iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ္တြင္း အရည္ဓာတ္ မခန္းေျခာက္ေအာင္ ေန႔စဥ္ ေရ ၂ လီတာေလာက္ ေသာက္ေပးသင့္တယ္လို႔ သတ္မွတ္ၾက ပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္ ေသာက္ေနက်သူဆို တေန႔ကို ပွ်မ္းမွ် ၂.၇ လီတာေလာက္ ေသာက္ၾကတယ္လို႔ ဆိုပါတယ္။

အရည္ဓာတ္ဆိုတာ ကိုယ္ခႏၶာအတြက္ အလိုအပ္ဆုံးမို႔ အရင္တုန္းကေတာ့ ေရကို ေသာက္ႏိုင္သေလာက္ေသာက္ေပးတာ အေကာင္းဆုံးပဲလို႔ ဆိုၾကေပမယ့္ ဒါဟာ လြဲမွားေနတဲ့ အႀကံျပဳ ခ်က္တခုဆိုတာ သိလာရပါၿပီ။

ေရကို ေန႔စဥ္ လုံလုံေလာက္ေလာက္ ေသာက္သုံးသင့္တယ္ဆိုေပမယ့္ “တန္ေဆးလြန္ေဘး” ဆိုတဲ့ စကားအတိုင္း ဘယ္အရာမွ အလြန္အကြၽံျဖစ္တာ မေကာင္းပါဘူး။ ေရမေသာက္လို႔ ေရဓာတ္ခန္းေျခာက္ျခင္း ျဖစ္ႏိုင္သလို ေရအေသာက္ လြန္လို႔လည္း ေရဓာတ္လြန္ကဲျခင္း ျဖစ္လာရပါတယ္။ခႏၶာကိုယ္က ပုံမွန္ထက္ ေရအရမ္းေသာက္ခ်င္လာတာမ်ိဳးနဲ႔ ေရေသာက္ေပမယ့္ ျပန္မစြန႔္ပစ္ဘဲ ကိုယ္ထဲအိုင္ေနတာ မ်ိဳးအေျခအေနေတြမွာ ေရဓာတ္လြန္ကဲျခင္း ျဖစ္ႏိုင္ပါတယ္။

တခ်ိဳ႕ေရာဂါအေျခအေနေတြေၾကာင့္လည္း မလိုအပ္တဲ့ အရည္ေတြကို ခႏၶာကိုယ္က ျပန္မစြန႔္ထုတ္ႏိုင္တာမ်ိဳးေၾကာင့္လဲ ျဖစ္ႏိုင္ပါတယ္။ Schizophrenia, MDMA (ecstasy လို႔ လူသိမ်ားပါတယ္), antipsychotic drugs, diuretics ေဆးဝါး ေတြက လိုအပ္တာထက္ ေရမ်ားမ်ားပိုေသာက္မိေစပါတယ္။

ေရေသာက္မ်ားလာျခင္းရဲ႕ ေနာက္ထပ္အေၾကာင္းရင္းကေတာ့ ကိုယ္တြင္းအငံဓာတ္နဲ႔ Electrolytes ေတြ အားေပ်ာ့ သြားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီအေျခအေနမွာ ေသြးတြင္းဆိုဒီယမ္ပမာဏ အလြန္အမင္းက် ဆင္းသြားၿပီး Hyponatremia ျဖစ္စဥ္ကို ျဖစ္ေစႏိုင္ပါတယ္။ဒီ့ထက္ဆိုး႐ြားသြားတယ္ဆိုရင္ အသက္အႏၲရာယ္ ေသဆုံးတဲ့ထိ ျဖစ္ႏိုင္ပါတယ္။ ေသဆုံးတဲ့ ျဖစ္စဥ္မ်ိဳးက ရွားပါးတယ္ ဆိုေပမယ့္လည္း သတိေလ်ာ့လို႔မျဖစ္ပါဘူး။

