အခုတေလာ အနုုပညာေလာကထဲမွာ ဂယက္ရိုက္ေနတဲ့ သတင္းေတြကေတာ့ ျမန္မာနုိင္ငံမွာ Line Walker 2 လာရုိုက္တာနဲ႔ အကယ္ဒမီေရႊၾကိဳေရြးခ်ယ္ေရးကိစၥေတြပါပဲ။ အကယ္ဒမီေရႊၾကိဳျဖစ္ခြင့္ရတာနဲ႔ အနုပညာေလာကထဲေလွ်ာက္ဖို႔တံခါးက အလိုလိုပြင့္ျပီးသားျဖစ္ေလ့ရွိေတာ့ ေရႊၾကိဳျဖစ္ခ်င္တဲ့သူေတြကလည္း ေအာတိုက္ပါပဲ။ ဒါေပမယ့္ ဒီနွစ္ေရႊၾကိဳက အရင္အၾကိမ္ေတြလို ေလွ်ာက္လႊာနဲ႔ေခၚယူတာမဟုတ္ပါဘူး။ အနုပညာရွင္ေတြရဲ႕ရင္ေသြးေတြကုိ ပြဲထုတ္တဲ့ပြဲျဖစ္တယ္လို႔သိရပါတယ္။ ေရႊၾကိဳေရြးခ်ယ္မႈေတြနဲ႔ပတ္သက္ျပီး ရန္ေအာင္နဲ႔ ေမသန္းနုက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ရွင္းျပသြားပါတယ္။

ဒီနွစ္ေရႊၾကိဳေတြက အနုပညာရွင္ေတြရဲ႕ True Blood ေတြ ရင္ေသြးေတြကုိ ပြဲထုတ္တာျဖစ္ေၾကာင္း ရန္ေအာင္က “ျပီးခဲ့တဲ့နွစ္ကတည္းကေပါ့ေနာ္ အနုပညာရွင္ေတြရဲ႕ ရင္ေသြးေလးေတြကုိ ပြဲထုတ္တဲ့သေဘာမ်ိဳးေလးေတြလုပ္တာေပါ့ေန္ာ။ ေရႊၾကိဳမဟုတ္ေတာ့ဘူး။ အရင္တုန္းက ေရႊၾကိဳက ေလွ်ာက္လႊာေခၚတယ္ေပါ့ေနာ္။ စည္းကမ္းခ်က္ေတြထုတ္တယ္။ အခုကေတာ့ နီးစပ္ရာေလးစံုစမ္းလိုက္ေတာ့ ေယာက္်ားေလးအင္အားကနည္းတယ္။ ကုိခင္လိႈင္ေရ ကုိခင္လိႈင္သားနဲ႔သမီးနဲ႔ ေရႊၾကိဳလုပ္မလားေပါ့။ မင္းသူဆီမွာလည္း သားရွိတယ္ဆိုေတာ့ သားေလးကုိ မ်ိဳးဆက္အေနနဲ႔ ပြဲထုတ္ခ်င္တယ္ေပ့ါ၊ကြ်န္ေတာ္တို႔က ေရႊၾကဳိဆိုတဲ့ ေပတံနဲ႔မတိုင္းပါဘူး။ အဓိကက အနုပညာရွင္ေတြရဲ႕ရင္ေသြးျဖစ္ရမယ္ဆိုတာပဲအသိအမွတ္ျပဳထားပါတယ္”လို႔ ေျပာျပထားပါတယ္။


