သင့္အေနနဲ႔ ေပက်င္းမွာ ရွိေနတယ္ဆိုရင္ေတာ့ သင့္ရဲ႕ ေဒါသစိတ္ကို ၾကာၾကာၿမိဳသပ္ဖို႔ လိုခ်င္မွ လိုပါလိမ့္မယ္။

ေဒါသအခန္းထဲမွာ နာရီဝက္ေလာက္ သြားေနၾကည့္လိုက္ပါ။ ဒီအခန္းထဲ ေဘ့စ္ေဘာ႐ိုက္တံနဲ႔ ရွိသမွ် ပစၥည္းေတြကို ႐ိုက္ခြဲရင္း ေဒါသစိတ္ကို ေဖာက္ခြဲပြင့္အန္ပစ္လိုက္ႏိုင္ပါတယ္။

တ႐ုတ္ႏိုင္ငံ ေပက်င္းမွာရွိတဲ့ စြန႔္ဦးတီထြင္လုပ္ငန္းတစ္ခုဟာ ေဒါသအခန္းဝန္ေဆာင္မႈကို ၿမိဳ႕ေနျပည္သူေတြအတြက္ ဝန္ေဆာင္မႈ ေပးထားပါတယ္။

စိတ္ဖိစီးမႈေတြ ေျပေလ်ာ့ေရးအတြက္ အခန္းေနရာေတြကို ဝန္ေဆာင္မႈ ေပးထားတာပါ။ ဒီအခန္းေတြမွာ စိတ္ႀကိဳက္ထုခြဲပစ္ႏိုင္ဖို႔ တီဗီေတြ၊ တယ္လီဖုန္းေတြအျပင္ လူပုံတုအ႐ုပ္ေတြကို ထားထားေပးပါတယ္။

ဘက္တံေတြ၊ ေဘ့စ္ေဘာ႐ိုက္တံေတြ၊ သတၳဳေခ်ာင္းေတြနဲ႔ တူေတြကို စိတ္ႀကိဳက္ေ႐ြးၿပီး စိတ္တိုင္းက် ဖ်က္ဆီ႐ိုက္ခြဲပစ္ႏိုင္တဲ့ ဝန္ေဆာင္မႈပါပဲ။

လူသိမ်ားတဲ့ အႏုပညာဧရိယာ ၇၉၈ မွာ ဖ်က္ဆီးျခင္းအခန္းလို႔လည္း ေခၚတဲ့ ဒီေဒါသေဖာက္ခြဲရာ အခန္းေတြ ရွိပါတယ္။

Smash (႐ိုက္ခြဲျခင္း)ဆိုတဲ့ လုပ္ငန္းဌာနက ၿပီးခဲ့တဲ့ စက္တင္ဘာလကစၿပီး ဒီဝန္ေဆာင္မႈကို စတင္ဝန္္ေဆာင္ေပးေနတာပါ။

စိတ္ဖိစီးမႈေတြကို ေခ်ဖ်က္တဲ့ သမ႐ိုးက်ကေန ခြဲထြက္တဲ့ ကုထုံးတစ္ရပ္အေနနဲ႔ စိတ္ဖိစီးမႈ ျဖစ္ေနတဲ့ သူေတြကို Smash ကေန ဝန္ေဆာင္မႈ ေပးေနတာပဲ ျဖစ္ပါတယ္။

ဒီ ေဒါသအခန္းေတြဟာ တ႐ုတ္ႏိုင္ငံမွာပဲ ရွိေနတာျဖစ္ၿပီး တစ္လမွာ လူေပါင္း ၆၀၀ ေလာက္ ေဒါသဖ်က္ဆီးျခင္းအခန္းေတြဆီ လာေရာက္ေနၾကတယ္လို႔ သိရပါတယ္။

ေပက်င္းၿမိဳ႕ေနေတြဟာ အလြန္ပဲ စိတ္ဖိစီးမႈ ျဖစ္ေနၾကတယ္လို႔ Smash ကို ပူးတြဲတည္ေထာင္တဲ့ က်င္းမန္က ေျပာပါတယ္။

ဒီလို စိတ္ဖိစီးမႈ ျဖစ္ေနတဲ့ ၿမိဳ႕ေနျပည္သူေတြအတြက္ သူတို႔ရဲ႕ ႀကိတ္မႏိုင္ခဲမရ ေဒါသစိတ္ေတြကို အိမ္တြင္းပစၥည္းကို ႐ိုက္ခြဲဖ်က္ဆီးပစ္ျခင္းကေန စိတ္ထြက္ေပါက္ေပးေနတာပါလို႔ ၎က ေျပာပါတယ္။

