စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ႏွစ္သစ္ကို ေရာက္လာၿပီဆိုရင္ အသက္တစ္ႏွစ္ပိုႀကီးသြားတာနဲ႔ ထပ္တူပဲ ႏွစ္ေဟာင္းကအေတြ႔အၾကံဳေတြ၊ သင္ခန္းစာေတြလည္း တိုးပြားလာပါတယ္။ အရင္ႏွစ္က မေကာင္းတဲ့ခံစားခ်က္ေတြ၊ အက်င့္ေတြကို ျပန္လည္ျပင္ဆင္ဖို႔နဲ႔ မရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို ဆြတ္ခူးႏိုင္ဖို႔ ႏွစ္သစ္ရဲ႕အစဟာ ကိုယ့္ကိုယ္ကို ျပဳျပင္ဖို႔နဲ႔ ျပင္ဆင္ဖို႔အေကာင္းဆံုး အခ်ိန္ဆိုလည္း မမွားပါဘူး။ ဒီလိုေအာင္ျမင္မႈေတြကို ရရွိႏိုင္ဖို႔အတြက္ အတားအဆီးတစ္ခုျဖစ္တဲ့ ပ်င္းရိျခင္းဆိုတဲ့ အေလ့အက်င့္ဆိုးကို ျပင္ဆင္ႏိုင္ဖို႔ နည္းလမ္းေတြကို မွ်ေဝေပးခ်င္ပါတယ္။
၁။ သင့္ကိုပ်င္းရိေစတဲ့ အေၾကာင္းရင္းကိုရွာေဖြပါ
ပ်င္းရိတတ္တဲ့ စိတ္ကိုျပင္ဆင္ဖို႔အတြက္ သင္အရင္ဆံုးလုပ္ဖို႔လိုတာက သင့္ကိုပ်င္းရိေစသူတစ္ေယာက္ ျဖစ္ေစတဲ့အေၾကာင္းရင္းကို ရွာေဖြဖို႔လိုပါတယ္။ ဘယ္အရာေတြက သင့္ရဲ႕ေဆာင္ရြက္မႈေတြကုိ အတားအဆီးျဖစ္ေစၿပီး ပထမဆံုးေျခလွမ္းကို တားဆီးထားလဲဆိုတာ ကိုယ့္ကိုယ္ကိုျပန္ေမးပါ။ သိရွိၿပီဆိုတာနဲ႔ ေရွာင္ရွားဖို႔ႀကိဳးစားလို႔ ရႏိုင္ပါတယ္။

၂။ ပ်င္းရိျခင္းေၾကာင့္ ရရွိခဲ့တဲ့ အက်ိဳးဆက္ေတြကို အသိအမွတ္ျပဳပါ
ပ်င္းရိျခင္းဆိုတာဟာ ျပဳျပင္ဖို႔ခက္ခဲတဲ့ အေလ့အက်င့္ဆိုးပါ။ ဒါေပမယ့္ မျပဳျပင္ပဲနဲ႔ေတာ့ ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ႏွစ္ေဟာင္းမွာ ပ်င္;ရိခဲ့လို႔ ရရွိခဲ့တဲ့ အက်ိဳးဆက္ေတြကို စာရင္းျပဳစုျခင္းျဖင့္ သင့္ရဲ႕စိတ္အားကို တက္ၾကြလာေစမွာပါ။

၃။ သင့္ရဲ႕အလုပ္မွာ စိတ္အားထက္သန္မႈကို ျပန္လည္ရွင္သန္ပါေစ
တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ ဝါသနာပါရာကို လုပ္ေနရင္းနဲ႔ေတာင္မွ ပ်င္းစရာေကာင္းလာတတ္ပါတယ္။ ဒါေတြကို သိရွိၿပီး သင့္ရဲ႕အလုပ္ဘယ္အပိုင္းက သင့္ကိုပ်င္းရိေစတယ္။ စိတ္မပါလက္မပါျဖစ္ေစတယ္ ဆိုတာကို ရွာေဖြဖို႔ လိုလာပါၿပီ။ သင့္အတြက္ ပ်င္းရိစတဲ့ အလုပ္ရဲ႕အစိတ္အပိုင္းေတြကို သတိထားမိၿပီဆိုရင္ ထိုအပိုင္းရဲ႕ အျပဳသေဘာေဆာင္တဲ့ ရလာဒ္ေတြကို သတိရဖို႔ မေမ့ပါနဲ႔။

