အဆိုေတာ္လားေလွာင္အိမ္ထဲကငွက္လား

သမိုင္းမုဒိတာအိမ္ယာမွာေနေတာ့လဲ ကိုဝန က အိမ္ထဲက အိမ္အျပင္ေတာင္ ထြက္လည္တတ္တဲ့လူစားမ်ဳိး မဟုတ္ဘူး

သူ႔သက္ဆိုင္သူကခ်စ္တယ္ ဆိုတဲ့စကားလံုး လွလွေလးနဲ႔ စိတ္မခ်လို႔ပါဆိုၿပီး အျပင္သြားရင္ကိုဝန ကို အခန္းထဲေသာ့ခတ္ၿပီး ထားခဲ့တာမ်ဳိးေတြ လူေတြ မသိၾကေသးဘူး

လင္မယားအရာမေရာက္ေသးေပမဲ့ အိမ္ေပၚတက္ေနတဲ့ သူ႔သက္ဆိုင္သူကို ဇနီးလိုသေဘာထား ရသမွ်ပိုက္ဆံအကုန္အပ္ၿပီး ပိုက္ဆံလိုရင္လက္ျဖန္႔ ေတာင္းသံုးရတဲ့ လက္ေဝခံ အဆိုေတာ္ႀကီးအျဖစ္ သူ႔ရဲ႕လူမသိသူမသိဘဝမွာ အခ်စ္တစ္ခုထဲနဲ႔ႏုတ္ခမ္းနီမေလးေတြဝိုင္းေနလဲ သူ႔အခ်စ္နဲ႔သူ မလဲခဲ့ဘူး

၁၀ ဖို႔ ၁ ဖို႔စာေလာက္ ႐ွာလို႔ရသမွ်ေငြေလးေတြထဲက သူအဆိုေတာ္ျဖစ္ေအာင္ ႐ုန္းကန္ေပးခဲ့တဲ့ သူခ်စ္တဲ့ အေမ နဲ႔ သူ႔မိသားစုကို တစ္လ ၁၀ သိန္းေလာက္ပဲ ေပးရေပမဲ့ သူေနာင္တမရႏိုင္ခဲ့ဘူး

အခ်စ္က သူ႔ကို ကန္းေစခဲ့တယ္

႐ိႈးပြဲဆိုသမ်ွ ပိုက္ဆံရသမ်ွ သက္ဆိုင္သူကအကုန္သိမ္းဆည္းၿပီး စီမံေနတာကို သူ႔ကိုခ်စ္တာပဲလို႔သူလက္ခံခဲ့တယ္ မတရားသျဖင့္ ႏိုင့္ထက္စီးနင္း ေျပာရင္လဲ သူ႔သက္ဆိုင္သူ ဘြဲ႔ရပညာတတ္မႀကီးရဲ႕အေျပာကို ပညာေရးတစ္ပိုင္းတစ္စနဲ႔ ျပည္သူခ်စ္အဆိုေတာ္ႀကီး လူမသိသူမသိ ၿငိမ္ခံေနခဲ့ရတာေတြ သူ႔ပါးစပ္ကထုတ္မေျပာခဲ့ဘူးတဲ့

ၾကားရေတာ့စိတ္ေတာင္မေကာင္းဘူး မဂၤလာေဆာင္ဖို႔ ၂ ရက္အလိုေလာက္က သတို႔သမီးအေလာင္းအလ်ာက မ်က္ႏွာေပါင္းတင္ ဖို႔ဆိုၿပီး ေခါက္ဆြဲတစ္ထုတ္ျပဳတ္ေပးၿပီး အခန္းထဲေသာ့ခတ္ထားခဲ့ရတာကိုခံခဲ့ရတဲ့သူ သူ႔အျဖစ္ကို လူသနားေအာင္ငိုမျပတတ္ခဲ့ဘူး

ကိုယ္ေတြကိုအဲ့လိုလာလုပ္ရင္က်ိန္းေသတယ္ ကိုယ္ေတြေတာ့ ခင္ဗ်ားလိုသီးခံႏိုင္မွာမဟုတ္ဘူး ကိုဝနေရ

