၁၉၉၄ ကေန ၁၉၉၈ ခုႏွစ္္အတြင္း လူေပါင္း သုံးသန္းေက်ာ္ ေသဆုံးခဲ့ရတဲ့ ငတ္မြတ္ျခင္း ေဘးဟာ ေျမာက္ကိုရီးယားႏုိင္ငံကို တစ္ဖန္ ေျခာက္လွန္႔လို႔ ေနပါတယ္။ စားနပ္ရိကၡာေတြ ရွားပါးေနၿပီး ျပည္သူေတြကို ေကၽြးေမြးႏုိင္ဖို႔ လုံေလာက္မႈ မရွိျဖစ္ေနတယ္လို႔ ေျမာက္ကိုရီးယားႏိုင္္ငံက ဖြင့္ထုတ္လာပါတယ္။

ပုံမွန္အားျဖင့္ လွ်ိဳ႕၀ွက္တဲ့ ေျမာက္ကိုရီးယားႏုိင္္ငံဟာ ခုလို စာနပ္္ရိကၡာ ျပတ္ေတာက္ေနေၾကာင္းကို မွင္တက္္စရာ ထုတ္ေဖာ္ေျပာလာတာပဲ ျဖစ္ပါတယ္။

NBC News က ရရွိခဲ့တဲ့ ကုလသမဂၢဆိုင္္ရာ ေျမာက္ကိုရီးယားသံအမတ္ႀကီး ကင္ေဆာင္းရဲ႕ သေဘာတူစာခ်ဳပ္မွာ ႏိုင္ငံအေနနဲ႔ ျပည္္သူေတြကို ေကၽြးေမြးဖို႔ စားနပ္္ရိကၡာ မလုံမေလာက္ ျဖစ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီလို ျဖစ္ရတာဟာ သဘာ၀ေဘးေတြနဲ႔ အေမရိကန္နဲ႔ ႏုိင္္ငံတကာအသိုက္အ၀န္းရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ပဲ ျဖစ္တယ္လို႔ ကင္ေဆာင္းက အျပစ္ဆိုထားပါတယ္။ ဒီလို ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ ျပည္ပကေန လယ္ယာစုိက္ပ်ဳိးေရးပစၥည္းေတြ ၀ယ္ယူဖို႔ ခက္ခဲရတယ္လို႔ ဆုိပါတယ္္။

ေျမာက္ကိုရီးယားအစိုးရဟာ သူ႔ျပည္သူေတြရဲ႕ ၀မ္းေရးကို ျဖည့္ဆည္းေပးႏုိင္ေရးအတြက္ ႏိုင္ငံတကာအဖြဲ႔အစည္းေတြကို အားခ်င္း အကူအညီေတာင္းေနလ်က္ ရွိတယ္လို႔လည္း ကင္ေဆာင္းက ေျပာပါတယ္။

ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္နဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ ၂၀၁၈ စားနပ္ရိကၡာအကဲျဖတ္ခ်က္မွာ ေျမာက္ကိုရီးယားႏုိင္ငံဟာ ၂၀၁၇ ကထက္ စားနပ္ရိကၡာ တန္ခ်ိန္ ၅၀၃၀၀၀ တန္ နည္းပါးၿပီး ထုတ္လုပ္ခဲ့ရတယ္လို႔ သိရပါတယ္။

ဒီလို အႀကီးအက်ယ္ စားနပ္ရိကၡာ ျပတ္ေတာက္မႈ ျဖစ္ရတာဟာ စံခ်ိန္တင္ အပူခ်ိန္ျမင့္မားမႈ၊ မိုးေခါင္မႈ၊ မိုးသည္းထန္မႈနဲ႔ ႏုိင္ငံတကာဆန္ရွင္္ေတြေၾကာင့္ ျဖစ္ပါတယ္။

“လယ္ယာသုံး ပစၥည္းေတြ တင္သြင္းတာအေပၚ တင္းက်ပ္ခံရတာဟာလည္း ေျမာက္ကိုရီးယားမွာ စားနပ္ရိကၡာ ျပတ္ေတာက္ရတာရဲ႕ ေနာက္ထပ္ အေရးႀကီးအခ်က္တစ္ရပ္ပဲ ျဖစ္တယ္။”လို႔ ကင္ေဆာင္းက ေျပာပါတယ္။

