iMyanmarHouse.com - Best Property Website for Myanmar
×

ခရီးသည္တင္ကားေပၚတြင္ ခ်စ္သူအသစ္ႏွင့္ အတူ ရန္ကုန္သြားမည့္ ရည္းစားေဟာင္းအား ကားေပၚမွ အတင္းဆြဲေခၚကာ သူႏွင့္သာ လက္ထပ္ေစရန္ ေခၚေဆာင္သြားမိသည့္ အမ်ဳိးသား ရဲစခန္းတြင္ အလိုမတူ လူခိုးမႈျဖင့္ အမႈဖြင့္ခံခဲ့ရကာ အဖမ္းခံေနရေၾကာင္း မုံရြာၿမိဳ႕မရဲစခန္းမွ သိရသည္။

ယင္းမာပင္ၿမိဳ႕နယ္ ျပန္လွည့္ရြာမွ အသက္ ၂၂ ႏွစ္အရြယ္ရွိ အမ်ဳိးသမီးတစ္ဦးသည္ ရန္ကုန္တြင္ အလုပ္လုပ္ကိုင္ရန္ ေဖေဖာ္၀ါရီ ၂၅ ရက္ ညေနပုိင္က“အာကာသ” ရန္ကုန္မုံရြာ ခရီးသည္တင္ကားေပၚသို႔ ခ်စ္သူအသစ္ႏွင့္ အတူ ခရီးသြားရန္ ေရာက္ရွိေနခဲ့ေၾကာင္း ၄င္းအမႈအား စစ္ေဆးသည့္ ဒုရဲအုပ္ ေကာင္းသာထြန္းက ေျပာသည္။

“ ခရီးအတူသြားမယ့္ ရည္းစားအသစ္နဲ႔ ေကာင္မေလးက ရန္ကုန္မွာ အလုပ္လုပ္ရင္း ခ်စ္ႀကိဳက္ခဲ့ၾကတာလို႔ သိရတယ္။ အဲဒါကို ပုလဲၿမိဳ႕နယ္က လက္ဖက္ရည္ဆိုင္မွာအလုပ္လုပ္ေနတဲ့ ေကာင္မေလးရဲ႕ ရည္းစားေဟာင္းက လုိက္လာတယ္။

ကားေပၚေရာက္ေနတဲ႔ေကာင္မေလးကုိ သူနဲ႔ပဲလက္ထပ္ရမယ္ လာလုိက္ခဲ့ ဆုိၿပီးပါးေတြဘာေတြရုိက္ၿပီး ပုလဲၿမိဳ႕ကို ဆုိင္ကယ္နဲ႔ အတင္း ျပန္ေခၚသြားတာ ေကာင္မေလးကိုလဲ သူအလုပ္လုပ္တဲ့ လက္ဖက္ရည္ဆိုင္မွာပဲ ေနခိုင္းထားတယ္လို႔ သိရတယ္။ ေကာင္ေလးအလစ္မွာ ေကာင္မေလးက ရည္းစားအသစ္ဆီ သူေတာ့ ဒီလိုဒီလိုျဖစ္ေနၿပီဆိုၿပီး

ဖုန္းဆက္အေၾကာင္းၾကားတယ္လို႔ ဆိုတယ္။ အဲဒီေတာ့မွ ေကာင္မေလးရဲ႕ မိသားစု၀င္ေတြလိုက္လာၿပီး ျပန္ေခၚလာတယ္။ အခုရဲစခန္းမွာ အမႈလာဖြင့္လို႔ ေကာင္ေလးကို ဖမ္းၿပီး တရားရုံးခ်ဳပ္ရီမန္ယူစစ္ေနတယ္” ဟု ဒုရဲအုပ္ ေကာင္းသာထြန္းက ေျပာသည္။

