ေမွာင္ရီပ်ိဳးခ်ိန္ေတြနဲ ညဘက္ေတြမွာ ကားေတြကိုဒုကၡေပးျပီးလုပ္စားေနၾကတဲ႔ ဇာတ္လမ္းေတြ facebook ေပၚမွာေတြ႕ေတြ႕ေနရတာၾကာပါျပီ။ ဒီေန႕ေတာ့ကိုယ္တိုင္ၾကဳံရျပီ။

အေဒၚတေယာက္ေဆးရုံတက္ရလို႕ ဗဟိုစည္မွာဝင္ေမးျပီး ည ၉ နာရီေက်ာ္အိမ္ျပန္လာၾကတာပါ။ ကားေပၚမွာ ဦးေလး၊ ကြၽန္မ၊ ညီမေလးနဲ႕ ညီမေလးအမ်ိဳးသားလူေလးေယာက္ပါပါတယ္။

ဆရာစံလမ္းေပၚ ေရႊပန္ဆိုင္းအေရာက္ ကားေဘးကေန ဝုမ္းနဲအသံျမည္ျပီး တခုခုက ဝင္႐ိုက္လိုက္တဲ႔အသံၾကားရပါတယ္။ ကားကိုလည္း ေမာင္ေလးကပံုမွန္ပဲ လမ္းလည္ကေနေမာင္းလာတာပါ။ တိုက္မိစရာလည္းဘာမွ မရွိပဲ အသံၾကားရေတာ့ အားလုံး အံအားသင့္သြားၾကပါတယ္။

ေမာင္ေလးကကားကို အရွိန္သတ္ေပးလိုက္တာနဲ လူတေယာက္ကေရွ႕ကေန စကၠန္႔ပိုင္းအတြင္းေရာက္လာျပီးလာတားပါတယ္။ ေနာက္တေယာက္က ေဘးကလာရပ္ပါတယ္။ ဦးေလးနဲ႕ ေမာင္ေလးက ကားကတိုက္မိတာ မဟုတ္ပဲ ကားမွန္ကိုလူကလက္နဲ႔႐ိုက္ျပီး ဝင္တိုက္လိုက္တာေသျခာေတာ့ မင္းတို႕ဖယ္ေပး မင္း႔တို႕လုပ္စားတာသိတယ္ဆိုျပီး ဖယ္ခိုင္းပါတယ္။ သူတို႕ကမဖယ္ပဲ ဆင္းၾကည့္လိုက္ပါဦးေျပာပါတယ္။

ေရႊပန္ဆိုင္းထဲက စားျပီးထြက္လာတဲ႔ စားေသာက္သူ တစ္ေယာက္ကို ကူပါဦး က်မတို႕ဝင္မတိုက္ပဲ လုပ္စားတဲ႕သူေတြ ဒုကၡေပးေနလို႕ပါဆိုျပီး အကူညီေတာင္းပါတယ္။ သူတို႕ကိုလည္း မဖယ္ေပးရင္ ရဲေခၚမယ္ေျပာပါတယ္။

အဲဒီအခ်ိန္မွာ ေနာက္ကကားေတြ ေရာက္လာပါတယ္။ တကၠစီ ႏွစ္စီးကေဘးမွာလာရပ္ရင္းေမးေတာ့ က်မတို႔က အျဖစ္အပ်က္ကိုရွင္းျပပါတယ္။ တကၠစီဆရာ တစ္ေယာက္က ပိတ္ထားတဲ႕သူေရွ႔ ကားနဲ႔ဝင္တိုးျပီး က်မတို႔ကားကို သူ႕ကားေနာက္လိုက္ထြက္ေျပာမွ လမ္းဖယ္ေပးပါတယ္။

ညီမေလးကသူတို႕ ဓာတ္ပံုေတြရခဲ႔ပါတယ္ (ဦးေလး႐ိုက္ေတာ့ ဦးထုပ္ကိုေဆာင္းရင္း ေခါင္းငံု႔ထားလို႕ မ်က္ႏွာ မေပၚပါဘူး)။ ကားေပၚကဆင္းမိရင္၊ ကားေပၚမွာ တေယာက္ထဲဆိုရင္၊ သူတို႕အၾကိဳက္ျဖစ္သြားမွာပါ။ ဆရာစံလမ္းေပၚည ၉နာရီ ၄၅ မိနစ္ေလာက္ အခ်ိန္ေတာင္ ဒီလိုျဖစ္ပါတယ္ ( ေရႊပန္ဆိုင္းေရွ့ လူနဲနဲေတာ့ပါးျပီး ကားလဲပါးေနပါတယ္)။တရားဥပေဒ စိုးမိုးမႈရွိေစခ်င္ပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mmlivenews

