iMyanmarHouse.com - Best Property Website for Myanmar
×


ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်နီး႐ိုၿမိဳ႕မွာရွိတဲ့ ဘရာဇီးထိပ္တန္းကလပ္ ဖလာမင္ဂိုအသင္းရဲ႕ေလ့က်င့္ေရးစင္တာ မီးေလာင္မႈေၾကာင့္ လူဆယ္ဦးေသဆုံးခဲ့ၿပီး ဖလာမင္ဂိုလူငယ္ကစားသမားအခ်ိဳ႕ပါဝင္ခဲ့တယ္လို႔ BBC ရဲ႕သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

ဘရာဇီးထိပ္တန္းကလပ္ ဖလာမင္ဂိုအသင္းရဲ႕ေလ့က်င့္ေရးစင္တာျဖစ္တဲ့ Ninho de Urubu ေလ့က်င့္ေရးစင္တာမီးေလာင္မႈေၾကာင့္ ဖလာမင္ဂိုလူငယ္ကစားသမားအခ်ိဳ႕ေသဆုံးခဲ့တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ေဒသခံမီးသတ္တပ္ဖြဲ႕ရဲ႕သတင္းထုတ္ျပန္ခ်က္အရ လူဆယ္ဦးေသဆုံးၿပီး ကြင္းျပင္ပက လူသုံးဦးဒဏ္ရာရခဲ့တယ္လို႔လည္းသိရပါတယ္။ BBC ကေတာ့ ဒီသတင္းကို Breaking News အေနနဲ႔ေဖာ္ျပထားၿပီး ဘရာဇီးစံေတာ္ခ်ိန္ နံနက္ ၅း၁၀နာရီကေန ရး၃၀နာရီအထိ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တယ္လို႔ အတည္ျပဳထားပါတယ္။


လက္ရွိအခ်ိန္မွာေတာ့ မီးေလာင္ကြၽမ္းေသဆုံးသူေတြကို မည္သူမည္ဝါျဖစ္ေၾကာင္းအတည္မျပဳႏိုင္ေသးေပမယ့္ အသက္ ၁၄ႏွစ္ကေန ၁၇ႏွစ္အ႐ြယ္လူငယ္ေတြျဖစ္တယ္လို႔ ရီယိုဒီေဂ်းနီး႐ိုမီးသတ္တပ္ဖြဲ႕ရဲ႕သတင္းထုတ္ျပန္ခ်က္အရ ဖလာမင္ဂိုလူငယ္ကစားသမားေတြျဖစ္ႏိုင္တယ္လို႔ သတင္းေတြက ခန႔္မွန္းေရးသားေဖာ္ျပေနၾကတာပါ။ ဒဏ္ရာရခဲ့သူ သုံးဦးကိုေတာ့ အနီးအနားကေဆး႐ုံမွာတင္ထားတယ္လို႔ BBC ကေဖာ္ျပထားပါတယ္။

The Ninho de Urubu ေလ့က်င့္ေရးစင္တာဟာ လြန္ခဲ့တဲ့ႏွစ္လကမွစတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဘရာဇီးကလပ္ ဖလာမင္ဂိုအသင္းကပိုင္ဆိုင္တာပါ။ မီးေလာင္ခ်ိန္မွာ လူငယ္ကစားသမားေတြအိပ္ေပ်ာ္ေနခ်ိန္ျဖစ္တာမို႔ အခုလို မီးေလာင္ေသဆုံးရတာလို႔လည္းသိရပါတယ္။ လက္ရွိအခ်ိအထိေတာ့ ျဖစ္စဥ္အေသးစိတ္ကို မသိရေသးပဲ မီးသတ္တပ္ဖြဲ႕နဲ႔ေဒသခံရဲတပ္ဖြဲ႕က မီးေလာင္ကြၽမ္းရတဲ့အေၾကာင္းအရင္းနဲ႔ေသဆုံးသူေတြမည္သူမည္ဝါျဖစ္တယ္ဆိုတာကို စုံစမ္းမႈေတြဆက္လက္ျပဳလုပ္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနီးရိုမြို့မှာရှိတဲ့ ဘရာဇီးထိပ်တန်းကလပ် ဖလာမင်ဂိုအသင်းရဲ့လေ့ကျင့်ရေးစင်တာ မီးလောင်မှုကြောင့် လူဆယ်ဦးသေဆုံးခဲ့ပြီး ဖလာမင်ဂိုလူငယ်ကစားသမားအချို့ပါဝင်ခဲ့တယ်လို့ BBC ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


ဘရာဇီးထိပ်တန်းကလပ် ဖလာမင်ဂိုအသင်းရဲ့လေ့ကျင့်ရေးစင်တာဖြစ်တဲ့ Ninho de Urubu လေ့ကျင့်ရေးစင်တာမီးလောင်မှုကြောင့် ဖလာမင်ဂိုလူငယ်ကစားသမားအချို့သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒေသခံမီးသတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ လူဆယ်ဦးသေဆုံးပြီး ကွင်းပြင်ပက လူသုံးဦးဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။ BBC ကတော့ ဒီသတင်းကို Breaking News အနေနဲ့ဖော်ပြထားပြီး ဘရာဇီးစံတော်ချိန် နံနက် ၅း၁၀နာရီကနေ ရး၃၀နာရီအထိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ အတည်ပြုထားပါတယ်။

လက်ရှိအချိန်မှာတော့ မီးလောင်ကျွမ်းသေဆုံးသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုနိုင်သေးပေမယ့် အသက် ၁၄နှစ်ကနေ ၁၇နှစ်အရွယ်လူငယ်တွေဖြစ်တယ်လို့ ရီယိုဒီဂျေးနီးရိုမီးသတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ ဖလာမင်ဂိုလူငယ်ကစားသမားတွေဖြစ်နိုင်တယ်လို့ သတင်းတွေက ခန့်မှန်းရေးသားဖော်ပြနေကြတာပါ။ ဒဏ်ရာရခဲ့သူ သုံးဦးကိုတော့ အနီးအနားကဆေးရုံမှာတင်ထားတယ်လို့ BBC ကဖော်ပြထားပါတယ်။

The Ninho de Urubu လေ့ကျင့်ရေးစင်တာဟာ လွန်ခဲ့တဲ့နှစ်လကမှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကပိုင်ဆိုင်တာပါ။ မီးလောင်ချိန်မှာ လူငယ်ကစားသမားတွေအိပ်ပျော်နေချိန်ဖြစ်တာမို့ အခုလို မီးလောင်သေဆုံးရတာလို့လည်းသိရပါတယ်။ လက်ရှိအချိအထိတော့ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပဲ မီးသတ်တပ်ဖွဲ့နဲ့ဒေသခံရဲတပ်ဖွဲ့က မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့သေဆုံးသူတွေမည်သူမည်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းမှုတွေဆက်လက်ပြုလုပ်နေပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top