က်ိဳက္ထီ႐ိုးေစတီေတာ္ျမတ္မွ ရင္နင့္ဝမ္းနဲဖြယ္ရာျမင္ကြင္းမ်ား အေတာ့္ကိုစိတ္မေကာင္းပါ။တကယ္ေတာ့က်မတို႔က်ိဳက္ထီး႐ိုးေစတီေတာ္ကို မဖူးျဖစ္တာ ၁၀ ႏွစ္နီးပါးရွိပါၿပီ ။

ၿပီးခဲ့တဲ့လ ကမွ Cable လဲစီးၿပီးဘုရားဖူးျဖစ္ေတာ့ Cable စီးရတာလူႀကီးေတြ အတြက္အေတာ္ေလးအဆင္ေျပတာေတြ႕ရပါတယ္ ။သိသိသာသာအခ်ိန္ကုန္လဲသက္သာတယ္ ။ ရႈခင္းေတြလဲၾကည့္ရတယ္ ။

တစ္ခုပဲ Cable စီးဖို႔ကားကိုအရင္စီးၿပီးလမ္းတစ္ဝက္က်မွ Cable ကိုတက္စီးရေတာ့ တက္လိုက္ဆင္းလိုက္ေတာ့ျဖစ္တာေပါ့ ။ဘုရားမဖူးျဖစ္တာ ၁၀ ႏွစ္ေက်ာ္ၾကာၿပီး အခုျပန္ဖူးရေတာ့ ရင္ထဲမွာေတာ္ေတာ္ကိုၾကည္ညိဳပီတိျဖစ္မိပါတယ္ ။

ရင္ျပင္ေတာ္ေပၚကအေဆာက္အဦးေတြအကုန္လုံးက ၁၀ ႏွစ္တာကာလနဲ႔ယွဥ္ရင္ေက်နပ္စရာေကာင္းေလာက္ေအာင္ေျပာင္းလဲလာတာေတာ့မေတြ႕ရေပမဲ့ အဆင္ေျပေနပါေသးတယ္ ။အဆင္မေျပတာက ဘုရားေပၚအတက္အဆင္း လမ္းမေပၚက အလြန္ညစ္ပတ္စြာေရာင္းခ်ေနတဲ့ေဈးဆိုင္တန္းမ်ားနဲ႔ တန္းစီးစနစ္ကို အခုထိ လုံးဝမလုပ္ႏိုင္ေသးတဲ့ ညံ့ဖ်င္းတဲ့ စီမံခန႔္ခြဲမႈပါပဲ ။

လြန္ခဲ့တဲ့ ၁၀ ႏွစ္မေျပာနဲ႔က်မတို႔မေမြးခင္တည္းက ဒီကားေတြကို ခုလိုလုတက္ၾကတဲ့စနစ္က ခုခ်ိန္ထိမေျပာင္းလဲႏိုင္ေသးတာ က်မ ေတာ္ေတာ္ေလးကို စိတ္ဓါတ္က် မိပါတယ္ ။ တာဝန္ရွိလူႀကီးမင္းမ်ားကို အခြင့္သာရင္ က်မ ႐ိုေသစြာသြားေျပာၿပီးေမးခ်င္ပါေသးတယ္ ။

လက္ရွိတန္းစီစနစ္ကို က်င့္သားမရေသးတဲ့ ဒီႏိုင္ငံကိုပဲအျပစ္မေျပာပါနဲ႔ ။ က်မတို႔ကိုယ္တိုင္ ေနရာတက်တန္းစီၿပီးတက္ရင္ေတာင္ လူႀကီးမင္းတို႔ဘက္က တန္းစီစနစ္ကို တင္းၾကပ္စြာမလုပ္ထားတဲ့အတြက္ က်မတို႔ တန္းစီတဲ့သူေတြ က ေနာက္ဆုံးမွာဘီးဖက္လိုက္ဖို႔ပဲရွိပါတယ္ ။တန္းစီတဲ့သူေတြထဲမွာ သက္ႀကီး႐ြယ္အိုေတြ , ဘုန္းႀကီးေတြ , ႏိုင္ငံျခားသားေတြပါေနတာလဲ အလြန္ကိုဝမ္းနည္းစိတ္ပ်က္စရာေကာင္းေနပါေသးတယ္ ။

