iMyanmarHouse.com - Best Property Website for Myanmar
×


အားလပ္ခ်ိန္ေလးေတြမွာ ဟင္းသီးဟင္း႐ြက္ေလးေတြ ကင္စားမယ္ဆို ခါတိုင္းထက္ပိုၿပီး စားေကာင္းေအာင္ ဒီလိုေလးေတြ လုပ္ၾကည့္ပါေနာ္။

၁။ ဘယ္ဟာေတြက ကင္စားလို႔ေကာင္းမလဲ

ေရဓာတ္မ်ားတဲ့ ဟင္းသီးဟင္း႐ြက္ေတြက ကင္စားဖို႔အတြက္ အဆင္မေျပပါဘူး။ အပူနဲ႔ထိတယ္ဆိုရင္ပဲ အရည္ေတြထြက္ ေပ်ာ့ၿပဲသြားၿပီး အရသာပ်က္သြားတယ္။ အမွ်င္ဓာတ္မ်ားၿပီး အစိုဓာတ္နည္းတာေတြက ကင္စားလို႔ ေကာင္းပါတယ္။ အာလူး၊ ပန္းင႐ုတ္ပြ၊ ၾကက္သြန္နီတို႔လို အမွ်င္ဓာတ္ပါၿပီး အရသာေကာင္းတာေတြကို ေ႐ြးတာ အေကာင္းဆုံးပါပဲ။

၂။ အ႐ြယ္အစား

ကင္ဖို႔အတြက္ လွီးျဖတ္တဲ့ အ႐ြယ္အစားကလည္း လိုေသးတယ္။ အထူးသျဖင့္ေတာ့ အမ်ိဳးအစားမတူတဲ့ သစ္သီးဝလံေတြကို အတူတူကင္မယ္ဆိုရင္ လွီးျဖတ္တဲ့ အ႐ြယ္အစားေတြ တူလို႔မရဘူး။ က်က္ဖို႔ၾကာတဲ့ဟာေတြကို ခပ္ေသးေသးျဖတ္၊ အက်က္ျမန္ရင္ ခပ္ႀကီးႀကီးျဖတ္ေပါ့။

၃။ ဆီ

ဒီအတိုင္းကင္ရင္ အပူနဲ႔ထိတဲ့အခါ အသီးအ႐ြက္ေတြက ကပ္ကုန္တယ္။ ဆီေလးသုတ္ၿပီး ကင္တာက မကပ္ဘူး။ တူးလည္းမတူးေတာ့ဘူး။ စားရတာလည္း ပိုႏူးညံ့ပါတယ္။ ဆီကိုေလာင္းမခ်ဘဲ နည္းနည္းေလာက္ သုတ္ေပးၿပီးမွ အရသာမႈန႔္ေလးျဖဴးၿပီးကင္တာ အေကာင္းဆုံးပါ။

၄။ အိုးပူမွကင္

ကင္မယ့္အိုး၊ ဇကာကို ပူလာေအာင္ အရင္လုပ္ရတယ္။ ပူလာေတာ့မွ အသီးအ႐ြက္ေတြကိုကင္ရင္ ႂကြပ္ႂကြပ္႐ြ႐ြေလးနဲ႔ စားလို႔ေကာင္းေနမွာပါ။ အေရာင္ေလးလည္းလွေနေရာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#

အားလပ်ချိန်လေးတွေမှာ ဟင်းသီးဟင်းရွက်လေးတွေ ကင်စားမယ်ဆို ခါတိုင်းထက်ပိုပြီး စားကောင်းအောင် ဒီလိုလေးတွေ လုပ်ကြည့်ပါနော်။

၁။ ဘယ်ဟာတွေက ကင်စားလို့ကောင်းမလဲ

ရေဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက ကင်စားဖို့အတွက် အဆင်မပြေပါဘူး။ အပူနဲ့ထိတယ်ဆိုရင်ပဲ အရည်တွေထွက် ပျော့ပြဲသွားပြီး အရသာပျက်သွားတယ်။ အမျှင်ဓာတ်များပြီး အစိုဓာတ်နည်းတာတွေက ကင်စားလို့ ကောင်းပါတယ်။ အာလူး၊ ပန်းငရုတ်ပွ၊ ကြက်သွန်နီတို့လို အမျှင်ဓာတ်ပါပြီး အရသာကောင်းတာတွေကို ရွေးတာ အကောင်းဆုံးပါပဲ။

၂။ အရွယ်အစား

ကင်ဖို့အတွက် လှီးဖြတ်တဲ့ အရွယ်အစားကလည်း လိုသေးတယ်။ အထူးသဖြင့်တော့ အမျိုးအစားမတူတဲ့ သစ်သီးဝလံတွေကို အတူတူကင်မယ်ဆိုရင် လှီးဖြတ်တဲ့ အရွယ်အစားတွေ တူလို့မရဘူး။ ကျက်ဖို့ကြာတဲ့ဟာတွေကို ခပ်သေးသေးဖြတ်၊ အကျက်မြန်ရင် ခပ်ကြီးကြီးဖြတ်ပေါ့။

၃။ ဆီ

ဒီအတိုင်းကင်ရင် အပူနဲ့ထိတဲ့အခါ အသီးအရွက်တွေက ကပ်ကုန်တယ်။ ဆီလေးသုတ်ပြီး ကင်တာက မကပ်ဘူး။ တူးလည်းမတူးတော့ဘူး။ စားရတာလည်း ပိုနူးညံ့ပါတယ်။ ဆီကိုလောင်းမချဘဲ နည်းနည်းလောက် သုတ်ပေးပြီးမှ အရသာမှုန့်လေးဖြူးပြီးကင်တာ အကောင်းဆုံးပါ။

၄။ အိုးပူမှကင်

ကင်မယ့်အိုး၊ ဇကာကို ပူလာအောင် အရင်လုပ်ရတယ်။ ပူလာတော့မှ အသီးအရွက်တွေကိုကင်ရင် ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းနေမှာပါ။ အရောင်လေးလည်းလှနေရော။

ဖိုးသူတော် (www.phothutaw.com)

Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top