စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ၾကယ္တာရာလို႔ေတာင္ အမည္ေပးတင္စားထားတဲ့ ေစာင္းလ်ားသီးဟာ လွီးျဖတ္လိုက္တဲ့အခါမွာ တကယ္လည္း ၾကယ္ပြင့္ပံုစံပါပဲ။  အရသာက ခ်ဥ္ျပံဳးျပံဳးနဲ႔ အရည္ရႊမ္းျပီး စားေကာင္းတဲ့ အသီးတစ္မ်ိဳးပါ။ သြားက်ိန္းလို႔ မစားရဲၾကဘူးဆိုသူေတြေတာင္ ေစာင္းလ်ားသီးယို၊ ေစာင္းလ်ားသီးနဲ႔ခ်ဥ္စပ္ႏွပ္ထားတဲ့လက္ဖက္တို႔ကို စားရင္ ေၾကြသြားနိုင္ပါတယ္။ ေစာင္းလ်ားသီးမွည့္ျပီဆို ခ်ဥ္ျပံဳးျပံဳးအရသာေလးမွာ သၾကားခတ္ထားသလို အရသာနဲ႔ တကယ္ကိုစားလို႔ေကာင္းပါတယ္။

ဒါေပမယ့္ ဟိုးအရင္ကအိမ္ေရွ႔ေတြမွာ စိုက္ထားတတ္တဲ့ ေစာင္းလ်ားပင္ေလးေတြက အခုေတာ့ရွားပါးေနပါျပီ။ အပင္ရွိေနေသးတဲ့အိမ္ေတြမွာဆိုလည္း တန္ဖိုးမစား၊ သိပ္မစားၾကေတာ့ လမ္းေပၚမွာျပန္႔က်ဲ။ တကယ္ေတာ့ တန္ဖိုးမၾကီးတဲ့ သဘာဝအသီးအႏွံ၊အပင္ေလးေတြက ေဆးဖက္ဝင္တာ လူသိနည္းၾကပါတယ္။ ဥပမာ ငယ္ငယ္ကေဆာ့ၾက၊စားၾကတဲ့ ေဗာက္သီးကေဆးဖက္ဝင္မွန္းသိလာတဲ့အခါ နိုင္ငံျခားမ်ိဳးေတြကို ေစ်းၾကီးေပးျပီးမွာယူၾကတယ္။ အခုလို တန္ဖိုးမထားၾကတဲ့ သဘာဝေဆးဖက္ဝင္အသီးေလးေတြကို တန္ဖိုးသိလာတဲ့အခါ လြယ္လြယ္နဲ႔ရွာဝယ္လို႔မရနိုင္ေတာ့ဘူး၊ ေစ်းၾကီးေပးျပီးလိုက္ဝယ္ရေတာ့တာပါပဲ။ ခုေတာ့ အရမ္းမရွားေသးခင္ တန္ဖိုးထားေပးလိုက္ပါ။ ေစာင္းလ်ားသီးက ဘယ္လိုအဖိုးတန္လဲဆိုေတာ့ …

အရြယ္ေတာ္ ေစာင္းလ်ားသီးတစ္လံုး (၉၁ ဂရမ္ခန္႔)မွာ ဗီတာမင္ C ကအမ်ားဆံုးဆိုေပမယ့္ အမွ်င္ဓာတ္၊ ပရိုတင္း၊ ဗီတာမင္ B5၊ ေဖာလိတ္၊ ေကာ့ပါး၊ ပိုတက္စီယမ္၊ မဂၢနီဆီယမ္ေတြ ပါဝင္ပါတယ္။ တစ္ခါစားအတြက္ ကယ္လိုရီ ၂၈ နဲ႔ ကာဗိုဟိုက္ဒရိတ္ ၆ ဂရမ္ ပါဝင္ပါတယ္။
ကင္ဆာကာကြယ္တယ္

ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြၾကြယ္ဝလို႔ ခႏၶာကိုယ္ထဲက  free radicals အဆိပ္အေတာက္ေတြကို ပ်က္ျပယ္သန္႔စင္ေပးနုိင္ပါတယ္။ အမွ်င္ဓာတ္ပါဝင္မႈလည္းမ်ားလို႔ အူမၾကီးမွာ က်န္ရစ္ေနတဲ့ အဆိပ္အေတာက္ေတြကို သန္႔စင္ေပးနုိင္ျပီး အူမၾကီးကင္ဆာျဖစ္နုိင္ေျခကိုေလ်ာ့နည္းေစပါတယ္။
အေရာင္က်ေစနုိင္တယ္

ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ ေရာင္ရမ္းမႈေလ်ာ့က်ေစနုိင္တဲ့ flavonoids ေတြပါဝင္လို႔ တစ္ရွဴးေတြပ်က္စီးေစနိုင္တဲ့ free radicals ေတြကို ဟန္႔တားနုိင္ပါတယ္။
ႏို႔ထြက္မ်ားေစတယ္

နို႔တိုက္မိခင္ေတြအတြက္က ကေလးအတြက္ ႏို႔ရည္အလံုအေလာက္ထြက္ရွိနုိုင္ဖို႔ အေရးၾကီးဆံုးပါ။ တျခားအာဟာရေတြလည္း စားလို႔ရေပမယ့္ တခါတေလခ်င့္ခ်ိန္စားသံုးရင္ နို႔ထြက္မ်ားေအာင္ အေထာက္အကူေပးနုိင္တဲ့အာနိသင္ရွိပါတယ္။ အေရးၾကီးတာက သိပ္လည္းမစိမ္း၊ အမွည့္မလြန္ခင္ စားဖို႔ပါ။
ႏွလံုးအတြက္ေကာင္းတယ္

ေစာင္းလ်ားသီးမွာပါတဲ့ ပိုတက္ဆီယမ္နဲ႔ ဆိုဒီယမ္ေတြဟာ electrolyte မွာပါဝင္တဲ့အေရးၾကီးဓာတ္ေတြျဖစ္ျပီး ေသြးဖိအားကိုထိန္းညွိဖို႔ အေရးပါတဲ့အရာေတြပါ။ ႏွလံုးၾကြက္သားအပါအဝင္ ခႏၶာကိုယ္ရဲ႕ၾကြက္သားလုပ္ေဆာင္ခ်က္ေတြကို ထိန္းညွိေပးတဲ့ မဂၢနီဆီယမ္ေၾကာင့္ ဆိုဒီယမ္ကိုလည္း ထိန္းနုိင္တယ္။ ကိုလက္စထေရာကိုလည္း က်ေစလို႔ ႏွလံုးအတြက္ ေဆးတစ္လက္ျဖစ္ေနတာပါ။
ကိုယ္ခံအားေကာင္းေစတယ္

ေစာင္းလ်ားသီးမွာ ဗီတာမင္ C ၾကြယ္ဝတာေၾကာင့္ ကိုယ္ခံအားစနစ္ကိုျမွင့္တင္ေပးျပီး အေအးမိတုပ္ေကြးနဲ႔တျခားေရာဂါပိုးေတြကိုလည္း ကာကြယ္နုိင္တယ္။
အသားအေရလွေစတယ္

ဗီတာမင္ C လို ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြေၾကာင့္ အဆိပ္အေတာက္ေတြမွန္သမွ် ကူညီဖယ္ရွားေပးေနေတာ့ ဆိုင္မွာသြားျပီး အဆိပ္ထုတ္စရာမလိုေတာ့ပါဘူး။ အသားအေရပိုလွျပီး ဝက္ျခံကင္းဖို႔၊ ေရဓာတ္ျဖည့္တင္းျပီး ေခ်ာမြတ္ေစဖို႔၊ အေရးအေၾကာင္းေတြေလ်ာ့ေစဖို႔ ေစာင္းလ်ားသီးက ကူညီေပးမွာပါ။
အဆီက်ေစတယ္

