စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဒီနည္းလမ္းေလးက ယုမြန္ ကိုယ္တိုင္ လုပ္ခဲ့တဲ့ နည္းလမ္းေလး ထဲက တစ္ခုပါ။ ဟိုးအရင္က ေပါင္ခ်ိန္ ၁၄၅ ေပါင္ ရွိခဲ့ ဖူးတယ္ ။ အရပ္က ၅ ေပ ၇ ဆိုေပမဲ့ အဲ့ေပါင္ခ်ိန္နဲ႔က ဝတဲ့ဘက္မွာ ေရာက္ေနတာေပါ့ ။ ပိုဆိုးတာက ဗိုက္ပူ တာပါ။ ဝိတ္ခ် လိုက္တာ ေပါင္ ၁၀၀ ဘဲ ရွိေတာ့တဲ့ အထိပါ ။ ခုေတာ့ ၁၂၂ ေပါင္ပါ ။ ဒါေပမဲ့ ဘယ္ေလာက္ ဝလာဝလာ ဗိုက္မပူလာ ေတာ့ဘူး။ တကယ္ ထိေရာက္တဲ့ နည္းေလးပါ ။ အစား ေရွာင္စရာ မလိုပါဘူးေနာ္ ။

ေသခ်ာ ပံုမွန္ေလး လုပ္သြားရင္ ဗိုက္ခ်ပ္ၿပီး ခါးေသးေစပါတယ္။ Gym ေဆာ့ဖို႔လည္း အခ်ိန္ မေပးႏိုင္တဲ့သူေတြ အစားလည္း မေရွာင္ႏိုင္တဲ့ သူေတြ အဆီက်ေဆးေတြ မေသာက္ခ်င္တဲ့ သူေတြ အတြက္ လုပ္သင့္တဲ့ နည္းလမ္းေကာင္း တစ္ခုပါ ။ က်န္းမာေရးနဲ႔လည္း ညီညြတ္တဲ့ နည္းလမ္းေလးပါ ။

မနက္ အိပ္ရာ ထထခ်င္းမွာ ေရတဖန္ခြက္ ေသာက္ေပးပါ ။ ေရသန္႔ဗူးႀကီး 1 Liter ရဲ႕ တဝက္ – 0.5 liter (ဒါမွမဟုတ္) ေသာက္ႏိုင္တဲ့သူက ၂ ဖန္ခြက္ ေသာက္ေပးပါ ။ ၿပီးမွ မ်က္ႏွာသစ္ အေပါ့ပါးသြားပါ ။ မနက္စာကို ေရေသာက္ၿပီး ၁ နာရီ ၾကာမွ စားပါ ။ မနက္စာ စားၿပီးၿပီးခ်င္း ေရ ထပ္မေသာက္ရ ။ ေနာက္ ၁နာရီ ၾကာမွ ေရျပန္ေသာက္ ရမည္ ။

ေန႔လည္စာ ထမင္းမစားခင္ နာရီဝက္ အလို ေရ ၁ ခြက္ ေသာက္ရမယ္ ။ ၿပီးမွ ထမင္းစား ထမင္းစားရင္လည္း ေျဖးေျဖးနဲ႔ ေၾကညက္ေအာင္ ဝါးစားသင့္ ပါတယ္ ။ စားေနစဥ္ အတြင္း ေရခဲေရ ၊ ေကာ္ဖီ ေသာက္ျခင္းကိုလည္း ေရွာင္ပါ ။ ပိုၿပီး အဆီေတြ စုေစ ပါတယ္ ။ ထမင္းစားၿပီး ၁ နာရီ ၾကာမွ ေရျပန္ေသာက္ရမည္ ျဖစ္ပါတယ္ ။

ညစာ မစားခင္ နာရီဝက္ အလို ေရေသာက္ရ မယ္ ။ ၿပီးမွ ထမင္းစား ။ ထမင္စားခ်ိန္နဲ႔ အိပ္ခ်ိန္ကို အနည္းဆံုး ၂ နာရီ ခြာရမယ္ ။ အိပ္ရင္လည္း ေရတခြက္ ေသာက္ၿပီးမွ အိပ္ရမယ္ ။