#Unicode Version# ျဖင့္ဖတ္ပါ ။

မှောင်ရီပျိုးချိန်တွေနဲ ညဘက်တွေမှာ ကားတွေကိုဒုက္ခပေးပြီးလုပ်စားနေကြတဲ့ ဇာတ်လမ်းတွေ facebook ပေါ်မှာတွေ့တွေ့နေရတာကြာပါပြီ။ ဒီနေ့တော့ကိုယ်တိုင်ကြုံရပြီ။

အဒေါ်တယောက်ဆေးရုံတက်ရလို့ ဗဟိုစည်မှာဝင်မေးပြီး ည ၉ နာရီကျော်အိမ်ပြန်လာကြတာပါ။ ကားပေါ်မှာ ဦးလေး၊ ကျွန်မ၊ ညီမလေးနဲ့ ညီမလေးအမျိုးသားလူလေးယောက်ပါပါတယ်။

ဆရာစံလမ်းပေါ် ရွှေပန်ဆိုင်းအရောက် ကားဘေးကနေ ဝုမ်းနဲအသံမြည်ပြီး တခုခုက ဝင်ရိုက်လိုက်တဲ့အသံကြားရပါတယ်။ ကားကိုလည်း မောင်လေးကပုံမှန်ပဲ လမ်းလည်ကနေမောင်းလာတာပါ။ တိုက်မိစရာလည်းဘာမှ မရှိပဲ အသံကြားရတော့ အားလုံး အံအားသင့်သွားကြပါတယ်။

မောင်လေးကကားကို အရှိန်သတ်ပေးလိုက်တာနဲ လူတယောက်ကရှေ့ကနေ စက္ကန့်ပိုင်းအတွင်းရောက်လာပြီးလာတားပါတယ်။ နောက်တယောက်က ဘေးကလာရပ်ပါတယ်။ ဦးလေးနဲ့ မောင်လေးက ကားကတိုက်မိတာ မဟုတ်ပဲ ကားမှန်ကိုလူကလက်နဲ့ရိုက်ပြီး ဝင်တိုက်လိုက်တာသေခြာတော့ မင်းတို့ဖယ်ပေး မင်း့တို့လုပ်စားတာသိတယ်ဆိုပြီး ဖယ်ခိုင်းပါတယ်။ သူတို့ကမဖယ်ပဲ ဆင်းကြည့်လိုက်ပါဦးပြောပါတယ်။

ရွှေပန်ဆိုင်းထဲက စားပြီးထွက်လာတဲ့ စားသောက်သူ တစ်ယောက်ကို ကူပါဦး ကျမတို့ဝင်မတိုက်ပဲ လုပ်စားတဲ့သူတွေ ဒုက္ခပေးနေလို့ပါဆိုပြီး အကူညီတောင်းပါတယ်။ သူတို့ကိုလည်း မဖယ်ပေးရင် ရဲခေါ်မယ်ပြောပါတယ်။

အဲဒီအချိန်မှာ နောက်ကကားတွေ ရောက်လာပါတယ်။ တက္ကစီ နှစ်စီးကဘေးမှာလာရပ်ရင်းမေးတော့ ကျမတို့က အဖြစ်အပျက်ကိုရှင်းပြပါတယ်။ တက္ကစီဆရာ တစ်ယောက်က ပိတ်ထားတဲ့သူရှေ့ ကားနဲ့ဝင်တိုးပြီး ကျမတို့ကားကို သူ့ကားနောက်လိုက်ထွက်ပြောမှ လမ်းဖယ်ပေးပါတယ်။

ညီမလေးကသူတို့ ဓာတ်ပုံတွေရခဲ့ပါတယ် (ဦးလေးရိုက်တော့ ဦးထုပ်ကိုဆောင်းရင်း ခေါင်းငုံ့ထားလို့ မျက်နှာ မပေါ်ပါဘူး)။ ကားပေါ်ကဆင်းမိရင်၊ ကားပေါ်မှာ တယောက်ထဲဆိုရင်၊ သူတို့အကြိုက်ဖြစ်သွားမှာပါ။ ဆရာစံလမ်းပေါ်ည ၉နာရီ ၄၅ မိနစ်လောက် အချိန်တောင် ဒီလိုဖြစ်ပါတယ် ( ရွှေပန်ဆိုင်းရှေ့ လူနဲနဲတော့ပါးပြီး ကားလဲပါးနေပါတယ်)။တရားဥပဒေ စိုးမိုးမှုရှိစေချင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: mmlivenews


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top