က်န္းမာေရးဟာ အေရးႀကီးပါတယ္ မည္မၽွပင္ ႂကြယ္ဝခ်မ္းသာေနေစကာမူ က်န္းမာေရးမေကာင္းရင္ေတာ့ ေပ်ာ္ရႊင္တဲ့ဘဝကို ပိုင္ဆိုင္နိုင္မွာ မဟုတ္ပါဘူး။ လတ္တေလာ လူမွုကြန္ယက္ ေဖ့စ္ဘြခ္ေပၚမွာ ပ်ံ႕ႏွံ့ေနတဲ့ ပုံတစ္ပုံက လူတိုင္းကို အံ့ၾသထိတ္လန႔္ေစပါတယ္။

ထိုင္ဝမ္နိုင္ငံက အမ်ိဳးသားတစ္ဦး လၽွာထုတ္ျပတဲ့ ပုံဟာ ေၾကာက္စရာလည္းေကာင္းသလို ရြံစရာလည္းေကာင္းပါတယ္။ လၽွာေပၚမွာ ပက္ၾကားအက္သလို အကြဲေၾကာင္းေတြ ျဖစ္ေနတာဟာ ျမင္လို႔ေတာင္မေကာင္းပါဘူး။
 
ပိုစ့္ပိုင္ရွင္အမ်ိဳးသားက အဆိုပါဓါတ္ပုံနဲ႔အတူ သူ႔ရဲ့အေၾကာင္းကိုပါ ေရးသားထားပါတယ္။ သူ႔ရဲ့လၽွာဟာ ယခုလို အကြဲေၾကာင္းေတြမ်ားေနတာေၾကာင့္ ရွက္ၿပီး ေကာင္မေလးေတြနဲ႔ေတာင္ စကားမေျပာရဲဖူးလို႔ ေရးသားထားပါတယ္။ သူ႔ရဲ့လၽွာဟာ အပိုင္းပိုင္းျပတ္ထြက္ေတာ့မယ္လို႔ ထင္ရေလာက္ေအာင္ အေျခအေနဆိုးပါတယ္။ ဒီလိုဘာေၾကာင့္ ျဖစ္ရတယ္ဆိုတာကို သူ႔အေနနဲ႔ သိလိုေၾကာင္းလည္း ေမးျမန္းထားပါတယ္။

ဒီလိုအျဖစ္မ်ိဳးကို ပန္းနာရင္က်ပ္ လူနာေတြ၊ အေရေျပားၾကမ္းေထာ္တဲ့ ေရာဂါရွိတဲ့ လူနာေတြမွာ ေတြ႕ရတတ္ၿပီး ရံဖန္ရံခါ သာမန္လူေတြမွာလည္း ျဖစ္တတ္ပါတယ္။ ဒီေရာဂါရဲ့ လကၡဏာရပ္ေတြအေနနဲ႔ လၽွာမ်က္ႏွာျပင္ ကြဲပက္လာျခင္း၊ လၽွာရဲ့ အေပၚပိုင္းအလႊာျဖစ္တဲ့ အဖုေလးေတြပါတဲ့အလႊာ ကြယ္ေပ်ာက္ျခင္းတို႔ ျဖစ္ေစပါတယ္။ ဒါေပမယ့္ ဒီေရာဂါဟာ အလြန္အင္မတန္ ေတြ႕ရခဲ့တဲ့ ေရာဂါျဖစ္ပါတယ္။ အလားတူျပႆနာမ်ိဳး မိန္းကေလးတစ္ဦးမွာ ေတြ႕ရေပမယ့္ သူ႔ေလာက္ မဆိုးပါဘူး။

