iMyanmarHouse.com - Best Property Website for Myanmar
×


လူတိုင္းက ေလးေထာင့္ပုံစံရွိတဲ့ သာမန္အိမ္ေတြမွာပဲ ေနထိုင္ၾကတာျဖစ္ပါတယ္။ ဒါေတြကို ေျပာင္းလဲခ်င္တဲ့ လူေတြက ထူးဆန္းတဲ့ အိမ္ေတြကို တည္ေဆာက္ၿပီးေနထိုင္လာၾကပါတယ္။ ဒါေၾကာင့္ ဒီတခါမွာ ကမာၻအႏွံ႔က ထူးျခားဆန္းျပား အိမ္ႀကီးမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Habitat 67 (ကေနဒါ)


တိုက္တလုံးေပၚကို ေနာက္တလုံးဆင့္ၿပီး အိမ္ေဆာက္ဖို႔ဆိုတာ ဘယ္သူကမွ အေကာင္အထည္မေဖာ္ခင္ ကေနဒါႏိုင္ငံမွာ ေဆာက္ခဲ့တဲ့ အိမ္ျဖစ္ပါတယ္။ အိမ္ေဆာက္တဲ့ အင္ဂ်င္နီယာက ဒီအိမ္ပုံစံကို သူ႔ရဲ႕ ဘြဲ႕ယူဖို႔စာတမ္းအတြက္ ေဆာက္ခဲ့တာျဖစ္ၿပီး အခုလက္ရွိမွာေတာ့ လူေတြ ေနေနၿပီလို႔ သိရပါတယ္။

(၂) Futuro (ဆြီဒင္)


ဆြီဒင္ႏိုင္ငံမွာ ရွိတဲ့ Futuro လို႔ အမည္ရတဲ့ အိမ္ကို Matti Suuronen ဆိုသူက ဒီဇိုင္းဆြဲခဲ့တယ္လို႔ သိရပါတယ္။ ဒီအိမ္ဟာ အာကာသယာဥ္ပုံစံ တည္ေဆာက္ထားတာ ျဖစ္ၿပီး ဒီလို အိမ္ပုံစံေတြကို ဖင္လန္ႏိုင္ငံမွာလည္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

(၃) The Mirror House (အီတလီ)


မွန္ေတြအျပည့္နဲ႔ တည္ေဆာက္ထားတဲ့ ဒီအိမ္ဟာ ခပ္လွမ္းလွမ္းက ၾကည့္မယ္ဆိုရင္ ျမင္ရမွာ မဟုတ္ပါဘူး။ ၾကည့္မွန္ေတြနဲ႔ တည္ေဆာက္ထားတာျဖစ္လို႔ ၾကည့္လိုက္ရင္ မွန္မွာေပၚေနတဲ့ သဘာဝရႈခင္းေတြကိုသာ ျမင္ရမွာ ျဖစ္ပါတယ္။ အနီးကပ္သြားၾကည့္မယ္ဆိုမွသာ ႀကီးမားခန႔္ညားတဲ့ အိမ္ကို ျမင္ရမွာ ျဖစ္ပါတယ္။

(၄) The Stone House (ေပၚတူဂီ)


ေပၚတူဂီႏိုင္ငံမွာ ရွိတဲ့ ဒီအိမ္ကေတာ့ သီးသန႔္ဆန္တဲ့ အိမ္လို႔ သိရပါတယ္။ ဒီအိမ္ကေတာ့ ေရွးကလူေတြဟာ ဂူထဲမွာ ေနၾကတယ္ဆိုတာကို သက္ေသျပေနတဲ့ အခ်က္တခုလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒီအိမ္ကို ဘယ္သူပိုင္တယ္ဆိုတာန႔ဲ လူေတြ ဘယ္ႏွစ္ေယာက္ေနၾကတယ္ ဆိုတာကို ဘယ္သူမွ မသိရပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီအေရွ႕နားမွာ ပုဂၢလိကပိုင္ဆိုင္မႈဆိုတဲ့ ဆိုင္းဘုတ္ကို တပ္ထားတာေၾကာင့္ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

လူတိုင်းက လေးထောင့်ပုံစံရှိတဲ့ သာမန်အိမ်တွေမှာပဲ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါတွေကို ပြောင်းလဲချင်တဲ့ လူတွေက ထူးဆန်းတဲ့ အိမ်တွေကို တည်ဆောက်ပြီးနေထိုင်လာကြပါတယ်။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာအနှံ့က ထူးခြားဆန်းပြား အိမ်ကြီးများကို ဖော်ပြပေးချင်ပါတယ်။

(၁) Habitat 67 (ကနေဒါ)

တိုက်တလုံးပေါ်ကို နောက်တလုံးဆင့်ပြီး အိမ်ဆောက်ဖို့ဆိုတာ ဘယ်သူကမှ အကောင်အထည်မဖော်ခင် ကနေဒါနိုင်ငံမှာ ဆောက်ခဲ့တဲ့ အိမ်ဖြစ်ပါတယ်။ အိမ်ဆောက်တဲ့ အင်ဂျင်နီယာက ဒီအိမ်ပုံစံကို သူ့ရဲ့ ဘွဲ့ယူဖို့စာတမ်းအတွက် ဆောက်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ လူတွေ နေနေပြီလို့ သိရပါတယ်။

(၂) Futuro (ဆွီဒင်)

ဆွီဒင်နိုင်ငံမှာ ရှိတဲ့ Futuro လို့ အမည်ရတဲ့ အိမ်ကို Matti Suuronen ဆိုသူက ဒီဇိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။ ဒီအိမ်ဟာ အာကာသယာဉ်ပုံစံ တည်ဆောက်ထားတာ ဖြစ်ပြီး ဒီလို အိမ်ပုံစံတွေကို ဖင်လန်နိုင်ငံမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

(၃) The Mirror House (အီတလီ)

မှန်တွေအပြည့်နဲ့ တည်ဆောက်ထားတဲ့ ဒီအိမ်ဟာ ခပ်လှမ်းလှမ်းက ကြည့်မယ်ဆိုရင် မြင်ရမှာ မဟုတ်ပါဘူး။ ကြည့်မှန်တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ကြည့်လိုက်ရင် မှန်မှာပေါ်နေတဲ့ သဘာဝရှုခင်းတွေကိုသာ မြင်ရမှာ ဖြစ်ပါတယ်။ အနီးကပ်သွားကြည့်မယ်ဆိုမှသာ ကြီးမားခန့်ညားတဲ့ အိမ်ကို မြင်ရမှာ ဖြစ်ပါတယ်။

(၄) The Stone House (ပေါ်တူဂီ)

ပေါ်တူဂီနိုင်ငံမှာ ရှိတဲ့ ဒီအိမ်ကတော့ သီးသန့်ဆန်တဲ့ အိမ်လို့ သိရပါတယ်။ ဒီအိမ်ကတော့ ရှေးကလူတွေဟာ ဂူထဲမှာ နေကြတယ်ဆိုတာကို သက်သေပြနေတဲ့ အချက်တခုလို့တောင် ဆိုနိုင်ပါတယ်။ ဒီအိမ်ကို ဘယ်သူပိုင်တယ်ဆိုတာနဲ့ လူတွေ ဘယ်နှစ်ယောက်နေကြတယ် ဆိုတာကို ဘယ်သူမှ မသိရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအရှေ့နားမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတဲ့ ဆိုင်းဘုတ်ကို တပ်ထားတာကြောင့် ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top