Taira အဖြဲ႕ ေနာက္တစ္ၾကိမ္ ထပ္မံတိုက္ခိုက္ခဲ့ၾကျပီး ဒီတစ္ၾကိမ္မွာေတာ့ Minamoto က အႏုိင္ရရွိခဲ့ပါတယ္ ။ အႏိုင္ရရွိခဲ့တဲ့ Minamoto ဟာ Kamakura Shogunate အင္ပါယာကုိတည္ေထာင္ခဲ့ျပီး ၁၃၃၃ ခုႏွစ္အထိ ဂ်ပန္ႏုိင္ငံကုိ အုပ္စုိးခဲ့ပါတယ္ ။ ၁၂၆၈ ခုႏွစ္မွာေတာ့ Yuan China ရဲ႕ အုပ္စိုးသူ မြန္ဂိုတစ္ဦးျဖစ္တဲ့ Kulbai Khan ဟာ ဂ်ပန္ကုိ အခြန္ဆက္ဖုိ႕ေတာင္းဆိုလာပါတယ္ ။

ဒါေပမယ့္ က်ိဳတိုက ျငင္းဆန္ခဲ့တဲ့အခ်ိန္မွာေတာ့ မြန္ဂိုေတြဟာ ဂ်ပန္ႏုိင္ငံကုိ သိမ္းပိုက္ဖုိ႕ ေရလမ္းကေနစစ္ခ်ီလာခဲ့ပါတယ္ ။သို႕ေသာ္လည္း ကံတရားက ဂ်ပန္ဘက္မွာရွိေနတဲ့အတြက္ မြန္ဂိုေတြရဲ႕ သေဘၤာ ၆၀၀ လံုးဟာ တုိင္ဖြန္းမုန္တုိင္းေၾကာင့္ပ်က္ဆီးသြားခဲ့ရပါတယ္ ။၁၂၈၁ ခုႏွစ္မွာလည္း မြန္ဂိုေတြ ဒုတိယအၾကိမ္ က်ဴးေက်ာ္ဖုိ႕ၾကိဳးစားခဲ့ေပမယ့္လည္း ပထမအၾကိမ္လုိပဲ သေဘၤာေတြအကုန္ မုန္တုိင္းနဲ႕ပါသြားခဲ့ရပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆာမူရိုင်းဆိုတဲ့ စစ်သည်တော်တွေကတော့ အေဒီ ၆၄၆ ခုနှစ်လောက်မှာစတင်ပေါ်ပေါက်ခဲ့တာပါ ။အဲ့ဒီအချိန်တုန်းက အင်ပါယာမင်း Kōtoku စိုးစံနေတဲ့အချိန်ဖြစ်ပြီး လယ်သမားငယ်လေးတွေကို အတင်းအကြပ်ဖိအားပေးပြီး သူတို့လယ်တွေကို ရောင်းစေပြီးတော့ မြေပိုင်ရှင်ကြီးတွေရဲ့လက်အောက်မှာ အလုပ်လုပ်စေခဲ့တဲ့အချိန်ပေါ့ ။မြေပိုင်ရှင်ကြီးတွေဟာ သူတို့ရဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို ကာကွယ်ဖို့အတွက် ဥရောပ ရဲ့ ကိုယ်ပိုင်စစ်တပ်လိုအရာမျိုးတွေကိုဖန်တီးဖို့ စီစဉ်ခဲ့ကြပါတယ် ။

ဒီလိုနဲ့ ဂျပန်မြေရှင်ကြီးတွေဟာ Bushi လို့ခေါ်တဲ့ ဆာမူရိုင်းစစ်သည်တော်တွေကို စတင်ငှားရမ်းခဲ့ကြပါတယ် ။အချို့ဆာမူရိုင်းတွေကတော့ သူတို့ကာကွယ်ပေးရတဲ့ မြေပိုင်ရှင်တွေရဲ့ ဆွေမျိုးတွေဖြစ်ပြီး အခြားဆာမူရိုင်းအများစုကတော့ ငှားရမ်းထားတဲ့သူတွေပဲဖြစ်ပါတယ် ။ဆာမူရိုင်းအားလုံးဟာ မြေပိုင်ရှင် နဲ့ မြေပိုင်ရှင်ရဲ့မိသားစုကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကျမ်းကျိန်ထားရပါတယ် ။သမိုင်းအထောက်အထားတွေအရတော့ မြေပိုင်ရှင်မိသားစု မိသားစုဝင် ဆာမူရိုင်း သို့မဟုတ် မြေပိုင်ရှင်ကိုမှီခိုနေရတဲ့ ဆာမူရိုင်းတွေကသာ သစ္စာအရှိဆုံးဆာမူရိုင်းတွေအဖြစ်တွေ့ရပါတယ် ။

