စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


အိပ္ရင္ ေဟာက္တတ္တဲ့သူ ေတြကို ေတြ႕ဖူးၾကမွာပါ။ အိပ္ရင္ ေဟာက္ေနတဲ့သူကေတာ့ ဘာမွမသိေပမယ့္ သူ႕ ေဟာက္သံကုိ ၾကားေနရတဲ့သူေတြ အတြက္ကေတာ့ ေတာ္ေတာ္ကို အဆင္မေျပျဖစ္ရပါတယ္။ ကိုယ့္အိပ္ရာနားမွာ ေဟာက္တတ္တဲ့သူတစ္ေယာက္ရွိုလို႕ကေတာ့ တစ္ညလံုး အိပ္လို႕႕ ရမွာ မဟုတ္ဘူးလို႕သာ မွတ္လိုက္ေပေတာ့။ ဒီေတာ့ ဘာေၾကာင့္ ေဟာက္ရတာလဲ.။  ေဟာက္ရတဲ့ အေၾကာင္းအရင္းကို သိမွ ဘယ္လိုရပ္ေအာင္ လုပ္လို႕ရမွာလဲဆိုတာကို သိမွာျဖစ္ပါတယ္။

ဘာေၾကာင့္ အိပ္ရင္ ေဟာက္ရတာလဲ

အိပ္ေနစဥ္ ပါးစပ္နဲ႔ အသက္ရွဴလိုက္တဲ့အခါ ဝင္လာတဲ့ ေလေတြက  ေျပေလ်ာ့ေနတဲ့ ၾကြက္သားေတြ ရိုက္ခတ္သြားလို႕ ၾကြက္သားေတြ တုန္လႈပ္သြားျပီး အသံထြက္လာရတာ ျဖစ္ပါတယ္။ သင့္က်န္းမာေရး၊ သင့္ကိုယ္အေလးခ်ိန္နဲ႔ သင့္ပါးစပ္ဖြဲ႔စည္းပံုတို႕ အားလံုးဟာ သင့္ရဲ႕ အိပ္ေနစဥ္ ေဟာက္ျခင္း အေပၚမွာ သက္ေရာက္ေနတာပါ။

ကိုယ္ကေဟာက္တတ္တဲ့သူတစ္ေယာက္ ျဖစ္ေၾကာင္း ဘယ္လိုသိႏုိင္လဲ

ေသခ်ာတာကေတာ့ အိပ္ေနတဲ့သူတစ္ေယာက္က ငါေဟာက္တတ္ပါလားဆုိတာကို သိဖို႕ ဘယ္လိုမွ မျဖစ္ႏုိင္ပါဘူး။ ေဘးက လူေတြ ေျပာျပမွသာ ကိုယ္ကအိပ္ရင္ ေဟာက္တတ္တဲ့သူတစ္ေယာက္ဆိုတာကို သိမွာျဖစ္ပါတယ္။

ေဟာက္ရျခင္း အေၾကာင္းတရားမ်ား

ႏွာေစးျခင္း ၊ ႏွာပိတ္ျခင္း။ ။ ႏွာပိတ္ ေနတဲ့သူတစ္ယာက္ဟာ အိပ္စက္ခ်ိန္ဆို ပါးစပ္နဲ႕ အသက္ရွဴရတာျဖစ္လို႔ သူတုိ႕ဟာ အျခားသူေတြ ထက္ပိုျပီး ေဟာက္တတ္ပါတယ္။
ပက္လက္လန္ျပီး အိပ္ျခင္း ။ ။ ပက္လက္လန္ျပီး အိပ္တဲ့သူေတြဟာ ေဘးေစာင္းအိပ္တတ္တဲ့သူေတြ ထက္ပိုျပီး ေဟာက္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္က ေဟာက္တတ္တယ္ဆုိရင္ ေဘးေစာင္းျပီး အိပ္ပါ။


ႏွာေခါင္းဖြဲ႔စည္းပံု ။ ။ ႏွာခါင္းေပါက္ႏွစ္ခုမွာ တစ္ခုနဲ႔ တစ္ခု အရြယ္အစားမညီခဲ့ရင္ အိပ္တဲ့အခ်ိန္ အသက္ရွဴရခက္ေစျပီး ေဟာက္တတ္ပါတယ္။ ဒါမွမဟုတ္ ႏွာေခါင္းရိုးက်ိဳးတာလိုမ်ိဳး ထိခိုက္တာေတြ ရွိခဲ့ရင္ လည္း ေဟာက္တတ္ပါတယ္။ ဒီလို အေျခအေနေတြ ၾကံဳေတြ႕ရျပီဆို ဆရာဝန္နဲ႔တုိင္ပင္ျပီး ႏွာေခါင္းကိုျပန္ျပီးျပဳျပင္ဖုိ႕ လိုအပ္ပါတယ္။ ဒါမွ မေဟာက္ေတာ့မွာေပါ့ေနာ္။