ထိုင္တဲ့ အခါမွာ အျမဲခါးကို မတ္မတ္ ထိုင္ပါ။ ေခြေခါက္ ထိုင္ခ်င္းက အဆီပိုေတြ စုေစ ပါတယ္။ ခါး မတ္မတ္ထိုင္ပါ။ ခါးမတ္ ထိုင္ခ်င္းျဖင့္ ခႏၶာကိုယ္ ပံုစံပါ smart က်ေစၿပီး သြားလာ ေနထိုင္မႈ ပံုစံမွာ က်န္မာေရးႏွင့္ ညီညြတ္ၿပီး ပို၍ ၾကည့္ေကာင္းလာေစ ပါသည္ ။

(PS…. ထမင္း စားၿပီးၿပီးခ်င္း ေရမေသာက္ဖို႔ပါ။ ထမင္းစားၿပီးခ်င္း ပိန္ခ်င္ေဇာနဲ႔ လမ္းေလၽွာက္ တာဟာလည္း သိပ္ကို မွားယြင္းတဲ့ အျပဳမူပါ။ အစာေခ်ဖ်က္အားကို ကေမာက္ကမ ျဖစ္ေစပါတယ္။ လဲေလွာင္းခ်င္းလည္း မျပဳရပါ။ အနည္းဆံုး ထမင္းစားၿပီး ၂ နာရီ ၾကာမွ အိပ္စက္ အနားယူသင့္ ပါတယ္)

နည္းလမ္းေလးေတြက သိပ္ကို ရိုးရွင္းပါတယ္ ။ အဓိကက ေရေသာက္နည္းနဲ႔ ဗိုက္ခ်ပ္ေစ တာပါ ။အစားမစားခင္ နာရီဝက္ အလို ေရေသာက္ ေပးရင္ အစာေၾက လြယ္ေစ ပါတယ္ ။ တျခား အခ်ိန္ေတြမွာလည္း ေရကို ပံုမွန္ ေသာက္လို႔ ရပါတယ္ ။ အဓိကက မစားခင္နဲ႔ စားၿပီး အခ်ိန္ေလးပါ။ ေရကိုလည္း ရိုးရိုးေရဘဲ ေသာက္သံုးသင့္ ပါတယ္ ။

အစပိုင္းမွာ လုပ္ရတာ သတိထားေန ရေတာ့ ခက္ခဲတယ္ ထင္ရေပမဲ့ ေနာက္ပိုင္း ပံုမွန္ေလး လုပ္သြားေပးရင္ အဆင္ေျပမွာပါ။ အေမရိကန္ က်န္းမာေရး သုေတသီေတြက အစ ထမင္းစားၿပီး ေရေသာက္တာဟာ က်န္းမာေရးနဲ႔ မညီညြတ္ေၾကာင္း ေျပာထားပါတယ္ ။ ေရကိုလည္း နဲနဲ နဲ႔ ခဏခဏ ေသာက္ေပးဖို႔ လိုပါတယ္ ။ ေရေသာက္ေပးခ်င္း အားျဖင့္ ခႏၶာကိုယ္ထဲမွာ မလိုလားအပ္တဲ့ အရည္ေတြနဲ႔ အဆိပ္ေတာက္ေတြကို ဆီး၊ ဝမ္း၊ ေခၽြး၊ သလိပ္ အျဖစ္ စြန္႔ထုတ္ေပး ပါတယ္ ။

အဆီပိုေတြ က်ေစပါတယ္။ ေရေသာက္ျခင္း အက်ိဳးေက်းဇူးေတြ ကေတာ့ အမ်ားႀကီးပါ။ အေသးစိတ္ေတာ့ ေရးမျပေတာ့ဘူးေနာ္။ ဒီနည္းလမ္းေလးက အဓိက ဗိုက္ခ်ပ္ေစ တာပါ။ လူတစ္ေယာက္က အရမ္းဝ ေနရင္ေတာင္ ဗိုက္ကေလး ခ်ပ္ေနရင္ကို အဝတ္စား ဝတ္ရတာလည္း အဆင္ေျပ ၾကည့္ရတာလည္း အရမ္း smart ျဖစ္ပါတယ္။ အားလံုးကို ေက်းဇူးတင္ပါတယ္ရွင္ ။