က်န္းမာတဲ့လူတေယာက္ရဲ႕ ဆီးအရာင္က အဝါေရာင္ေဖ်ာ့ေဖ်ာ့ရွိၿပီး လုံးဝအေရာင္မပါေတာ့ဘူးဆိုရင္ သင့္ခႏၶာကိုယ္မွာ ေရဓာတ္လြန္ကဲေနတဲ့အေျခအေနဆိုတာ ျပေနပါၿပီ။ ေရဓာတ္လြန္ကဲျခင္းျဖစ္ႏိုင္သူေတြကေတာ့ ေခြၽးအရမ္းထြက္တဲ့ လႈပ္ရွားမႈေတြကို ျပဳလုပ္ေနတဲ့ ေျပးခုန္ပစ္ အားကစားသမားေတြ၊ ေလွေလွာ္သမားေတြ၊ စစ္ေရးေလ့က်င့္ေနရတဲ့ စစ္သားေတြနဲ႔ ေတာင္တက္သမားေတြဟာ ျဖစ္ႏိုင္ေခ် အခြင့္အလမ္းမ်ားပါတယ္။

ေရဓာတ္လြန္ကဲျခင္းရဲ႕ ေရွ႕ေျပးလကၡဏာေတြက မူးေဝေအာ့အန္ျခင္းနဲ႔ ပ်ိဳ႕အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ စိတ္မတည္မၿငိမ္ ျဖစ္လာျခင္းေတြရွိၿပီး စိုးရိမ္စရာအေျခအေနေရာက္ေနၿပီဆိုရင္ေတာ့ ႂကြက္သားေတြ အားနည္းလာမယ္၊ ႂကြက္တက္မယ္၊ လႈပ္ရွားေနရာက မလုပ္ႏိုင္ေလာက္ေအာင္ တုံ႔ခနဲရပ္သြားမယ္၊ သတိေမ့ေမ်ာသြားရာကေန သတိျပန္မလည္လာေတာ့ပဲ ကိုမာ (coma) ထိျဖစ္သြားႏိုင္ပါတယ္။

အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ထိျဖစ္ႏိုင္တဲ့ ေရဓာတ္လြန္ကဲျခင္းျဖစ္လာၿပီဆိုရင္ ဘယ္လိုကုသမလဲ။ ပုံမွန္ထက္ ေရမၾကာ ခဏမေသာက္ျဖစ္ေတာ့ေအာင္ ရပ္တန႔္လိုက္ပါ၊ ဆီးကတစ္ဆင့္ အရည္ေဟာင္းေတြ ျပန္စြန႔္ထုတ္ႏိုင္ ေအာင္ ဆီးမ်ားမ်ား သြားႏိုင္ေအာင္ ႀကိဳးစားပါ။ေသာက္ေနတဲ့ေဆးေတြေၾကာင့္လို႔ထင္ရင္ ျဖတ္လိုက္ပါ၊ အေရး ေပၚ အေျခအေနထိ ျဖစ္မလာခင္ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းမွာ သြားေရာက္ကုသသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ကိုယ်တွင်း အရည်ဓာတ် မခန်းခြောက်အောင် နေ့စဉ် ရေ ၂ လီတာလောက် သောက်ပေးသင့်တယ်လို့ သတ်မှတ်ကြ ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် သောက်နေကျသူဆို တနေ့ကို ပျှမ်းမျှ ၂.၇ လီတာလောက် သောက်ကြတယ်လို့ ဆိုပါတယ်။

အရည်ဓာတ်ဆိုတာ ကိုယ်ခန္ဓာအတွက် အလိုအပ်ဆုံးမို့ အရင်တုန်းကတော့ ရေကို သောက်နိုင်သလောက်သောက်ပေးတာ အကောင်းဆုံးပဲလို့ ဆိုကြပေမယ့် ဒါဟာ လွဲမှားနေတဲ့ အကြံပြု ချက်တခုဆိုတာ သိလာရပါပြီ။

