ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

 သိပၸံပညာရွင္ေတြဟာ ကမၻာမွာ ပထမဆံုးအႀကိမ္အျဖစ္ ကာဗြန္ဒူိင္ေအာက္ဆိုဒ္ကို ေက်ာက္မီးေသြးအျဖစ္ ျပန္ေျပာင္းႏိုင္ခဲ့ၿပီး ဒါေၾကာင့္ ေလထုကို အျမဲ သန္႔စင္ေနေအာင္ ထိန္းသိမ္းထားႏိုင္ေတာ့မွာပါ။ Ground breaking နည္းစဥ္ဟာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ဓာတ္ေငြ႕ကေန အခဲ အျဖစ္ထိေရာက္စြာေျပာင္းေပးႏိုင္တယ္လို႔ သူတို႔ကေျပာပါတယ္။ ဩစေတးလ်ႏုိိင္ငံ RMIT တကၠသိုလ္က ဦးေဆာင္တဲ့ သုေတသနအဖြဲ႕ဟာ အျပန္အလွန္နည္းလမ္းလို႔ေခၚတဲ့ နည္းလမ္းကို ရွာေဖြ႕ေတြ႕ရွိခဲ့ၿပီးေတာ့ အခုဆို မွန္လံုအိမ္ ဓာတ္ေငြ႕ေတြကို ကၽြန္ေတာ္တို႔ရဲ႕ ေလထုထဲကေန ေဘးကင္းကင္းနဲ႔ ဖယ္ရွားႏုိင္ေတာ့မွာပါ။

အခုေလာေလာဆယ္ ကာဗြန္ကို စုေဆာင္း သိမ္းဆည္းမႈေတြကေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အရည္အျဖစ္ ဖိႏွိပ္ၿပီး သင့္ေလၽွာ္တဲ့ တစ္ေနရာထဲထည့္ထားကာ ေျမေအာက္ကို ထိုးသြင္းလိုက္ျခင္း အေပၚ အာရုံစုိက္ေနၾကပါတယ္။ ဒါေပမယ့္ ဒါဟာ ထိန္းသိမ္းထားတဲ့ ေနရာေတြကေန ယိုစိမ့္လာခဲ့ရင္ စီးပြားေရးပိုင္းနဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ထိခိုက္မႈေတြ ရွိလာႏိုင္ပါတယ္။

RMIT သုေတသီ ေဒါက္တာ Torben Daeneke ကေတာ့ ကာဗြန္ဒုိင္ေအာက္ဆိုဒ္ကို အခဲအျဖစ္ ေျပာင္းတဲ့ နည္းလမ္းက ပိုၿပီး အဆင္ေျပလက္ခံႏုိင္ဖြယ္ရာ ရွိတယိလို႔ ေျပာပါတယ္။ ” တိတိက်က် ဆိုရင္ေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အလြန္ျမင့္တဲ့ အပူခ်ိန္မွာ အခဲအျဖစ္ေျပာင္းၿပီး ျပန္လည္ ေျပာင္းလဲလို႔မရေတာ့ေအာင္ ျပဳလုပ္ရမွာပါ ” ” သတၳဳအရည္ေတြကို ဓာတ္ကူပစၥည္းအျဖစ္ သံုးၿပီးေတာ့ ကၽြန္ေတာ္တို႔ဟာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အခန္းအပူခ်ိန္မွာလည္း ကာဗြန္အျဖစ္ ျပန္ေျပာင္းလို႔ရတယ္ ဆိုတာ သိရွိခဲ့ရပါတယ္။ ဒါဟာ ပိုလြယ္ကူ အဆင္ေျပတဲ့ နည္းလမ္းတစ္ခုပါပဲ”

