ဟြန္ဒူရပ္စ္ႏိုင္ငံ ကေန အေမရိကကို ထြက္လာၿပီး အလုပ္ လုပ္ကိုင္ေန ခဲ့တဲ့ ဒန္နီဂြန္ဇာလက္ဇ္ ဆိုသူ အမ်ိဳးသားက ဟြန္ ဒူရပ္စ္မွာ က်န္ရစ္ခဲ့တဲ့ ဇနီးျဖစ္သူကို အ ဆက္ျဖတ္ပစ္ ဖို႔ရာအတြက္ ေသဟန္ ေဆာင္ခဲ့ၿပီး ရင္ခြဲ႐ုံမွာ လူေသအေလာင္းလို လဲေလ်ာင္းေနတဲ့ ဓာတ္ပုံကို လုပ္ႀကံ ဖန္တီး ႐ိုက္ကူးခဲ့ ပါတယ္ ။ ဇနီးကို အဆက္ ျဖတ္ဖို႔ တခုတည္းေသာ အေၾကာင္းျပ ခ်က္ကေတာ့ သူ႕ဇနီးက အေၾကာင္းအမ်ိဳး မ်ိဳးနဲ႔ တခ်ိန္လုံး ေငြပို႔ခိုင္းေန ခဲ့တာ ေၾကာင့္ ျဖစ္တယ္လို႔ ဒန္နီဂြန္ဇာလက္ဇ္က ဆိုပါတယ္ ။

ေငြအၿမဲေတာင္းေနတဲ့ ဇနီး ကို စိတ္ပ်က္ခဲ့တာေၾကာင့္ အေမရိကက သူငယ္ခ်င္း တဦး ကိုပဲ အကူ အညီ ေတာင္းကာ ဇနီးျဖစ္သူဆီကို သူရဲ႕လူ ေသဓာတ္ပုံကို ေပးပို႔ေစ ခဲ့ၿပီး ကင္ဆာ ေရာဂါ၊ ပန္းနာရင္က်ပ္ ေရာဂါေတြနဲ႔ ကြယ္ လြန္သြားၿပီလို႔ သတင္းပို႔ေစ ခဲ့တာ ျဖစ္ပါတယ္။ ဒန္နီ ေသဆုံးတဲ့ သတင္းက ဇနီးက ေန ဒန္နီရဲ႕ မိဘေဆြမ်ိဳးေတြ ဆီပါ ေရာက္ ရွိသြားတာ ေၾကာင့္ ဝမ္းနည္း ပူေဆြးေနခဲ့ ၾကရျပန္ပါတယ္။

ဒန္နီရဲ႕ ႐ုပ္အေလာင္း ဓာတ္ပုံမွာ ဒန္နီရဲ႕ မ်က္ႏွာထားက ေျပာင္စပ္စပ္ ျဖစ္ေနတာကို ညီျဖစ္သူက သတိ ထားမိေတာ့မွ ေဆြမ်ိဳးေတြက ဒန္နီဆီကို ထပ္ၿပီး ဆက္သြယ္တဲ့ အခါ က်မွ ဒန္နီက သူမေသေသးဘဲ ဇနီးျဖစ္သူကို စိတ္ပ်က္ တာေၾကာင့္ ႀကံရာမရဘဲ ခုလို လုပ္ခဲ့မိ တယ္လို႔ ဝန္ခံ ေျပာၾကား ခဲ့တာ ျဖစ္ပါ တယ္ ။ ဒီေနာက္ပိုင္းက်မွ ဇနီးကလည္း ဆင္ျခင္မိၿပီး ေငြပို႔ဖို႔ ဆက္တိုက္ ေတာင္းဆို တာမ်ိဳး မလုပ္လာေတာ့တဲ့ အတြက္ ခုမွပဲ ေအးေအး လူလူ ေနလို႔ ရေတာ့တယ္လို႔ ဒန္နီက ဆိုခဲ့ ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သံသာ
#Unicode Version#
ဟွန်ဒူရပ်စ်နိုင်ငံ ကနေ အမေရိကကို ထွက်လာပြီး အလုပ် လုပ်ကိုင်နေ ခဲ့တဲ့ ဒန်နီဂွန်ဇာလက်ဇ် ဆိုသူ အမျိုးသားက ဟွန် ဒူရပ်စ်မှာ ကျန်ရစ်ခဲ့တဲ့ ဇနီးဖြစ်သူကို အ ဆက်ဖြတ်ပစ် ဖို့ရာအတွက် သေဟန် ဆောင်ခဲ့ပြီး ရင်ခွဲရုံမှာ လူသေအလောင်းလို လဲလျောင်းနေတဲ့ ဓာတ်ပုံကို လုပ်ကြံ ဖန်တီး ရိုက်ကူးခဲ့ ပါတယ် ။ ဇနီးကို အဆက် ဖြတ်ဖို့ တခုတည်းသော အကြောင်းပြ ချက်ကတော့ သူ့ဇနီးက အကြောင်းအမျိုး မျိုးနဲ့ တချိန်လုံး ငွေပို့ခိုင်းနေ ခဲ့တာ ကြောင့် ဖြစ်တယ်လို့ ဒန်နီဂွန်ဇာလက်ဇ်က ဆိုပါတယ် ။

ငွေအမြဲတောင်းနေတဲ့ ဇနီး ကို စိတ်ပျက်ခဲ့တာကြောင့် အမေရိကက သူငယ်ချင်း တဦး ကိုပဲ အကူ အညီ တောင်းကာ ဇနီးဖြစ်သူဆီကို သူရဲ့လူ သေဓာတ်ပုံကို ပေးပို့စေ ခဲ့ပြီး ကင်ဆာ ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါတွေနဲ့ ကွယ် လွန်သွားပြီလို့ သတင်းပို့စေ ခဲ့တာ ဖြစ်ပါတယ်။ ဒန်နီ သေဆုံးတဲ့ သတင်းက ဇနီးက နေ ဒန်နီရဲ့ မိဘဆွေမျိုးတွေ ဆီပါ ရောက် ရှိသွားတာ ကြောင့် ဝမ်းနည်း ပူဆွေးနေခဲ့ ကြရပြန်ပါတယ်။

ဒန်နီရဲ့ ရုပ်အလောင်း ဓာတ်ပုံမှာ ဒန်နီရဲ့ မျက်နှာထားက ပြောင်စပ်စပ် ဖြစ်နေတာကို ညီဖြစ်သူက သတိ ထားမိတော့မှ ဆွေမျိုးတွေက ဒန်နီဆီကို ထပ်ပြီး ဆက်သွယ်တဲ့ အခါ ကျမှ ဒန်နီက သူမသေသေးဘဲ ဇနီးဖြစ်သူကို စိတ်ပျက် တာကြောင့် ကြံရာမရဘဲ ခုလို လုပ်ခဲ့မိ တယ်လို့ ဝန်ခံ ပြောကြား ခဲ့တာ ဖြစ်ပါ တယ် ။ ဒီနောက်ပိုင်းကျမှ ဇနီးကလည်း ဆင်ခြင်မိပြီး ငွေပို့ဖို့ ဆက်တိုက် တောင်းဆို တာမျိုး မလုပ်လာတော့တဲ့ အတွက် ခုမှပဲ အေးအေး လူလူ နေလို့ ရတော့တယ်လို့ ဒန်နီက ဆိုခဲ့ ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:သံသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top