ယုမြန္ ေရးထားတဲ့ ထဲမွာ ေရကို အျမဲေသာက္ပါ လို႔ မေျပာထားပါဘူး၊ ေသခ်ာ ေသာက္ရမဲ့ အခ်ိန္ေလးမွာ စနစ္တက် ေသာက္ေပးဖို႔ဘဲ ေရးထားတာပါ ။ က်န္တဲ့ အခ်ိန္ေတြမွာ ေရဆာရင္ ဆာသလို ေသာက္ေပးလို႔ ရပါတယ္ရွင္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Yu Mon
#Unicode Version#
ဒီနည်းလမ်းလေးက ယုမွန် ကိုယ်တိုင် လုပ်ခဲ့တဲ့ နည်းလမ်းလေး ထဲက တစ်ခုပါ။ ဟိုးအရင်က ပေါင်ချိန် ၁၄၅ ပေါင် ရှိခဲ့ ဖူးတယ် ။ အရပ်က ၅ ပေ ၇ ဆိုပေမဲ့ အဲ့ပေါင်ချိန်နဲ့က ဝတဲ့ဘက်မှာ ရောက်နေတာပေါ့ ။ ပိုဆိုးတာက ဗိုက်ပူ တာပါ။ ဝိတ်ချ လိုက်တာ ပေါင် ၁၀၀ ဘဲ ရှိတော့တဲ့ အထိပါ ။ ခုတော့ ၁၂၂ ပေါင်ပါ ။ ဒါပေမဲ့ ဘယ်လောက် ဝလာဝလာ ဗိုက်မပူလာ တော့ဘူး။ တကယ် ထိရောက်တဲ့ နည်းလေးပါ ။ အစား ရှောင်စရာ မလိုပါဘူးနော် ။

သေချာ ပုံမှန်လေး လုပ်သွားရင် ဗိုက်ချပ်ပြီး ခါးသေးစေပါတယ်။ Gym ဆော့ဖို့လည်း အချိန် မပေးနိုင်တဲ့သူတွေ အစားလည်း မရှောင်နိုင်တဲ့ သူတွေ အဆီကျဆေးတွေ မသောက်ချင်တဲ့ သူတွေ အတွက် လုပ်သင့်တဲ့ နည်းလမ်းကောင်း တစ်ခုပါ ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ နည်းလမ်းလေးပါ ။

မနက် အိပ်ရာ ထထချင်းမှာ ရေတဖန်ခွက် သောက်ပေးပါ ။ ရေသန့်ဗူးကြီး 1 Liter ရဲ့ တဝက် – 0.5 liter (ဒါမှမဟုတ်) သောက်နိုင်တဲ့သူက ၂ ဖန်ခွက် သောက်ပေးပါ ။ ပြီးမှ မျက်နှာသစ် အပေါ့ပါးသွားပါ ။ မနက်စာကို ရေသောက်ပြီး ၁ နာရီ ကြာမှ စားပါ ။ မနက်စာ စားပြီးပြီးချင်း ရေ ထပ်မသောက်ရ ။ နောက် ၁နာရီ ကြာမှ ရေပြန်သောက် ရမည် ။

နေ့လည်စာ ထမင်းမစားခင် နာရီဝက် အလို ရေ ၁ ခွက် သောက်ရမယ် ။ ပြီးမှ ထမင်းစား ထမင်းစားရင်လည်း ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားသင့် ပါတယ် ။ စားနေစဉ် အတွင်း ရေခဲရေ ၊ ကော်ဖီ သောက်ခြင်းကိုလည်း ရှောင်ပါ ။ ပိုပြီး အဆီတွေ စုစေ ပါတယ် ။ ထမင်းစားပြီး ၁ နာရီ ကြာမှ ရေပြန်သောက်ရမည် ဖြစ်ပါတယ် ။

ညစာ မစားခင် နာရီဝက် အလို ရေသောက်ရ မယ် ။ ပြီးမှ ထမင်းစား ။ ထမင်စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး ၂ နာရီ ခွာရမယ် ။ အိပ်ရင်လည်း ရေတခွက် သောက်ပြီးမှ အိပ်ရမယ် ။

