iMyanmarHouse.com - Best Property Website for Myanmar
×

 ယေန႔မနက္အေစာပုိင္းမွာ ၂၀၁၈ ခုႏွစ္အတြက္ ကမာၻတဝန္းက ရုပ္ရွင္ေတြကို အကဲျဖတ္ၿပီး ေပးအပ္တဲ့ ေအာ္စကာဆုေပးပြဲကို က်င္းပခဲ့ၿပီးပါၿပီ။ “A Star Is Born” ရုပ္ရွင္နဲ႔ ထူးျခားစြာေအာင္ျမင္ခဲ့တဲ့ ဒါရုိက္တာ သရုပ္ေဆာင္ ဘရက္ဒေလကူးပါးဟာ သူနဲ႔တြဲဖက္သရုပ္ေဆာင္ခဲ့တဲ့ နာမည္ေက်ာ္အဆုိေတာ္ ေလဒီဂါဂါးနဲ႔အတူ အကယ္ဒမီဆုေပးပြဲမွာပါ “A Star Is Born” ထဲက လူႀကိဳက္အင္မတန္မ်ားတဲ့ “Shallow” သီခ်င္းနဲ႔ ေဖ်ာ္ေျဖခဲ့ျပန္ပါတယ္။

ဒီပြဲကို တက္ေရာက္လာတဲ့ ဘရက္ဒေလဟာ သူ႕ရဲ႕ပါတနာျဖစ္သူ Irina Shayk နဲ႔အတူ တက္ေရာက္လာခဲ့တာျဖစ္ၿပီး Irina ဟာ ဆုေပးပြဲအခမ္းအနားမွာေတာ့ ဘရက္ဒေလနဲ႔ ဂါဂါးတုိ႔ၾကားထဲမွာ ဝင္ထိုင္ေနခဲ့တာကို ေတြ႕ရတဲ့အတြက္ လူေတြက သူ႕ကို သဝန္ေၾကာင္ လို႔သတ္မွတ္ျခင္းခံေနရပါတယ္။

“Shallow” သီခ်င္းဟာ တကယ္လည္း ၂၀၁၈ အတြက္ အေကာင္းဆုံးေအာ္ရဂ်င္နယ္ ရုပ္ရွင္ဇာတ္ဝင္ေတး ဆုကို ရရွိဆြတ္ခူးႏုိင္ခဲ့သလို A Star Is Born ထြက္ၿပီးထဲက ဇာတ္လမ္းနဲ႔ အလြန္လိုက္ဖက္တဲ့ သီခ်င္းေကာင္းကို ရႈိးပြဲေတြမွာပါ အႀကိမ္ႀကိမ္ေတာင္းဆုိခံေနရတာပါ။အသက္ ၄၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဘရက္ဒေလကူးပါးဟာ A Star Is Born မွာ Jackson “Jack” Maine အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သလို ဒါရုိက္တာ ပရိုဂ်ဴဆာအျဖစ္ပါ တာဝန္ယူခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ေလဒီဂါဂါးက သူ႕ရဲ႕ခ်စ္သူပါရမီရွင္ Ally Maine အျဖစ္ ပါဝင္ခဲ့ကာ Shallow သီခ်င္းကို ေပါင္းစပ္ေရးသားထုတ္လုပ္ခဲ့တာပါ။

