ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ရက္စက္လိုက္တာေမေမ သားမွာဘာအျပစ္ရွိလို႕လဲ…သားက ေမေမ့ ရင္ကျဖစ္တဲ႕ေသြးနဲ႔ အသက္ သြင္းထားတဲ႔ သားအရင္းပါ…

လူ႔ဘဝဆိုတာ ရခဲလွတယ္လို႔ ေမေမ လူမွန္းသိတတ္စက ဖြားဖြားေျပာခဲ႕တာ ေမေမမွတ္မိေသးရဲ႕လား….

ေဖေဖ နဲ႕ေမေမတို႔ရဲ႕မာန တိုက္ပြဲ အာၯာတ တိုက္ပြဲ အတၱ တိုက္ပြဲမွာ သားက ဓါးစားခံလားေမေမ….

လူ႕ဓန ဆိုတာ ရွာလို႕ရပါတယ္အေမ …လူ႔ဘဝ ဆိုတာေတာ့ ရွားတယ္အေမ….

သားရဲ႕ကံေပါ့….တစ္ဘဝလံုးကိုပံုအပ္ ယံုမွတ္လို႔ ခ်စ္ၾကင္ ေမေမ့ဝမ္းထဲတစ္ခါေလးဆိုမွ တစ္ခါတည္း ဝင္ခဲ႔မိတာပါေမေမ….

ေမေမတို႔ လူမွဳေရး အပူမီးေတြကို ရင္စီးျပီးခံခဲ႕ရတဲ႕အေမ့သား ဘာဆိုဘာမွ နားမလည္ခဲ႕ဘူးေမေမ….

ေမေမရယ္ သားဟာ ေမေမတို႔မိသားစုေလးအတြက္ ဒုကၡေတြ မ်ွေဝရင္း ဘဝေတးအလွတူညီကုံးရင္း တစ္ခဏ ေဖးမကူညီရုန္းဖို႔ေရာက္လာတဲ႔သားပါ….

ေမေမ သားကို အမ်ိဳးမ်ဳိးဖ်က္ဆီးဖို႔ၾကံခဲ႔တယ္…ေမေမ အၾကံစည္ အထမေျမာက္ခဲ႔ေတာျငင္းလႊတ္တဲ႕ဆရာဝန္ေတြကိုေတာင္ ဆူေအာင့္ေနတဲ႕ ေမေမ….

အေမ့သက္ျပင္းရွိဳက္သံမ်ား အေမ့ဗိုက္ထဲက သား အထင္းသား ၾကားခဲ႔ရတယ္အေမ….

ေမေမသားကို ေက်ာက္ျပင္နဲ႔ဖိတယ္….ေမေမ သားအေပၚ ပူေလာင္ျပင္းျပတဲ႕ ငရဲမီးနဲ႔တူတဲ႔ အပူရည္ေတြ ေလာင္းခ်တယ္…..

သား မရမက အံၾကိတ္ခံခဲ႕တယ္အေမ….ဒါေတာင္ေမေမက အားမရေသး သားကို ဖဲထီးသံခ်ြန္နဲ႕ထိုးတယ္….

ခ်ြန္ထက္တဲ႔ကိရိယာေတြနဲ႔ခြါခ်တယ္….ျပြန္တံေသးေသးပါတဲ႔ ကိရိယာတစ္မ်ိဳးနဲ႔ထပ္ စုပ္…..

သားခႏၶာ မစုတ္ျပတ္ေအာင္မနည္း ေရွာင္ေနခဲ႔ရတာပါအေမ….

အျမင္ႏြမ္း ပင္ပန္းေနတဲ႔ေမေမ့ကို သားေလ မၾကည္႔ရက္နိုင္ေတာ့လို႕ျဖစ္လိုရာျဖစ္ ဆိုျပီး….

ေမေမ့ဝမ္းၾကာတိုက္ အျမင့္တစ္ေနရာမွာ ကပ္ေနတဲ႕အေမ့သားက်ြန္ေတာ္ ခႏၶာကိုယ္ကို ေအာက္ကို ေလ်ွာခ်ေပးခဲ႕တာ ေမေမသိရဲ႔လား…

ေမေမ မီေအာင္ပါ…..ေမေမသားကို ၾကိဳက္ရာလက္နက္နဲ႔ ဖ်က္လိုဖ်က္ ခြဲလိုခြဲ သားခံရဲပါတယ္ေမေမ….

သားတစ္ခုေတာ့ေျပာပါရေစအေမ….သားကို အေမလိုခ်င္လို႕ပဲ ေမြးေမြး မလိုခ်င္လို ႔တားဆီးခဲ႔တဲၾကားကပဲ ရလာ ရလာ….