အဲ့ညက သူအိမ္ျပန္လာေတာ့ ကိုယ့္ေ႐ွ႕ေမွာက္မွာ အေမကိုရစရာမ႐ွိေအာင္ေျပာမိသားစုကိုေစာ္ကားေနေတာ့ ၊ လူပဲ ဘယ္သူေနေန စိတ္႐ွိတယ္ ခင္ဗ်ားအေနနဲ႔လဲစိတ္တိုမွာပဲေလ

ေတာ္ေတာ့ မင္းဆက္မေျပာနဲ႔ေတာ့ဆိုၿပီးကက္ကက္လန္ရန္ေတြ႔ေနတဲ့ သက္ဆ္ုိင္သူကိုတြန္းအဖယ္ ထိမိတဲ့ action က နာက်င္ေစလို႔တဲ့ ခင္ဗ်ားကေတာင္းပန္ ရဦးမတဲ့လား?

ကိုယ့္စိတ္ကိုအႀကိမ္ႀကိမ္မဒိမ္းက်င့္ၿပီး ကိုယ့္မိသားစုကိုပါအခါခါဗလကၠာရ လုပ္ေနတဲ့ သူေတြမွာ အမွားမ႐ွိေတာ့ဘူးတဲ့လား ရေတာင္မရေသးဘူး အေမအိုကို လုပ္ေကြၽးေနတဲ့သားတစ္ေယာက္ရဲ႕ ဆနၵကိုပိတ္ပက္ဖို႔ကစလာၿပီေငြဆယ္သိန္းေပးရတာေတြ ျမင္လာၿပီ ေနာက္ဆိုဘယ္လိုလုပ္မလဲ? ခင္ဗ်ားလဲေတြးမွာပဲ ကြၽန္ေတာ္လဲေတြးမွာပဲ

အန္တီကေတာ့ေျပာ႐ွာတယ္ သူအရင္ကလိုစိတ္ခ်မ္းခ်မ္းသာသာ နဲ႔ အဝတ္ပဲေလွ်ာ္စားေတာ့မယ္သားရယ္… တဲ့ ၊ ခင္ဗ်ားရင္မနာဘူးလား? ကြၽန္ေတာ္ တို႔ကေရာ ရင္မနာရဘူးလား?

မဂၤလာဖိတ္စာမွာလဲ ဘယ္သူ႔မွအသိမေပးပဲမိဘကအစ ကခ်င္နာမည္ေတြေပးပစ္တယ္ အကိုကလဲ ကြၽန္ေတာ္တို႔သိခဲ့တဲ့ ဝနအျပင္ နာမည္အသစ္ႀကီးတစ္ခုနဲ႔ ေနာ္မင္းေအာင္လ တဲ့လား? ဗုဒၶဘာသာ ဆိုေတာ့ ဘုန္းႀကီးေက်ာင္းမွာလဲ မဂၤလာေဆာင္ခ်င္တယ္ ေျပာေတာ့ သူျငင္းသတဲ့လား ငါ့အကို ႐ွမ္းစပ္တဲ့သူေတြမို႔ ႐ွမ္းလိုလဲ ေဆာင္ခ်င္တယ္ဆိုေတာ့လက္မခံျပန္ဘူးတဲ့လား? ဒါေတြထားေတာ့ ဗုဒၶဘာသာ ဝင္ ေယာက္်ားတိုင္းလိုခ်င္တဲ့ ရဟန္းဘဝ ကို ခဏယူပါရေစဆ္ုိေတာ့လဲ ပိတ္ပင္ျပန္တာပဲတဲ့လား? ဘာလို႔အဲ့ေလာက္ သီးခံခဲ့ရတာဗ်ာ

ေနာက္ဆံုး ေငြကိုင္မသံုးပဲဇနီးအရာေျမႇာက္ ႐ွာတိုင္းရသမွ် အပ္ေနေတာ့ ဝန ဆိုတဲ့ ခင္ဗ်ားက ငအႀကီး ငပိန္းႀကီးလို႔ သူတို႔ကထင္သတဲ့လား?႐ိုင္းလိုက္ၾကတာ