ေလ့လာမႈေခါင္းေဆာင္ ေဒါက္တာ Dorna Elsafilzedah က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြကို သိမ္းဆည္းလို႔ရမဲ့ အခဲအျဖစ္ ျပန္လည္ေျပာင္းလဲႏိုင္တဲ့ လၽွပ္စစ္ဓာတု နည္းလမ္းကို တီထြင္ခဲ့ပါတယ္။ CO2 ကို ေျပာင္းလဲဖို႔ဆိုရင္ သိပၸံပညာရွင္ေတြဟာ လၽွပ္ကူးမႈေကာင္းၿပီး ထူးျခားတဲ့ မ်က္ႏွာျပင္အရည္အေသြးရွိတဲ့ သတၳဳအရည္ကုိ ျပင္ဆင္ရပါမယ္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို လၽွပ္ေပ်ာ္ရည္ ထည့္ထားတဲ့ ဘီကာထဲ ေပ်ာ္၀င္ေစၿပီး သတၳဳရည္ ဓာတ္ကူပစၥည္းကို လၽွပ္စစ္ဓာတ္အနည္းငယ္ ျဖတ္စီးေစမွာ ျဖစ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြဟာ သတၳဳရည္ ဓာတ္ကူပစၥည္းမွ အဖတ္မ်ား အျဖစ္ ကြာက်လာၿပီး ဒါေတြ စုေပါင္းၿပီး အခဲျဖစ္သြားမွာ ျဖစ္ပါတယ္။

” ဒီနည္းလမ္း ေနာက္ထပ္အက်ိဴးေက်းဇူးကေတာ့ ကာဗြန္အခဲဟာ အရည္အေသြးျမင့္ Capacitor ျဖစ္လာၿပီး ေနာင္အနာဂတ္မွာ သြားလာစရာ ယာဥ္ေတြမွာ ထည့္သံုးႏုိင္္မွာျဖစ္ပါတယ္ ” လို႔ ေဒါက္တာ Dorna က ေျပာပါတယ္။ ဒီ ျဖစ္စဥ္ကေန စက္ရုံေတြမွာလည္း သံုးလို႔ရတဲ့ ေလာင္စာတစ္မ်ိဳးကိုလည္း ထုတ္ေပးႏိုင္ပါေသးပါတယ္။ ဒီ ေလ့လာမႈကို Nature Communications မွာ ထုတ္ေ၀ေဖာ္ျပခဲ့ၿပီး ဂ်ာမနီႏိုု္င္ငံ Munster တကၠသိုလ္ တရုတ္ႏိုင္ငံ Nanjing တကၠသိုလ္ႏွင့္ အျခားေသာ ဩစေတးလ် တကၠသိုလ္မ်ားမွ သုေတသီေပါင္းမ်ားစြာ ပါ၀င္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။

သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် ကာဗွန်ဒိူင်အောက်ဆိုဒ်ကို ကျောက်မီးသွေးအဖြစ် ပြန်ပြောင်းနိုင်ခဲ့ပြီး ဒါကြောင့် လေထုကို အမြဲ သန့်စင်နေအောင် ထိန်းသိမ်းထားနိုင်တော့မှာပါ။ Ground breaking နည်းစဉ်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဓာတ်ငွေ့ကနေ အခဲ အဖြစ်ထိရောက်စွာပြောင်းပေးနိုင်တယ်လို့ သူတို့ကပြောပါတယ်။ ဩစတေးလျနိုင်ငံ RMIT တက္ကသိုလ်က ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ အပြန်အလှန်နည်းလမ်းလို့ခေါ်တဲ့ နည်းလမ်းကို ရှာဖွေ့တွေ့ရှိခဲ့ပြီးတော့ အခုဆို မှန်လုံအိမ် ဓာတ်ငွေ့တွေကို ကျွန်တော်တို့ရဲ့ လေထုထဲကနေ ဘေးကင်းကင်းနဲ့ ဖယ်ရှားနိုင်တော့မှာပါ။

