ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းတံုၿမိဳနယ္၊ နားေကာင္းမူးေက်းရြာမွာ ရန္ၿငိဳးေၾကာင့္လူသတ္ကာ အေလာင္းေဖ်ာက္ ထားတဲ့အမွဳက ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးရမိခဲ့ျပီျဖစ္တယ္လုိ႕ မိုင္းတံုၿမိဳ႕နယ္၊နားေကာင္းမူးနယ္ေျမရဲစခန္းမွ သိရွိရပါတယ္။

”ပထမေတာ့ ဆိုင္ကယ္ေပၚကက်ေသတယ္လို႔ ထြက္ၾကေပမယ့္ေနာက္ဆံုးေတာ့ အမွဳမွန္ေပၚပါတယ္။ အမွန္ေတာ့ သူတို႕ကအထင္နဲ႕သတ္တာပါ၊ ေသတဲ့ေကာင္ေလးက ရန္ျဖစ္တာမပါခဲ့ပါဘူး၊ ဒီေန႕ မွ အစီရင္ခံစာအျပည့္အစံုေရးတင္ရမွာပါ”ဟု နားေကာင္းမူနယ္ေျမရဲစခန္းမွဴး ရဲအုပ္ေက်ာ္မိုးႏိုင္က ေပၚျပဴလာနယူးစ္ကိုု ယေန႔မွာ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၆ ရက္ ညေန ၃နာရီခြဲအခ်ိန္ခန္႕က နားေကာင္းမူေက်းရြာ၊ ရပ္ကြက္(၂)မွာေန တဲ့ ေမာင္၀င္း (ခ)က်လား အသက္(၁၄)ႏွစ္ မွာ ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ ၉ ရက္ ညေန ၆နာရီခြဲအခ်ိန္ခန္႕က ဆိုင္ကယ္နဲ႕ အိမ္မွ ထြက္သြားရာကေန ျပန္လည္ေရာက္ရွိလာျခင္းမရွိတဲ့ အတြက္

သူ႕ရဲ႕ဖခင္ျဖစ္တဲ့ ဦးေက်ာ္၀င္း က စံုစမ္းရွာေဖြေနစဥ္မွာ တစ္ရြာတည္းေန ကိုမ်ိဳးမင္းထုိက္(၄၂ႏွစ္)ဆိုသူက နားေကာင္းမူးရြာရဲ႕ အေနာက္ေတာင္ဘက္(၂)မိုင္ခြဲခန္႕အကြာမွာရွိတဲ့ နားေကာင္းမူး-မံုးထသြားကားလမ္း ယာဘက္ ၅ဖာလံုခန္႕ အကြာေတာတြင္းမွာ

လူေသအေလာင္း(၁)ေလာင္း ေတြ႕ရွိခဲ့တာလို႕သိရလို႕ ၄င္းရဲ႕ သားျဖစ္ႏိုင္ေၾကာင္းလာေရာက္တိုင္တန္းတဲ့အတြက္ အေလာင္းေတြ႕ရွိတဲ့ေနရာကို ၿမိဳ႕နယ္တရားသူႀကီး၊ ပံုပါက်င္ေဆးရံုဆရာ၀န္ ႀကီးတို႕ႏွင့္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး စတဲ့သက္ေသမ်ားနဲ႕သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ရာ

အေလာင္းဟာ ေပ်က္ဆံုးေနသူ ေမာင္၀င္း(ခ)က်လားျဖစ္တယ္လို႕ ဖခင္ျဖစ္သူဦးေက်ာ္၀င္းကအတည္ျပဳခဲ့ၿပီး ဆရာ၀န္ႀကီး၏ စစ္ေဆးခ်က္အရ ေသသူဟာ ဦးေခါင္းခြံေနာက္ေစ့ကြဲအက္ဒဏ္ရာျဖင့္ ေသဆံုးရျခင္းျဖစ္ေၾကာင္း ထင္ျမင္ခ်က္ေပးလို႕ လူသတ္ကာ ေျမျမဳပ္အေလာင္း ေဖ်ာက္ခဲ့သူကို စံုစမ္းေဖာ္ထုတ္ႏိုင္ဖို႕ နားေကာင္းမူးနယ္ေျမရဲစခန္းမွ (ပ) ၂/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၂၀၁ နဲ႕ အမွဳဖြင့္ခဲ့တဲ့ ျဖစ္စဥ္ျဖစ္ပါတယ္။