၄။ စတင္ၿပီးေဆာင္ရြက္ဖို႔ ဝန္မေလးပါနဲ႔
ကၽြန္ေတာ္တို႔အတြက္ မၾကာခဏဆိုသလို ပ်င္းရိမႈျဖစ္ေစတဲ့အပိုင္းကို ေျပာပါဆိုရင္ အရင္ဆံုးအလုပ္တစ္ခုကို စတင္တဲ့အခ်ိန္လို႔ ေျပာလို႔ရပါတယ္။ အလုပ္တစ္ခုၿပီးေျမာက္ဖို႔ဆိုတာ ပထမဆံုးစတင္တဲ့ ေျခလွမ္းကအေရးအႀကီးဆံုးျဖစ္ၿပီး တစ္ဆင့္ခ်င္းကို ေက်ာ္လႊားျခင္းျဖင့္ ၿပီးေျမာက္မႈကို ရရွိေစပါလိမ့္မယ္။ ဒါေၾကာင့္ အရင္ကထက္ပိုၿပီး အိပ္ရာထခ်ိန္ကို ၁၀မိနစ္ေလာက္ ပိုေစာစြာထဖို႔ ဒါမွမဟုတ္ အိပ္ရာႏိုးတာနဲ႔ခ်က္ခ်င္းထဖို႔ အေလ့အက်င့္ျပဳလုပ္သင့္ပါတယ္။

၅။ စနစ္ဇယားရွိပါေစ
ကိုယ့္ရဲ႕အလုပ္လုပ္ခ်ိန္နဲ႔ အနားယူခ်ိန္ေတြကို စနစ္တက်သတ္မွတ္ထားျခင္းဟာ ပ်င္းရိျခင္းဆိုတဲ့့စိတ္ ျဖစ္ေပၚမလာေအာင္ တားဆီးႏိုင္ပါတယ္။ အလုပ္တစ္ခုလုပ္တဲ့အခါ တနာရီနဲ႔ ဘယ္ေလာက္ထိေဆာင္ရြက္မယ္၊ နားခ်ိန္တနာရီမွာ အပန္းေျပေအာင္ ဘယ္လိုအနားယူမယ္ဆိုတာကို အေသအခ်ာသတ္မွတ္ထားျခင္းျဖင့္ အခ်ိန္ဟာပုိၿပီး တန္ဖိုးရွိလာတာကို ေတြ႕ရပါလိမ့္မယ္။

၆။ လုပ္မယ့္အရာေတြကို စာရင္းျပဳစုပါ
သင္အိပ္ရာမဝင္ခင္အခ်ိန္မွာ မနက္ျဖန္ေဆာင္ရြက္မယ့္ ကိစၥေတြကို စာရင္းျပဳစုထားျခင္းျဖင့္ ေနာက္တစ္ေန႔မွာ အစီအစဥ္တက်ေဆာင္ရြက္ႏိုင္ပါလိမ့္မယ္။

၇။ ေန႔သစ္ရဲ႕ပထမဆံုးအခ်ိန္မွာ အေရးအႀကီးဆံုး အရာကိုေဆာင္ရြက္ျခင္းျဖင့္ စတင္ပါ
မနက္ခင္းပိုင္းမွာ အေရးႀကီးၿပီး ခက္ခဲတဲ့အရာေတြကို ေဆာင္ရြက္ရရင္ေတာင္မွ ပိုၿပီးလြယ္ကူႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ရဲ႕စိတ္မွာ အပန္းေျပေနၿပီး ခြန္အားေတြျပည့္ေနတာေၾကာင့္ ျဖစ္ပါတယ္။