သင့္အေပၚပိုင္း ပါးစပ္က လည္ေခ်ာင္းနားေရာက္ေလေလ အာေခါင္ကပုိ ေအာက္က်ျပီး ထူေလေလျဖစ္တာေၾကာင့္ ေလဝင္ႏုိ္င္တဲ့ လမ္းေၾကာင္းက်ဥ္းသြားျပီး အိပ္ရင္ ေဟာက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အာသီး ေလးက သာမန္ထက္ပိုရွည္ ေနတဲ့ အခါမ်ိဳးဆုိရင္လည္း ေလဝင္လမ္းေၾကာင္းက်ဥ္းသြားလို႕ ေဟာက္တတ္ပါတယ္။ ဒါမ်ိဳးေတြက ေမြးကတည္းက ပါလာတယ္ ဆုိေပမယ့္  ဘာျပႆနာမွ မရိွေသးရင္ေတာ့ ခြဲစိတ္စရာ မလိုပါဘူး။ ဒါေပမယ့္ ညဘက္အိပ္လို႕ အရမ္းေဟာက္တဲ့အခါမ်ိဳးမွာ ဆိုရင္ေတာ့ သင့္ပါးစပ္ကို ျပန္လည္ခြဲစိပ္ျပဳျပင္ဖို႕ လိုအပ္ေနပါျပီ။

သင့္ေသာက္ေနတဲ့ ေဆးေတြ ျဖစ္တဲ့ အိပ္ေဆး၊ ၾကြက္သားေျပေလ်ာ့ေဆး၊ စိတ္ဓာတ္က်ျခင္းကို ကုသတဲ့ေဆးေတြဟာ သင့္လွ်ာနဲ႕ လည္ေခ်ာင္းထဲက ၾကြက္သားေတြကုိ ေျပေလ်ာ့ေစတာေၾကာင့္ အဲ့ဒီေဆးေတြ ေသာက္ထားတဲ့သူဟာ အိပ္ေနခ်ိန္ဆို ပိုျပီး ေဟာက္တတ္ပါတယ္။

Sleep apnea လို႕ေခၚတဲ့ အိပ္ေနစဥ္ အသက္ရွဴရပ္ျခင္းဟာ ဆိုးဆိုးဝါးဝါး ေဟာက္သံကို ထြက္ေပၚေစတတ္ျပီး  အိပ္ရင္း သင့္ကို အသက္ရွဴရပ္ေစတဲ့ အရာတစ္ခုပါ။ Sleep apnea ေၾကာင့္ ညဘက္အိပ္ေနရင္း ေလထရွဴရတာမ်ိဳးေတြ၊ ျဖစ္တတ္တဲ့အျပင္ မနက္ႏု္ိးလာတဲ့အခါမွာလည္း အာေခါင္ေျခာက္ ေနတာ၊ ေခါင္းကိုက္တာ နဲ႔ လည္ေခ်ာင္းနာေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ Sleep apnea ဟာ ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ခ်င္တာတို႕နဲ႕ ဆက္စပ္ေနတဲ့အတြက္ Sleep apnoea ရွိေနရင္ ဆရာဝန္ဆီ သြားျပပါ။

ကေလးတစ္ေယာက္ အိပ္ေနရင္း ေဟာက္တယ္ဆိုတာ မျဖစ္သင့္တဲ့ ကိစၥတစ္ခုပါ။ ဒီလို သင့္ကေလး ေဟာက္ေနျပီ ဆုိရင္ေတာ့ ကေလးဆရာဝန္နဲ႕ တုိင္ပင္တာကသာ အေကာင္းဆံုးပါ။အဝလြန္ ေနတဲ့သူေတြ ဟာ အျခားသူေတြထက္ ပိုေဟာက္တတ္တဲ့သူေတြပါ။ လည္ပင္းပတ္ပတ္လည္မွာ အဆီစုလို႔ လည္ပင္း ပတ္လည္က ၁၇ လက္မထက္ေက်ာ္ေနတဲ့သူေတြက ေဟာက္ႏုိ္င္ေခ်ပိုမ်ားပါတယ္။  ဒါေၾကာင့္ ကိုယ့္အိမ္သားေတြကုိ ေဟာက္သံနဲ႕ မႏွိပ္စက္ခ်င္ဘူးဆိုရင္ ဝိတ္ခ်ပါ။