တဒဂၤ လူ ျဖစ္ခြင့္ေပးခဲ႔တဲ႔ ေမ့ေမ့ကို သားထာဝရ ေက်းဇူးတင္ေနမွာပါ….

တကယ္ေတာ့ သားဟာ ေမေမတို႔ဘဝထဲ အတင္းတိုးဝင္ခဲ႔တာမဟုတ္ဘူး….

တရားခံဘယ္သူလဲေမေမ……ေမေမ့ကိုလည္း တရားခံဆိုျပီး သားမစြပ္စြဲရက္ဘူးေမေမ…..

တကယ္ေတာ့ အေမ့သားက်ြန္ေတာ္ဟာ အေမ့ကို ခ်စ္တဲ႔သားပါ…..

သားေလ အေမေက်ြးတဲ႔အဆိပ္ကိုေတာင္ ေဆးအျဖစ္နဲ႔ မ်ိဳခ်ရဲသူပါ ေမေမ…..

တကယ္ေတာ့ သားဟာ အေမတို႕အတြက္ မိသားစုရဲ႕ေအးစက္စက္ခႏၶာအစံုကို အေႏြးဓါတ္ေလးျခံဳ ေပးမယ့္ ညာလက္ရံုးတစ္စံုပါေမေမ….

လာျခင္းေကာင္းတဲ႔အေမ့သားလို႕မသိမ်ား မသိခဲ႔ေလေရာ့သလားေမေမရယ္….

အျပစ္က်ဴ းလြန္တဲ႔ ရာဇဝဋ္သားေတြေတာင္ အက်ဥ္းေထာင္မွာ ျပဳျပင္ခြင့္ရျပီး လူယဥ္ေက်းျဖစ္လာၾကေသးတာပါေမေမ….

သား ဘာက် ဴ းလြန္မိလို႕လဲ …ဘာပဲျဖစ္ျဖစ္ ကကလရည္ၾကည္ ဘဝအဆင့္္ လူျဖစ္ခြင့္ ေပးခဲ႔တဲ႔ေက်းဇူးတရားအတြက္ ….

သားေလ ဒီတစ္သက္ မေမ့ရက္ပါဘူးအေမ…သားေၾကာင့္ အခု ေမေမ ေဆးရံုခုတင္ေပၚ အေရးေပၚေသြးသြင္းခံေနရျပီ….

ေမေမက နည္းအမ်ိဳးမ်ိဳးသုံးေတာ့ ေရွာင္လို႔မရတဲ႔အဆံုးျပံဳးျပံဳးေလးနဲ႕ အေသခံခဲ႔တဲ႔အေမ့သားက်ြန္ေတာ္ေလ…

စုတ္ျပတ္သတ္ေအာင္ တစစီျဖစ္ေနတဲ႔႔အသည္း နွလံုး ေက်ာက္ကပ္ အရိုးစိုင္ေတြၾကား အေမ့ကို လြမ္းတဲ႔အားနဲ႕ ၾကည့္ေနနိုင္ေသးတယ္အေမ….

ကံဇာတ္ဆရာကို သားမုန္းတယ္ေမေမ…..ဆင္းရဲမြဲေတတဲဲ႔ မိဘနွစ္ပါးက ေပါက္ဖြားလာတဲ႔ကေလး လူယဥ္ေက်း မျဖစ္နိုင္ဘူးလို႔ဘယ္သူေျပာလဲ….

လူလိမၼာပညာတတ္ ျမင့္ျမတ္တဲ႔ရဟန္း အစြမ္းအစရွိတဲ႔ ေခါင္းေဆာင္ ထြန္းေျပာင္တဲ႕သမၼတမျဖစ္နိုင္ဘူးလို႔ ဘယ္သူေျပာလဲ….

ဒါေပမယ့္ေမေမရယ္….ခုေလ သားကို သူတို႕ တြန္းလွဲေပၚတင္ေတာ့မယ္….

ျဖဴေဖြးေဖြး ေအးစက္စက္လက္ၾကီးေတြက သားကို အိတ္အနက္ၾကီးေတြနဲ႕ထုတ္ေတာ့မယ္….

သားကို အစအနမက်န္ေအာင္ ဖ်က္ဆီးပစ္ေတာ့မယ္….သားေၾကာက္တယ္ေမေမ….