ခ်ဥ္ေစာ္ကားသီးေျခာက္တို႔ ဘာတို႔ကို တကူးတကဝယ္ျပီး ေရစိမ္ေသာက္ၾကမယ့္အစား ေစ်းမၾကီးတဲ့ ေစာင္းလ်ားသီးကို မသံုးခ်င္ၾကဘူးလား။ သတၱဳဓာတ္နဲ႔အမွ်င္ဓာတ္ေတြၾကြယ္ဝေနေတာ့ အဆီခ်အစီအစဥ္လံုးပမ္းေနသူေတြအတြက္ ကြက္တိပါပဲ။ ေရဓာတ္လည္းျဖည့္ဆည္းေပးနိုင္လို႔ အားကစားလုပ္တဲ့အခ်ိန္မွာဆို အဆင္ေျပတယ္၊ electrolytes ေတြထိန္းညွိေပးနိုင္မယ့္သတၱဳဓာတ္ေတြ ေရာေႏွာပါဝင္လို႔ အသံုးဝင္ပါတယ္။
သတိထားဖို႔က –

ေစာင္းလ်ားသီးဟာ oxalate ပမာဏပါဝင္မႈမ်ားလို႔ တခ်ိဳ႕သူေတြမွာ ေဘးထြက္ဆိုးက်ိဳးရွိနုိင္ပါတယ္။ အထူးသျဖင့္ ေက်ာက္ကပ္မေကာင္းသူ၊ ေက်ာက္ကပ္ေရာဂါရွိသူေတြအတြက္ေတာ့ ေဖ်ာ္ေသာက္တာေတြမလုပ္သင့္ပါဘူး။ ေက်ာက္ကပ္ေရာဂါအခံရွိသူေတြ ေစာင္းလ်ားသီးကိုအျမဲစားသံုးရင္ ေက်ာက္ကပ္ထိခိုက္ေစမယ္၊ အာရံုေၾကာဆိုင္ရာျပႆနာေတြျဖစ္ေစနုိင္တယ္၊တက္တာ၊ အသက္ဆံုးရံႈးတာအထိျဖစ္နုိင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Version#
ကြယ်တာရာလို့တောင် အမည်ပေးတင်စားထားတဲ့ စောင်းလျားသီးဟာ လှီးဖြတ်လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။  အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင် စောင်းလျားသီးယို၊ စောင်းလျားသီးနဲ့ချဉ်စပ်နှပ်ထားတဲ့လက်ဖက်တို့ကို စားရင် ကြွေသွားနိုင်ပါတယ်။ စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလို အရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။

ဒါပေမယ့် ဟိုးအရင်ကအိမ်ရှေ့တွေမှာ စိုက်ထားတတ်တဲ့ စောင်းလျားပင်လေးတွေက အခုတော့ရှားပါးနေပါပြီ။ အပင်ရှိနေသေးတဲ့အိမ်တွေမှာဆိုလည်း တန်ဖိုးမစား၊ သိပ်မစားကြတော့ လမ်းပေါ်မှာပြန့်ကျဲ။ တကယ်တော့ တန်ဖိုးမကြီးတဲ့ သဘာဝအသီးအနှံ၊အပင်လေးတွေက ဆေးဖက်ဝင်တာ လူသိနည်းကြပါတယ်။ ဥပမာ ငယ်ငယ်ကဆော့ကြ၊စားကြတဲ့ ဗောက်သီးကဆေးဖက်ဝင်မှန်းသိလာတဲ့အခါ နိုင်ငံခြားမျိုးတွေကို ဈေးကြီးပေးပြီးမှာယူကြတယ်။ အခုလို တန်ဖိုးမထားကြတဲ့ သဘာဝဆေးဖက်ဝင်အသီးလေးတွေကို တန်ဖိုးသိလာတဲ့အခါ လွယ်လွယ်နဲ့ရှာဝယ်လို့မရနိုင်တော့ဘူး၊ ဈေးကြီးပေးပြီးလိုက်ဝယ်ရတော့တာပါပဲ။ ခုတော့ အရမ်းမရှားသေးခင် တန်ဖိုးထားပေးလိုက်ပါ။ စောင်းလျားသီးက ဘယ်လိုအဖိုးတန်လဲဆိုတော့ …

အရွယ်တော် စောင်းလျားသီးတစ်လုံး (၉၁ ဂရမ်ခန့်)မှာ ဗီတာမင် C ကအများဆုံးဆိုပေမယ့် အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင် B5၊ ဖောလိတ်၊ ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ တစ်ခါစားအတွက် ကယ်လိုရီ ၂၈ နဲ့ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ် ပါဝင်ပါတယ်။
ကင်ဆာကာကွယ်တယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ ခန္ဓာကိုယ်ထဲက  free radicals အဆိပ်အတောက်တွေကို ပျက်ပြယ်သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုလည်းများလို့ အူမကြီးမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။
အရောင်ကျစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုလျော့ကျစေနိုင်တဲ့ flavonoids တွေပါဝင်လို့ တစ်ရှူးတွေပျက်စီးစေနိုင်တဲ့ free radicals တွေကို ဟန့်တားနိုင်ပါတယ်။
နို့ထွက်များစေတယ်