သူတုိ႔ရဲ႕ ရုပ္ရွင္ထဲက အေပးအယူမွ်တလိုက္ဖက္မႈေၾကာင့္ ပရိသတ္မ်ားစြာက ဘရက္ဒေလနဲ႔ ဂါဂါးကို သေဘာတူေနၾကၿပီး ဘရက္ဒေလမွာ ႏွစ္နဲ႔ခ်ီလက္တြဲလာတဲ့ ခ်စ္သူရွိေနေပမယ့္ ဂါဂါးကေတာ့ မၾကာေသးခင္မွ ခ်စ္သူနဲ႔လမ္းခြဲထားတာျဖစ္ပါတယ္။ေအာ္စကာဆုေပးပြဲမွာေတာ့ ဂါဂါးက စႏၵရားတီးခတ္ၿပီး အတူသီဆုိခ်ိန္မွာ သူတုိ႔ႏွစ္ေယာက္ဟာ ေဘးခ်င္းကပ္ထုိင္ေနခဲ့တာပါ။ ဒီျမင္ကြင္းကို ျမင္ရတဲ့ ပရိသတ္ေတြအတြက္ ပုိၿပီးစိတ္လႈပ္ရွားစရာ ျဖစ္ခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာ ဘရက္ဒေလရဲ႕ ပါတနာျဖစ္သူ Irina က ဆုေပးပြဲမွာ သူတုိ႔ႏွစ္ေယာက္အၾကား ခပ္တည္တည္ ဝင္ထိုင္ေနခဲ့တာေၾကာင့္ အခုလို ေျပာစရာျဖစ္သြားခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ သူစိတ္ပူတာကလည္း အလြန္ေတာ့မဟုတ္ပါဘူး။ ေဖ်ာ္ေျဖပြဲအခ်ဳိ႕မွာပါ အတူတကြ သီခ်င္းတြဲဆုိခဲ့တဲ့ ဘရက္ဒေလနဲ႔ ဂါဂါးတုိ႔ဟာ ေအာ္စကာဆုေပးပြဲအႀကိဳပါတီမွာလည္း စုံတြဲေတြလို ဆက္ဆံၾကေၾကာင္း သတင္းထြက္ခဲ့ပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ ေျပာခ်င္လြန္းလို႔ အေနနဲ႔ေတာ့ A Star Is Born ဟာ ရုပ္ရွင္ကားေကာင္းတစ္ခုျဖစ္သလို Shallow သီခ်င္းကလည္း သူတုိ႔ႏွစ္ေယာက္ၾကားက လိုက္ဖက္မႈကို ဆြဲထုတ္ႏုိင္တဲ့ သရုပ္ေဖာ္မႈတစ္ခုဆုိတာ ျငင္းလို႔ မရပါဘူး။

ဒါေၾကာင့္လည္း ၉၁ ႀကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲမွာ အေကာင္းဆုံးဇာတ္ဝင္သီခ်င္းဆု ရခဲ့သလို ဘရက္ဒေလေရာ ဂါဂါးေရာဟာ A Star Is Born နဲ႔အေကာင္းဆုံး မင္းသား၊ မင္းသမီးဆု ဇကာတင္စာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဘရက္ဒေလက Bohemian Rhapsody စတား Rami Malek ကိုရႈံးနိမ့္ခဲ့သလို ဂါဂါးကေတာ့ Olivia Colman ကိုအေရးနိမ့္ခဲ့ေပမယ့္ သူတုိ႔ဟာ အျခားဆုတံဆိပ္ေတြရရွိထားၿပီး ဇကာတင္စာရင္းထဲလည္း ပါဝင္ႏုိင္ခဲ့တာပါပဲ။

Irina ဟာ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္ၿပီး ဘရက္ဒေလနဲ႔ ၂၀၁၅ ထဲက အတူတူရွိေနခဲ့ကာ တစ္ႏွစ္အရြယ္ သမီးေလးတစ္ေယာက္လည္း ဖြားျမင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ယနေ့မနက်အစောပိုင်းမှာ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာတဝန်းက ရုပ်ရှင်တွေကို အကဲဖြတ်ပြီး ပေးအပ်တဲ့ အော်စကာဆုပေးပွဲကို ကျင်းပခဲ့ပြီးပါပြီ။ “A Star Is Born” ရုပ်ရှင်နဲ့ ထူးခြားစွာအောင်မြင်ခဲ့တဲ့ ဒါရိုက်တာ သရုပ်ဆောင် ဘရက်ဒလေကူးပါးဟာ သူနဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်အဆိုတော် လေဒီဂါဂါးနဲ့အတူ အကယ်ဒမီဆုပေးပွဲမှာပါ “A Star Is Born” ထဲက လူကြိုက်အင်မတန်များတဲ့ “Shallow” သီချင်းနဲ့ ဖျော်ဖြေခဲ့ပြန်ပါတယ်။

ဒီပွဲကို တက်ရောက်လာတဲ့ ဘရက်ဒလေဟာ သူ့ရဲ့ပါတနာဖြစ်သူ Irina Shayk နဲ့အတူ တက်ရောက်လာခဲ့တာဖြစ်ပြီး Irina ဟာ ဆုပေးပွဲအခမ်းအနားမှာတော့ ဘရက်ဒလေနဲ့ ဂါဂါးတို့ကြားထဲမှာ ဝင်ထိုင်နေခဲ့တာကို တွေ့ရတဲ့အတွက် လူတွေက သူ့ကို သဝန်ကြောင် လို့သတ်မှတ်ခြင်းခံနေရပါတယ်။