ေနာက္ဆံုး အိမ္ထိလူႀကီးေတြေခၚလာၿပီး Power ျပတက္ေစာ္ကားၾကတဲ့သူေတြကို ငါနင့္ကိုငါ့အေမနဲ႔မလဲႏိုင္ဘူး လို႔ သားတစ္ေယာက္အေနနဲ႔ ခင္ဗ်ားေျပာလိုက္တယ္ၾကားေတာ့ က်ဳပ္က ဝမ္းသာတယ္ ငါ့အကို ၊ က်ဳပ္တို႔ကေယာက္်ားေတြအေမကိုခ်စ္ၾကတယ္ သမီးေတြဆိုရင္ေတာင္ခ်စ္ၾကတာပဲမဟုတ္လား? အေမကိုေတာ့ဘာနဲ႔မွမလဲခဲ့ႏိုင္ဘူးေလ

ဒီအတြက္ ဘုမသိဘမသိ လူေတြကခင္ဗ်ားကိုေဝဖန္ၾကဦးမယ္ ၊ခင္ဗ်ားက ေမတၱာထားၿပီး မေျဖ႐ွင္းခ်င္ဘူး မီဒီယာေတြနဲ႔စကားမေျပာခ်င္ဘူးဆိုသည့္တိုင္ ေဘးကက်ဳပ္တို႔ကဒီျပသနာမွာ balance မညီတာကို ဒီအတိုင္းၾကည့္မေနႏိုင္ဘူးေလ

ရန္ကုန္မွာေရာက္ေနတာၾကာၿပီ အကိုနဲ႔ကြၽန္ေတာ္ေတာင္တစ္ခါမွ အျပင္မွာဆံုၾကရတာမွမဟုတ္တာအကို အလုပ္ႀကိဳးစားေနလဲ ေခမာသီရိက အကို႔အေမအိမ္ ဒီထက္ပိုၿပီး ႀကီးမားမလာခဲ့ပါဘူးသက္ဆိုင္သူေတြရဲ႕ တစ္မ်ဳိးလံုးကို သီခ်င္းဆို႐ွာေကြၽးေနတဲ့ ငါ့အကို ဝဋ္ေႂကြးကုန္ၿပီပဲမွတ္ပါဗ်ာ အန္တီတို႔အကိုတို႔ အိပ္ယာထဲလဲေနၾကတယ္ၾကားေတာ့ စိတ္မေကာင္းဘူးတစ္အိမ္လံုုး မ်က္ရည္နဲ႔မ်က္ခြက္ဆိုလို႔ပိုၿပီး စိတ္မေကာင္းဘူး

ဒုတိယအေခြထြက္ဖို႔ဘာေၾကာင့္ဒီေလာက္ၾကာေနရသလဲဆ္ုိတာ အကို႔ပရိတ္သတ္ေတြရိပ္မိေလာက္မယ္ထင္ရဲ႕ ရသမွ်ေငြက စတူဒိ္ီယို မွေကာင္းေကာင္း မဝင္ရတာကိုး…

သာဒီလူႀကီး အရမ္းျဖစ္ေျမာက္ေနတာျမင္ရင္ငါ့အကိုကို အရမ္းသတိရတယ္ အကိုလဲထပ္ၿပီးတက္လာရမွာ ခုလိုၾကန္႔ၾကာေနတာ အကိုသိပ္ခ်စ္တတ္ခဲ့လို႔ပဲ ေခမာသီရိရပ္ကြက္ထဲဂစ္တာတီးရရင္ ေပ်ာ္ေနတဲ့ငယ္ငယ္ကထဲက အႏုပညာပိုးပါတဲ့ အကို႔အခန္းဝက စာသားေလး ကြၽန္ေတာ္မွတ္မိေနတယ္ `ဒီအခန္းထဲဝင္လ်င္ သင့္အတၱကိုအျပင္မွာ ထားခဲ့ပါ´ တဲ့ ငါ့အကိုရဲ႕ဘဝအခန္းထဲမွာ ဒီလိုစာမ်ဳိးဘာလို႔ကပ္မထား ခဲ့တာလဲ ခုေတာ့ သူတို႔ဖို႔ပဲသိတဲ့ အတၱသမားေတြေၾကာင့္ အားလံုးစိတ္ညစ္ေနၾကရၿပီ