နို့တိုက်မိခင်တွေအတွက်က ကလေးအတွက် နို့ရည်အလုံအလောက်ထွက်ရှိနိုင်ဖို့ အရေးကြီးဆုံးပါ။ တခြားအာဟာရတွေလည်း စားလို့ရပေမယ့် တခါတလေချင့်ချိန်စားသုံးရင် နို့ထွက်များအောင် အထောက်အကူပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ အရေးကြီးတာက သိပ်လည်းမစိမ်း၊ အမှည့်မလွန်ခင် စားဖို့ပါ။
နှလုံးအတွက်ကောင်းတယ်

စောင်းလျားသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေဟာ electrolyte မှာပါဝင်တဲ့အရေးကြီးဓာတ်တွေဖြစ်ပြီး သွေးဖိအားကိုထိန်းညှိဖို့ အရေးပါတဲ့အရာတွေပါ။ နှလုံးကြွက်သားအပါအဝင် ခန္ဓာကိုယ်ရဲ့ကြွက်သားလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆိုဒီယမ်ကိုလည်း ထိန်းနိုင်တယ်။ ကိုလက်စထရောကိုလည်း ကျစေလို့ နှလုံးအတွက် ဆေးတစ်လက်ဖြစ်နေတာပါ။
ကိုယ်ခံအားကောင်းစေတယ်

စောင်းလျားသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးနဲ့တခြားရောဂါပိုးတွေကိုလည်း ကာကွယ်နိုင်တယ်။
အသားအရေလှစေတယ်

ဗီတာမင် C လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အဆိပ်အတောက်တွေမှန်သမျှ ကူညီဖယ်ရှားပေးနေတော့ ဆိုင်မှာသွားပြီး အဆိပ်ထုတ်စရာမလိုတော့ပါဘူး။ အသားအရေပိုလှပြီး ဝက်ခြံကင်းဖို့၊ ရေဓာတ်ဖြည့်တင်းပြီး ချောမွတ်စေဖို့၊ အရေးအကြောင်းတွေလျော့စေဖို့ စောင်းလျားသီးက ကူညီပေးမှာပါ။
အဆီကျစေတယ်

ချဉ်စော်ကားသီးခြောက်တို့ ဘာတို့ကို တကူးတကဝယ်ပြီး ရေစိမ်သောက်ကြမယ့်အစား ဈေးမကြီးတဲ့ စောင်းလျားသီးကို မသုံးချင်ကြဘူးလား။ သတ္တုဓာတ်နဲ့အမျှင်ဓာတ်တွေကြွယ်ဝနေတော့ အဆီချအစီအစဉ်လုံးပမ်းနေသူတွေအတွက် ကွက်တိပါပဲ။ ရေဓာတ်လည်းဖြည့်ဆည်းပေးနိုင်လို့ အားကစားလုပ်တဲ့အချိန်မှာဆို အဆင်ပြေတယ်၊ electrolytes တွေထိန်းညှိပေးနိုင်မယ့်သတ္တုဓာတ်တွေ ရောနှောပါဝင်လို့ အသုံးဝင်ပါတယ်။
သတိထားဖို့က –

စောင်းလျားသီးဟာ oxalate ပမာဏပါဝင်မှုများလို့ တချို့သူတွေမှာ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်မကောင်းသူ၊ ကျောက်ကပ်ရောဂါရှိသူတွေအတွက်တော့ ဖျော်သောက်တာတွေမလုပ်သင့်ပါဘူး။ ကျောက်ကပ်ရောဂါအခံရှိသူတွေ စောင်းလျားသီးကိုအမြဲစားသုံးရင် ကျောက်ကပ်ထိခိုက်စေမယ်၊ အာရုံကြောဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တယ်၊တက်တာ၊ အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top