သက္ကရာဇ် ၉၀၀ ပြည့်နှစ်အရောက် ဂျပန်အင်ပါယာမင်းဆက် Heian Era အင်အားနည်းလာပြီး တိုင်းပြည်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်စပြုလာပါတယ် ။ ဒီအချိန်မှာ ဆာမူရိုင်းတွေဟာ တိုင်းပြည်တစ်ခုလုံးကို သူတို့အင်အားနဲ့ထိန်းသိမ်းထားခဲ့ပြီးနောက် နှစ်အတန်ငယ်ကြာတဲ့အချိန်မှာ Shogaunate ဆိုတဲ့ စစ်တပ်တစ်ခုဖွဲ့စည်းခဲ့ပါတယ် ။၁၁၀၀ ပြည့်နှစ်တစ်ဝိုက်ထိ ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ဒီဆာမူရိုင်းတွေဟာ စစ်ရေးစစ်ရာ အရရော နိုင်ငံရောအရရော စိုးမိုးချယ်လှယ်နိုင်ခဲ့ပါတယ် ။

၁၁၅၆ ခုနှစ် ၊ အင်ပါယာမင်း Toba ဟာ ဆက်ခံသူကိုမကြေငြာခဲ့ပဲ နတ်ရွာစံသွားတဲ့အတွက် သားနှစ်ယောက်ဖြစ်တဲ့ Sutoku နဲ့ Go-Shirakawa နှစ်ယောက်ကြားမှာ ပုလ္လင်နဲ့ပတ်သတ်ပြီး ပဋိပက္ခတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ဒီလိုနဲ့ Hogen Rebellion ဆိုတဲ့ ပြည်တွင်းစစ်ကြီးပေါ်ပေါက်လာခဲ့ပြီးနောက် စစ်ပွဲအဆုံးမှာတော့ မင်းသားနှစ်ပါးလုံး ရာထူးတွေအကုန်ဆုံးရှုံးသွားခဲ့ရပါတယ် ။

၁၁၅၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်းမှာပေါ်ပေါက်လာခဲ့တဲ့ Minamoto ဆာမူရိုင်းအဖွဲ့ နဲ့ Taira ဆာမူရိုင်းအဖွဲ့တို့ဟာလည်း ၁၁၆၀ ပြည့်နှစ် Heiji Rebellion ပြည်တွင်းစစ်မှာအချင်းချင်းတိုက်ခိုက်ခဲ့ကြပါတယ် ။စစ်ပွဲပြီးတဲ့အချိန်မှာတော့ စစ်မှာရှုံးနိမ့်ခဲ့တဲ့ Minamoto အဖွဲ့က ကျိုတို (တိုကျိုမဟုတ်ပါ) မြို့ကထွက်ခွာပေးခဲ့ရပြီး Taira အဖွဲ့ကတော့ ဆာမူရိုင်းဦးစီးတဲ့ အစိုးရအဖွဲ့ကိုတည်ထောင်နိုင်ခဲ့ပါတယ် ။

၁၁၈၀ – ၁၁၈၅ ခုနှစ် Genpei စစ်ပွဲအတွင်းမှာ Minamoto နဲ့ Taira အဖွဲ့ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြပြီး ဒီတစ်ကြိမ်မှာတော့ Minamoto က အနိုင်ရရှိခဲ့ပါတယ် ။ အနိုင်ရရှိခဲ့တဲ့ Minamoto ဟာ Kamakura Shogunate အင်ပါယာကိုတည်ထောင်ခဲ့ပြီး ၁၃၃၃ ခုနှစ်အထိ ဂျပန်နိုင်ငံကို အုပ်စိုးခဲ့ပါတယ် ။ ၁၂၆၈ ခုနှစ်မှာတော့ Yuan China ရဲ့ အုပ်စိုးသူ မွန်ဂိုတစ်ဦးဖြစ်တဲ့ Kulbai Khan ဟာ ဂျပန်ကို အခွန်ဆက်ဖို့တောင်းဆိုလာပါတယ် ။

ဒါပေမယ့် ကျိုတိုက ငြင်းဆန်ခဲ့တဲ့အချိန်မှာတော့ မွန်ဂိုတွေဟာ ဂျပန်နိုင်ငံကို သိမ်းပိုက်ဖို့ ရေလမ်းကနေစစ်ချီလာခဲ့ပါတယ် ။သို့သော်လည်း ကံတရားက ဂျပန်ဘက်မှာရှိနေတဲ့အတွက် မွန်ဂိုတွေရဲ့ သင်္ဘော ၆၀၀ လုံးဟာ တိုင်ဖွန်းမုန်တိုင်းကြောင့်ပျက်ဆီးသွားခဲ့ရပါတယ် ။၁၂၈၁ ခုနှစ်မှာလည်း မွန်ဂိုတွေ ဒုတိယအကြိမ် ကျူးကျော်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ပထမအကြိမ်လိုပဲ သင်္ဘောတွေအကုန် မုန်တိုင်းနဲ့ပါသွားခဲ့ရပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top