ဒါေပမယ့္ တလိမ့္လိမ့္တက္လာတဲ႕ သားေၾကာက္စိတ္ေတြကို ပုံမွန္ျပန္ျဖစ္လာတဲ႔ ေမေမ့အသက္ရွဴနွဳန္း ႏွလံုးခုန္နွဳန္းလိွဳင္းအလ်ားေတြနဲ႔ ခုန္ခုန္အုပ္ပစ္လိုက္တယ္….

ဘာတတ္နိုင္ေသးလဲ အေမ မေသနိုင္ေတာ့ဘူး။သားအရမ္း့ ဝမ္းသာမိတယ္အေမ….က်န္းမာေအာင္ေနပါေမေမ…

ေမေမ အားငယ္တဲ႔အခါ ႏြမ္းလ် ပန္းက် ေနတဲ႔အခါ သားေမေမ့အနား တစ္ဖဝါးမခြာ ရွိေနေပးပါ့မယ္….

တဒဂၤ ခဏလူျဖစ္ခြင့္ေပးခဲ႔တဲ႔ သားရဲ႕ ေမေမ….. အသက္ ရာေက်ာ္ရွည္ပါေစ…။ ေမေမ ျမန္ျမန္ ေနေကာင္းပါေစ……။

===============

မိမိရင္မွျဖစ္သည့္ မိမိေသြး မိမိရင္ေသြးကို တာဝန္သိမွဳ တာဝန္ရွိမွဳ ျဖင့္ တာဝန္ယူနိုင္ၾကေစရန္ ေဆးရံုေပၚတြင္မၾကာခဏ ၾကံဳေတြ႔ရသည့္ ဤ ျဖစ္ရပ္မွန္အသိေပးရသ စာတမ္းငယ္ျဖင့္ သတိေပးအပ္ပါသည္ ။

ဤစာေလးကို Share ျခင္းျဖင့္ ခက္ရာခက္ဆစ္ လူျဖစ္မည့့္ ရွားပါးအသက္တစ္ေခ်ာင္းလူသားခ်င္းစာနာစိတ္ျဖင့္စုေပါင္းကယ္တင္နိုင္ၾကပါေစ….။

အျပစ္မဲ႔ရင္ေသြးဘဝ ေဘးကင္းသာယာလွပနိုင္ပါေစ…. မိမိရင္ေသြးကို မိမိကိုယ္တိုင္ရက္ရက္စက္စက္ သတ္ပစ္ရက္သည့္ လူသတ္တရားခံမိဘအျဖစ္မွ ကင္းဝင္းနိုင္ၾကပါေစ….

လူတိုင္း မိမိလူသားဝန္းက်င္ကိုျမွင့္္တင္ရင္း နွလံုးလွပ ေမႊးပ်ံ႕နိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းလ်က္ (ရက္စက္တတ္သည့္ မိခင္ဖခင္မ်ားသို႕)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မင္းေသြးငယ္

#Unicode Version# ျဖင့္ဖတ္ပါ ။

ရက်စက်လိုက်တာမေမေ သားမှာဘာအပြစ်ရှိလို့လဲ…သားက မေမေ့ ရင်ကဖြစ်တဲ့သွေးနဲ့ အသက် သွင်းထားတဲ့ သားအရင်းပါ…

လူ့ဘဝဆိုတာ ရခဲလှတယ်လို့ မေမေ လူမှန်းသိတတ်စက ဖွားဖွားပြောခဲ့တာ မေမေမှတ်မိသေးရဲ့လား….

ဖေဖေ နဲ့မေမေတို့ရဲ့မာန တိုက်ပွဲ အာဍ္ဎာတ တိုက်ပွဲ အတ္တ တိုက်ပွဲမှာ သားက ဓါးစားခံလားမေမေ….

လူ့ဓန ဆိုတာ ရှာလို့ရပါတယ်အမေ …လူ့ဘဝ ဆိုတာတော့ ရှားတယ်အမေ….

သားရဲ့ကံပေါ့….တစ်ဘဝလုံးကိုပုံအပ် ယုံမှတ်လို့ ချစ်ကြင် မေမေ့ဝမ်းထဲတစ်ခါလေးဆိုမှ တစ်ခါတည်း ဝင်ခဲ့မိတာပါမေမေ….

မေမေတို့ လူမှုရေး အပူမီးတွေကို ရင်စီးပြီးခံခဲ့ရတဲ့အမေ့သား ဘာဆိုဘာမှ နားမလည်ခဲ့ဘူးမေမေ….