အဆင္ေျပပါေစဗ်ာ ငါ့အကို အခုအကိုေသခ်ာစဥ္းစားလို႔ရၿပိီ ငါက အဆိုေတာ္လား? ေလွာင္အိမ္ထဲကငွက္လား?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mmlivenews

#Unicode Version# ျဖင့္ဖတ္ပါ ။

အဆိုတော်လားလှောင်အိမ်ထဲကငှက်လား

သမိုင်းမုဒိတာအိမ်ယာမှာနေတော့လဲ ကိုဝန က အိမ်ထဲက အိမ်အပြင်တောင် ထွက်လည်တတ်တဲ့လူစားမျိုး မဟုတ်ဘူး

သူ့သက်ဆိုင်သူကချစ်တယ် ဆိုတဲ့စကားလုံး လှလှလေးနဲ့ စိတ်မချလို့ပါဆိုပြီး အပြင်သွားရင်ကိုဝန ကို အခန်းထဲသော့ခတ်ပြီး ထားခဲ့တာမျိုးတွေ လူတွေ မသိကြသေးဘူး

လင်မယားအရာမရောက်သေးပေမဲ့ အိမ်ပေါ်တက်နေတဲ့ သူ့သက်ဆိုင်သူကို ဇနီးလိုသဘောထား ရသမျှပိုက်ဆံအကုန်အပ်ပြီး ပိုက်ဆံလိုရင်လက်ဖြန့် တောင်းသုံးရတဲ့ လက်ဝေခံ အဆိုတော်ကြီးအဖြစ် သူ့ရဲ့လူမသိသူမသိဘဝမှာ အချစ်တစ်ခုထဲနဲ့နုတ်ခမ်းနီမလေးတွေဝိုင်းနေလဲ သူ့အချစ်နဲ့သူ မလဲခဲ့ဘူး

၁၀ ဖို့ ၁ ဖို့စာလောက် ရှာလို့ရသမျှငွေလေးတွေထဲက သူအဆိုတော်ဖြစ်အောင် ရုန်းကန်ပေးခဲ့တဲ့ သူချစ်တဲ့ အမေ နဲ့ သူ့မိသားစုကို တစ်လ ၁၀ သိန်းလောက်ပဲ ပေးရပေမဲ့ သူနောင်တမရနိုင်ခဲ့ဘူး

အချစ်က သူ့ကို ကန်းစေခဲ့တယ်

ရှိုးပွဲဆိုသမျှ ပိုက်ဆံရသမျှ သက်ဆိုင်သူကအကုန်သိမ်းဆည်းပြီး စီမံနေတာကို သူ့ကိုချစ်တာပဲလို့သူလက်ခံခဲ့တယ် မတရားသဖြင့် နိုင့်ထက်စီးနင်း ပြောရင်လဲ သူ့သက်ဆိုင်သူ ဘွဲ့ရပညာတတ်မကြီးရဲ့အပြောကို ပညာရေးတစ်ပိုင်းတစ်စနဲ့ ပြည်သူချစ်အဆိုတော်ကြီး လူမသိသူမသိ ငြိမ်ခံနေခဲ့ရတာတွေ သူ့ပါးစပ်ကထုတ်မပြောခဲ့ဘူးတဲ့

ကြားရတော့စိတ်တောင်မကောင်းဘူး မင်္ဂလာဆောင်ဖို့ ၂ ရက်အလိုလောက်က သတို့သမီးအလောင်းအလျာက မျက်နှာပေါင်းတင် ဖို့ဆိုပြီး ခေါက်ဆွဲတစ်ထုတ်ပြုတ်ပေးပြီး အခန်းထဲသော့ခတ်ထားခဲ့ရတာကိုခံခဲ့ရတဲ့သူ သူ့အဖြစ်ကို လူသနားအောင်ငိုမပြတတ်ခဲ့ဘူး

