iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ခ်ိန္တုန္းက Video ဇာတ္ကားေတြ ႐ုပ္႐ွင္ဇာတ္ကားေတြမ်ားစြာကုိ အေကာင္းဆုံး႐ုိက္ကူးထားသလုိ လက္႐ွိ အႏုပညာအလုပ္ေတြ နားထားေပမယ့္လည္း ပရိသတ္ေတြ ခ်စ္ခင္မႈကုိ ရ႐ွိေနတဲ့ သ႐ုပ္ေဆာင္ မယ္လုိဒီကေတာ့ သူ႔ရဲ႕ သားေလးကုိ ျမန္မာႏုိင္ငံမွာပဲ ေက်ာင္းထားမွာ ျဖစ္ၿပီး Harry Potter တက္တဲ့ေက်ာင္းထားမယ္ဆုိတာ ေနာက္ေနတာျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

ေနာက္ထပ္ ကေလးတစ္ေယာက္ ယူဖုိ႔႐ွိလားလုိ့ ေမးျမန္းရာ မယ္လုိဒီက “အစ္မက လုိခ်င္တယ္ပါတယ္ အစ္မအရင္တုန္းကေျပာသလုိ ကေလးသုံးေယာက္ေလာက္ လုိခ်င္ပါတယ္။ ဒါေပမဲ့ ကေလးတစ္ေယာက္ကုိကုိယ္ဝန္ေဆာင္ရတာလဲ လြယ္တယ္။ ေမြးထုတ္လုိက္ရတာလဲ လြယ္တယ္ ၿပီးေတာ့ သူ႔ကုိ ေန႔စဥ္ အစဥ္တစုိက္ႀကီးထြားလာေအာင္ ေကြၽးေမြးျပဳစုရတာလည္း လြယ္ပါတယ္။ မလြယ္တာက ဘာလဲဆုိေတာ့ လိမၼာယဥ္ေက်းၿပီးေတာ့ လူခြၽန္လူေကာင္းျဖစ္ဖုိ႔ရယ္ ေနာက္တစ္ခုက ေက်ာင္းစရိတ္ေတြက အရမ္းေစ်းႀကီးတယ္ေလ။ မိဘတုိင္းက သားသမီးတုိင္းကုိ အေကာင္းဆုံး ျဖစ္ေစခ်င္တယ္။


 ေက်ာင္းေတြက အေျခခံ အသိပညာက အေရးႀကီးဆုံးပဲေလ။ ေက်ာင္းေတြကလည္း အေရးႀကီးတယ္ေလ အဲ့ေတာ့ ေက်ာင္းေကာင္းေကာင္း ပညာေကာင္းေကာင္းသင္ေပးတဲ့ဟာကုိလည္း အစ္မတုိ႔က ေရြးခ်ယ္ဖုိ႔လုိတယ္။ ဒီေခတ္ကလည္း တကယ္တမ္းၾကေတာ့ ပညာကုိေငြနဲ႔ဝယ္ရတဲ့ ေခတ္ျဖစ္ေနၿပီ။ ပညာကုိ ေငြနဲ႔ဝယ္ရတဲ့ ေခတ္ျဖစ္ေနသလုိ တကယ္ထုိက္ထုိက္တန္တန္ျပန္ရဖုိ႔က ႐ွားတယ္ေပါ့ေနာ္။ အဲ့လုိဆုိေတာ့ အစ္မအေနနဲ႔ တစ္ေယာက္ထဲ တစ္ႏုိင္တစ္ပုိင္ေပါ့ေနာ္ ျပဳစုေစာင့္ေ႐ွာက္သြားမယ္လုိ႔ေတာ့ စိတ္ကူး႐ွိပါတယ္။ လုိတာေတာ့ လုိခ်င္ေသးတယ္။