ရေကို နေ့စဉ် လုံလုံလောက်လောက် သောက်သုံးသင့်တယ်ဆိုပေမယ့် “တန်ဆေးလွန်ဘေး” ဆိုတဲ့ စကားအတိုင်း ဘယ်အရာမှ အလွန်အကျွံဖြစ်တာ မကောင်းပါဘူး။ ရေမသောက်လို့ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နိုင်သလို ရေအသောက် လွန်လို့လည်း ရေဓာတ်လွန်ကဲခြင်း ဖြစ်လာရပါတယ်။ခန္ဓာကိုယ်က ပုံမှန်ထက် ရေအရမ်းသောက်ချင်လာတာမျိုးနဲ့ ရေသောက်ပေမယ့် ပြန်မစွန့်ပစ်ဘဲ ကိုယ်ထဲအိုင်နေတာ မျိုးအခြေအနေတွေမှာ ရေဓာတ်လွန်ကဲခြင်း ဖြစ်နိုင်ပါတယ်။

တချို့ရောဂါအခြေအနေတွေကြောင့်လည်း မလိုအပ်တဲ့ အရည်တွေကို ခန္ဓာကိုယ်က ပြန်မစွန့်ထုတ်နိုင်တာမျိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Schizophrenia, MDMA (ecstasy လို့ လူသိများပါတယ်), antipsychotic drugs, diuretics ဆေးဝါး တွေက လိုအပ်တာထက် ရေများများပိုသောက်မိစေပါတယ်။

ရေသောက်များလာခြင်းရဲ့ နောက်ထပ်အကြောင်းရင်းကတော့ ကိုယ်တွင်းအငံဓာတ်နဲ့ Electrolytes တွေ အားပျော့ သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏ အလွန်အမင်းကျ ဆင်းသွားပြီး Hyponatremia ဖြစ်စဉ်ကို ဖြစ်စေနိုင်ပါတယ်။ဒီ့ထက်ဆိုးရွားသွားတယ်ဆိုရင် အသက်အန္တရာယ် သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ သေဆုံးတဲ့ ဖြစ်စဉ်မျိုးက ရှားပါးတယ် ဆိုပေမယ့်လည်း သတိလျော့လို့မဖြစ်ပါဘူး။

ကျန်းမာတဲ့လူတယောက်ရဲ့ ဆီးအရာင်က အဝါရောင်ဖျော့ဖျော့ရှိပြီး လုံးဝအရောင်မပါတော့ဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လွန်ကဲနေတဲ့အခြေအနေဆိုတာ ပြနေပါပြီ။ ရေဓာတ်လွန်ကဲခြင်းဖြစ်နိုင်သူတွေကတော့ ချွေးအရမ်းထွက်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ ပြေးခုန်ပစ် အားကစားသမားတွေ၊ လှေလှော်သမားတွေ၊ စစ်ရေးလေ့ကျင့်နေရတဲ့ စစ်သားတွေနဲ့ တောင်တက်သမားတွေဟာ ဖြစ်နိုင်ချေ အခွင့်အလမ်းများပါတယ်။

ရေဓာတ်လွန်ကဲခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေက မူးဝေအော့အန်ခြင်းနဲ့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မတည်မငြိမ် ဖြစ်လာခြင်းတွေရှိပြီး စိုးရိမ်စရာအခြေအနေရောက်နေပြီဆိုရင်တော့ ကြွက်သားတွေ အားနည်းလာမယ်၊ ကြွက်တက်မယ်၊ လှုပ်ရှားနေရာက မလုပ်နိုင်လောက်အောင် တုံ့ခနဲရပ်သွားမယ်၊ သတိမေ့မျောသွားရာကနေ သတိပြန်မလည်လာတော့ပဲ ကိုမာ (coma) ထိဖြစ်သွားနိုင်ပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိဖြစ်နိုင်တဲ့ ရေဓာတ်လွန်ကဲခြင်းဖြစ်လာပြီဆိုရင် ဘယ်လိုကုသမလဲ။ ပုံမှန်ထက် ရေမကြာ ခဏမသောက်ဖြစ်တော့အောင် ရပ်တန့်လိုက်ပါ၊ ဆီးကတစ်ဆင့် အရည်ဟောင်းတွေ ပြန်စွန့်ထုတ်နိုင် အောင် ဆီးများများ သွားနိုင်အောင် ကြိုးစားပါ။သောက်နေတဲ့ဆေးတွေကြောင့်လို့ထင်ရင် ဖြတ်လိုက်ပါ၊ အရေး ပေါ် အခြေအနေထိ ဖြစ်မလာခင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ကုသသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top