အခ်စ္ႀကီးသည့္ ရည္းစားေဟာင္းအမ်ဳိးသားအား ပါးရုိက္ခံရသည့္ အမ်ဳိးသမီးမွ လူခိုးမႈ နာက်င္မႈမ်ားျဖင့္ မုံရြာၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ယင္းကဲ႔သုိ႕ ျပစ္မႈက်ဴးလြန္မိသည့္အမ်ဳိးအမႈသည္ အကယ္၍ စစ္ေဆးေပၚေပါက္ကာ ရာဇ၀တ္မႈေျမာက္သည္ဆုိပါက အလိုမတူခိုးယူေပါင္းသင္းမႈသည္ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ျပစ္ဒဏ္က်ခံရႏုိင္ေၾကာင္း ဒုရဲအုပ္ေကာင္းသာထြန္းက ဆက္လက္ေျပာဆိုသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္ေလးငယ္ငယ္
#Unicode Verison#
 ခရီးသည်တင်ကားပေါ်တွင် ချစ်သူအသစ်နှင့် အတူ ရန်ကုန်သွားမည့် ရည်းစားဟောင်းအား ကားပေါ်မှ အတင်းဆွဲခေါ်ကာ သူနှင့်သာ လက်ထပ်စေရန် ခေါ်ဆောင်သွားမိသည့် အမျိုးသား ရဲစခန်းတွင် အလိုမတူ လူခိုးမှုဖြင့် အမှုဖွင့်ခံခဲ့ရကာ အဖမ်းခံနေရကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။


ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာမှ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ရန်ကုန်တွင် အလုပ်လုပ်ကိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်က“အာကာသ” ရန်ကုန်မုံရွာ ခရီးသည်တင်ကားပေါ်သို့ ချစ်သူအသစ်နှင့် အတူ ခရီးသွားရန် ရောက်ရှိနေခဲ့ကြောင်း ၎င်းအမှုအား စစ်ဆေးသည့် ဒုရဲအုပ် ကောင်းသာထွန်းက ပြောသည်။


“ ခရီးအတူသွားမယ့် ရည်းစားအသစ်နဲ့ ကောင်မလေးက ရန်ကုန်မှာ အလုပ်လုပ်ရင်း ချစ်ကြိုက်ခဲ့ကြတာလို့ သိရတယ်။ အဲဒါကို ပုလဲမြို့နယ်က လက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်နေတဲ့ ကောင်မလေးရဲ့ ရည်းစားဟောင်းက လိုက်လာတယ်။


ကားပေါ်ရောက်နေတဲ့ကောင်မလေးကို သူနဲ့ပဲလက်ထပ်ရမယ် လာလိုက်ခဲ့ ဆိုပြီးပါးတွေဘာတွေရိုက်ပြီး ပုလဲမြို့ကို ဆိုင်ကယ်နဲ့ အတင်း ပြန်ခေါ်သွားတာ ကောင်မလေးကိုလဲ သူအလုပ်လုပ်တဲ့ လက်ဖက်ရည်ဆိုင်မှာပဲ နေခိုင်းထားတယ်လို့ သိရတယ်။ ကောင်လေးအလစ်မှာ ကောင်မလေးက ရည်းစားအသစ်ဆီ သူတော့ ဒီလိုဒီလိုဖြစ်နေပြီဆိုပြီး


ဖုန်းဆက်အကြောင်းကြားတယ်လို့ ဆိုတယ်။ အဲဒီတော့မှ ကောင်မလေးရဲ့ မိသားစုဝင်တွေလိုက်လာပြီး ပြန်ခေါ်လာတယ်။ အခုရဲစခန်းမှာ အမှုလာဖွင့်လို့ ကောင်လေးကို ဖမ်းပြီး တရားရုံးချုပ်ရီမန်ယူစစ်နေတယ်” ဟု ဒုရဲအုပ် ကောင်းသာထွန်းက ပြောသည်။


အချစ်ကြီးသည့် ရည်းစားဟောင်းအမျိုးသားအား ပါးရိုက်ခံရသည့် အမျိုးသမီးမှ လူခိုးမှု နာကျင်မှုများဖြင့် မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။


ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မိသည့်အမျိုးအမှုသည် အကယ်၍ စစ်ဆေးပေါ်ပေါက်ကာ ရာဇဝတ်မှုမြောက်သည်ဆိုပါက အလိုမတူခိုးယူပေါင်းသင်းမှုသည် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း ဒုရဲအုပ်ကောင်းသာထွန်းက ဆက်လက်ပြောဆိုသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:မောင်လေးငယ်ငယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top