စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္မွာ လိုင္စင္မဲ့ ဖြင့္လွစ္ထားတဲ့ ပုဂၢလိက ေဘာ္ဒါေဆာင္ေတြကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒနဲ႔ အညီ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေဖေဖာ္ဝါရီလ ၇ ရက္က က်င္းပတဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

လႈိင္သာယာလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က လႈိင္သာယာၿမိဳ႕နယ္ အပါအဝင္ ရန္ကုန္ၿမိဳ႕ေတာ္အတြင္း ပုဂၢလိက အေဆာင္မ်ားႏွင့္ စပ္လ်ဥ္းၿပီးလုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္မ်ားကို မည္သည့္စည္းမ်ဥ္း စည္းကမ္း ၊ လုပ္ထုံးလုပ္နည္းမ်ားျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိသည္ကို သိရွိလိုေၾကာင္းကို ေမးျမန္းရာ ၿမိဳ႕ေတာ္ဝန္ကအခုလို ေျဖၾကားခဲ့တာပါ။

“ လိုင္စင္ ေလွ်ာက္ထားမႈအေပၚ သတ္မွတ္ခ်က္မ်ားနဲ႔ ကိုက္ညီမႈရွိ ၊ မရွိ သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ခ႐ိုင္စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားမွ ေျမျပင္ကြင္းဆင္း စိစစ္ၿပီးေတာ့ ခြင့္ျပဳႏိုင္တဲ့ လုပ္ငန္းမ်ားကို ခ႐ိုင္စည္ပင္သာယာ ေရးမႉး႐ုံးက ခြင့္ျပဳ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ လိုင္စင္စည္းကမ္းနဲ႔အညီ ေဆာင္႐ြက္ႏိုင္ျခင္းမရွိတဲ့ ေဘာ္ဒါေဆာင္မ်ားကို ထုတ္ျပန္ထားတဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒနဲ႔ အညီ အေရးယူ ေဆာင္႐ြက္သြားမယ္” လို႔ ၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒ ၂၀၁၈ ခုႏွစ္၊ ပုဒ္မ ၃၂၃ ပုဒ္မခြဲ (က) အရ ေကာ္မတီရဲ႕ ခြင့္ျပဳခ်က္လိုင္စင္မရွိပဲ ေဘာ္ဒါေဆာင္ႏွင့္ တည္းခိုခန္းလုပ္ငန္း လုပ္ကိုင္ျခင္းမျပဳရလို႔ ျပဌာန္းထားၿပီး ဒီျပဌာန္းခ်က္အရ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ နယ္နမိတ္ (၃၃) ၿမိဳ႕နယ္အတြင္း ေဘာ္ဒါေဆာင္လုပ္ငန္း ေဆာင္႐ြက္လိုရင္ ေကာ္မတီမွ ထုတ္ေပးတဲ့ လိုင္စင္ကို ရယူဖို႔ လိုအပ္တာလည္းျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ နည္းဥပေဒ ၂(စ) အရ တည္းခိုခန္း (ဒါမွမဟုတ္) ေဘာ္ဒါေဆာင္ဆိုသည္မွာ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဖြင့္လွစ္ထားတဲ့ ဟိုတယ္ ၊ မိုတယ္ ၊ ဧည့္ေဂဟာနဲ႔ တည္းခိုရိပ္သာ မ်ားမွအပ အျခားတည္းခိုခန္း (သို႔မဟုတ္) ေဘာ္ဒါေဆာင္ ကို ဆိုလိုတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဘော်ဒါဆောင်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လှိုင်သာယာလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်မြို့တော်အတွင်း ပုဂ္ဂလိက အဆောင်များနှင့် စပ်လျဉ်းပြီးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များကို မည်သည့်စည်းမျဉ်း စည်းကမ်း ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုကြောင်းကို မေးမြန်းရာ မြို့တော်ဝန်ကအခုလို ဖြေကြားခဲ့တာပါ။

“ လိုင်စင် လျှောက်ထားမှုအပေါ် သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုရှိ ၊ မရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများမှ မြေပြင်ကွင်းဆင်း စိစစ်ပြီးတော့ ခွင့်ပြုနိုင်တဲ့ လုပ်ငန်းများကို ခရိုင်စည်ပင်သာယာ ရေးမှူးရုံးက ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လိုင်စင်စည်းကမ်းနဲ့အညီ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ဘော်ဒါဆောင်များကို ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမယ်” လို့ မြို့တော်ဝန်က ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ၂၀၁၈ ခုနှစ်၊ ပုဒ်မ ၃၂၃ ပုဒ်မခွဲ (က) အရ ကော်မတီရဲ့ ခွင့်ပြုချက်လိုင်စင်မရှိပဲ ဘော်ဒါဆောင်နှင့် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရလို့ ပြဌာန်းထားပြီး ဒီပြဌာန်းချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ် (၃၃) မြို့နယ်အတွင်း ဘော်ဒါဆောင်လုပ်ငန်း ဆောင်ရွက်လိုရင် ကော်မတီမှ ထုတ်ပေးတဲ့ လိုင်စင်ကို ရယူဖို့ လိုအပ်တာလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ နည်းဥပဒေ ၂(စ) အရ တည်းခိုခန်း (ဒါမှမဟုတ်) ဘော်ဒါဆောင်ဆိုသည်မှာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဟိုတယ် ၊ မိုတယ် ၊ ဧည့်ဂေဟာနဲ့ တည်းခိုရိပ်သာ များမှအပ အခြားတည်းခိုခန်း (သို့မဟုတ်) ဘော်ဒါဆောင် ကို ဆိုလိုတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top