ယင္းအမွဳက မသကၤာသူေတြကိုစံုစမ္းရာမွာ ဒီဇင္ဘာ၉ရက္က ေသသူေမာင္၀င္းအား လာေရာက္ေခၚေဆာင္သြားတဲ့ တစ္ရြာတည္းေန က်လား(၂၀ႏွစ္)ကို ေဖေဖာ္၀ါရီလ ၆ရက္၊ ည၁၁နာရီ ၅မိနစ္မွာ၊ ေရွလ(ခ) ထီးနား (၂၆ႏွစ္) ကို ေဖေဖာ္၀ါရီလ ၈ ရက္၊ နံနက္ ၁၀ နာရီခြဲမွာထိန္းသိမ္း စစ္ေမးရာမွာ

ပထမေတာ့ ဆိုင္ကယ္ေပၚက မေတာ္တဆျပဳတ္က်ေသလို႕ ျမွဳတ္ခဲ့တယ္လို႕ ထြက္ဆိုေနၾကရာက ေနာက္ပိုင္းမွာေတာ့ အသတ္ခံရသူမွာ လြန္ခဲ့တဲ့ (၄)လခန္႕က အုပ္စု လိုက္ရန္ျဖစ္မွဳ တြင္ တစ္ဖက္အုပ္စုမွ ပါ၀င္သည္ဟုယူဆကာ ဒီဇင္ဘာ၉ ရက္၊ ညပိုင္းတြင္ အတူရွိေနၾကၿပီး ၁၀ရက္၊ နံနက္ ၄နာရီခြဲခန္႕တြင္ က်လားမွ ဆုိင္ကယ္ျဖင့္ တင္ေဆာင္လာၿပီးေနာက္

ေျမျမဳပ္သည့္ေနရာအနီး ေရခပ္သည့္ေနရာမွာ ေသသူကို က်လားမွ တုတ္ျဖင့္ ၃ ခ်က္၊ ထီးနား မွ တုတ္ျဖင့္ ၂ ခ်က္ ဦးေခါင္းကိုရိုက္သတ္ၿပီးေနာက္ အေလာင္းကို အနီးရွိ မီးေသြးဖုတ္သည့္ေနရာတြင္ ေျမျမဳပ္ခဲ့တာျဖစ္တယ္ လို႕ ထြက္ဆိုခဲ့ၾကတယ္လို႕ နားေကာင္းမူးနယ္ေျမရဲစခန္းမွဴးထံမွ သိရွိရပါတယ္။

အဆိုပါ လူသတ္အေလာင္းေဖ်ာက္ျပစ္မႈက်ဴးလြန္သူမ်ားျဖစ္ၾကတဲ့ က်လားႏွင့္ ေရွလ (ခ) ထီးနား တို႔(၂)ဦးကို မိုင္းတံုၿမိဳ႕မ ရဲစခန္းတြင္ခ်ဳပ္ေႏွာင္ထားရွိကာ ဥပေဒအရအေရးယူ အျပစ္ေပးႏိုင္ေရးအတြက္ တရားရံုးသို တရား႕စြဲဆိုုတင္ပိုု႔ႏိုုင္ရန္ ဆက္လက္ေဆာင္ရြက္ေန တယ္လို႕ မိုင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရွိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဦးဦးေဇာ္ မုနိၿမီ ၊ ေဖေဖာ္၀ါရီ ၁၂
#Unicode Version#
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြိုနယ်၊ နားကောင်းမူးကျေးရွာမှာ ရန်ငြိုးကြောင့်လူသတ်ကာ အလောင်းဖျောက် ထားတဲ့အမှုက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ မိုင်းတုံမြို့နယ်၊နားကောင်းမူးနယ်မြေရဲစခန်းမှ သိရှိရပါတယ်။

”ပထမတော့ ဆိုင်ကယ်ပေါ်ကကျသေတယ်လို့ ထွက်ကြပေမယ့်နောက်ဆုံးတော့ အမှုမှန်ပေါ်ပါတယ်။ အမှန်တော့ သူတို့ကအထင်နဲ့သတ်တာပါ၊ သေတဲ့ကောင်လေးက ရန်ဖြစ်တာမပါခဲ့ပါဘူး၊ ဒီနေ့ မှ အစီရင်ခံစာအပြည့်အစုံရေးတင်ရမှာပါ”ဟု နားကောင်းမူနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မိုးနိုင်က ပေါ်ပြူလာနယူးစ်ကို ယနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ညနေ ၃နာရီခွဲအချိန်ခန့်က နားကောင်းမူကျေးရွာ၊ ရပ်ကွက်(၂)မှာနေ တဲ့ မောင်ဝင်း (ခ)ကျလား အသက်(၁၄)နှစ် မှာ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ညနေ ၆နာရီခွဲအချိန်ခန့်က ဆိုင်ကယ်နဲ့ အိမ်မှ ထွက်သွားရာကနေ ပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့ အတွက်