၈။ ေဆာင္ရြက္စရာရွိတာေတြကို ေခ်ဖ်က္ပါ
တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ေဆာင္ရြက္ရမယ့္ ကိစၥတစ္ခုက ႀကီးသေယာင္ျဖစ္ေနရင္ မသိမသာေလးေက်ာ္သြားတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႀကီးတဲ့ကိစၥေတြကို စတင္ေျဖရွင္းဖို႔ အားနည္းသလိုပဲ ေသးတဲ့အရာေတြကို အရင္ၿပီးေအာင္လုပ္ၿပီးမွ ေနာက္ဆံုးႀကီးတဲ့အရာေတြကို ေဆာင္ရြက္မယ္ဆိုတဲ့ စိတ္အခံလည္း ရွိတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီလိုေက်ာ္ခြသြားမယ့္အစား ႀကီးတဲ့အရာေတြကို ေသးသြားေအာင္နည္းနည္းစီေခ်ဖ်က္ျခင္းဟာ ပိုၿပီးလြယ္ကူသေယာင္ ျဖစ္ေစပါတယ္။ သင့္ရဲ႕ပ်င္းရိတဲ့စိတ္ကိုလည္း ေမာင္ထုတ္ဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

၉။ အာ႐ံုပ်က္စရာေတြကို ေလွ်ာ့ခ်ပါ
သင့္ကိုဖင့္ေလးေစတဲ့ အရာေတြကို ဖယ္ရွားဖို႔အတြက္ သင့္ရဲ႕စိတ္ကို အာ႐ံုပ်က္ေစႏိုင္တဲ့ တီဗီြ၊ အင္တာနက္၊ စမတ္ဖုန္းနဲ႔ အျခားအရာေတြကို သံုးစြဲမႈေလွ်ာ့ခ်ပါ။ သင့္ရဲ႕ေဆာင္ရြက္ႏိုင္စြမ္းကို တိုးတက္ေစၿပီး အလုပ္ကိုပိုအာ႐ံုစိုက္ႏိုင္ပါလိမ့္မယ္။

၁၀။ ေဘးနားမွာ တက္ၾကြတဲ့လူေတြ ရွိေနပါေစ
ကိုယ့္ရဲ႕ေဘးနားက လုပ္ေဖာ္ကိုင္ဖက္ေတြဟာ တက္ၾကြသူေတြ ျဖစ္ရင္လည္း သင့္ရ႕ဲစိတ္ကို အလုိလိုတက္ၾကြေစပါလိမ့္မယ္။ တကယ္လို႔သင့္ေဘးက လုပ္ေဖာ္ကိုင္ဖက္ေတြက သူတို႔ရဲ႕အလုပ္ကို မုန္းတီးၿပီး ပ်င္းရိေနပါက အေကာင္ျမင္စိတ္ထားရွိတဲ့ အသင္းအဖြဲ႕နဲ႔ ေျပာင္းလဲၿပီးပူေပါင္းဖို႔ ေဆာင္ရြက္ႏိုင္ပါတယ္။ ယခုအခ်က္ေတြက သင့္ရဲ႕ပ်င္းရိေစတဲ့ အက်င့္ဆိုးကို ေကာင္းေကာင္းျပဳျပင္ႏိုင္ပါလိမ့္မယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Lifestyle_Myanmar
#Unicode Version#
 နှစ်သစ်ကို ရောက်လာပြီဆိုရင် အသက်တစ်နှစ်ပိုကြီးသွားတာနဲ့ ထပ်တူပဲ နှစ်ဟောင်းကအတွေ့အကြုံတွေ၊ သင်ခန်းစာတွေလည်း တိုးပွားလာပါတယ်။ အရင်နှစ်က မကောင်းတဲ့ခံစားချက်တွေ၊ အကျင့်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ မရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဖို့ နှစ်သစ်ရဲ့အစဟာ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့နဲ့ ပြင်ဆင်ဖို့အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ ဒီလိုအောင်မြင်မှုတွေကို ရရှိနိုင်ဖို့အတွက် အတားအဆီးတစ်ခုဖြစ်တဲ့ ပျင်းရိခြင်းဆိုတဲ့ အလေ့အကျင့်ဆိုးကို ပြင်ဆင်နိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
၁။ သင့်ကိုပျင်းရိစေတဲ့ အကြောင်းရင်းကိုရှာဖွေပါ
ပျင်းရိတတ်တဲ့ စိတ်ကိုပြင်ဆင်ဖို့အတွက် သင်အရင်ဆုံးလုပ်ဖို့လိုတာက သင့်ကိုပျင်းရိစေသူတစ်ယောက် ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေဖို့လိုပါတယ်။ ဘယ်အရာတွေက သင့်ရဲ့ဆောင်ရွက်မှုတွေကို အတားအဆီးဖြစ်စေပြီး ပထမဆုံးခြေလှမ်းကို တားဆီးထားလဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးပါ။ သိရှိပြီဆိုတာနဲ့ ရှောင်ရှားဖို့ကြိုးစားလို့ ရနိုင်ပါတယ်။