ဒီလို စားနပ္ရိကၡာ ျပတ္ေတာက္မႈေၾကာင့္ ဇန္န၀ါရီလအတြင္းမွာ အစိုးရဟာ ေကာ္လံျပာနဲ႔ ေကာ္လံျဖဴ အလုပ္သမားေတြရဲ႕ မိသားစုေတြအတြက္ စားနပ္ရိကၡာ ေ၀စုကို ၅၅၀ ဂရမ္ကေန ဂရမ္ ၃၀၀ အထိ မလႊဲသာလို႔ ေလွ်ာ့ခ်ခဲ့ရတယ္လို႔ ကင္ေဆာင္းက ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေမာင္သံဆင့္

#Unicode Version# ျဖင့္ဖတ္ပါ ။

၁၉၉၄ ကနေ ၁၉၉၈ ခုနှစ်အတွင်း လူပေါင်း သုံးသန်းကျော် သေဆုံးခဲ့ရတဲ့ ငတ်မွတ်ခြင်း ဘေးဟာ မြောက်ကိုရီးယားနိုင်ငံကို တစ်ဖန် ခြောက်လှန့်လို့ နေပါတယ်။ စားနပ်ရိက္ခာတွေ ရှားပါးနေပြီး ပြည်သူတွေကို ကျွေးမွေးနိုင်ဖို့ လုံလောက်မှု မရှိဖြစ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဖွင့်ထုတ်လာပါတယ်။

ပုံမှန်အားဖြင့် လျှို့ဝှက်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ခုလို စာနပ်ရိက္ခာ ပြတ်တောက်နေကြောင်းကို မှင်တက်စရာ ထုတ်ဖော်ပြောလာတာပဲ ဖြစ်ပါတယ်။

NBC News က ရရှိခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆောင်းရဲ့ သဘောတူစာချုပ်မှာ နိုင်ငံအနေနဲ့ ပြည်သူတွေကို ကျွေးမွေးဖို့ စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။

ဒီလို ဖြစ်ရတာဟာ သဘာဝဘေးတွေနဲ့ အမေရိကန်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ ကင်ဆောင်းက အပြစ်ဆိုထားပါတယ်။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ပြည်ပကနေ လယ်ယာစိုက်ပျိုးရေးပစ္စည်းတွေ ဝယ်ယူဖို့ ခက်ခဲရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ သူ့ပြည်သူတွေရဲ့ ဝမ်းရေးကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို အားချင်း အကူအညီတောင်းနေလျက် ရှိတယ်လို့လည်း ကင်ဆောင်းက ပြောပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ၂၀၁၈ စားနပ်ရိက္ခာအကဲဖြတ်ချက်မှာ မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၁၇ ကထက် စားနပ်ရိက္ခာ တန်ချိန် ၅၀၃၀၀၀ တန် နည်းပါးပြီး ထုတ်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီလို အကြီးအကျယ် စားနပ်ရိက္ခာ ပြတ်တောက်မှု ဖြစ်ရတာဟာ စံချိန်တင် အပူချိန်မြင့်မားမှု၊ မိုးခေါင်မှု၊ မိုးသည်းထန်မှုနဲ့ နိုင်ငံတကာဆန်ရှင်တွေကြောင့် ဖြစ်ပါတယ်။

“လယ်ယာသုံး ပစ္စည်းတွေ တင်သွင်းတာအပေါ် တင်းကျပ်ခံရတာဟာလည်း မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ပြတ်တောက်ရတာရဲ့ နောက်ထပ် အရေးကြီးအချက်တစ်ရပ်ပဲ ဖြစ်တယ်။”လို့ ကင်ဆောင်းက ပြောပါတယ်။

ဒီလို စားနပ်ရိက္ခာ ပြတ်တောက်မှုကြောင့် ဇန်နဝါရီလအတွင်းမှာ အစိုးရဟာ ကော်လံပြာနဲ့ ကော်လံဖြူ အလုပ်သမားတွေရဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာ ဝေစုကို ၅၅၀ ဂရမ်ကနေ ဂရမ် ၃၀၀ အထိ မလွှဲသာလို့ လျှော့ချခဲ့ရတယ်လို့ ကင်ဆောင်းက ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မောင်သံဆင့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top