20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ုိင္၊ အင္းေတာ္ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၂၅ ရက္ ညေန ၃ နာရီက မိုးသက္ေလျပင္းတိုက္ခတ္လို႔ လူ ၁ ဦးေသဆံုး၊ ၂ ဦး ဒဏ္ရာရရိွၿပီး လူေနအိမ္ ၅ လံုး ပ်က္စီးခဲ့တယ္လို႔ အင္းေတာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံးက သိရပါတယ္။မေန႔ညေနက မိုးသက္ေလျပင္းတိုက္ခတ္တဲ့အတြက္ သကၠယ္က်င္းေက်းရြာေန ဦးေက်ာ္ျမင့္ရဲ႕ လယ္တဲေပၚကို မက်ည္းပင္ၿပိဳက်ၿပီး ဦးေက်ာ္ျမင့္နဲ႔အတူ ဇနီးသည္ ေဒၚႏွင္းရီတို႔ ထိခိုက္ဒဏ္ရာေတြရရိွကာ  အင္းေတာ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရပါတယ္။

ဒါ့အျပင္ နန္႔ခင့္ေက်းရြာ အေနာက္ေျမာက္ဘက္လယ္ကြင္းမွာ လယ္ထဲမွာ ေရစုပ္စက္နဲ႔ ေရတင္ၿပီးျပန္လာတဲ့ ကိုသိန္းႏိုင္ဟာ လယ္ကြင္းအတြင္း မိုးႀကိဳးထိမွန္ေသဆံုးခဲ့တာေၾကာင့္ အင္းေတာ္ၿမိဳ႕မ ရဲစခန္းမွ ေသမႈေသခင္းနဲ႔ အမႈဖြင့္ထားတယ္လို႔ အင္းေတာ္ၿမိဳ႕မရဲစခန္းက သိရပါတယ္။ေလျပင္းေတြေၾကာင့္ အင္းေတာ္ၿမဳိ႕ ေအာင္ခ်မ္းသာရပ္ကြက္၊ ေအာင္ေဇယ်ရပ္ကြက္၊ နားေနာင္ေက်းရြာတို႔ရိွ လူေနအိမ္ ၅ လံုး ေနအိမ္အမိုးေတြ ပ်က္စီးခဲ့ပါတယ္။

အေနာက္ဖက္မွ ေရြ႕လ်ားလာေနတဲ့ ေလဖိအားနည္းရပ္၀န္းတခုေၾကာင့္ ေဖေဖာ္ဝါရီ ၂၅ ရက္ မနက္ ၉ နာရီခြဲမွ ၂၄ နာရီအတြင္း ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ကခ်င္ျပည္နယ္၊ မေကြးတိုင္း(ေျမာက္ပိုင္း)တို႔မွာ ေနရာကြက္က်ားမွ က်ဲက်ဲ မိုးထစ္ခ်ဳန္း ရြာသြန္းႏိုင္တယ္လို႔ မိုးေလဝသပညာရွင္ ဦးထြန္းလြင္က ခန္႔မွန္းပါတယ္။မိုးတိမ္ေတာင္ေတြေၾကာင့္ မိုးၿခိမ္းတာ၊ လွ်ပ္စီးလက္တာ၊ ေလျပင္းတိုက္ခတ္တာ၊ မိုးသီး ေႂကြတာ၊ မိုးႀကိဳးပစ္တာတို႔ ျဖစ္ေပၚႏိုင္ပါတယ္လို႔လည္း  ခန္႔မွန္းထုတ္ျပန္ထားပါတယ္။
ကိုကိုလင္း(အင္းေတာ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီက မိုးသက်လေပြင်းတိုက်ခတ်လို့ လူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက သိရပါတယ်။မနေ့ညနေက မိုးသက်လေပြင်းတိုက်ခတ်တဲ့အတွက် သက္ကယ်ကျင်းကျေးရွာနေ ဦးကျော်မြင့်ရဲ့ လယ်တဲပေါ်ကို မကျည်းပင်ပြိုကျပြီး ဦးကျော်မြင့်နဲ့အတူ ဇနီးသည် ဒေါ်နှင်းရီတို့ ထိခိုက်ဒဏ်ရာတွေရရှိကာ  အင်းတော်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဒါ့အပြင် နန့်ခင့်ကျေးရွာ အနောက်မြောက်ဘက်လယ်ကွင်းမှာ လယ်ထဲမှာ ရေစုပ်စက်နဲ့ ရေတင်ပြီးပြန်လာတဲ့ ကိုသိန်းနိုင်ဟာ လယ်ကွင်းအတွင်း မိုးကြိုးထိမှန်သေဆုံးခဲ့တာကြောင့် အင်းတော်မြို့မ ရဲစခန်းမှ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ အင်းတော်မြို့မရဲစခန်းက သိရပါတယ်။လေပြင်းတွေကြောင့် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ နားနောင်ကျေးရွာတို့ရှိ လူနေအိမ် ၅ လုံး နေအိမ်အမိုးတွေ ပျက်စီးခဲ့ပါတယ်။

အနောက်ဖက်မှ ရွေ့လျားလာနေတဲ့ လေဖိအားနည်းရပ်ဝန်းတခုကြောင့် ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီခွဲမှ ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်း(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျားမှ ကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပါတယ်။မိုးတိမ်တောင်တွေကြောင့် မိုးခြိမ်းတာ၊ လျှပ်စီးလက်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီး ကြွေတာ၊ မိုးကြိုးပစ်တာတို့ ဖြစ်ပေါ်နိုင်ပါတယ်လို့လည်း  ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ကိုကိုလင်း(အင်းတော်)

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top