သူ့ရဲ့ဖခင်ဖြစ်တဲ့ ဦးကျော်ဝင်း က စုံစမ်းရှာဖွေနေစဉ်မှာ တစ်ရွာတည်းနေ ကိုမျိုးမင်းထိုက်(၄၂နှစ်)ဆိုသူက နားကောင်းမူးရွာရဲ့ အနောက်တောင်ဘက်(၂)မိုင်ခွဲခန့်အကွာမှာရှိတဲ့ နားကောင်းမူး-မုံးထသွားကားလမ်း ယာဘက် ၅ဖာလုံခန့် အကွာတောတွင်းမှာ

လူသေအလောင်း(၁)လောင်း တွေ့ရှိခဲ့တာလို့သိရလို့ ၎င်းရဲ့ သားဖြစ်နိုင်ကြောင်းလာရောက်တိုင်တန်းတဲ့အတွက် အလောင်းတွေ့ရှိတဲ့နေရာကို မြို့နယ်တရားသူကြီး၊ ပုံပါကျင်ဆေးရုံဆရာဝန် ကြီးတို့နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး စတဲ့သက်သေများနဲ့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ

အလောင်းဟာ ပျေက်ဆုံးနေသူ မောင်ဝင်း(ခ)ကျလားဖြစ်တယ်လို့ ဖခင်ဖြစ်သူဦးကျော်ဝင်းကအတည်ပြုခဲ့ပြီး ဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သေသူဟာ ဦးခေါင်းခွံနောက်စေ့ကွဲအက်ဒဏ်ရာဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ထင်မြင်ချက်ပေးလို့ လူသတ်ကာ မြေမြုပ်အလောင်း ဖျောက်ခဲ့သူကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နားကောင်းမူးနယ်မြေရဲစခန်းမှ (ပ) ၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၀၁ နဲ့ အမှုဖွင့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

ယင်းအမှုက မသင်္ကာသူတွေကိုစုံစမ်းရာမှာ ဒီဇင်ဘာ၉ရက်က သေသူမောင်ဝင်းအား လာရောက်ခေါ်ဆောင်သွားတဲ့ တစ်ရွာတည်းနေ ကျလား(၂၀နှစ်)ကို ဖေဖော်ဝါရီလ ၆ရက်၊ ည၁၁နာရီ ၅မိနစ်မှာ၊ ရှေလ(ခ) ထီးနား (၂၆နှစ်) ကို ဖေဖော်ဝါရီလ ၈ ရက်၊ နံနက် ၁၀ နာရီခွဲမှာထိန်းသိမ်း စစ်မေးရာမှာ

ပထမတော့ ဆိုင်ကယ်ပေါ်က မတော်တဆပြုတ်ကျသေလို့ မြှုတ်ခဲ့တယ်လို့ ထွက်ဆိုနေကြရာက နောက်ပိုင်းမှာတော့ အသတ်ခံရသူမှာ လွန်ခဲ့တဲ့ (၄)လခန့်က အုပ်စု လိုက်ရန်ဖြစ်မှု တွင် တစ်ဖက်အုပ်စုမှ ပါဝင်သည်ဟုယူဆကာ ဒီဇင်ဘာ၉ ရက်၊ ညပိုင်းတွင် အတူရှိနေကြပြီး ၁၀ရက်၊ နံနက် ၄နာရီခွဲခန့်တွင် ကျလားမှ ဆိုင်ကယ်ဖြင့် တင်ဆောင်လာပြီးနောက်

မြေမြုပ်သည့်နေရာအနီး ရေခပ်သည့်နေရာမှာ သေသူကို ကျလားမှ တုတ်ဖြင့် ၃ ချက်၊ ထီးနား မှ တုတ်ဖြင့် ၂ ချက် ဦးခေါင်းကိုရိုက်သတ်ပြီးနောက် အလောင်းကို အနီးရှိ မီးသွေးဖုတ်သည့်နေရာတွင် မြေမြုပ်ခဲ့တာဖြစ်တယ် လို့ ထွက်ဆိုခဲ့ကြတယ်လို့ နားကောင်းမူးနယ်မြေရဲစခန်းမှူးထံမှ သိရှိရပါတယ်။

အဆိုပါ လူသတ်အလောင်းဖျောက်ပြစ်မှုကျူးလွန်သူများဖြစ်ကြတဲ့ ကျလားနှင့် ရှေလ (ခ) ထီးနား တို့(၂)ဦးကို မိုင်းတုံမြို့မ ရဲစခန်းတွင်ချုပ်နှောင်ထားရှိကာ ဥပဒေအရအရေးယူ အပြစ်ပေးနိုင်ရေးအတွက် တရားရုံးသို တရား့စွဲဆိုတင်ပို့နိုင်ရန် ဆက်လက်ဆောင်ရွက်နေ တယ်လို့ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:ဦးဦးဇော် မုနိမြီ ၊ ဖေဖော်ဝါရီ ၁၂
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top