လာတဲ့ခရီးသည္မ်ားကို ကားနံပါတ္အလိုက္ ခုံနံပါတ္ကိုျဖတ္ေပးလိုက္မယ္ဆိုရင္ ကုန္က်စရိတ္လဲဘယ္ေလာက္မွ မတက္သြားသလို သမိုင္းဝင္ေစတီေတာ္ႀကီးရဲ႕ျမင္ကြင္းကိုလဲခုေလာက္ထိ အ႐ုပ္ဆိုးေစမွာမဟုတ္ပါဘူး ။

ေနာက္ၿပီး လမ္းတစ္ေလွ်ာက္ က်မတို႔ ဗိုက္ဆာရင္ ရင္ျပင္ေတာ္ေပၚမွာ စားစရာ သန႔္သန႔္ျပန႔္ျပန႔္တစ္ဆိုင္မွမရွိတဲ့အျပင္ ဆိုင္တန္းအားလုံးနီးနီးက ဖုန္တစ္ေထာင္ေထာင္းယင္တစ္ေလာင္းေလာင္းနဲ႔ေရာင္းေနတဲ့ လမ္းေဘးေဈးသည္ေတြခ်ည္းပါပဲ ။

အရင္ ဆီထမင္းပူပူေလး ဂ်ိဳးေၾကာ္နဲ႔စားရတဲ့ ဆိုင္လဲ ဘယ္ႏွစ္ရက္က ဆီထမင္းမွန္းမသိ ဂ်က္ခဲႀကီးကိုျဖစ္လို႔ ။အခ်ဥ္ေပါင္းေတြကလဲ ယင္ေကာင္ေပါင္းေတြလိုပဲညစ္ပတ္လိုက္တာမွ ရွက္စရာေကာင္းလိုက္တာမွ ပုံမွာၾကည့္လို႔ရပါတယ္ ။က်မ တာ္ေတာ္ကိုေဒါသထြက္မိပါတယ္ ။ ဒါ လမ္းေဘးေဈးဆိုင္တန္းမဟုတ္ပါဘူး ။

ကမာၻတစ္ဝန္းက ႏိုင္ငံျခားသားေတြကိုယ္တိုင္ တေလးတစားလာေရာက္ၾကည့္ရႈ တဲ့ က်မတို႔တစ္ႏိုင္ငံလုံးရဲ႕ အေရးႀကီးတဲ့အထြတ္အျမတ္တစ္ေနရာ ပါ ။ဒီေလာက္ႀကီးျမတ္တဲ့ေနရာမွာ လမ္းေဘးေဈးဆိုင္တန္းထက္နိမ့္က်တဲ့ အျပင္အဆင္ေတြ , ေဈးသည္ေတြဘတ္စ္ကားတိုးစီးတာထက္ေတာင္ ႐ုပ္ပ်က္တဲ့ျမင္ကြင္းေတြကို ဘာလို႔လက္ခံေနေသးတာလဲ က်မ စဥ္းစားလို႔မရပါဘူး ။

စည္းကမ္းဆိုတာ ႏိုင္ငံေရးပါ ။ တစ္ႏိုင္ငံလုံးနဲ႔ဆိုင္တဲ့ ဘုရားမွာစည္းကမ္းမရွိတာ ဒါတစ္ႏိုင္ငံလုံးသိကၡာနဲ႔ဆိုင္တဲ့ႏိုင္ငံေရးပါပဲ ။ ဒါေၾကာင့္ တာဝန္ရွိသူမ်ားအျမန္ဆုံး ဒီကိစၥေတြကိုေျဖရွင္းေပးၾကဖို႔ ေမွ်ာ္လင့္ရင္းနဲ႔ ဒီစာကိုတင္လိုက္ပါတယ္ ။က်မ လွ်ာရွည္တယ္လို႔ထင္ၾကလဲထင္ၾကပါေစ ။ဒါက်မ တစ္ေယာက္ထဲနဲ႔ဆိုင္တဲ့ကိစၥမဟုတ္လို႔က်မ ေၾကာင့္တစ္ခုခုအရာေရာက္သြားရင္လဲ က်မလွ်ာရွည္ရက်ိဳးနပ္ပါတယ္ ။