၂။ ပျင်းရိခြင်းကြောင့် ရရှိခဲ့တဲ့ အကျိုးဆက်တွေကို အသိအမှတ်ပြုပါ
ပျင်းရိခြင်းဆိုတာဟာ ပြုပြင်ဖို့ခက်ခဲတဲ့ အလေ့အကျင့်ဆိုးပါ။ ဒါပေမယ့် မပြုပြင်ပဲနဲ့တော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်နှစ်ဟောင်းမှာ ပျင်;ရိခဲ့လို့ ရရှိခဲ့တဲ့ အကျိုးဆက်တွေကို စာရင်းပြုစုခြင်းဖြင့် သင့်ရဲ့စိတ်အားကို တက်ကြွလာစေမှာပါ။

၃။ သင့်ရဲ့အလုပ်မှာ စိတ်အားထက်သန်မှုကို ပြန်လည်ရှင်သန်ပါစေ
တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဝါသနာပါရာကို လုပ်နေရင်းနဲ့တောင်မှ ပျင်းစရာကောင်းလာတတ်ပါတယ်။ ဒါတွေကို သိရှိပြီး သင့်ရဲ့အလုပ်ဘယ်အပိုင်းက သင့်ကိုပျင်းရိစေတယ်။ စိတ်မပါလက်မပါဖြစ်စေတယ် ဆိုတာကို ရှာဖွေဖို့ လိုလာပါပြီ။ သင့်အတွက် ပျင်းရိစတဲ့ အလုပ်ရဲ့အစိတ်အပိုင်းတွေကို သတိထားမိပြီဆိုရင် ထိုအပိုင်းရဲ့ အပြုသဘောဆောင်တဲ့ ရလာဒ်တွေကို သတိရဖို့ မမေ့ပါနဲ့။

၄။ စတင်ပြီးဆောင်ရွက်ဖို့ ဝန်မလေးပါနဲ့
ကျွန်တော်တို့အတွက် မကြာခဏဆိုသလို ပျင်းရိမှုဖြစ်စေတဲ့အပိုင်းကို ပြောပါဆိုရင် အရင်ဆုံးအလုပ်တစ်ခုကို စတင်တဲ့အချိန်လို့ ပြောလို့ရပါတယ်။ အလုပ်တစ်ခုပြီးမြောက်ဖို့ဆိုတာ ပထမဆုံးစတင်တဲ့ ခြေလှမ်းကအရေးအကြီးဆုံးဖြစ်ပြီး တစ်ဆင့်ချင်းကို ကျော်လွှားခြင်းဖြင့် ပြီးမြောက်မှုကို ရရှိစေပါလိမ့်မယ်။ ဒါကြောင့် အရင်ကထက်ပိုပြီး အိပ်ရာထချိန်ကို ၁၀မိနစ်လောက် ပိုစောစွာထဖို့ ဒါမှမဟုတ် အိပ်ရာနိုးတာနဲ့ချက်ချင်းထဖို့ အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။

၅။ စနစ်ဇယားရှိပါစေ
ကိုယ့်ရဲ့အလုပ်လုပ်ချိန်နဲ့ အနားယူချိန်တွေကို စနစ်တကျသတ်မှတ်ထားခြင်းဟာ ပျင်းရိခြင်းဆိုတဲ့စိတ် ဖြစ်ပေါ်မလာအောင် တားဆီးနိုင်ပါတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ တနာရီနဲ့ ဘယ်လောက်ထိဆောင်ရွက်မယ်၊ နားချိန်တနာရီမှာ အပန်းပြေအောင် ဘယ်လိုအနားယူမယ်ဆိုတာကို အသေအချာသတ်မှတ်ထားခြင်းဖြင့် အချိန်ဟာပိုပြီး တန်ဖိုးရှိလာတာကို တွေ့ရပါလိမ့်မယ်။

