စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


အတြဲေလးေတြဆိုရင္ ခ်စ္ေနတယ္ အဆင္ေျပေနတဲ့အသံပဲ ၾကားခ်င္တယ္မလား၊ ဘယ္သူနဲ႔မွေတာ့ အသည္းကြဲလို႔ စိတ္ညစ္တဲ့ ဒဏ္၊ ခ်စ္သူနဲ႔ ေဝးရတဲ့ အလြမ္းဒဏ္ကိုလည္း မခံခ်င္ၾကပါဘူး။အတြဲေလးေတြဆိုရင္ ခ်စ္ေနၾကတယ္ အဆင္ေျပေနတဲ့အသံပဲ ၾကားခ်င္တယ္မလား၊ ဘယ္သူနဲ႔မွေတာ့ အသည္းကြဲလို႔ စိတ္ညစ္တဲ့ ဒဏ္၊ ခ်စ္သူနဲ႔ ေဝးရတဲ့ အလြမ္းဒဏ္ကိုလည္း မခံခ်င္ၾကပါဘူး။

ဒီလိုမ်ိဳး အလြမ္းဒဏ္ေတြ မခံရခ်င္ဘူးဆိုရင္ေတာ့ ကိုယ့္ခ်စ္သူ ကိုယ့္အနားက ထြက္မသြားေအာင္ ႀကိဳးစားရမွာပဲေနာ္။ ခ်စ္ရင္ ဘယ္လုိပဲျဖစ္ျဖစ္ အနားေနမွာပဲလို႔ေတာ့ မေတြးသင့္ပါဘူးေနာ္။ ဘယ္ေလာက္ခ်စ္ခ်စ္ ကိုုယ့္စိတ္ပင္ပန္းလြန္းအားႀကီးလာရင္ ခြဲခြာျခင္းေတြ ျဖစ္လာမွာပဲေလေနာ္။ ဒီေတာ့ ကိုယ့္ခ်စ္သူ ကိုယ့္နားက ထြက္မသြားေစဖို႔၊ ေနာက္လူေနာက္ မပါသြားေစဖို႔ ဘာေတြ လုပ္ေဆာင္ရမလဲဆိုတာ ေျပာျပမယ္ေနာ္။

သည္းခံတိုင္း မဆိုးပါနဲ႔

ခ်စ္သူသမီးရည္းစားအတြဲတစ္တြဲမွာ သည္းခံတဲ့သူဆိုတာ ရွိပါတယ္။ တခ်ိဳ႕အတြဲေတြမွာ ေယာက်္ားေလးက သည္းခံတာေတြ ရွိသလို မိန္းကေလးက သည္းခံတာေတြလည္း ရွိပါတယ္။ ဘယ္သူကပဲ သည္းခံသည္းခံ အတိုင္းအတာတစ္ခုရွိတယ္ဆိုတာကို မေမ့ပါနဲ႔။ သူ ငါ့ကို သည္းခံတာပဲေလ ငါဘာလုပ္လုပ္ သည္းခံမွာပဲလို႔ မေတြးပါနဲ႔။ သည္းခံတိုင္းဆိုးေနမယ္ဆိုရင္ခ်စ္သူက စိတ္ကုန္လာပါလိမ့္မယ္။

ဂရုစိုက္ပါ

ဂရုစိုက္တဲ့အခါမွာလည္း ကိုယ့္ခ်စ္သူ စိတ္ရွဳပ္ရေလာက္သည္အထိ ဂရုမစိုက္ပါနဲ႔။ တခ်ိဳ႕ေတြက အျမဲဂရုစိုက္ေပးေနတာပဲ ဂရုစိုက္ေပးလ်က္နဲ႔ ဘာလို႔ထားသြားရတာလဲလို႔ ေမးခြန္းေတြ ေမးတတ္ၾကပါတယ္။ အေျဖကေတာ့ အသက္ရွဴၾကပ္ေလာက္ေအာင္ ဂရုစိုက္မိတာေၾကာင့္ပါ။ ဂရုစိုက္တဲ့အခါ သူလိုအပ္သေလာက္ေလးပဲ ဂရုစိုက္ေပးပါ။ အစစအရာရာ ပိတ္ပင္ခ်ဳပ္ခ်ယ္တာမ်ိဳးကို ဘယ္သူမွ ေရရွည္မႀကိဳက္ပါဘူးေနာ္။