ဒါေၾကာင့္ တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ ဘုရားနားက လူႀကီးမင္းမ်ားနဲ႔ ဘုရားႀကီးအက်ိဳးေတာ္ေဆာင္ ေဂါပကလူႀကီးမင္းမ်ားထိ ေရာက္ရွိဖို႔ ကူညီၾကပါဦး ။ေနာက္အေခါက္ေခါက္အခါခါ က်မတို႔ေျမးျမစ္ေတြထိသန႔္ျပန႔္ေသာသာသနာ့နယ္ေျမမွာ သန႔္ျပန႔္ေသာ စားစရာမ်ားကိုစားရင္း သန႔္ျပန႔္ေသာစည္းကမ္းမ်ားျဖင့္သန႔္ျပန႔္စြားဖူးပါရေစ ဘုရား ။

အဖုံးမပါ ယင္ေကာင္ေပါင္းမ်ားနဲ႔ ဘာယိုဆိုလား ။ ဘယ္ႏွစ္ရက္ၾကာတဲ့ဟာလဲမသိပါ ။သရက္ယို ဇြန္းကိုလဲၾကည့္ၾကပါ ။ယိုက ကပ္ေတာ့ ယင္ေတြလဲ ကပ္ေနေရာ ။ျပီးေတာ့ အခ်ဥ္ေပါင္းတဲ့ ဘုရားေရ ။ ပုရစ္ေၾကာ္ သန႔္သလားမေမးနဲ႔ ။ စားလိုက္ တန္းခနဲပဲ။ဂ်ိဳးေၾကာ္တဲ့ကြယ္ ။ A ကိုက္ေနသလားမွတ္ရတယ္ ။

ဒါက ကားစပါယ္ယာပါ ။ ကားေပၚဖက္တက္ၿပီးကားခေတာင္းေနတယ္ ။ ဒါက မတက္ခင္တည္းက ႐ုံမွာ လက္မွတ္နဲ႔ျဖတ္ၿပီး ပိုက္ဆံေပးခဲ့ရမဲ့စနစ္ ။ ဒါကို ဖက္ယက္တက္ၿပီး ေတာင္းေနတယ္ ။ သူလဲ အႏၲရာယ္မ်ားတယ္ ။ ကားက အရွိန္နဲ႔ေကြ႕ေနတာေလ ။

Cableစီးတာေတာ့ အေတာ္ေလးအဆင္ေျပပါတယ္ ။ ၾကာခ်ိန္ ၁၀ မိနစ္ခန႔္သာရွိပါတယ္ ။လမ္းတစ္ေလွ်ာက္က ေနရာလပ္မက်န္ရွိေနတဲ့ အမႈိက္မ်ား ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီေတာ္အား ဦးထိပ္ထားလွ်က္ ဆုေတာင္းပါတယ္ ။ ေျပာင္းလဲခ်ိန္တန္ပါၿပီ ဘုရား ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Htike Htike Aung

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျိုက်ထီရိုးစေတီတော်မြတ်မှ ရင်နင့်ဝမ်းနဲဖွယ်ရာမြင်ကွင်းများ အတော့်ကိုစိတ်မကောင်းပါ။တကယ်တော့ကျမတို့ကျိုက်ထီးရိုးစေတီတော်ကို မဖူးဖြစ်တာ ၁၀ နှစ်နီးပါးရှိပါပြီ ။

ပြီးခဲ့တဲ့လ ကမှ Cable လဲစီးပြီးဘုရားဖူးဖြစ်တော့ Cable စီးရတာလူကြီးတွေ အတွက်အတော်လေးအဆင်ပြေတာတွေ့ရပါတယ် ။သိသိသာသာအချိန်ကုန်လဲသက်သာတယ် ။ ရှုခင်းတွေလဲကြည့်ရတယ် ။

တစ်ခုပဲ Cable စီးဖို့ကားကိုအရင်စီးပြီးလမ်းတစ်ဝက်ကျမှ Cable ကိုတက်စီးရတော့ တက်လိုက်ဆင်းလိုက်တော့ဖြစ်တာပေါ့ ။ဘုရားမဖူးဖြစ်တာ ၁၀ နှစ်ကျော်ကြာပြီး အခုပြန်ဖူးရတော့ ရင်ထဲမှာတော်တော်ကိုကြည်ညိုပီတိဖြစ်မိပါတယ် ။