ကိုယ်တွေကိုအဲ့လိုလာလုပ်ရင်ကျိန်းသေတယ် ကိုယ်တွေတော့ ခင်ဗျားလိုသီးခံနိုင်မှာမဟုတ်ဘူး ကိုဝနရေ

အဲ့ညက သူအိမ်ပြန်လာတော့ ကိုယ့်ရှေ့မှောက်မှာ အမေကိုရစရာမရှိအောင်ပြောမိသားစုကိုစော်ကားနေတော့ ၊ လူပဲ ဘယ်သူနေနေ စိတ်ရှိတယ် ခင်ဗျားအနေနဲ့လဲစိတ်တိုမှာပဲလေ

တော်တော့ မင်းဆက်မပြောနဲ့တော့ဆိုပြီးကက်ကက်လန်ရန်တွေ့နေတဲ့ သက်ဆိုင်သူကိုတွန်းအဖယ် ထိမိတဲ့ action က နာကျင်စေလို့တဲ့ ခင်ဗျားကတောင်းပန် ရဦးမတဲ့လား?

ကိုယ့်စိတ်ကိုအကြိမ်ကြိမ်မဒိမ်းကျင့်ပြီး ကိုယ့်မိသားစုကိုပါအခါခါဗလက္ကာရ လုပ်နေတဲ့ သူတွေမှာ အမှားမရှိတော့ဘူးတဲ့လား ရတောင်မရသေးဘူး အမေအိုကို လုပ်ကျွေးနေတဲ့သားတစ်ယောက်ရဲ့ ဆန္ဒကိုပိတ်ပက်ဖို့ကစလာပြီငွေဆယ်သိန်းပေးရတာတွေ မြင်လာပြီ နောက်ဆိုဘယ်လိုလုပ်မလဲ? ခင်ဗျားလဲတွေးမှာပဲ ကျွန်တော်လဲတွေးမှာပဲ

အန်တီကတော့ပြောရှာတယ် သူအရင်ကလိုစိတ်ချမ်းချမ်းသာသာ နဲ့ အဝတ်ပဲလျှော်စားတော့မယ်သားရယ်… တဲ့ ၊ ခင်ဗျားရင်မနာဘူးလား? ကျွန်တော် တို့ကရော ရင်မနာရဘူးလား?

မင်္ဂလာဖိတ်စာမှာလဲ ဘယ်သူ့မှအသိမပေးပဲမိဘကအစ ကချင်နာမည်တွေပေးပစ်တယ် အကိုကလဲ ကျွန်တော်တို့သိခဲ့တဲ့ ဝနအပြင် နာမည်အသစ်ကြီးတစ်ခုနဲ့ နော်မင်းအောင်လ တဲ့လား? ဗုဒ္ဓဘာသာ ဆိုတော့ ဘုန်းကြီးကျောင်းမှာလဲ မင်္ဂလာဆောင်ချင်တယ် ပြောတော့ သူငြင်းသတဲ့လား ငါ့အကို ရှမ်းစပ်တဲ့သူတွေမို့ ရှမ်းလိုလဲ ဆောင်ချင်တယ်ဆိုတော့လက်မခံပြန်ဘူးတဲ့လား? ဒါတွေထားတော့ ဗုဒ္ဓဘာသာ ဝင် ယောက်ျားတိုင်းလိုချင်တဲ့ ရဟန်းဘဝ ကို ခဏယူပါရစေဆိုတော့လဲ ပိတ်ပင်ပြန်တာပဲတဲ့လား? ဘာလို့အဲ့လောက် သီးခံခဲ့ရတာဗျာ

နောက်ဆုံး ငွေကိုင်မသုံးပဲဇနီးအရာမြှောက် ရှာတိုင်းရသမျှ အပ်နေတော့ ဝန ဆိုတဲ့ ခင်ဗျားက ငအကြီး ငပိန်းကြီးလို့ သူတို့ကထင်သတဲ့လား?ရိုင်းလိုက်ကြတာ

