iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ရွိလာၿပီဆုိတာနဲ႔ အိမ္က အိမ္သာကို သဖို႔လိုလာၿပီေနာ္။ အိမ္သာထဲ အခ်ိန္အေတာ္မ်ား်မ်ားကို ကုန္ဆံုးဖို႔ လိုလာႏိုင္လို႔ပါ။ ဆီးအိမ္ေဘးမွာရွိတဲ သားအိမ္ တျဖည္းျဖည္းနဲ႔ ႀကီးလာတာနဲ႔အမ်ွ ဆီးသြားႏႈန္း ပိုမ်ားလာပါလိမ့္မယ္။

          ကိုယ္ဝန္ရင့္လာေလေလ ဆီးသြားတာ အႀကိမ္ေရ ပိုစိပ္လာေလေလဆိုေပမယ့္ ပထမ ၃ လအတြင္းမွာ အဆိုးဆံုးပါပဲ။ ဒီအခ်ိန္မွာ သားအိမ္က ဆီးခံုအျပင္ဘက္အထိကို မေရာက္ေသးလို႔ပါ။

          ကိုယ္ဝန္ေဆာင္စဥ္မွာ ဆီးသြားတဲ့အႀကိမ္ေရ နည္းေစဖို႔အတြက္ ဆီးသြားတိုင္းမွာ ဆီးအိမ္ထဲ ဆီး လံုးဝမက်န္ေတာ့သည္အထိကုိ အခ်ိန္ေပးၿပီး သြားေပးပါ။ ဆီးသြားတာကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ဖို႔ ဆီးခံုေအာက္ပိုင္းႂကြက္သား ေလ့က်င့္ခန္း၊ Kegel ေလ့က်င့္ခန္း လုပ္ေပးသင့္ပါတယ္။

          ေနာက္ၿပီးေတာ့ ဆီးသြားရင္ ခါတိုင္းထက္ ပိုၾကာလာတာကိုလည္း သတိထားမိပါလိမ့္ဦးမယ္။ ပံုမွန္ ဆီးသြားမ်ားတာကို ဆီးအိမ္ ေရာင္တာ၊ ဆိးအိမ္ ပိုးဝင္တာေတြနဲ႔ မမွားသင့္ဘူးေနာ္။

          ဆီးအိမ္ေရာင္တဲ့အခါ ဆီးသြားတဲ့ပံုစံ ေျပာင္းလဲလာတာ၊ ဆီး မၾကာခဏသြားတာ၊ ဆီးသြားရင္ နာတာ၊ ဆီးမထိန္းႏိုင္တာမ်ိဳးေတြ ျဖစ္လာႏိုင္တယ္။ တစ္ခါတေလ ဖ်ားေတာင္ ဖ်ားတတ္ေသးတယ္။

          တကယ္လို႔ ပိုးဝင္တယ္လို႔ထင္ရင္ ဆီးထဲ ဘက္တီးရီးယားပိုး ပါ၊ မပါကို စစ္ၾကည့္ဖို႔ လိုပါတယ္။ ဆီးစစ္တဲ့အခါ ဆီးကို ဘယ္လိုယူရမယ္၊ ဘယ္ခြက္နဲ႔ ခံရမယ္၊ ဘယ္ကို လာပို႔ရမယ္ဆိုတာေတြ ေသခ်ာေမးျမန္းဖို႔ လိုပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
#Unicode Version#
ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ အိမ်က အိမ်သာကို သဖို့လိုလာပြီနော်။ အိမ်သာထဲ အချိန်အတော်များျများကို ကုန်ဆုံးဖို့ လိုလာနိုင်လို့ပါ။ ဆီးအိမ်ဘေးမှာရှိတဲ သားအိမ် တဖြည်းဖြည်းနဲ့ ကြီးလာတာနဲ့အမျှ ဆီးသွားနှုန်း ပိုများလာပါလိမ့်မယ်။

          ကိုယ်ဝန်ရင့်လာလေလေ ဆီးသွားတာ အကြိမ်ရေ ပိုစိပ်လာလေလေဆိုပေမယ့် ပထမ ၃ လအတွင်းမှာ အဆိုးဆုံးပါပဲ။ ဒီအချိန်မှာ သားအိမ်က ဆီးခုံအပြင်ဘက်အထိကို မရောက်သေးလို့ပါ။

          ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးသွားတဲ့အကြိမ်ရေ နည်းစေဖို့အတွက် ဆီးသွားတိုင်းမှာ ဆီးအိမ်ထဲ ဆီး လုံးဝမကျန်တော့သည်အထိကို အချိန်ပေးပြီး သွားပေးပါ။ ဆီးသွားတာကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ဆီးခုံအောက်ပိုင်းကြွက်သား လေ့ကျင့်ခန်း၊ Kegel လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

          နောက်ပြီးတော့ ဆီးသွားရင် ခါတိုင်းထက် ပိုကြာလာတာကိုလည်း သတိထားမိပါလိမ့်ဦးမယ်။ ပုံမှန် ဆီးသွားများတာကို ဆီးအိမ် ရောင်တာ၊ ဆိးအိမ် ပိုးဝင်တာတွေနဲ့ မမှားသင့်ဘူးနော်။

          ဆီးအိမ်ရောင်တဲ့အခါ ဆီးသွားတဲ့ပုံစံ ပြောင်းလဲလာတာ၊ ဆီး မကြာခဏသွားတာ၊ ဆီးသွားရင် နာတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ တစ်ခါတလေ ဖျားတောင် ဖျားတတ်သေးတယ်။

          တကယ်လို့ ပိုးဝင်တယ်လို့ထင်ရင် ဆီးထဲ ဘက်တီးရီးယားပိုး ပါ၊ မပါကို စစ်ကြည့်ဖို့ လိုပါတယ်။ ဆီးစစ်တဲ့အခါ ဆီးကို ဘယ်လိုယူရမယ်၊ ဘယ်ခွက်နဲ့ ခံရမယ်၊ ဘယ်ကို လာပို့ရမယ်ဆိုတာတွေ သေချာမေးမြန်းဖို့ လိုပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top