ရင်ပြင်တော်ပေါ်ကအဆောက်အဦးတွေအကုန်လုံးက ၁၀ နှစ်တာကာလနဲ့ယှဉ်ရင်ကျေနပ်စရာကောင်းလောက်အောင်ပြောင်းလဲလာတာတော့မတွေ့ရပေမဲ့ အဆင်ပြေနေပါသေးတယ် ။အဆင်မပြေတာက ဘုရားပေါ်အတက်အဆင်း လမ်းမပေါ်က အလွန်ညစ်ပတ်စွာရောင်းချနေတဲ့ဈေးဆိုင်တန်းများနဲ့ တန်းစီးစနစ်ကို အခုထိ လုံးဝမလုပ်နိုင်သေးတဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုပါပဲ ။

လွန်ခဲ့တဲ့ ၁၀ နှစ်မပြောနဲ့ကျမတို့မမွေးခင်တည်းက ဒီကားတွေကို ခုလိုလုတက်ကြတဲ့စနစ်က ခုချိန်ထိမပြောင်းလဲနိုင်သေးတာ ကျမ တော်တော်လေးကို စိတ်ဓါတ်ကျ မိပါတယ် ။ တာဝန်ရှိလူကြီးမင်းများကို အခွင့်သာရင် ကျမ ရိုသေစွာသွားပြောပြီးမေးချင်ပါသေးတယ် ။

လက်ရှိတန်းစီစနစ်ကို ကျင့်သားမရသေးတဲ့ ဒီနိုင်ငံကိုပဲအပြစ်မပြောပါနဲ့ ။ ကျမတို့ကိုယ်တိုင် နေရာတကျတန်းစီပြီးတက်ရင်တောင် လူကြီးမင်းတို့ဘက်က တန်းစီစနစ်ကို တင်းကြပ်စွာမလုပ်ထားတဲ့အတွက် ကျမတို့ တန်းစီတဲ့သူတွေ က နောက်ဆုံးမှာဘီးဖက်လိုက်ဖို့ပဲရှိပါတယ် ။တန်းစီတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ , ဘုန်းကြီးတွေ , နိုင်ငံခြားသားတွေပါနေတာလဲ အလွန်ကိုဝမ်းနည်းစိတ်ပျက်စရာကောင်းနေပါသေးတယ် ။

လာတဲ့ခရီးသည်များကို ကားနံပါတ်အလိုက် ခုံနံပါတ်ကိုဖြတ်ပေးလိုက်မယ်ဆိုရင် ကုန်ကျစရိတ်လဲဘယ်လောက်မှ မတက်သွားသလို သမိုင်းဝင်စေတီတော်ကြီးရဲ့မြင်ကွင်းကိုလဲခုလောက်ထိ အရုပ်ဆိုးစေမှာမဟုတ်ပါဘူး ။

နောက်ပြီး လမ်းတစ်လျှောက် ကျမတို့ ဗိုက်ဆာရင် ရင်ပြင်တော်ပေါ်မှာ စားစရာ သန့်သန့်ပြန့်ပြန့်တစ်ဆိုင်မှမရှိတဲ့အပြင် ဆိုင်တန်းအားလုံးနီးနီးက ဖုန်တစ်ထောင်ထောင်းယင်တစ်လောင်းလောင်းနဲ့ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေချည်းပါပဲ ။

အရင် ဆီထမင်းပူပူလေး ဂျိုးကြော်နဲ့စားရတဲ့ ဆိုင်လဲ ဘယ်နှစ်ရက်က ဆီထမင်းမှန်းမသိ ဂျက်ခဲကြီးကိုဖြစ်လို့ ။အချဉ်ပေါင်းတွေကလဲ ယင်ကောင်ပေါင်းတွေလိုပဲညစ်ပတ်လိုက်တာမှ ရှက်စရာကောင်းလိုက်တာမှ ပုံမှာကြည့်လို့ရပါတယ် ။ကျမ တာ်တော်ကိုဒေါသထွက်မိပါတယ် ။ ဒါ လမ်းဘေးဈေးဆိုင်တန်းမဟုတ်ပါဘူး ။