၆။ လုပ်မယ့်အရာတွေကို စာရင်းပြုစုပါ
သင်အိပ်ရာမဝင်ခင်အချိန်မှာ မနက်ဖြန်ဆောင်ရွက်မယ့် ကိစ္စတွေကို စာရင်းပြုစုထားခြင်းဖြင့် နောက်တစ်နေ့မှာ အစီအစဉ်တကျဆောင်ရွက်နိုင်ပါလိမ့်မယ်။

၇။ နေ့သစ်ရဲ့ပထမဆုံးအချိန်မှာ အရေးအကြီးဆုံး အရာကိုဆောင်ရွက်ခြင်းဖြင့် စတင်ပါ
မနက်ခင်းပိုင်းမှာ အရေးကြီးပြီး ခက်ခဲတဲ့အရာတွေကို ဆောင်ရွက်ရရင်တောင်မှ ပိုပြီးလွယ်ကူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့စိတ်မှာ အပန်းပြေနေပြီး ခွန်အားတွေပြည့်နေတာကြောင့် ဖြစ်ပါတယ်။

၈။ ဆောင်ရွက်စရာရှိတာတွေကို ချေဖျက်ပါ
တစ်ခါတစ်လေမှာ ကျွန်တော်တို့ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုက ကြီးသယောင်ဖြစ်နေရင် မသိမသာလေးကျော်သွားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြီးတဲ့ကိစ္စတွေကို စတင်ဖြေရှင်းဖို့ အားနည်းသလိုပဲ သေးတဲ့အရာတွေကို အရင်ပြီးအောင်လုပ်ပြီးမှ နောက်ဆုံးကြီးတဲ့အရာတွေကို ဆောင်ရွက်မယ်ဆိုတဲ့ စိတ်အခံလည်း ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုကျော်ခွသွားမယ့်အစား ကြီးတဲ့အရာတွေကို သေးသွားအောင်နည်းနည်းစီချေဖျက်ခြင်းဟာ ပိုပြီးလွယ်ကူသယောင် ဖြစ်စေပါတယ်။ သင့်ရဲ့ပျင်းရိတဲ့စိတ်ကိုလည်း မောင်ထုတ်ဖို့ အထောက်အကူဖြစ်စေမှာပါ။

၉။ အာရုံပျက်စရာတွေကို လျှော့ချပါ
သင့်ကိုဖင့်လေးစေတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက် သင့်ရဲ့စိတ်ကို အာရုံပျက်စေနိုင်တဲ့ တီဗွီ၊ အင်တာနက်၊ စမတ်ဖုန်းနဲ့ အခြားအရာတွေကို သုံးစွဲမှုလျှော့ချပါ။ သင့်ရဲ့ဆောင်ရွက်နိုင်စွမ်းကို တိုးတက်စေပြီး အလုပ်ကိုပိုအာရုံစိုက်နိုင်ပါလိမ့်မယ်။

၁၀။ ဘေးနားမှာ တက်ကြွတဲ့လူတွေ ရှိနေပါစေ
ကိုယ့်ရဲ့ဘေးနားက လုပ်ဖော်ကိုင်ဖက်တွေဟာ တက်ကြွသူတွေ ဖြစ်ရင်လည်း သင့်ရဲ့စိတ်ကို အလိုလိုတက်ကြွစေပါလိမ့်မယ်။ တကယ်လို့သင့်ဘေးက လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့အလုပ်ကို မုန်းတီးပြီး ပျင်းရိနေပါက အကောင်မြင်စိတ်ထားရှိတဲ့ အသင်းအဖွဲ့နဲ့ ပြောင်းလဲပြီးပူပေါင်းဖို့ ဆောင်ရွက်နိုင်ပါတယ်။ ယခုအချက်တွေက သင့်ရဲ့ပျင်းရိစေတဲ့ အကျင့်ဆိုးကို ကောင်းကောင်းပြုပြင်နိုင်ပါလိမ့်မယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Lifestyle_Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top