အခုလောလောဆယ် ကာဗွန်ကို စုဆောင်း သိမ်းဆည်းမှုတွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အရည်အဖြစ် ဖိနှိပ်ပြီး သင့်လျှော်တဲ့ တစ်နေရာထဲထည့်ထားကာ မြေအောက်ကို ထိုးသွင်းလိုက်ခြင်း အပေါ် အာရုံစိုက်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ ထိန်းသိမ်းထားတဲ့ နေရာတွေကနေ ယိုစိမ့်လာခဲ့ရင် စီးပွားရေးပိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

RMIT သုတေသီ ဒေါက်တာ Torben Daeneke ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အခဲအဖြစ် ပြောင်းတဲ့ နည်းလမ်းက ပိုပြီး အဆင်ပြေလက်ခံနိုင်ဖွယ်ရာ ရှိတယိလို့ ပြောပါတယ်။ ” တိတိကျကျ ဆိုရင်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အလွန်မြင့်တဲ့ အပူချိန်မှာ အခဲအဖြစ်ပြောင်းပြီး ပြန်လည် ပြောင်းလဲလို့မရတော့အောင် ပြုလုပ်ရမှာပါ ” ” သတ္ထုအရည်တွေကို ဓာတ်ကူပစ္စည်းအဖြစ် သုံးပြီးတော့ ကျွန်တော်တို့ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အခန်းအပူချိန်မှာလည်း ကာဗွန်အဖြစ် ပြန်ပြောင်းလို့ရတယ် ဆိုတာ သိရှိခဲ့ရပါတယ်။ ဒါဟာ ပိုလွယ်ကူ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုပါပဲ”

လေ့လာမှုခေါင်းဆောင် ဒေါက်တာ Dorna Elsafilzedah က ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သိမ်းဆည်းလို့ရမဲ့ အခဲအဖြစ် ပြန်လည်ပြောင်းလဲနိုင်တဲ့ လျှပ်စစ်ဓာတု နည်းလမ်းကို တီထွင်ခဲ့ပါတယ်။ CO2 ကို ပြောင်းလဲဖို့ဆိုရင် သိပ္ပံပညာရှင်တွေဟာ လျှပ်ကူးမှုကောင်းပြီး ထူးခြားတဲ့ မျက်နှာပြင်အရည်အသွေးရှိတဲ့ သတ္ထုအရည်ကို ပြင်ဆင်ရပါမယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှပ်ပျော်ရည် ထည့်ထားတဲ့ ဘီကာထဲ ပျော်ဝင်စေပြီး သတ္ထုရည် ဓာတ်ကူပစ္စည်းကို လျှပ်စစ်ဓာတ်အနည်းငယ် ဖြတ်စီးစေမှာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ သတ္ထုရည် ဓာတ်ကူပစ္စည်းမှ အဖတ်များ အဖြစ် ကွာကျလာပြီး ဒါတွေ စုပေါင်းပြီး အခဲဖြစ်သွားမှာ ဖြစ်ပါတယ်။

” ဒီနည်းလမ်း နောက်ထပ်အကျိူးကျေးဇူးကတော့ ကာဗွန်အခဲဟာ အရည်အသွေးမြင့် Capacitor ဖြစ်လာပြီး နောင်အနာဂတ်မှာ သွားလာစရာ ယာဉ်တွေမှာ ထည့်သုံးနိုင်မှာဖြစ်ပါတယ် ” လို့ ဒေါက်တာ Dorna က ပြောပါတယ်။ ဒီ ဖြစ်စဉ်ကနေ စက်ရုံတွေမှာလည်း သုံးလို့ရတဲ့ လောင်စာတစ်မျိုးကိုလည်း ထုတ်ပေးနိုင်ပါသေးပါတယ်။ ဒီ လေ့လာမှုကို Nature Communications မှာ ထုတ်ဝေဖော်ပြခဲ့ပြီး ဂျာမနီနိုင်ငံ Munster တက္ကသိုလ် တရုတ်နိုင်ငံ Nanjing တက္ကသိုလ်နှင့် အခြားသော ဩစတေးလျ တက္ကသိုလ်များမှ သုတေသီပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top