အဓိကေတာ့ နာမည္ႀကီးဖုိ႔ အေရးမႀကီး့ပါဘူး။ ဘယ္လုိေခၚမလဲ ကေလးကုိ ေသခ်ာသင္ေပးတဲ့ ေက်ာင္းျဖစ္ရမယ္။ ေနာက္တစ္ခုကက်ေတာ့ ေက်ာင္းထဲမွာ ေခတ္က အရမ္းတုိးတက္ေနတဲ့ အခါကေတာ့ ကုိယ့္ကေလး အႏုိင္မက်င့္ခံရဖုိ႔လည္း အေရးႀကီးတယ္။ စိတ္ပုိင္းဆုိင္ရာေရာ ကုိယ္ပုိင္းဆုိင္ရာေရာ အႏုိင္က်င့္မခံရဖုိ႔ အေရးႀကီးတယ္။ အဲ့တာကုိလည္း ေက်ာင္းထဲမွာ သြားေလ့လာရမွာေပါ့ေနာ္။ အဲ့တာေတြကလည္း အေရးႀကီးေသးတယ္။ အစ္မအေနနဲ႔ကေတာ့ နာမည္ႀကီးမွ မဟုတ္ပါဘူး။ ကုိယ့္ကေလးက ေသခ်ာပညာေကာင္းမြန္စြာ သင္ႏုိင္မယ္ သူေပ်ာ္ရႊင္မယ္ အဲ့လိုဆုိရင္ အဲ့လုိပဲ ေရြးခ်ယ္မွာပါ။


ဘာေက်ာင္းႀကီး ျဖစ္မွ မဟုတ္ပါဘူး။ အဓိက ေသခ်ာ ပညာကုိ သင္ေပးတယ္ ၿပီးရင္ တစ္ျခား ဗဟုသုတေတြ။ အျမဲတမ္းပညာႀကီးပဲ တစ္ေန႔လုံးမွာ စာႀကီးပဲ သင္ေနတာကုိ အစ္မ သေဘာမက်ဘူး။ မနက္ေက်ာင္းသြား ေန႔ခင္း က်ဴ႐ွင္တက္ ၿပီးရင္ ညေနက်ရင္ တစ္ခါဝုိင္း။ အဲ့လုိမ်ိဳး ကေလးက အစားကုိ ကားေပၚမွာပဲ စားရတဲ့ ဘဝမ်ိဳးႀကီးကုိ အစ္မက မသြားေစခ်င္ဘူး။ ေက်ာင္းတက္စရာ႐ွိတာ တက္မယ္ ကစားစရာ႐ွိတာ ကစားမယ္။ တစ္ျခား အႏုပညာနဲ႔ ပတ္သက္တာ သူလုပ္ခ်င္တာ လုပ္ေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ကေလးကုိ အဂၤလန္မွာက်ာင္းထားမယ္ဆုိတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး “အဲ့တာက ဟာသပါ ရယ္ရတယ္…ရယ္ရတယ္ဆုိတာေလ အဂၤလန္မွာ ထားမယ္ဆုိတာက ေနာင္ေတာ့ ျဖစ္ေကာင္း ျဖစ္နိင္ပါတယ္။ အမ်ိဳးသားဘက္က အစ္ကုိအရင္း ညီအရင္းက အဂၤလန္မွာပဲ ေနၾကတယ္ေပါ့ေနာ္။ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္ ဒါေပမဲ့ ေသခ်ာတာေတာ့ ဗမာျပည္မွာ ထားမွာေတာ့ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။ Harry Potter တက္တဲ့ ေက်ာင္းမွာထားမယ္ဆုိတာ အဲ့တာ Harry Potter က ႐ုပ္႐ွင္ေလ အဲ့ေက်ာင္းကလည္း အျပင္မွာ အဂၤလန္မွာ တကယ္မ႐ွိပါဘူး။


