စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ဥပေဒေက်ာင္းသူေလး ပိုပိုက တတိယႏွစ္(အေဝးသင္) စာေမးပြဲႀကီး ေအာင္ျမင္ခဲ့ပါၿပီ။ သူမနဲ႔ အတူ တျခားေက်ာင္းသား၊ ေက်ာင္းသူေတြလည္း စာေမးပြဲေအာင္ျမင္ပါေစတဲ့။အဆိုေတာ္မေလး ပိုပိုက ဥပေဒ(တတိယႏွစ္) အေဝးသင္ စာေမးပြဲကို ေအာင္ျမင္ခဲ့ၿပီလို႔ ဆိုပါတယ္။ သူမဟာ ေဖ်ာ္ေျဖပြဲေတြ ဖ်က္ၿပီးေတာ့မွ ႀကိဳးႀကိဳးစားစား ေျဖဆိုခဲ့ရတဲ့ စာေမးပြဲ ျဖစ္တယ္လို႔လည္း ေျပာျပထားပါတယ္။

‘’ေရးး အပ်ိဴႀကီး မမဟာ ေနာက္ဆုံးေတာ့ ဥပေဒ တတိယ ႏွစ္ေအာင္တယ္ ဗ်ိဳ႕။ Party လုပ္ၿပီ။ ပ်ဥ္းမနား ႏွစ္က်ိတ္ ရွစ္ဆူ ပြဲ တစ္ပြဲ ကို လက္ခံၿပီးမွ ဖ်က္ခဲ့တာေရာ ပြဲေတြနားၿပီး ေျဖခဲ့တာမို႔လို႔  ေအာင္ေတာ့ ေပ်ာ္တယ္’’ လို႔ ဆိုပါတယ္။ သူမရဲ႕ ခုံနံပါတ္က ၃-ဥ - ၁၀၉ မဝတ္ရည္မိုး နာမည္နဲ႔ ေအာင္ျမင္ခဲ့တာပါ။

သူမ လိုပဲ တျခား ေက်ာင္းသူ၊ ေက်ာင္းသားေတြလည္း စာေမးပြဲကို ေအာင္ေအာင္ျမင္ျမင္ေျဖဆိုႏိုင္ေစဖို႔ ဆုေတာင္း စကား ဆိုခဲ့ပါေသးတယ္။‘’ကဲကဲ ကေလးေတြလဲ စာေမးပြဲေတြ ေအာင္ၾကပါေစကြယ္။ စာေတြ ေသခ်ာသင္ေပးတဲ့ ဆရာမေတြကိုလဲ ေက်းဇူးပါ။( လက္ေဆာင္ေတြလဲ လက္ခံ ေနပါၿပီေနာ္)’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ည ၉ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။


ပိုပိုဟာ ကိုယ္တိုင္သီခ်င္းေရးၿပီး ကိုယ္တိုင္ဆိုတတ္တဲ့ အဆိုရွင္တစ္ဦးျဖစ္ၿပီး သူမေရးတဲ့ အေဆြးသီခ်င္း ေတာ္ေတာ္မ်ားမ်ားဟာ ပရိသတ္ေတြၾကား ေရပန္းစားခဲ့သလို "မင္းကိုမခ်စ္လို႔မဟုတ္ဘူး" ဆိုတဲ့သီခ်င္းဟာ ပရိသတ္ေတြအခုခ်ိန္ထိ ႀကိဳက္ႏွစ္သက္ အားေပးခဲ့တဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။

အဲ့ဒီသီခ်င္းဟာလည္းသူမရဲ႕ စိတ္ခံစားခ်က္အျပည့္နဲ႔ဆိုထားတဲ့ သီခ်င္းေလးျဖစ္ပါတယ္။ အဆိုေတာ္ပိုပိုကေတာ့ပထမဆုံးတစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့ MasterPiece တစ္ကိုယ္ေတာ္အေခြကို ေနာက္ဆုံးထြက္ရွိထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဥပဒေကျောင်းသူလေး ပိုပိုက တတိယနှစ်(အဝေးသင်) စာမေးပွဲကြီး အောင်မြင်ခဲ့ပါပြီ။ သူမနဲ့ အတူ တခြားကျောင်းသား၊ ကျောင်းသူတွေလည်း စာမေးပွဲအောင်မြင်ပါစေတဲ့။အဆိုတော်မလေး ပိုပိုက ဥပဒေ(တတိယနှစ်) အဝေးသင် စာမေးပွဲကို အောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။ သူမဟာ ဖျော်ဖြေပွဲတွေ ဖျက်ပြီးတော့မှ ကြိုးကြိုးစားစား ဖြေဆိုခဲ့ရတဲ့ စာမေးပွဲ ဖြစ်တယ်လို့လည်း ပြောပြထားပါတယ်။

‘’ရေးး အပျိူကြီး မမဟာ နောက်ဆုံးတော့ ဥပဒေ တတိယ နှစ်အောင်တယ် ဗျို့။ Party လုပ်ပြီ။ ပျဉ်းမနား နှစ်ကျိတ် ရှစ်ဆူ ပွဲ တစ်ပွဲ ကို လက်ခံပြီးမှ ဖျက်ခဲ့တာရော ပွဲတွေနားပြီး ဖြေခဲ့တာမို့လို့  အောင်တော့ ပျော်တယ်’’ လို့ ဆိုပါတယ်။ သူမရဲ့ ခုံနံပါတ်က ၃-ဥ - ၁၀၉ မဝတ်ရည်မိုး နာမည်နဲ့ အောင်မြင်ခဲ့တာပါ။

သူမ လိုပဲ တခြား ကျောင်းသူ၊ ကျောင်းသားတွေလည်း စာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုနိုင်စေဖို့ ဆုတောင်း စကား ဆိုခဲ့ပါသေးတယ်။‘’ကဲကဲ ကလေးတွေလဲ စာမေးပွဲတွေ အောင်ကြပါစေကွယ်။ စာတွေ သေချာသင်ပေးတဲ့ ဆရာမတွေကိုလဲ ကျေးဇူးပါ။( လက်ဆောင်တွေလဲ လက်ခံ နေပါပြီနော်)’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top