“Shallow” သီချင်းဟာ တကယ်လည်း ၂၀၁၈ အတွက် အကောင်းဆုံးအော်ရဂျင်နယ် ရုပ်ရှင်ဇာတ်ဝင်တေး ဆုကို ရရှိဆွတ်ခူးနိုင်ခဲ့သလို A Star Is Born ထွက်ပြီးထဲက ဇာတ်လမ်းနဲ့ အလွန်လိုက်ဖက်တဲ့ သီချင်းကောင်းကို ရှိုးပွဲတွေမှာပါ အကြိမ်ကြိမ်တောင်းဆိုခံနေရတာပါ။အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ဘရက်ဒလေကူးပါးဟာ A Star Is Born မှာ Jackson “Jack” Maine အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သလို ဒါရိုက်တာ ပရိုဂျူဆာအဖြစ်ပါ တာဝန်ယူခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လေဒီဂါဂါးက သူ့ရဲ့ချစ်သူပါရမီရှင် Ally Maine အဖြစ် ပါဝင်ခဲ့ကာ Shallow သီချင်းကို ပေါင်းစပ်ရေးသားထုတ်လုပ်ခဲ့တာပါ။

သူတို့ရဲ့ ရုပ်ရှင်ထဲက အပေးအယူမျှတလိုက်ဖက်မှုကြောင့် ပရိသတ်များစွာက ဘရက်ဒလေနဲ့ ဂါဂါးကို သဘောတူနေကြပြီး ဘရက်ဒလေမှာ နှစ်နဲ့ချီလက်တွဲလာတဲ့ ချစ်သူရှိနေပေမယ့် ဂါဂါးကတော့ မကြာသေးခင်မှ ချစ်သူနဲ့လမ်းခွဲထားတာဖြစ်ပါတယ်။အော်စကာဆုပေးပွဲမှာတော့ ဂါဂါးက စန္ဒရားတီးခတ်ပြီး အတူသီဆိုချိန်မှာ သူတို့နှစ်ယောက်ဟာ ဘေးချင်းကပ်ထိုင်နေခဲ့တာပါ။ ဒီမြင်ကွင်းကို မြင်ရတဲ့ ပရိသတ်တွေအတွက် ပိုပြီးစိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘရက်ဒလေရဲ့ ပါတနာဖြစ်သူ Irina က ဆုပေးပွဲမှာ သူတို့နှစ်ယောက်အကြား ခပ်တည်တည် ဝင်ထိုင်နေခဲ့တာကြောင့် အခုလို ပြောစရာဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူစိတ်ပူတာကလည်း အလွန်တော့မဟုတ်ပါဘူး။ ဖျော်ဖြေပွဲအချို့မှာပါ အတူတကွ သီချင်းတွဲဆိုခဲ့တဲ့ ဘရက်ဒလေနဲ့ ဂါဂါးတို့ဟာ အော်စကာဆုပေးပွဲအကြိုပါတီမှာလည်း စုံတွဲတွေလို ဆက်ဆံကြကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ပြောချင်လွန်းလို့ အနေနဲ့တော့ A Star Is Born ဟာ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်သလို Shallow သီချင်းကလည်း သူတို့နှစ်ယောက်ကြားက လိုက်ဖက်မှုကို ဆွဲထုတ်နိုင်တဲ့ သရုပ်ဖော်မှုတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။

ဒါကြောင့်လည်း ၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ဝင်သီချင်းဆု ရခဲ့သလို ဘရက်ဒလေရော ဂါဂါးရောဟာ A Star Is Born နဲ့အကောင်းဆုံး မင်းသား၊ မင်းသမီးဆု ဇကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဘရက်ဒလေက Bohemian Rhapsody စတား Rami Malek ကိုရှုံးနိမ့်ခဲ့သလို ဂါဂါးကတော့ Olivia Colman ကိုအရေးနိမ့်ခဲ့ပေမယ့် သူတို့ဟာ အခြားဆုတံဆိပ်တွေရရှိထားပြီး ဇကာတင်စာရင်းထဲလည်း ပါဝင်နိုင်ခဲ့တာပါပဲ။

Irina ဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး ဘရက်ဒလေနဲ့ ၂၀၁၅ ထဲက အတူတူရှိနေခဲ့ကာ တစ်နှစ်အရွယ် သမီးလေးတစ်ယောက်လည်း ဖွားမြင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top