ကမ္ဘာတစ်ဝန်းက နိုင်ငံခြားသားတွေကိုယ်တိုင် တလေးတစားလာရောက်ကြည့်ရှု တဲ့ ကျမတို့တစ်နိုင်ငံလုံးရဲ့ အရေးကြီးတဲ့အထွတ်အမြတ်တစ်နေရာ ပါ ။ဒီလောက်ကြီးမြတ်တဲ့နေရာမှာ လမ်းဘေးဈေးဆိုင်တန်းထက်နိမ့်ကျတဲ့ အပြင်အဆင်တွေ , ဈေးသည်တွေဘတ်စ်ကားတိုးစီးတာထက်တောင် ရုပ်ပျက်တဲ့မြင်ကွင်းတွေကို ဘာလို့လက်ခံနေသေးတာလဲ ကျမ စဉ်းစားလို့မရပါဘူး ။

စည်းကမ်းဆိုတာ နိုင်ငံရေးပါ ။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဘုရားမှာစည်းကမ်းမရှိတာ ဒါတစ်နိုင်ငံလုံးသိက္ခာနဲ့ဆိုင်တဲ့နိုင်ငံရေးပါပဲ ။ ဒါကြောင့် တာဝန်ရှိသူများအမြန်ဆုံး ဒီကိစ္စတွေကိုဖြေရှင်းပေးကြဖို့ မျှော်လင့်ရင်းနဲ့ ဒီစာကိုတင်လိုက်ပါတယ် ။ကျမ လျှာရှည်တယ်လို့ထင်ကြလဲထင်ကြပါစေ ။ဒါကျမ တစ်ယောက်ထဲနဲ့ဆိုင်တဲ့ကိစ္စမဟုတ်လို့ကျမ ကြောင့်တစ်ခုခုအရာရောက်သွားရင်လဲ ကျမလျှာရှည်ရကျိုးနပ်ပါတယ် ။

ဒါကြောင့် တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဘုရားနားက လူကြီးမင်းများနဲ့ ဘုရားကြီးအကျိုးတော်ဆောင် ဂေါပကလူကြီးမင်းများထိ ရောက်ရှိဖို့ ကူညီကြပါဦး ။နောက်အခေါက်ခေါက်အခါခါ ကျမတို့မြေးမြစ်တွေထိသန့်ပြန့်သောသာသနာ့နယ်မြေမှာ သန့်ပြန့်သော စားစရာများကိုစားရင်း သန့်ပြန့်သောစည်းကမ်းများဖြင့်သန့်ပြန့်စွားဖူးပါရစေ ဘုရား ။

အဖုံးမပါ ယင်ကောင်ပေါင်းများနဲ့ ဘာယိုဆိုလား ။ ဘယ်နှစ်ရက်ကြာတဲ့ဟာလဲမသိပါ ။သရက်ယို ဇွန်းကိုလဲကြည့်ကြပါ ။ယိုက ကပ်တော့ ယင်တွေလဲ ကပ်နေရော ။ပြီးတော့ အချဉ်ပေါင်းတဲ့ ဘုရားရေ ။ ပုရစ်ကြော် သန့်သလားမမေးနဲ့ ။ စားလိုက် တန်းခနဲပဲ။ဂျိုးကြော်တဲ့ကွယ် ။ A ကိုက်နေသလားမှတ်ရတယ် ။

ဒါက ကားစပါယ်ယာပါ ။ ကားပေါ်ဖက်တက်ပြီးကားခတောင်းနေတယ် ။ ဒါက မတက်ခင်တည်းက ရုံမှာ လက်မှတ်နဲ့ဖြတ်ပြီး ပိုက်ဆံပေးခဲ့ရမဲ့စနစ် ။ ဒါကို ဖက်ယက်တက်ပြီး တောင်းနေတယ် ။ သူလဲ အန္တရာယ်များတယ် ။ ကားက အရှိန်နဲ့ကွေ့နေတာလေ ။

Cableစီးတာတော့ အတော်လေးအဆင်ပြေပါတယ် ။ ကြာချိန် ၁၀ မိနစ်ခန့်သာရှိပါတယ် ။လမ်းတစ်လျှောက်က နေရာလပ်မကျန်ရှိနေတဲ့ အမှိုက်များ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား ဦးထိပ်ထားလျှက် ဆုတောင်းပါတယ် ။ ပြောင်းလဲချိန်တန်ပါပြီ ဘုရား ။

ဖိုးသူတော် (www.phothutaw.com)
Credit:Htike Htike Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top