ကဲ ဒါေတြ ဖတ္ျပီးရင္ေတာ့ ကိုယ္က ဘယ္လို အခ်က္ေတြ နဲ႔ ညီေနလို႕ ေဟာက္တတ္တာလဲဆိုတာကို သိသြားေလာက္ျပီလုိ႕ထင္ပါတယ္။ အေၾကာင္းအရင္းသိေတာ့ ျမန္ျမန္ျပင္လို႔ရျပီး ကိုယ္လည္း လူမ်ား ႏွာေခါင္းရံႈႈ႕တာကို မခံရေတာ့ဘူးေပါ့ေနာ့

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#

အိပ်ရင် ဟောက်တတ်တဲ့သူ တွေကို တွေ့ဖူးကြမှာပါ။ အိပ်ရင် ဟောက်နေတဲ့သူကတော့ ဘာမှမသိပေမယ့် သူ့ ဟောက်သံကို ကြားနေရတဲ့သူတွေ အတွက်ကတော့ တော်တော်ကို အဆင်မပြေဖြစ်ရပါတယ်။ ကိုယ့်အိပ်ရာနားမှာ ဟောက်တတ်တဲ့သူတစ်ယောက်ရှိုလို့ကတော့ တစ်ညလုံး အိပ်လို့ ရမှာ မဟုတ်ဘူးလို့သာ မှတ်လိုက်ပေတော့။ ဒီတော့ ဘာကြောင့် ဟောက်ရတာလဲ.။  ဟောက်ရတဲ့ အကြောင်းအရင်းကို သိမှ ဘယ်လိုရပ်အောင် လုပ်လို့ရမှာလဲဆိုတာကို သိမှာဖြစ်ပါတယ်။

ဘာကြောင့် အိပ်ရင် ဟောက်ရတာလဲ

အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူလိုက်တဲ့အခါ ဝင်လာတဲ့ လေတွေက  ပြေလျော့နေတဲ့ ကြွက်သားတွေ ရိုက်ခတ်သွားလို့ ကြွက်သားတွေ တုန်လှုပ်သွားပြီး အသံထွက်လာရတာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး၊ သင့်ကိုယ်အလေးချိန်နဲ့ သင့်ပါးစပ်ဖွဲ့စည်းပုံတို့ အားလုံးဟာ သင့်ရဲ့ အိပ်နေစဉ် ဟောက်ခြင်း အပေါ်မှာ သက်ရောက်နေတာပါ။

ကိုယ်ကဟောက်တတ်တဲ့သူတစ်ယောက် ဖြစ်ကြောင်း ဘယ်လိုသိနိုင်လဲ

သေချာတာကတော့ အိပ်နေတဲ့သူတစ်ယောက်က ငါဟောက်တတ်ပါလားဆိုတာကို သိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘေးက လူတွေ ပြောပြမှသာ ကိုယ်ကအိပ်ရင် ဟောက်တတ်တဲ့သူတစ်ယောက်ဆိုတာကို သိမှာဖြစ်ပါတယ်။

ဟောက်ရခြင်း အကြောင်းတရားများ

နှာစေးခြင်း ၊ နှာပိတ်ခြင်း။ ။ နှာပိတ် နေတဲ့သူတစ်ယာက်ဟာ အိပ်စက်ချိန်ဆို ပါးစပ်နဲ့ အသက်ရှူရတာဖြစ်လို့ သူတို့ဟာ အခြားသူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။
ပက်လက်လန်ပြီး အိပ်ခြင်း ။ ။ ပက်လက်လန်ပြီး အိပ်တဲ့သူတွေဟာ ဘေးစောင်းအိပ်တတ်တဲ့သူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဟောက်တတ်တယ်ဆိုရင် ဘေးစောင်းပြီး အိပ်ပါ။


နှာခေါင်းဖွဲ့စည်းပုံ ။ ။ နှာခါင်းပေါက်နှစ်ခုမှာ တစ်ခုနဲ့ တစ်ခု အရွယ်အစားမညီခဲ့ရင် အိပ်တဲ့အချိန် အသက်ရှူရခက်စေပြီး ဟောက်တတ်ပါတယ်။ ဒါမှမဟုတ် နှာခေါင်းရိုးကျိုးတာလိုမျိုး ထိခိုက်တာတွေ ရှိခဲ့ရင် လည်း ဟောက်တတ်ပါတယ်။ ဒီလို အခြေအနေတွေ ကြုံတွေ့ရပြီဆို ဆရာဝန်နဲ့တိုင်ပင်ပြီး နှာခေါင်းကိုပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟောက်တော့မှာပေါ့နော်။

