


Credit:Bahututaa

#Unicode Version#
လက်တလော သရုပ်ဆောင် ဇေရဲထက် တစ်ယောက်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ရေပန်းစားလာနေတဲ့ ပန်းတနော်က မသန်စွမ်း မိန်းကလေး တစ်ယောက်ရဲ့ Video လေးဟာ ကြည့်ရှုသူ အပေါင်းကို အတော်လေး ဂရုဏာ သက်မိစေခဲ့ ပါတယ်။ ဒီမိန်းကလေးဟာ သရုပ်ဆောင် ဇေရဲထက်ရဲ့ ပရိသတ် တယောက်ဖြစ်ပြီး ဇေရဲထက် ကိုလည်း အရမ်းကို တွေ့ဆုံ ခင်မင်ချင်တယ် လို့ လည်း ဆိုပါတယ်။

၎င်းမိန်းကလေး ကတော့ ဇေရဲထက် အတွက် ဆိုပြီး တေးသီချင်းတွေနဲ့ အတူ ဇေရဲထက်ရဲ့ အမာခံပရိသတ် တစ်ယောက် ဖြစ်ကြောင်းကို ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ မိန်းကလေးရဲ့ ဘဝနဲ့ ဖြစ်စဉ်လေးကို ပရိသတ် အချစ်တော် ဇေရဲထက် ကတော့ သနားစိတ်ဝင်က ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မှာ သွားရောက် တွေ့ဆုံ ခဲ့ကြောင်း သိရ ပါတယ် ။

အဆိုပါ မိန်းကလေး ကတော့ စိုးစန္ဒာထွန်း အမည်ရှိပြီး မြန်မာသံ တေးသီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတက်သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမရဲ့ အသံလေး ကတော့ နားထောင် သူတိုင်းကို မျက်ရည် ဝဲစေခဲ့ပြီး ကြမ်းတမ်းတဲ့ ဘဝကို ပိုင်ဆိုင်ထား ပေမယ့် ပျော်ရွှင်စရာ တွေကို ဖန်တီးပြီး နေ့စဉ် ဖြတ်သန်းနေရသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ ညီမလေး မစိုးစန္ဒာထွန်းရဲ့ ဗီဒီယိုဖိုင်လေး တစ်ခုကို ချစ်ပရိသတ်တွေ အတွက် မျှဝေပေးလိုက် ပါတယ် ။


ဖိုးသူတော်(www.phothutaw.com)
Credit:Bahututaa


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top