နောက်ဆုံး အိမ်ထိလူကြီးတွေခေါ်လာပြီး Power ပြတက်စော်ကားကြတဲ့သူတွေကို ငါနင့်ကိုငါ့အမေနဲ့မလဲနိုင်ဘူး လို့ သားတစ်ယောက်အနေနဲ့ ခင်ဗျားပြောလိုက်တယ်ကြားတော့ ကျုပ်က ဝမ်းသာတယ် ငါ့အကို ၊ ကျုပ်တို့ကယောက်ျားတွေအမေကိုချစ်ကြတယ် သမီးတွေဆိုရင်တောင်ချစ်ကြတာပဲမဟုတ်လား? အမေကိုတော့ဘာနဲ့မှမလဲခဲ့နိုင်ဘူးလေ

ဒီအတွက် ဘုမသိဘမသိ လူတွေကခင်ဗျားကိုဝေဖန်ကြဦးမယ် ၊ခင်ဗျားက မေတ္တာထားပြီး မဖြေရှင်းချင်ဘူး မီဒီယာတွေနဲ့စကားမပြောချင်ဘူးဆိုသည့်တိုင် ဘေးကကျုပ်တို့ကဒီပြသနာမှာ balance မညီတာကို ဒီအတိုင်းကြည့်မနေနိုင်ဘူးလေ

ရန်ကုန်မှာရောက်နေတာကြာပြီ အကိုနဲ့ကျွန်တော်တောင်တစ်ခါမှ အပြင်မှာဆုံကြရတာမှမဟုတ်တာအကို အလုပ်ကြိုးစားနေလဲ ခေမာသီရိက အကို့အမေအိမ် ဒီထက်ပိုပြီး ကြီးမားမလာခဲ့ပါဘူးသက်ဆိုင်သူတွေရဲ့ တစ်မျိုးလုံးကို သီချင်းဆိုရှာကျွေးနေတဲ့ ငါ့အကို ဝဋ်ကြွေးကုန်ပြီပဲမှတ်ပါဗျာ အန်တီတို့အကိုတို့ အိပ်ယာထဲလဲနေကြတယ်ကြားတော့ စိတ်မကောင်းဘူးတစ်အိမ်လုံး မျက်ရည်နဲ့မျက်ခွက်ဆိုလို့ပိုပြီး စိတ်မကောင်းဘူး

ဒုတိယအခွေထွက်ဖို့ဘာကြောင့်ဒီလောက်ကြာနေရသလဲဆိုတာ အကို့ပရိတ်သတ်တွေရိပ်မိလောက်မယ်ထင်ရဲ့ ရသမျှငွေက စတူဒီယို မှကောင်းကောင်း မဝင်ရတာကိုး…

သာဒီလူကြီး အရမ်းဖြစ်မြောက်နေတာမြင်ရင်ငါ့အကိုကို အရမ်းသတိရတယ် အကိုလဲထပ်ပြီးတက်လာရမှာ ခုလိုကြန့်ကြာနေတာ အကိုသိပ်ချစ်တတ်ခဲ့လို့ပဲ ခေမာသီရိရပ်ကွက်ထဲဂစ်တာတီးရရင် ပျော်နေတဲ့ငယ်ငယ်ကထဲက အနုပညာပိုးပါတဲ့ အကို့အခန်းဝက စာသားလေး ကျွန်တော်မှတ်မိနေတယ် `ဒီအခန်းထဲဝင်လျင် သင့်အတ္တကိုအပြင်မှာ ထားခဲ့ပါ´ တဲ့ ငါ့အကိုရဲ့ဘဝအခန်းထဲမှာ ဒီလိုစာမျိုးဘာလို့ကပ်မထား ခဲ့တာလဲ ခုတော့ သူတို့ဖို့ပဲသိတဲ့ အတ္တသမားတွေကြောင့် အားလုံးစိတ်ညစ်နေကြရပြီ

အဆင်ပြေပါစေဗျာ ငါ့အကို အခုအကိုသေချာစဉ်းစားလို့ရပြီ ငါက အဆိုတော်လား? လှောင်အိမ်ထဲကငှက်လား?

ဖိုးသူတော် (www.phothutaw.com)
Credit: mmlivenews


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top