အျမန္ဆုံး ဆရာဝန္နဲ႔ သြားျပသင့္ေၾကာင္း၊ ဗီတာမင္ျဖည့္စြက္စာေတြ စားသုံးသင့္ေၾကာင္း စတာေတြကို အြန္လိုင္းေပၚမွာ ေတြ႕သူေတြက အႀကံေပးေရးသားထားတာကို ေတြ႕ရပါတယ္။ ဘာေၾကာင့္ အခုလိုျဖစ္ရတယ္ဆိုတာကို တိတိက်က်မသိရေသးေပမယ့္ ဒီလိုေရာဂါမ်ိဳးဟာ မ်ိဳးရိုးလိုက္တာလည္း ျဖစ္နိုင္ေၾကာင္း ဝင္ေရာက္ေရးသားထားၾကပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ကျန်းမာရေးဟာ အရေးကြီးပါတယ် မည်မျှပင် ကြွယ်ဝချမ်းသာနေစေကာမူ ကျန်းမာရေးမကောင်းရင်တော့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ လတ်တလော လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပုံတစ်ပုံက လူတိုင်းကို အံ့သြထိတ်လန့်စေပါတယ်။

ထိုင်ဝမ်နိုင်ငံက အမျိုးသားတစ်ဦး လျှာထုတ်ပြတဲ့ ပုံဟာ ကြောက်စရာလည်းကောင်းသလို ရွံစရာလည်းကောင်းပါတယ်။ လျှာပေါ်မှာ ပက်ကြားအက်သလို အကွဲကြောင်းတွေ ဖြစ်နေတာဟာ မြင်လို့တောင်မကောင်းပါဘူး။

ပိုစ့်ပိုင်ရှင်အမျိုးသားက အဆိုပါဓါတ်ပုံနဲ့အတူ သူ့ရဲ့အကြောင်းကိုပါ ရေးသားထားပါတယ်။ သူ့ရဲ့လျှာဟာ ယခုလို အကွဲကြောင်းတွေများနေတာကြောင့် ရှက်ပြီး ကောင်မလေးတွေနဲ့တောင် စကားမပြောရဲဖူးလို့ ရေးသားထားပါတယ်။ သူ့ရဲ့လျှာဟာ အပိုင်းပိုင်းပြတ်ထွက်တော့မယ်လို့ ထင်ရလောက်အောင် အခြေအနေဆိုးပါတယ်။ ဒီလိုဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သူ့အနေနဲ့ သိလိုကြောင်းလည်း မေးမြန်းထားပါတယ်။

ဒီလိုအဖြစ်မျိုးကို ပန်းနာရင်ကျပ် လူနာတွေ၊ အရေပြေားကြမ်းထော်တဲ့ ရောဂါရှိတဲ့ လူနာတွေမှာ တွေ့ရတတ်ပြီး ရံဖန်ရံခါ သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာရပ်တွေအနေနဲ့ လျှာမျက်နှာပြင် ကွဲပက်လာခြင်း၊ လျှာရဲ့ အပေါ်ပိုင်းအလွှာဖြစ်တဲ့ အဖုလေးတွေပါတဲ့အလွှာ ကွယ်ပျောက်ခြင်းတို့ ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီရောဂါဟာ အလွန်အင်မတန် တွေ့ရခဲ့တဲ့ ရောဂါဖြစ်ပါတယ်။ အလားတူပြဿနာမျိုး မိန်းကလေးတစ်ဦးမှာ တွေ့ရပေမယ့် သူ့လောက် မဆိုးပါဘူး။

အမြန်ဆုံး ဆရာဝန်နဲ့ သွားပြသင့်ကြောင်း၊ ဗီတာမင်ဖြည့်စွက်စာတွေ စားသုံးသင့်ကြောင်း စတာတွေကို အွန်လိုင်းပေါ်မှာ တွေ့သူတွေက အကြံပေးရေးသားထားတာကို တွေ့ရပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို တိတိကျကျမသိရသေးပေမယ့် ဒီလိုရောဂါမျိုးဟာ မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်ကြောင်း ဝင်ရောက်ရေးသားထားကြပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top