4 Remove the sting
3 Make a cold compress
2 Treat the bite area
1 Take medicine
Credit:nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
ပျားဆိုပေမဲ့ တစ်ကောင်တည်းမဟုတ်ပဲ အများကြီးဝိုင်းတုတ်ပါက အလွန်ကို အန ္တရာယ်များလွန်းပါတယ်။ပဆုတ်ပနီကောင်တွေထဲက မျိုးစိတ်ကွဲတွေဟာ အလွန်ကို ပြဿနာဖြစ်စေပြီး အဆိပ်ဟာ လူကို သေတဲ့ အထိဖြစ်နိုင်ပါတယ်။အဲ့ဒီအတွက် ပဆုတ်မနီကောင် တွေတုတ်ခံရပါက အရေးပေါ်လူနာတင်ကားခေါ်သင့်ရင်ခေါ်ရမှာဖြစ်ပါတယ်။
4 Remove the sting
ပျားတုတ်ခံရတဲ့ အခါ အဲ့ဒီအဆိပ်ကို ဘေးသို့ စွဲ ထုတ်လိုက်ပါ။ဒါဟာ သက်သာရာရရှိစေပါတယ်။ ပျားတွေတုတ်ပြီးပါက အဆိပ် တွေဟာ ကျန်ရှိနေတတ်ပါတယ်။အဲ့ဒီအဆိပ်ဆူးကို လက်သည်းနဲ့ ဖြစ်စေ၊အခြားသော တစ်စုံတစ်ခုနဲ့ ဖြစ်စေ ညှပ်ပြီးနုတ်ပစ်ဖို့ လိုအပ်ပါတယ်။ပျားတုတ်တဲ့ နေရာကို ဆေးကြောသန့် စင်ဖို့ တော့ မမေ့သင့်ပါဘူး။မြွေကိုက်သည်ဖြစ်စေ ပျားတုတ်သည်ဖြစ်စေ သဲလွန်စ တွေ ကိုတော့ သေချာသိမ်းထားသင့်ပါတယ်။အဲ့ဒါမှ အဆိပ်ခွဲခြားနိုင်ပြီး ဆေးကုသမှုပြု လုပ်နိုင်မှာပါ။
3 Make a cold compress
ပဆုတ်မနီတုတ်တဲ့ နေရာဟာ ရောင်ရမ်းလာနိုင်ပါတယ်။အဲ့ဒီအတွက် တုတ်ခံရတဲ့ နေရာကို ရေခဲရိုက်သင့်ကြောင်းပြောထားတာပါ။ရေခဲကို အဝတ်ပါးပါးထဲထည့်ပြီး စနစ်တကျလုပ်သင့်တာလည်းဖြစ်ပါတယ်။အဲ့ဒီလိုမှအဆင်မပြေရင်တော့ အခြားပစ္စည်းတစ်ခုခု အသုံးပြုနိုင်ပါတယ်။
2 Treat the bite area
အကောင်တုတ်ခံရတဲ့ နေရာကို ဆပ်ပြရေနဲ့ ဆေးကြောပစ်သင့်ပါတယ်။အဲ့ဒီနောက် နုညံ့တဲ့ အဝတ်လေးနဲ့ အုပ်ထားပြီး ဆိုဒါနဲ့ ရေရောထားတဲ့ အရောလေးနဲ့ အသာအရာအဆင်ပြေအောင်ဖိထားရမှာဖြစ်ပါတယ်။ပြောချင်တာကတော့ ရေဆေးလိုက် ဆိုဒါနဲ့ တွေ့ပေးလိုက်လုပ်ရမှာပါအများအားဖြင့်တော့ ဆိုဒါတွေကို ပျားရည်နဲ့ သွားတိုက်ဆေးတွေ အလွယ်တကူသုံးကြတာများပါတယ်။မိနစ် ၃၀ ခန့် ကြာအောင်ထားပြီးပါက ရေစင်အောင်ဆေးရမှာဖြစ်ပါတယ်။
1 Take medicine
ဆေးကုသမှု ခံယူရမည့်အဆင့်ကတော့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ပျားတုတ်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ယားယံခြင်းတွေ ဖြစ်လာနိုင်တာမို့ ဆေးကုသဖို့ လိုအပ်ပါတယ်။ဒါပေမဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း ဆေးတွေကို သုံးဖို့ လိုအပ်ပါတယ်။တချို့ ဆေးတွေက တော့ ကလေးငယ်တွေနဲ့ မသင့်တော်တာတွေ့ ရှိပါတယ်။သတိလည်းထားသင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top