ေဒါင္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔ အမွတ္တရအျဖစ္ ရန္ကုန္ ကေလးေဆး႐ုံႀကီးမွာ အလႉအတန္းေတြ လုပ္ခဲ့ပါတယ္။ ဒီအလႉမွာ သူ႔ရဲ႕ We Love ေလးေတြလည္း ပါဝင္ခဲ့ၾကပါတယ္။သ႐ုပ္ေဆာင္ ေဒါင္းက ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မနက္ပိုင္းက ရန္ကုန္ ကေလး ေဆး႐ုံႀကီးမွာ အလႉလုပ္ခဲ့တာကို ေတြ႕ရပါတယ္။ ဒီအလႉဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔ အမွတ္တရအျဖစ္ ျပဳလုပ္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေဒါင္းနဲ႔ အတူ We Love Daung -ေဒါင္း အဖြဲ႕သားေတြဟာ လူနာအေယာက္ (၅၀၀) စာအတြက္ ထမင္း၊ ၾကက္သားဆီျပန္၊ ငါးဗူးသီး၊ ဂ်ဴးျမစ္ခ်ဥ္ဟင္း၊ ငပိရည္၊ တို႔စရာ တို႔ကို တစ္ရက္စာ အာဟာရအလႉရွင္အျဖစ္ ေကြၽးေမြးလႉဒါန္းခဲ့တယ္လို႔ ‘’We Love Daung-ေဒါင္း’’ Group မွာ ေရးသားထားတာ ေတြ႕ရပါတယ္။


သ႐ုပ္ေဆာင္ေဒါင္း ဟာ လက္ရွိ အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာ ရရွိပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္လည္း သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ‘’လိပ္ျပာစံအိမ္’’ ႐ုပ္ရွင္ဇာတ္ကားႀကီး ကလည္း ေအာင္ျမင္မႈေတြရရွိေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က စၿပီး ႐ုံတင္ခဲ့တာပါ။ ဒီဇာတ္ကားမွာေတာ့ သူနဲ႔အတူ ဝတ္မႈန္ေ႐ႊရည္က ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။

မိန္းကေလး ပရိသတ္အမ်ားစုပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ ေဒါင္းက အခုဆိုရင္ အႏုပညာအလုပ္ေတြ အဆက္မျပတ္ ေဆာင္႐ြက္လာရပါၿပီ။ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ႐ိုက္ကူးေနတာျဖစ္သလို ႐ုပ္သံဇာတ္လမ္းတြဲေတြလည္း ႐ိုက္ကူးလွ်က္ရွိပါတယ္။ လက္ရွိမွာလည္း ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦး ႐ိုက္ကူးတဲ့ ‘’လရဲ႕ ေအာက္ဘက္ မိုင္အေဝးမွာ’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အိျႏၵာေက်ာ္ဇင္ နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဒေါင်းက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအဖြစ် ရန်ကုန် ကလေးဆေးရုံကြီးမှာ အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။ ဒီအလှူမှာ သူ့ရဲ့ We Love လေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။သရုပ်ဆောင် ဒေါင်းက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန် ကလေး ဆေးရုံကြီးမှာ အလှူလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအဖြစ် ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။


ဒေါင်းနဲ့ အတူ We Love Daung -ဒေါင်း အဖွဲ့သားတွေဟာ လူနာအယောက် (၅၀၀) စာအတွက် ထမင်း၊ ကြက်သားဆီပြန်၊ ငါးဗူးသီး၊ ဂျူးမြစ်ချဉ်ဟင်း၊ ငပိရည်၊ တို့စရာ တို့ကို တစ်ရက်စာ အာဟာရအလှူရှင်အဖြစ် ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ ‘’We Love Daung-ဒေါင်း’’ Group မှာ ရေးသားထားတာ တွေ့ရပါတယ်။

သရုပ်ဆောင်ဒေါင်း ဟာ လက်ရှိ အနုပညာလောကမှာ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်လည်း သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’လိပ်ပြာစံအိမ်’’ ရုပ်ရှင်ဇာတ်ကားကြီး ကလည်း အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စပြီး ရုံတင်ခဲ့တာပါ။ ဒီဇာတ်ကားမှာတော့ သူနဲ့အတူ ဝတ်မှုန်ရွှေရည်က ပါဝင်သရုပ်ဆောင်ထားတာပါ။

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် ဆောင်ရွက်လာရပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာဖြစ်သလို ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးလျှက်ရှိပါတယ်။ လက်ရှိမှာလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ ‘’လရဲ့ အောက်ဘက် မိုင်အဝေးမှာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အိန္ဒြာကျော်ဇင် နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top