ထိုင်တဲ့ အခါမှာ အမြဲခါးကို မတ်မတ် ထိုင်ပါ။ ခွေခေါက် ထိုင်ချင်းက အဆီပိုတွေ စုစေ ပါတယ်။ ခါး မတ်မတ်ထိုင်ပါ။ ခါးမတ် ထိုင်ချင်းဖြင့် ခန္ဓာကိုယ် ပုံစံပါ smart ကျစေပြီး သွားလာ နေထိုင်မှု ပုံစံမှာ ကျန်မာရေးနှင့် ညီညွတ်ပြီး ပို၍ ကြည့်ကောင်းလာစေ ပါသည် ။

(PS…. ထမင်း စားပြီးပြီးချင်း ရေမသောက်ဖို့ပါ။ ထမင်းစားပြီးချင်း ပိန်ချင်ဇောနဲ့ လမ်းလျှောက် တာဟာလည်း သိပ်ကို မှားယွင်းတဲ့ အပြုမူပါ။ အစာချေဖျက်အားကို ကမောက်ကမ ဖြစ်စေပါတယ်။ လဲလှောင်းချင်းလည်း မပြုရပါ။ အနည်းဆုံး ထမင်းစားပြီး ၂ နာရီ ကြာမှ အိပ်စက် အနားယူသင့် ပါတယ်)

နည်းလမ်းလေးတွေက သိပ်ကို ရိုးရှင်းပါတယ် ။ အဓိကက ရေသောက်နည်းနဲ့ ဗိုက်ချပ်စေ တာပါ ။အစားမစားခင် နာရီဝက် အလို ရေသောက် ပေးရင် အစာကြေ လွယ်စေ ပါတယ် ။ တခြား အချိန်တွေမှာလည်း ရေကို ပုံမှန် သောက်လို့ ရပါတယ် ။ အဓိကက မစားခင်နဲ့ စားပြီး အချိန်လေးပါ။ ရေကိုလည်း ရိုးရိုးရေဘဲ သောက်သုံးသင့် ပါတယ် ။

အစပိုင်းမှာ လုပ်ရတာ သတိထားနေ ရတော့ ခက်ခဲတယ် ထင်ရပေမဲ့ နောက်ပိုင်း ပုံမှန်လေး လုပ်သွားပေးရင် အဆင်ပြေမှာပါ။ အမေရိကန် ကျန်းမာရေး သုတေသီတွေက အစ ထမင်းစားပြီး ရေသောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း ပြောထားပါတယ် ။ ရေကိုလည်း နဲနဲ နဲ့ ခဏခဏ သောက်ပေးဖို့ လိုပါတယ် ။ ရေသောက်ပေးချင်း အားဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်တောက်တွေကို ဆီး၊ ဝမ်း၊ ချွေး၊ သလိပ် အဖြစ် စွန့်ထုတ်ပေး ပါတယ် ။

အဆီပိုတွေ ကျစေပါတယ်။ ရေသောက်ခြင်း အကျိုးကျေးဇူးတွေ ကတော့ အများကြီးပါ။ အသေးစိတ်တော့ ရေးမပြတော့ဘူးနော်။ ဒီနည်းလမ်းလေးက အဓိက ဗိုက်ချပ်စေ တာပါ။ လူတစ်ယောက်က အရမ်းဝ နေရင်တောင် ဗိုက်ကလေး ချပ်နေရင်ကို အဝတ်စား ဝတ်ရတာလည်း အဆင်ပြေ ကြည့်ရတာလည်း အရမ်း smart ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။

ယုမွန် ရေးထားတဲ့ ထဲမှာ ရေကို အမြဲသောက်ပါ လို့ မပြောထားပါဘူး၊ သေချာ သောက်ရမဲ့ အချိန်လေးမှာ စနစ်တကျ သောက်ပေးဖို့ဘဲ ရေးထားတာပါ ။ ကျန်တဲ့ အချိန်တွေမှာ ရေဆာရင် ဆာသလို သောက်ပေးလို့ ရပါတယ်ရှင် ။


ဖိုးသူတော်(www.phothutaw.com)
Credit: Yu Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top