စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×
Credit: mmlivenews
#Unicode Version# ဖြင့်ဖတ်ပါ ။
ပရိသတ်ကြီးရေ ပရိသတ် အချစ်တော် ဝတ်မှုန်ရွှေရည်ကတော့ နှစ်သစ်မှာ အသစ်သစ်သော အခွင့်အလမ်းတွေကို ရခဲ့ပြန်ပြပါပြီ ။ ဒီတစ်ခေါက်မှာတော့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး တင်ဆက်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်ခံလိုက်ရတာပါ ။
ဒေါက်တာမိုးနီလွင်၏ ဝတ္ထု၊ ဇာတ်ညွှန်းကို ကိုရီးယားနိုင်ငံမှ တွဲဖက်ဒါရိုက်တာ အပါအဝင် နိုင်ငံတကာအဆင့်မီ ရိုက်ကူး/ ထုတ်လုပ်ရေး အဖွဲ့များဖြင့် ပူးပေါင်း၍ ကိုရီးယားနှင့် မြန်မာနိုင်ငံတို့မှ နာမည်ကြီး အမျိုးသားသရုပ်ဆောင်တစ်ဦးစီ ရွေးချယ်ပြီး မြန်မာနိုင်ငံမှ အမျိုးသမီး သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ဖြင့် ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင် ခံစားတင်ပြမည့် “တစ်ခါကဆောင်း” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တော့မယ်လို့ သိရပါတယ်။၊
ရုပ်ရှင် ရိုက်ကူးမယ့် ဒေသတွေကို ကိုရီးယားနိုင်ငံမှ ဆိုးလ်၊ ဘူဆန်နှင့် အခြားမြို့ကြီး များတွင်လည်းကောင်း၊ မြန်မာနိုင်ငံမှ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ပုဂံမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌လည်း ကောင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်မှုကို ဦးတည်၍ ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကို အခြေခံကာ ရိုက်ကူးမည်ဖြစ်ကြောင်း သိရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ရွှေကစ်အတွက် ဂုဏ်ပြုစကားတွေပြောပြဖို့ မမေ့ကြနဲ့နော်.
ဖိုးသူတော် (www.phothutaw.com)
Credit: mmlivenews
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top