အေလးထားပါ

ကိုယ့္ခ်စ္သူကို ကိုယ္ကုိယ္တိုင္က အေလးထားမွသာ က်န္တဲ့သူေတြကလည္း အေလးထားမယ္ဆိုတာ သတိရပါ။ ကိုယ္ကိုယ္တုိင္ကမွ ခ်စ္သူကို ေအာ္ေငါက္ေနတယ္ ေလးေလးစားစား မဆက္ဆံဘူးဆိုရင္ သူမ်ားကလည္း အေလးမထားပါဘူး။ လူၾကားထဲမွာ ေအာ္တာမ်ိဳးေတြ မလုပ္ပါနဲ႔။

ကိုယ့္ခ်စ္သူရဲ႕ စိတ္ကို သိေနပါေစ

ကိုယ့္ခ်စ္သူရဲ႕ စိတ္ေနစိတ္ထားနဲ႔ ပံုစံက ဘယ္လိုလဲဆိုတာ သိထားဖို႔ အရမ္းအေရးႀကီးပါတယ္ေနာ္။ ဒါမွ ေရရွည္အဆင္ေျပမွာမလား။ သူ ဘယ္ဟာႀကိဳက္တယ္ မႀကိဳက္ဘူးဆိုတာ သိေနပါေစ။ ကိုယ့္အႀကိဳက္ သူ႔အႀကိဳက္ ညွိယူတာမ်ိဳး လုပ္ေဆာင္ပါ။ ေနရာတကာ ကိုယ့္အႀကိဳက္ခ်ည္းပဲ မလုပ္မိပါေစနဲ႔ေနာ္။

သံသယေတြ ေလွ်ာ့ပါ

ခ်စ္သူကို သံသယေတြ ေလွ်ာ့ပါ။ ဘယ္သူကမွ သံသယေတြနဲ႔ မေနခ်င္ပါဘူးေနာ္။ ကိုယ္တိုင္လည္း သံသယဝင္ေစမယ့္ ကိစၥေတြ မလုပ္မိေအာင္ေတာ့ လိုတာေပါ့ေနာ္။ မယံုၾကည္တာေတြ မ်ားလာတဲ့အခါ စိတ္ေလွ်ာ့လက္ေလွ်ာ့ၿပီး လမ္းခြဲသြားမွာ ေသခ်ာပါတယ္။

စံုတြဲေလးတို႔ေရ တြဲလက္ေတြ မျပဳတ္သြားဖို႔ဆိုရင္ အေပၚမွာ ေျပာခဲ့တဲ့ အခ်က္ေလးေတြ သတိထားေပးပါေနာ္။ ဒီလိုမ်ိဳးေလးေတြ မဆင္ျခင္ဘူးဆိုရင္ေတာ့ ခ်စ္သူက ထားသြားဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry

#Unicode Version#

အတွဲလေးတွေဆိုရင် ချစ်နေတယ် အဆင်ပြေနေတဲ့အသံပဲ ကြားချင်တယ်မလား၊ ဘယ်သူနဲ့မှတော့ အသည်းကွဲလို့ စိတ်ညစ်တဲ့ ဒဏ်၊ ချစ်သူနဲ့ ဝေးရတဲ့ အလွမ်းဒဏ်ကိုလည်း မခံချင်ကြပါဘူး။အတွဲလေးတွေဆိုရင် ချစ်နေကြတယ် အဆင်ပြေနေတဲ့အသံပဲ ကြားချင်တယ်မလား၊ ဘယ်သူနဲ့မှတော့ အသည်းကွဲလို့ စိတ်ညစ်တဲ့ ဒဏ်၊ ချစ်သူနဲ့ ဝေးရတဲ့ အလွမ်းဒဏ်ကိုလည်း မခံချင်ကြပါဘူး။

ဒီလိုမျိုး အလွမ်းဒဏ်တွေ မခံရချင်ဘူးဆိုရင်တော့ ကိုယ့်ချစ်သူ ကိုယ့်အနားက ထွက်မသွားအောင် ကြိုးစားရမှာပဲနော်။ ချစ်ရင် ဘယ်လိုပဲဖြစ်ဖြစ် အနားနေမှာပဲလို့တော့ မတွေးသင့်ပါဘူးနော်။ ဘယ်လောက်ချစ်ချစ် ကိုယ့်စိတ်ပင်ပန်းလွန်းအားကြီးလာရင် ခွဲခွာခြင်းတွေ ဖြစ်လာမှာပဲလေနော်။ ဒီတော့ ကိုယ့်ချစ်သူ ကိုယ့်နားက ထွက်မသွားစေဖို့၊ နောက်လူနောက် မပါသွားစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ ပြောပြမယ်နော်။