မေမေရယ် သားဟာ မေမေတို့မိသားစုလေးအတွက် ဒုက္ခတွေ မျှဝေရင်း ဘဝတေးအလှတူညီကုံးရင်း တစ်ခဏ ဖေးမကူညီရုန်းဖို့ရောက်လာတဲ့သားပါ….

မေမေ သားကို အမျိုးမျိုးဖျက်ဆီးဖို့ကြံခဲ့တယ်…မေမေ အကြံစည် အထမမြောက်ခဲ့တောငြင်းလွှတ်တဲ့ဆရာဝန်တွေကိုတောင် ဆူအောင့်နေတဲ့ မေမေ….

အမေ့သက်ပြင်းရှိုက်သံများ အမေ့ဗိုက်ထဲက သား အထင်းသား ကြားခဲ့ရတယ်အမေ….

မေမေသားကို ကျောက်ပြင်နဲ့ဖိတယ်….မေမေ သားအပေါ် ပူလောင်ပြင်းပြတဲ့ ငရဲမီးနဲ့တူတဲ့ အပူရည်တွေ လောင်းချတယ်…..

သား မရမက အံကြိတ်ခံခဲ့တယ်အမေ….ဒါတောင်မေမေက အားမရသေး သားကို ဖဲထီးသံချွန်နဲ့ထိုးတယ်….

ချွန်ထက်တဲ့ကိရိယာတွေနဲ့ခွါချတယ်….ပြွန်တံသေးသေးပါတဲ့ ကိရိယာတစ်မျိုးနဲ့ထပ် စုပ်…..

သားခန္ဓာ မစုတ်ပြတ်အောင်မနည်း ရှောင်နေခဲ့ရတာပါအမေ….

အမြင်နွမ်း ပင်ပန်းနေတဲ့မေမေ့ကို သားလေ မကြည့်ရက်နိုင်တော့လို့ဖြစ်လိုရာဖြစ် ဆိုပြီး….

မေမေ့ဝမ်းကြာတိုက် အမြင့်တစ်နေရာမှာ ကပ်နေတဲ့အမေ့သားကျွန်တော် ခန္ဓာကိုယ်ကို အောက်ကို လျှောချပေးခဲ့တာ မေမေသိရဲ့လား…

မေမေ မီအောင်ပါ…..မေမေသားကို ကြိုက်ရာလက်နက်နဲ့ ဖျက်လိုဖျက် ခွဲလိုခွဲ သားခံရဲပါတယ်မေမေ….

သားတစ်ခုတော့ပြောပါရစေအမေ….သားကို အမေလိုချင်လို့ပဲ မွေးမွေး မလိုချင်လို့တားဆီးခဲ့တဲကြားကပဲ ရလာ ရလာ….

တဒင်္ဂ လူ ဖြစ်ခွင့်ပေးခဲ့တဲ့ မေ့မေ့ကို သားထာဝရ ကျေးဇူးတင်နေမှာပါ….

တကယ်တော့ သားဟာ မေမေတို့ဘဝထဲ အတင်းတိုးဝင်ခဲ့တာမဟုတ်ဘူး….

တရားခံဘယ်သူလဲမေမေ……မေမေ့ကိုလည်း တရားခံဆိုပြီး သားမစွပ်စွဲရက်ဘူးမေမေ…..

တကယ်တော့ အမေ့သားကျွန်တော်ဟာ အမေ့ကို ချစ်တဲ့သားပါ…..

သားလေ အမေကျွေးတဲ့အဆိပ်ကိုတောင် ဆေးအဖြစ်နဲ့ မျိုချရဲသူပါ မေမေ…..

တကယ်တော့ သားဟာ အမေတို့အတွက် မိသားစုရဲ့အေးစက်စက်ခန္ဓာအစုံကို အနွေးဓါတ်လေးခြုံ ပေးမယ့် ညာလက်ရုံးတစ်စုံပါမေမေ….

လာခြင်းကောင်းတဲ့အမေ့သားလို့မသိများ မသိခဲ့လေရော့သလားမေမေရယ်….

အပြစ်ကျူ းလွန်တဲ့ ရာဇဝဋ်သားတွေတောင် အကျဉ်းထောင်မှာ ပြုပြင်ခွင့်ရပြီး လူယဉ်ကျေးဖြစ်လာကြသေးတာပါမေမေ….

သား ဘာကျ ူ းလွန်မိလို့လဲ …ဘာပဲဖြစ်ဖြစ် ကကလရည်ကြည် ဘဝအဆင့် လူဖြစ်ခွင့် ပေးခဲ့တဲ့ကျေးဇူးတရားအတွက် ….