 စိတ္ကူးယဥ္႐ုိက္ထားတဲ့ ဇာတ္လမ္းထဲကဟာကုိ အဓိက အစ္မေျပာခ်င္တာက ေက်ာင္းတက္ဖုိ႔ ပုိက္ဆံ မကုန္ခ်င္ဘူးေပါ့ေနာ္။ ၿပီးရင္ အဂၤလန္သြားရင္ Visa ေလွ်ာက္ရင္ ပုိက္ဆံကုန္မယ္ အဲ့တာလည္း မကုန္ခ်င္ဘူးေပါ့ေနာ္။ ကေလးကုိလည္း ပညာတတ္ေစခ်င္တယ္ေပါ့ေနာ္ အဲ့အခါက်ေတာ့ အဂၤလန္ေတာ့ လႊတ္လုိက္မယ္ ဒါေပမဲ့ တံျမက္စည္းနဲ႔ပဲ ခြစီးၿပီးေတာ့ Harry Potter လုိလႊတ္လုိက္မယ္ဆုိၿပီးေတာ့ အစ္မက စထားတာပါလုိ႔။ ႀကီးႀကီးက်ယ္က်ယ္ေျပာမဟုတ္ပါဘူး ဗမာျပည္မွာပဲ ေက်ာင္းထားမွာပါ။ “လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#


တစ်ချိန်တုန်းက Video ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားတွေများစွာကို အကောင်းဆုံးရိုက်ကူးထားသလို လက်ရှိ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ပရိသတ်တွေ ချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင် မယ်လိုဒီကတော့ သူ့ရဲ့ သားလေးကို မြန်မာနိုင်ငံမှာပဲ ကျောင်းထားမှာ ဖြစ်ပြီး Harry Potter တက်တဲ့ကျောင်းထားမယ်ဆိုတာ နောက်နေတာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

နောက်ထပ် ကလေးတစ်ယောက် ယူဖို့ရှိလားလို့ မေးမြန်းရာ မယ်လိုဒီက “အစ်မက လိုချင်တယ်ပါတယ် အစ်မအရင်တုန်းကပြောသလို ကလေးသုံးယောက်လောက် လိုချင်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကိုကိုယ်ဝန်ဆောင်ရတာလဲ လွယ်တယ်။ မွေးထုတ်လိုက်ရတာလဲ လွယ်တယ် ပြီးတော့ သူ့ကို နေ့စဉ် အစဉ်တစိုက်ကြီးထွားလာအောင် ကျွေးမွေးပြုစုရတာလည်း လွယ်ပါတယ်။ မလွယ်တာက ဘာလဲဆိုတော့ လိမ္မာယဉ်ကျေးပြီးတော့ လူချွန်လူကောင်းဖြစ်ဖို့ရယ် နောက်တစ်ခုက ကျောင်းစရိတ်တွေက အရမ်းဈေးကြီးတယ်လေ။ မိဘတိုင်းက သားသမီးတိုင်းကို အကောင်းဆုံး ဖြစ်စေချင်တယ်။


 ကျောင်းတွေက အခြေခံ အသိပညာက အရေးကြီးဆုံးပဲလေ။ ကျောင်းတွေကလည်း အရေးကြီးတယ်လေ အဲ့တော့ ကျောင်းကောင်းကောင်း ပညာကောင်းကောင်းသင်ပေးတဲ့ဟာကိုလည်း အစ်မတို့က ရွေးချယ်ဖို့လိုတယ်။ ဒီခေတ်ကလည်း တကယ်တမ်းကြတော့ ပညာကိုငွေနဲ့ဝယ်ရတဲ့ ခေတ်ဖြစ်နေပြီ။ ပညာကို ငွေနဲ့ဝယ်ရတဲ့ ခေတ်ဖြစ်နေသလို တကယ်ထိုက်ထိုက်တန်တန်ပြန်ရဖို့က ရှားတယ်ပေါ့နော်။ အဲ့လိုဆိုတော့ အစ်မအနေနဲ့ တစ်ယောက်ထဲ တစ်နိုင်တစ်ပိုင်ပေါ့နော် ပြုစုစောင့်ရှောက်သွားမယ်လို့တော့ စိတ်ကူးရှိပါတယ်။ လိုတာတော့ လိုချင်သေးတယ်။

