စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တာခ်ီလိတ္ၿမိဳ႕၊ ေဟာင္လိတ္လမ္းဆံုမွာ ရဲတပ္ဖြဲ႔ဝင္ေတြဟာ ပိတ္ဆို႔စစ္ေဆးမႈျပဳလုပ္ရာကေန ပစၥတုိေသနတ္(၂)လက္၊ က်ည္ဆံ (၄၂)ေတာင္နဲ႔ လူ(၃)ဦးကို ေဖေဖာ္ဝါရီလ (၁၂)ရက္ ညပိုင္းက ဖမ္းဆီးရမိခဲ့ပါတယ္။

ေဟာင္လိတ္လမ္းဆံုမွာ ရဲအုပ္ခ်မ္းေျမေအာင္ဦးစီးတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြဟာ ပူးေပါင္းပိတ္ဆို႔မႈေတြ ျပဳလုပ္စဥ္ ေဖေဖာ္ဝါရီလ (၁၂)ရက္ ည (၁၀)နာရီခြဲအခ်ိန္မွာ ဝမ္ေက်ာက္လံုေက်းရြာဘက္ကေန တာခ်ီလိတ္ၿမိဳ႕တြင္းကို ေမာင္းႏွင္လာတဲ့ Mark X အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ကို ရပ္တန္႔စစ္ေဆးရာကေန ကားအတြင္းမွာ ပါလာတဲ့ ယာဥ္ေမာင္း စိုင္းဝန္းေက်ာက္၊ ေဘးကထုိင္ေနတဲ့ စိုင္းရွဲန္ႏြန္းတုိ႔နဲ႔အတူ GLOCK အမ်ိဳးအစား အနက္ေရာင္ပစၥတုိတစ္လက္၊ က်ည္ဆံ (၂၉)ေတာင့္နဲ႔အတူ ဖမ္းဆီးရမိတာေၾကာင့္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွာ (ပ)၇၃/၂၀၁၉၊ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂(က)နဲ႔ အမႈဖြင့္ အေရးယူခဲ့ပါတယ္။

ည (၁၀)နာရီ (၅၀)မိနစ္အခ်ိန္မွာေတာ့ ေဆခမ္းရပ္ကြက္ဘက္ကေန တာခ်ီလိတ္ၿမိဳ႕တြင္းကို ေမာင္းႏွင္လာတဲ့ Toyota Revo အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ကို ရပ္တန္႔စစ္ေဆးရာ ယာဥ္ေမာင္းသူ အုိက္ႏြန္းဆုိသူထံကေန GLOCK အမ်ိဳးအစား အနက္ေရာင္ပစၥတုိတစ္လက္၊ က်ည္ဆံ (၁၃)ေတာင့္ကို ဖမ္းဆီးရမိပါတယ္။ လက္နက္နဲ႔ အတူ ဖမ္းဆီးရမိတဲ့ အိုက္ႏြန္းဆုိသူကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွာ (ပ)၇၄/၂၀၁၉၊ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂(က)နဲ႔ အမႈဖြင့္ အေရးယူခဲ့တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေရႊႀတိဂံေဒသသတင္း
#Unicode Version#

တာချီလိတ်မြို့၊ ဟောင်လိတ်လမ်းဆုံမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ရာကနေ ပစ္စတိုသေနတ်(၂)လက်၊ ကျည်ဆံ (၄၂)တောင်နဲ့ လူ(၃)ဦးကို ဖေဖော်ဝါရီလ (၁၂)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ဟောင်လိတ်လမ်းဆုံမှာ ရဲအုပ်ချမ်းမြေအောင်ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပူးပေါင်းပိတ်ဆို့မှုတွေ ပြုလုပ်စဉ် ဖေဖော်ဝါရီလ (၁၂)ရက် ည (၁၀)နာရီခွဲအချိန်မှာ ဝမ်ကျောက်လုံကျေးရွာဘက်ကနေ တာချီလိတ်မြို့တွင်းကို မောင်းနှင်လာတဲ့ Mark X အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာကနေ ကားအတွင်းမှာ ပါလာတဲ့ ယာဉ်မောင်း စိုင်းဝန်းကျောက်၊ ဘေးကထိုင်နေတဲ့ စိုင်းရှဲန်နွန်းတို့နဲ့အတူ GLOCK အမျိုးအစား အနက်ရောင်ပစ္စတိုတစ်လက်၊ ကျည်ဆံ (၂၉)တောင့်နဲ့အတူ ဖမ်းဆီးရမိတာကြောင့် တာချီလိတ်မြို့မ ရဲစခန်းမှာ (ပ)၇၃/၂၀၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ည (၁၀)နာရီ (၅၀)မိနစ်အချိန်မှာတော့ ဆေခမ်းရပ်ကွက်ဘက်ကနေ တာချီလိတ်မြို့တွင်းကို မောင်းနှင်လာတဲ့ Toyota Revo အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းသူ အိုက်နွန်းဆိုသူထံကနေ GLOCK အမျိုးအစား အနက်ရောင်ပစ္စတိုတစ်လက်၊ ကျည်ဆံ (၁၃)တောင့်ကို ဖမ်းဆီးရမိပါတယ်။ လက်နက်နဲ့ အတူ ဖမ်းဆီးရမိတဲ့ အိုက်နွန်းဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းမှာ (ပ)၇၄/၂၀၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)နဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: ရွှေတြိဂံဒေသသတင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top