သားလေ ဒီတစ်သက် မမေ့ရက်ပါဘူးအမေ…သားကြောင့် အခု မေမေ ဆေးရုံခုတင်ပေါ် အရေးပေါ်သွေးသွင်းခံနေရပြီ….

မေမေက နည်းအမျိုးမျိုးသုံးတော့ ရှောင်လို့မရတဲ့အဆုံးပြုံးပြုံးလေးနဲ့ အသေခံခဲ့တဲ့အမေ့သားကျွန်တော်လေ…

စုတ်ပြတ်သတ်အောင် တစစီဖြစ်နေတဲ့အသည်း နှလုံး ကျောက်ကပ် အရိုးစိုင်တွေကြား အမေ့ကို လွမ်းတဲ့အားနဲ့ ကြည့်နေနိုင်သေးတယ်အမေ….

ကံဇာတ်ဆရာကို သားမုန်းတယ်မေမေ…..ဆင်းရဲမွဲတေတဲ့ မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ကလေး လူယဉ်ကျေး မဖြစ်နိုင်ဘူးလို့ဘယ်သူပြောလဲ….

လူလိမ္မာပညာတတ် မြင့်မြတ်တဲ့ရဟန်း အစွမ်းအစရှိတဲ့ ခေါင်းဆောင် ထွန်းပြောင်တဲ့သမ္မတမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ….

ဒါပေမယ့်မေမေရယ်….ခုလေ သားကို သူတို့ တွန်းလှဲပေါ်တင်တော့မယ်….

ဖြူဖွေးဖွေး အေးစက်စက်လက်ကြီးတွေက သားကို အိတ်အနက်ကြီးတွေနဲ့ထုတ်တော့မယ်….

သားကို အစအနမကျန်အောင် ဖျက်ဆီးပစ်တော့မယ်….သားကြောက်တယ်မေမေ….

ဒါပေမယ့် တလိမ့်လိမ့်တက်လာတဲ့ သားကြောက်စိတ်တွေကို ပုံမှန်ပြန်ဖြစ်လာတဲ့ မေမေ့အသက်ရှူနှုန်း နှလုံးခုန်နှုန်းလှိုင်းအလျားတွေနဲ့ ခုန်ခုန်အုပ်ပစ်လိုက်တယ်….

ဘာတတ်နိုင်သေးလဲ အမေ မသေနိုင်တော့ဘူး။သားအရမ်း့ ဝမ်းသာမိတယ်အမေ….ကျန်းမာအောင်နေပါမေမေ…

မေမေ အားငယ်တဲ့အခါ နွမ်းလျ ပန်းကျ နေတဲ့အခါ သားမေမေ့အနား တစ်ဖဝါးမခွာ ရှိနေပေးပါ့မယ်….

တဒင်္ဂ ခဏလူဖြစ်ခွင့်ပေးခဲ့တဲ့ သားရဲ့ မေမေ….. အသက် ရာကျော်ရှည်ပါစေ…။ မေမေ မြန်မြန် နေကောင်းပါစေ……။

===============

မိမိရင်မှဖြစ်သည့် မိမိသွေး မိမိရင်သွေးကို တာဝန်သိမှု တာဝန်ရှိမှု ဖြင့် တာဝန်ယူနိုင်ကြစေရန် ဆေးရုံပေါ်တွင်မကြာခဏ ကြုံတွေ့ရသည့် ဤ ဖြစ်ရပ်မှန်အသိပေးရသ စာတမ်းငယ်ဖြင့် သတိပေးအပ်ပါသည် ။

ဤစာလေးကို Share ခြင်းဖြင့် ခက်ရာခက်ဆစ် လူဖြစ်မည့် ရှားပါးအသက်တစ်ချောင်းလူသားချင်းစာနာစိတ်ဖြင့်စုပေါင်းကယ်တင်နိုင်ကြပါစေ….။

အပြစ်မဲ့ရင်သွေးဘဝ ဘေးကင်းသာယာလှပနိုင်ပါစေ…. မိမိရင်သွေးကို မိမိကိုယ်တိုင်ရက်ရက်စက်စက် သတ်ပစ်ရက်သည့် လူသတ်တရားခံမိဘအဖြစ်မှ ကင်းဝင်းနိုင်ကြပါစေ….

လူတိုင်း မိမိလူသားဝန်းကျင်ကိုမြှင့်တင်ရင်း နှလုံးလှပ မွှေးပျံ့နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် (ရက်စက်တတ်သည့် မိခင်ဖခင်များသို့)

ဖိုးသူတော် (www.phothutaw.com)
Credit:မင်းသွေးငယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top