iMyanmarHouse.com - Best Property Website for Myanmar
×


တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံသားေျခာက္ဦးက အိမ္ငွားရမ္းေနထိုင္ကာ အြန္လိုင္းမွ တစ္ဆင့္ တရားမဝင္ေလာင္းကစားျပဳလုပ္ခဲ့သျဖင့္ ၎တို႔ေျခာက္ဦးႏွင့္ အိမ္ငွားရမ္းေပးခဲ့သူကို သက္ဆိုင္ရာက ေဖေဖာ္ဝါရီ ၁၂ ရက္တြင္ ဖမ္းဆီးအေရးယူခဲ့သည္။

ျဖစ္စဥ္မွာ အဆိုပါေန႔ ည ၇ နာရီခြဲခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့ (တြင္း)၌ ထိုင္းႏိုင္ငံသားမ်ားက အြန္လိုင္းေလာင္းကစားဂိမ္း တရားမဝင္ လုပ္ကိုင္ေနေၾကာင္း သတင္းအရ သက္ဆိုင္ရာက အဆိုပါေနအိမ္သို႔ ဝင္ေရာက္စစ္ေဆးခဲ့သည္။ အဆိုပါေနအိမ္အတြင္း ထိုင္းႏိုင္ငံသား တြီ အသက္(၂၅)ႏွစ္၊ တီရဆစ္ အသက္(၂၅)ႏွစ္ ၊ နရအစ္ အသက္(၂၁)ႏွစ္၊ ပိစ္ပန္မ(၂၁)ႏွစ္ ၊ ခ်ီရဝပ္ (၂၁ ႏွစ္) ႏွင့္ ထိုင္းႏိုင္ငံသူ အြန္ႏြန္ အသက္(၂၁)ႏွစ္ တို႔ ကိုေတြ႕ရွိခဲ့သည္။

ထို႔ျပင္ အြန္လိုင္းဂိမ္းျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ေမာ္နီတာ(၁၁)လုံး၊ Mother Box ခုနစ္လုံး၊ UPS ရွစ္လုံး၊ ကီးဘုတ္ခုနစ္လုံး၊ Mouseခုနစ္ခု၊ မီးပလပ္ေပါက္ခုံ ေလးခု၊ Wifi ဖမ္း/လႊင့္သည့္ စက္တစ္လုံး ႏွင့္ ေခါက္စားပြဲခုံငါးလုံးအျပင္ အြန္လိုင္းဂိမ္းကစားရာတြင္ အသုံးျပဳသည့္ အမ်ိဳးအစား စုံလင္သည့္ လက္ကိုင္ဖုန္းကိုးလုံးတို႔ကို သိမ္းဆည္းရမိခဲ့သည္။

ဖမ္းဆီးရမိသူေျခာက္ဦးသည္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ေနထိုင္ၿပီး ျမန္မာ - ထိုင္း ခ်စ္ၾကည္ ေရးအမွတ္(၁)တံတားမွတစ္ဆင့္ တရားဝင္လက္မွတ္ျဖင့္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ခဲ့ကာ အြန္လိုင္း ေလာင္းကစားကို တရားမဝင္လုပ္ကိုင္ခဲ့ျခင္းေၾကာင့္ ဗီဇာစည္းကမ္းခ်ိဳးေဖာက္ခဲ့ေၾကာင္း စစ္ေဆး ေတြ႕ရွိခဲ့သည္။

ထို႔အတူ ဦးအိုက္ဖတ္ (စိစစ္ဆဲ)က တာဝန္ခံကာ ၎တို႔ေနထိုင္ရန္အတြက္ အိမ္ငွားရမ္းေပးခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ ထို႔ေၾကာင့္ ဖမ္းဆီးရမိသူေျခာက္ဦးႏွင့္ အိမ္ငွားရမ္းေပးသူတို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက(ပ) ၇၁/၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က)/၁၆(က)၊ (ပ)၇၂/၂၀၁၉၊ ၁၉၄၇ခုႏွစ္ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)/၁၃(၅) တို႔အရ အသီးသီး အမႈဖြင့္အေရးယူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarTime

#Unicode Version#

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားခြောက်ဦးက အိမ်ငှားရမ်းနေထိုင်ကာ အွန်လိုင်းမှ တစ်ဆင့် တရားမဝင်လောင်းကစားပြုလုပ်ခဲ့သဖြင့် ၎င်းတို့ခြောက်ဦးနှင့် အိမ်ငှားရမ်းပေးခဲ့သူကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)၌ ထိုင်းနိုင်ငံသားများက အွန်လိုင်းလောင်းကစားဂိမ်း တရားမဝင် လုပ်ကိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာက အဆိုပါနေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်အတွင်း ထိုင်းနိုင်ငံသား တွီ အသက်(၂၅)နှစ်၊ တီရဆစ် အသက်(၂၅)နှစ် ၊ နရအစ် အသက်(၂၁)နှစ်၊ ပိစ်ပန်မ(၂၁)နှစ် ၊ ချီရဝပ် (၂၁ နှစ်) နှင့် ထိုင်းနိုင်ငံသူ အွန်နွန် အသက်(၂၁)နှစ် တို့ ကိုတွေ့ရှိခဲ့သည်။

ထို့ပြင် အွန်လိုင်းဂိမ်းပြုလုပ်ရာတွင် အသုံးပြုသည့် မော်နီတာ(၁၁)လုံး၊ Mother Box ခုနစ်လုံး၊ UPS ရှစ်လုံး၊ ကီးဘုတ်ခုနစ်လုံး၊ Mouseခုနစ်ခု၊ မီးပလပ်ပေါက်ခုံ လေးခု၊ Wifi ဖမ်း/လွှင့်သည့် စက်တစ်လုံး နှင့် ခေါက်စားပွဲခုံငါးလုံးအပြင် အွန်လိုင်းဂိမ်းကစားရာတွင် အသုံးပြုသည့် အမျိုးအစား စုံလင်သည့် လက်ကိုင်ဖုန်းကိုးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူခြောက်ဦးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်နေထိုင်ပြီး မြန်မာ - ထိုင်း ချစ်ကြည် ရေးအမှတ်(၁)တံတားမှတစ်ဆင့် တရားဝင်လက်မှတ်ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကာ အွန်လိုင်း လောင်းကစားကို တရားမဝင်လုပ်ကိုင်ခဲ့ခြင်းကြောင့် ဗီဇာစည်းကမ်းချိုးဖောက်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ထို့အတူ ဦးအိုက်ဖတ် (စိစစ်ဆဲ)က တာဝန်ခံကာ ၎င်းတို့နေထိုင်ရန်အတွက် အိမ်ငှားရမ်းပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူခြောက်ဦးနှင့် အိမ်ငှားရမ်းပေးသူတို့ကို တာချီလိတ်မြို့မရဲစခန်းက(ပ) ၇၁/၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)၊ (ပ)၇၂/၂၀၁၉၊ ၁၉၄၇ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) တို့အရ အသီးသီး အမှုဖွင့်အရေးယူခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: MyanmarTime
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top