စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ခ်စ္သူမ်ားေန႔တြင္ အ ႐ုပ္၊ ပန္းစည္း၊ ေခ်ာကလက္မ်ား ေပး၍ Romantic ဆန္စရာမလုိ ဘဲ သစၥာရွိဖုိ႔သာလုိအပ္ေၾကာင္း သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာသည္။‘‘ေခ်ာကလက္က ကုိယ္ လည္း မေကြၽးဘူး။ သူလည္း မႀကိဳက္ဘူး။ ႐ုိစရာမလုိဘူး။ သစၥာရိွဖုိ႔ပဲလုိတယ္။ အဓိကက သစၥာရွိရမယ္။ ဘာလုပ္မွာလဲ ႐ုိၿပီး ဒါေတြအားလုံးက တစ္ခဏ တာပဲ။ လူေတြအားလုံးက လက္ ေတြ႕က်က်ျဖတ္သန္းေနရတာ။ ကုိယ့္အေပၚ ဘယ္ေလာက္ထိ လက္ေတြ႕က်က်ပံ့ပုိးေပးႏုိင္မ လဲ၊ အဓိကကဘယ္ေလာက္ထိ ကုိယ့္အေပၚမွာ သစၥာတရားရွိေပး ႏုိင္မလဲ၊ နားလည္ေပးႏုိင္မလဲ၊ အဲဒါပဲ အေရးႀကီးတယ္။

ခ်စ္သူ မ်ားေန႔မွာ ခ်စ္သူက အေ၀း ေရာက္ေနလုိ႔ ေခ်ာကလက္မစား ရလုိ႔၊ ပန္းစည္းမရလုိ႔ဆုိၿပီး ဘယ္ ေတာ့မွ စိတ္မဆုိးနဲ႔။ ရန္ျဖစ္စရာ မလုိဘူး။ ျပႆနာရွာစရာမလုိ ဘူး။ အဓိကကကုိယ့္ကုိ ဟုိတယ္ မေခၚသြားရင္ ေတာ္ေတာ္အဆင္ ေျပေနၿပီ။ အဲဒါက ေယာက်္ား ေကာင္းပဲ’’ ဟု ၎ကေျပာသည္။ခ်စ္သူမ်ားေန႔ကုိ ဆယ္ ေက်ာ္သက္လူငယ္မ်ားက ႐ူး သြပ္ကာ အထိမ္းအမွတ္တစ္ခုအ ေနျဖင့္ က်င္းပေသာ္လည္း လူ လတ္ပိုင္းမ်ားအေနျဖင့္ မ႐ူးသြပ္ ၾကေၾကာင္း ၎ကေျပာသည္။

‘‘အခြင့္အေရးလုိခ်င္တဲ့ ေယာက်္ားက အခြင့္အေရးကုိ ေစာင့္ၿပီး လုိက္ရွာေနတယ္။ ကိုယ့္ကုိ သစၥာရွိတဲ့ေယာက်္ားက အဲဒီအခြင့္အေရးကုိ လ်စ္လ်ဴ႐ႈ ထားတယ္။ ကုိယ့္ကုိ ေမာင္ႏွမ လုိေစာင့္ေရွာက္တယ္။ အဲဒီလုိ ေစာင့္ေရွာက္တဲ့အမ်ိဳးသားကုိ ရွာ ပါ။ ခ်စ္သူေတာ္ပါ။ ေအးျမတ္သူ ကေတာ့ ခ်စ္သူမ်ားေန႔မွာ ဟုိ တယ္ေခၚၿပီး Surprise လုပ္တဲ့ အမ်ိဳးသားကုိ မႀကိဳက္ဘူး’’ ဟု ၎ကေျပာသည္။မည္သူက မည္သုိ႔ျဖား ေယာင္းေသြးေဆာင္ပါေစ မိမိ၏ ဆင္ျခင္တုံတရားႏွင့္စိတ္ကသာ အဓိကျဖစ္ေၾကာင္း ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Real News

#Unicode Version#

ချစ်သူများနေ့တွင် အ ရုပ်၊ ပန်းစည်း၊ ချောကလက်များ ပေး၍ Romantic ဆန်စရာမလို ဘဲ သစ္စာရှိဖို့သာလိုအပ်ကြောင်း သရုပ်ဆောင် အေးမြတ်သူက ပြောသည်။‘‘ချောကလက်က ကိုယ် လည်း မကျွေးဘူး။ သူလည်း မကြိုက်ဘူး။ ရိုစရာမလိုဘူး။ သစ္စာရှိဖို့ပဲလိုတယ်။ အဓိကက သစ္စာရှိရမယ်။ ဘာလုပ်မှာလဲ ရိုပြီး ဒါတွေအားလုံးက တစ်ခဏ တာပဲ။ လူတွေအားလုံးက လက် တွေ့ကျကျဖြတ်သန်းနေရတာ။ ကိုယ့်အပေါ် ဘယ်လောက်ထိ လက်တွေ့ကျကျပံ့ပိုးပေးနိုင်မ လဲ၊ အဓိကကဘယ်လောက်ထိ ကိုယ့်အပေါ်မှာ သစ္စာတရားရှိပေး နိုင်မလဲ၊ နားလည်ပေးနိုင်မလဲ၊ အဲဒါပဲ အရေးကြီးတယ်။

ချစ်သူ များနေ့မှာ ချစ်သူက အဝေး ရောက်နေလို့ ချောကလက်မစား ရလို့၊ ပန်းစည်းမရလို့ဆိုပြီး ဘယ် တော့မှ စိတ်မဆိုးနဲ့။ ရန်ဖြစ်စရာ မလိုဘူး။ ပြဿနာရှာစရာမလို ဘူး။ အဓိကကကိုယ့်ကို ဟိုတယ် မခေါ်သွားရင် တော်တော်အဆင် ပြေနေပြီ။ အဲဒါက ယောကျ်ား ကောင်းပဲ’’ ဟု ၎င်းကပြောသည်။ချစ်သူများနေ့ကို ဆယ် ကျော်သက်လူငယ်များက ရူး သွပ်ကာ အထိမ်းအမှတ်တစ်ခုအ နေဖြင့် ကျင်းပသော်လည်း လူ လတ်ပိုင်းများအနေဖြင့် မရူးသွပ် ကြကြောင်း ၎င်းကပြောသည်။

‘‘အခွင့်အရေးလိုချင်တဲ့ ယောကျ်ားက အခွင့်အရေးကို စောင့်ပြီး လိုက်ရှာနေတယ်။ ကိုယ့်ကို သစ္စာရှိတဲ့ယောကျ်ားက အဲဒီအခွင့်အရေးကို လျစ်လျူရှု ထားတယ်။ ကိုယ့်ကို မောင်နှမ လိုစောင့်ရှောက်တယ်။ အဲဒီလို စောင့်ရှောက်တဲ့အမျိုးသားကို ရှာ ပါ။ ချစ်သူတော်ပါ။ အေးမြတ်သူ ကတော့ ချစ်သူများနေ့မှာ ဟို တယ်ခေါ်ပြီး Surprise လုပ်တဲ့ အမျိုးသားကို မကြိုက်ဘူး’’ ဟု ၎င်းကပြောသည်။မည်သူက မည်သို့ဖြား ယောင်းသွေးဆောင်ပါစေ မိမိ၏ ဆင်ခြင်တုံတရားနှင့်စိတ်ကသာ အဓိကဖြစ်ကြောင်း ၎င်းကပြော သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: Real News

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top