ကြယ္လြန္ၿပီးေနာက္ အေလာင္းကို သရဏဂံုတင္မွဳဟာဗုဒၶဘာသာ၀င္ေတြရဲ႕ ထံုးစံတစ္ခုျဖစ္ေနပါၿပီ။ဘယ္ေလာက္ပဲ ဆင္းရဲနိမ့္ပါးပါေစက်န္ရစ္သူ မိသားစုေတြက သရဏဂံုတင္ျဖစ္ေအာင္ႀကိဳးစားတတ္ၾကပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္အေလာင္းကို သရဏဂံုတင္ခြင့္ မရလိုက္တဲ့ အခါမ်ိဳးမွာအင္မတန္ ၀မ္းနည္းပက္လက္ ျဖစ္တတ္ၾကပါတယ္။

တကယ္ေတာ့ တစ္ဦးတစ္ေယာက္ ကြယ္လြန္တဲ့အခါ အသက္ရွင္စဥ္က သရဏဂံုယူထားခဲ့ရင္လည္းပ်က္ျပယ္သြားပါၿပီ။ အေလာင္းေကာင္က ဘာမွမသိႏိုင္မဆိုႏိုင္တဲ့အတြက္ သရဏဂံုတင္ေပးေပမယ့္သရဏဂံု မရႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ ကြယ္လြန္သူဟာျပိတၱာအုပ္စုမွာ ပါ၀င္တဲ့ တေစၦ၊ သရဲ၊ မင္စာ၊ နတ္စိမ္း စတဲ့ဘ၀မ်ိဳးကို ေရာက္ေနခဲ့ရင္ သရဏဂံုယူႏိုင္ေဆာက္တည္ႏိုင္ပါတယ္။

ဒါေၾကာင့္တကယ္လို႔မ်ား ဒီလို ဘ၀မ်ိဳးကို ေရာက္ေနခဲ့ရင္ သရဏဂံု ေဆာက္တည္ႏိုင္ပါေစ၊ သရဏဂံုႏွင့္စပ္တဲ့အက်ိဳးေတြကို ခံစားႏိုင္ပါေစဆိုတဲ့ ရည္ရြယ္ခ်က္၊အနီးအနားမွာရွိတဲ့ အျခားတေစၦ၊ သရဲစတဲ့သရဏဂံုယူႏိုင္သူေတြလည္း သရဏဂံု ခံယူေဆာက္တည္ၿပီးသရဏဂံုႏွင့္စပ္တဲ့ အက်ိဳးေတြကို ရရွိခံစားႏိုင္ၾကပါေစဆိုတဲ့ ရည္ရြယ္ခ်က္၊လက္ရွိဘ၀ က်န္ရစ္သူမိသားစု ေဆြမ်ိဳး၊ မိတ္ေဆြအေပါင္းအသင္းမ်ားလည္း သရဏဂံုေဆာက္တည္ၿပီးသရဏဂံုႏွင့္စပ္တဲ့ အက်ိဳးထူးေတြကို ရရွိႏိုင္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္၊ဒီလို မြန္ျမတ္သန္႔စင္တဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ ကြယ္လြန္ၿပီးေနာက္ အေလာင္းကို သရဏဂံုတင္ၾကျခင္း ျဖစ္ပါတယ္။

{အရွင္နႏၵေသနာလကၤာရ(မဟာဓမၼစရိယ၊ M,A)၏
ဓမၼဗိမာန္-ဓမၼစာေပ ပထမဆုရ “ဘာသာေရး အႏွစ္သာရမ်ား” မွ ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။}

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္နႏၵေသနာလကၤာရ

#Unicode Version#

ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခုဖြစ်နေပါပြီ။ဘယ်လောက်ပဲ ဆင်းရဲနိမ့်ပါးပါစေကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်အောင်ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အလောင်းကို သရဏဂုံတင်ခွင့် မရလိုက်တဲ့ အခါမျိုးမှာအင်မတန် ဝမ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။

တကယ်တော့ တစ်ဦးတစ်ယောက် ကွယ်လွန်တဲ့အခါ အသက်ရှင်စဉ်က သရဏဂုံယူထားခဲ့ရင်လည်းပျက်ပြယ်သွားပါပြီ။ အလောင်းကောင်က ဘာမှမသိနိုင်မဆိုနိုင်တဲ့အတွက် သရဏဂုံတင်ပေးပေမယ့်သရဏဂုံ မရနိုင်တော့ပါဘူး။ ဒါပေမဲ့ ကွယ်လွန်သူဟာပြိတ္တာအုပ်စုမှာ ပါဝင်တဲ့ တစ္ဆေ၊ သရဲ၊ မင်စာ၊ နတ်စိမ်း စတဲ့ဘဝမျိုးကို ရောက်နေခဲ့ရင် သရဏဂုံယူနိုင်ဆောက်တည်နိုင်ပါတယ်။

ဒါကြောင့်တကယ်လို့များ ဒီလို ဘဝမျိုးကို ရောက်နေခဲ့ရင် သရဏဂုံ ဆောက်တည်နိုင်ပါစေ၊ သရဏဂုံနှင့်စပ်တဲ့အကျိုးတွေကို ခံစားနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်၊အနီးအနားမှာရှိတဲ့ အခြားတစ္ဆေ၊ သရဲစတဲ့သရဏဂုံယူနိုင်သူတွေလည်း သရဏဂုံ ခံယူဆောက်တည်ပြီးသရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို ရရှိခံစားနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်၊လက်ရှိဘ၀ ကျန်ရစ်သူမိသားစု ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများလည်း သရဏဂုံဆောက်တည်ပြီးသရဏဂုံနှင့်စပ်တဲ့ အကျိုးထူးတွေကို ရရှိနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ဒီလို မွန်မြတ်သန့်စင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။

{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏
ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

ဖိုးသူတော် (www.phothutaw.com)

Credit: အရှင်နန္ဒသေနာလင်္ကာရ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top