သင့်အပေါ်ပိုင်း ပါးစပ်က လည်ချောင်းနားရောက်လေလေ အာခေါင်ကပို အောက်ကျပြီး ထူလေလေဖြစ်တာကြောင့် လေဝင်နိုင်တဲ့ လမ်းကြောင်းကျဉ်းသွားပြီး အိပ်ရင် ဟောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အာသီး လေးက သာမန်ထက်ပိုရှည် နေတဲ့ အခါမျိုးဆိုရင်လည်း လေဝင်လမ်းကြောင်းကျဉ်းသွားလို့ ဟောက်တတ်ပါတယ်။ ဒါမျိုးတွေက မွေးကတည်းက ပါလာတယ် ဆိုပေမယ့်  ဘာပြဿနာမှ မရှိသေးရင်တော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒါပေမယ့် ညဘက်အိပ်လို့ အရမ်းဟောက်တဲ့အခါမျိုးမှာ ဆိုရင်တော့ သင့်ပါးစပ်ကို ပြန်လည်ခွဲစိပ်ပြုပြင်ဖို့ လိုအပ်နေပါပြီ။

သင့်သောက်နေတဲ့ ဆေးတွေ ဖြစ်တဲ့ အိပ်ဆေး၊ ကြွက်သားပြေလျော့ဆေး၊ စိတ်ဓာတ်ကျခြင်းကို ကုသတဲ့ဆေးတွေဟာ သင့်လျှာနဲ့ လည်ချောင်းထဲက ကြွက်သားတွေကို ပြေလျော့စေတာကြောင့် အဲ့ဒီဆေးတွေ သောက်ထားတဲ့သူဟာ အိပ်နေချိန်ဆို ပိုပြီး ဟောက်တတ်ပါတယ်။

Sleep apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူရပ်ခြင်းဟာ ဆိုးဆိုးဝါးဝါး ဟောက်သံကို ထွက်ပေါ်စေတတ်ပြီး  အိပ်ရင်း သင့်ကို အသက်ရှူရပ်စေတဲ့ အရာတစ်ခုပါ။ Sleep apnea ကြောင့် ညဘက်အိပ်နေရင်း လေထရှူရတာမျိုးတွေ၊ ဖြစ်တတ်တဲ့အပြင် မနက်နိုးလာတဲ့အခါမှာလည်း အာခေါင်ခြောက် နေတာ၊ ခေါင်းကိုက်တာ နဲ့ လည်ချောင်းနာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Sleep apnea ဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ချင်တာတို့နဲ့ ဆက်စပ်နေတဲ့အတွက် Sleep apnoea ရှိနေရင် ဆရာဝန်ဆီ သွားပြပါ။

ကလေးတစ်ယောက် အိပ်နေရင်း ဟောက်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒီလို သင့်ကလေး ဟောက်နေပြီ ဆိုရင်တော့ ကလေးဆရာဝန်နဲ့ တိုင်ပင်တာကသာ အကောင်းဆုံးပါ။အဝလွန် နေတဲ့သူတွေ ဟာ အခြားသူတွေထက် ပိုဟောက်တတ်တဲ့သူတွေပါ။ လည်ပင်းပတ်ပတ်လည်မှာ အဆီစုလို့ လည်ပင်း ပတ်လည်က ၁၇ လက်မထက်ကျော်နေတဲ့သူတွေက ဟောက်နိုင်ချေပိုများပါတယ်။  ဒါကြောင့် ကိုယ့်အိမ်သားတွေကို ဟောက်သံနဲ့ မနှိပ်စက်ချင်ဘူးဆိုရင် ဝိတ်ချပါ။

ကဲ ဒါတွေ ဖတ်ပြီးရင်တော့ ကိုယ်က ဘယ်လို အချက်တွေ နဲ့ ညီနေလို့ ဟောက်တတ်တာလဲဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်။ အကြောင်းအရင်းသိတော့ မြန်မြန်ပြင်လို့ရပြီး ကိုယ်လည်း လူများ နှာခေါင်းရှုံှု့တာကို မခံရတော့ဘူးပေါ့နော့ 

ဖိုးသူတော် (www.phothutaw.com)

Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top