အဓိကတော့ နာမည်ကြီးဖို့ အရေးမကြီး့ပါဘူး။ ဘယ်လိုခေါ်မလဲ ကလေးကို သေချာသင်ပေးတဲ့ ကျောင်းဖြစ်ရမယ်။ နောက်တစ်ခုကကျတော့ ကျောင်းထဲမှာ ခေတ်က အရမ်းတိုးတက်နေတဲ့ အခါကတော့ ကိုယ့်ကလေး အနိုင်မကျင့်ခံရဖို့လည်း အရေးကြီးတယ်။ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာရော အနိုင်ကျင့်မခံရဖို့ အရေးကြီးတယ်။ အဲ့တာကိုလည်း ကျောင်းထဲမှာ သွားလေ့လာရမှာပေါ့နော်။ အဲ့တာတွေကလည်း အရေးကြီးသေးတယ်။ အစ်မအနေနဲ့ကတော့ နာမည်ကြီးမှ မဟုတ်ပါဘူး။ ကိုယ့်ကလေးက သေချာပညာကောင်းမွန်စွာ သင်နိုင်မယ် သူပျော်ရွှင်မယ် အဲ့လိုဆိုရင် အဲ့လိုပဲ ရွေးချယ်မှာပါ။


 ဘာကျောင်းကြီး ဖြစ်မှ မဟုတ်ပါဘူး။ အဓိက သေချာ ပညာကို သင်ပေးတယ် ပြီးရင် တစ်ခြား ဗဟုသုတတွေ။ အမြဲတမ်းပညာကြီးပဲ တစ်နေ့လုံးမှာ စာကြီးပဲ သင်နေတာကို အစ်မ သဘောမကျဘူး။ မနက်ကျောင်းသွား နေ့ခင်း ကျူရှင်တက် ပြီးရင် ညနေကျရင် တစ်ခါဝိုင်း။ အဲ့လိုမျိုး ကလေးက အစားကို ကားပေါ်မှာပဲ စားရတဲ့ ဘဝမျိုးကြီးကို အစ်မက မသွားစေချင်ဘူး။ ကျောင်းတက်စရာရှိတာ တက်မယ် ကစားစရာရှိတာ ကစားမယ်။ တစ်ခြား အနုပညာနဲ့ ပတ်သက်တာ သူလုပ်ချင်တာ လုပ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ကလေးကို အင်္ဂလန်မှာကျာင်းထားမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး “အဲ့တာက ဟာသပါ ရယ်ရတယ်…ရယ်ရတယ်ဆိုတာလေ အင်္ဂလန်မှာ ထားမယ်ဆိုတာက နောင်တော့ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။ အမျိုးသားဘက်က အစ်ကိုအရင်း ညီအရင်းက အင်္ဂလန်မှာပဲ နေကြတယ်ပေါ့နော်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ သေချာတာတော့ ဗမာပြည်မှာ ထားမှာတော့ ရာနှုန်းပြည့် သေချာပါတယ်။ Harry Potter တက်တဲ့ ကျောင်းမှာထားမယ်ဆိုတာ အဲ့တာ Harry Potter က ရုပ်ရှင်လေ အဲ့ကျောင်းကလည်း အပြင်မှာ အင်္ဂလန်မှာ တကယ်မရှိပါဘူး။


 စိတ်ကူးယဉ်ရိုက်ထားတဲ့ ဇာတ်လမ်းထဲကဟာကို အဓိက အစ်မပြောချင်တာက ကျောင်းတက်ဖို့ ပိုက်ဆံ မကုန်ချင်ဘူးပေါ့နော်။ ပြီးရင် အင်္ဂလန်သွားရင် Visa လျှောက်ရင် ပိုက်ဆံကုန်မယ် အဲ့တာလည်း မကုန်ချင်ဘူးပေါ့နော်။ ကလေးကိုလည်း ပညာတတ်စေချင်တယ်ပေါ့နော် အဲ့အခါကျတော့ အင်္ဂလန်တော့ လွှတ်လိုက်မယ် ဒါပေမဲ့ တံမြက်စည်းနဲ့ပဲ ခွစီးပြီးတော့ Harry Potter လိုလွှတ်လိုက်မယ်ဆိုပြီးတော့ အစ်မက စထားတာပါလို့။ ကြီးကြီးကျယ်ကျယ်ပြောမဟုတ်ပါဘူး ဗမာပြည်မှာပဲ ကျောင်းထားမှာပါ။ “လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top