သည်းခံတိုင်း မဆိုးပါနဲ့

ချစ်သူသမီးရည်းစားအတွဲတစ်တွဲမှာ သည်းခံတဲ့သူဆိုတာ ရှိပါတယ်။ တချို့အတွဲတွေမှာ ယောကျ်ားလေးက သည်းခံတာတွေ ရှိသလို မိန်းကလေးက သည်းခံတာတွေလည်း ရှိပါတယ်။ ဘယ်သူကပဲ သည်းခံသည်းခံ အတိုင်းအတာတစ်ခုရှိတယ်ဆိုတာကို မမေ့ပါနဲ့။ သူ ငါ့ကို သည်းခံတာပဲလေ ငါဘာလုပ်လုပ် သည်းခံမှာပဲလို့ မတွေးပါနဲ့။ သည်းခံတိုင်းဆိုးနေမယ်ဆိုရင်ချစ်သူက စိတ်ကုန်လာပါလိမ့်မယ်။

ဂရုစိုက်ပါ

ဂရုစိုက်တဲ့အခါမှာလည်း ကိုယ့်ချစ်သူ စိတ်ရှုပ်ရလောက်သည်အထိ ဂရုမစိုက်ပါနဲ့။ တချို့တွေက အမြဲဂရုစိုက်ပေးနေတာပဲ ဂရုစိုက်ပေးလျက်နဲ့ ဘာလို့ထားသွားရတာလဲလို့ မေးခွန်းတွေ မေးတတ်ကြပါတယ်။ အဖြေကတော့ အသက်ရှူကြပ်လောက်အောင် ဂရုစိုက်မိတာကြောင့်ပါ။ ဂရုစိုက်တဲ့အခါ သူလိုအပ်သလောက်လေးပဲ ဂရုစိုက်ပေးပါ။ အစစအရာရာ ပိတ်ပင်ချုပ်ချယ်တာမျိုးကို ဘယ်သူမှ ရေရှည်မကြိုက်ပါဘူးနော်။

အလေးထားပါ

ကိုယ့်ချစ်သူကို ကိုယ်ကိုယ်တိုင်က အလေးထားမှသာ ကျန်တဲ့သူတွေကလည်း အလေးထားမယ်ဆိုတာ သတိရပါ။ ကိုယ်ကိုယ်တိုင်ကမှ ချစ်သူကို အော်ငေါက်နေတယ် လေးလေးစားစား မဆက်ဆံဘူးဆိုရင် သူများကလည်း အလေးမထားပါဘူး။ လူကြားထဲမှာ အော်တာမျိုးတွေ မလုပ်ပါနဲ့။

ကိုယ့်ချစ်သူရဲ့ စိတ်ကို သိနေပါစေ

ကိုယ့်ချစ်သူရဲ့ စိတ်နေစိတ်ထားနဲ့ ပုံစံက ဘယ်လိုလဲဆိုတာ သိထားဖို့ အရမ်းအရေးကြီးပါတယ်နော်။ ဒါမှ ရေရှည်အဆင်ပြေမှာမလား။ သူ ဘယ်ဟာကြိုက်တယ် မကြိုက်ဘူးဆိုတာ သိနေပါစေ။ ကိုယ့်အကြိုက် သူ့အကြိုက် ညှိယူတာမျိုး လုပ်ဆောင်ပါ။ နေရာတကာ ကိုယ့်အကြိုက်ချည်းပဲ မလုပ်မိပါစေနဲ့နော်။

သံသယတွေ လျှော့ပါ

ချစ်သူကို သံသယတွေ လျှော့ပါ။ ဘယ်သူကမှ သံသယတွေနဲ့ မနေချင်ပါဘူးနော်။ ကိုယ်တိုင်လည်း သံသယဝင်စေမယ့် ကိစ္စတွေ မလုပ်မိအောင်တော့ လိုတာပေါ့နော်။ မယုံကြည်တာတွေ များလာတဲ့အခါ စိတ်လျှော့လက်လျှော့ပြီး လမ်းခွဲသွားမှာ သေချာပါတယ်။

စုံတွဲလေးတို့ရေ တွဲလက်တွေ မပြုတ်သွားဖို့ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေ သတိထားပေးပါနော်။ ဒီလိုမျိုးလေးတွေ မဆင်ခြင်ဘူးဆိုရင်တော့ ချစ်သူက ထားသွားဖို့ ရာခိုင်နှုန်းများပါတယ်နော်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top