ဒါေပမယ့္ ဒီလို စိတ္ထြက္ေပါက္ရေအာင္ ေျဖေလွ်ာ့ဖို႔အတြက္ေတာ့ နာရီဝက္စာ အခ်ိန္အတြက္ ယြမ္ ၂၀၀(အေမရိကန္ေဒၚလာ ၃၀) နီးပါး ေပးရမွာ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္နဲ႔ ၃၀ ၾကား လာေရာက္ၾကတဲ့သူေတြဟာ သူတို႔ ဖ်က္ဆီး႐ိုက္ခ်ိဳးလိုတဲ့ ပစၥည္းေတြအေပၚမူတည္ၿပီး ေပးေဆာင္ရတဲ့ ေစ်းႏႈန္း ကြာဟမႈ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #

သင့်အနေနဲ့ ပေကျင်းမှာ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့ ဒေါသစိတ်ကို ကြာကြာမြိုသပ်ဖို့ လိုချင်မှ လိုပါလိမ့်မယ်။

ဒေါသအခန်းထဲမှာ နာရီဝက်လောက် သွားနေကြည့်လိုက်ပါ။ ဒီအခန်းထဲ ဘေ့စ်ဘောရိုက်တံနဲ့ ရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲရင်း ဒေါသစိတ်ကို ဖောက်ခွဲပွင့်အန်ပစ်လိုက်နိုင်ပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဟာ ဒေါသအခန်းဝန်ဆောင်မှုကို မြို့နေပြည်သူတွေအတွက် ဝန်ဆောင်မှု ပေးထားပါတယ်။

စိတ်ဖိစီးမှုတွေ ပြေလျော့ရေးအတွက် အခန်းနေရာတွေကို ဝန်ဆောင်မှု ပေးထားတာပါ။ ဒီအခန်းတွေမှာ စိတ်ကြိုက်ထုခွဲပစ်နိုင်ဖို့ တီဗီတွေ၊ တယ်လီဖုန်းတွေအပြင် လူပုံတုအရုပ်တွေကို ထားထားပေးပါတယ်။

ဘက်တံတွေ၊ ဘေ့စ်ဘောရိုက်တံတွေ၊ သတ္ထုချောင်းတွေနဲ့ တူတွေကို စိတ်ကြိုက်ရွေးပြီး စိတ်တိုင်းကျ ဖျက်ဆီရိုက်ခွဲပစ်နိုင်တဲ့ ဝန်ဆောင်မှုပါပဲ။

လူသိများတဲ့ အနုပညာဧရိယာ ၇၉၈ မှာ ဖျက်ဆီးခြင်းအခန်းလို့လည်း ခေါ်တဲ့ ဒီဒေါသဖောက်ခွဲရာ အခန်းတွေ ရှိပါတယ်။

Smash (ရိုက်ခွဲခြင်း)ဆိုတဲ့ လုပ်ငန်းဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဒီဝန်ဆောင်မှုကို စတင်ဝန်ဆောင်ပေးနေတာပါ။

စိတ်ဖိစီးမှုတွေကို ချေဖျက်တဲ့ သမရိုးကျကနေ ခွဲထွက်တဲ့ ကုထုံးတစ်ရပ်အနေနဲ့ စိတ်ဖိစီးမှု ဖြစ်နေတဲ့ သူတွေကို Smash ကနေ ဝန်ဆောင်မှု ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီ ဒေါသအခန်းတွေဟာ တရုတ်နိုင်ငံမှာပဲ ရှိနေတာဖြစ်ပြီး တစ်လမှာ လူပေါင်း ၆၀၀ လောက် ဒေါသဖျက်ဆီးခြင်းအခန်းတွေဆီ လာရောက်နေကြတယ်လို့ သိရပါတယ်။

ပေကျင်းမြို့နေတွေဟာ အလွန်ပဲ စိတ်ဖိစီးမှု ဖြစ်နေကြတယ်လို့ Smash ကို ပူးတွဲတည်ထောင်တဲ့ ကျင်းမန်က ပြောပါတယ်။

ဒီလို စိတ်ဖိစီးမှု ဖြစ်နေတဲ့ မြို့နေပြည်သူတွေအတွက် သူတို့ရဲ့ ကြိတ်မနိုင်ခဲမရ ဒေါသစိတ်တွေကို အိမ်တွင်းပစ္စည်းကို ရိုက်ခွဲဖျက်ဆီးပစ်ခြင်းကနေ စိတ်ထွက်ပေါက်ပေးနေတာပါလို့ ၎င်းက ပြောပါတယ်။

ဒါပေမယ့် ဒီလို စိတ်ထွက်ပေါက်ရအောင် ဖြေလျှော့ဖို့အတွက်တော့ နာရီဝက်စာ အချိန်အတွက် ယွမ် ၂၀၀(အမေရိကန်ဒေါ်လာ ၃၀) နီးပါး ပေးရမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား လာရောက်ကြတဲ့သူတွေဟာ သူတို့ ဖျက်ဆီးရိုက်ချိုးလိုတဲ့ ပစ္စည်းတွေအပေါ်မူတည်ပြီး ပေးဆောင်ရတဲ့ ဈေးနှုန်း ကွာဟမှု ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top