ေရႊၾကိဳမလုပ္ရဘူးဆိုျပီး ဂယက္ရိုက္သြားတဲ့ ကုိကုိဦးသားေလးကိစၥကုိ ရန္ေအာင္က “ကုိကုိဦးသားေလးကက်ေတာ့ ကြ်န္ေတာ္တို႔က လူျပည့္သြားျပီ။ လူေတြကေတာ္ေတာ္ၾကီးကုိျပည့္သြားျပီေပါ့ေနာ္။ အခ်ိဳ႕ကလည္းအေၾကာင္းၾကားတာေနာက္က်တယ္။ လူကျပည့္သြားေတာ့ change လို႔မရေတာ့ဘူးျဖစ္ေနတယ္။ အဲဒီမွာ ကုိကုိဦးသားေလးကအဲ့လုိျဖစ္လာတယ္ဆိုေတာ့ ေခါင္းေျခာက္သြားတယ္ေပါ့ေနာ္။ သူကကံေလးကလည္းေကာင္းခ်င္ေတာ့ ကုိခင္လိႈင့္သားေလးက ေလးရက္ေန႔မွာ ရုပ္ရွင္ရိုက္စရာရွိေတာ့ ခြင့္ယူတယ္ေပါ့ေနာ္။ အဲဒီေနရာကို ကုိုကုိဦးသားေလးက ဝင္သြားတယ္ေပါ့ေနာ္”လို႔ ရွင္းျပထားပါတယ္။

ေလာေလာဆယ္ေရႊၾကိဳေတြရဲ႕အေျခအေနကုိ မဆင့္က “အခုဆိုရင္ လူေရြးေပးတယ္စိစစ္ေပးတယ္ေပါ့ေနာ္။ မိတ္ကပ္အဝတ္အစားေတြဘာေတြ ဂုိက္လိုင္းခ်ေပးလိုက္တာပဲ။ သူတို႔ကုိတကယ္တမ္းသင္မွာကေတာ့ ေမစံပယ္ေပါ့ေနာ္။ လမ္းေလွ်ာက္ပံုလမ္းေလွ်ာက္နည္းသင္ေပးပါလိမ့္မယ္။ေမစံပယ္ကလည္း ေမာ္ဒယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါေသးတယ္။


ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေရႊၾကိဳေလးေတြကုိခ်စ္ၾကလား။အနုပညာရွင္ေတြရဲ႕မ်ိဳးဆက္သစ္ ေရႊၾကိဳေလးေတြကုိ စင္ျမင့္ထက္မွာျမင္ရဖုိ႔ရင္ခုန္ေနၾကျပီလား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#

အခုတလော အနုပညာလောကထဲမှာ ဂယက်ရိုက်နေတဲ့ သတင်းတွေကတော့ မြန်မာနိုင်ငံမှာ Line Walker 2 လာရိုက်တာနဲ့ အကယ်ဒမီရွှေကြိုရွေးချယ်ရေးကိစ္စတွေပါပဲ။ အကယ်ဒမီရွှေကြိုဖြစ်ခွင့်ရတာနဲ့ အနုပညာလောကထဲလျှောက်ဖို့တံခါးက အလိုလိုပွင့်ပြီးသားဖြစ်လေ့ရှိတော့ ရွှေကြိုဖြစ်ချင်တဲ့သူတွေကလည်း အောတိုက်ပါပဲ။ ဒါပေမယ့် ဒီနှစ်ရွှေကြိုက အရင်အကြိမ်တွေလို လျှောက်လွှာနဲ့ခေါ်ယူတာမဟုတ်ပါဘူး။ အနုပညာရှင်တွေရဲ့ရင်သွေးတွေကို ပွဲထုတ်တဲ့ပွဲဖြစ်တယ်လို့သိရပါတယ်။ ရွှေကြိုရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ရန်အောင်နဲ့ မေသန်းနုက မီဒီယာတွေနဲ့အင်တာဗျူးမှာ ရှင်းပြသွားပါတယ်။


ဒီနှစ်ရွှေကြိုတွေက အနုပညာရှင်တွေရဲ့ True Blood တွေ ရင်သွေးတွေကို ပွဲထုတ်တာဖြစ်ကြောင်း ရန်အောင်က “ပြီးခဲ့တဲ့နှစ်ကတည်းကပေါ့နော် အနုပညာရှင်တွေရဲ့ ရင်သွေးလေးတွေကို ပွဲထုတ်တဲ့သဘောမျိုးလေးတွေလုပ်တာပေါ့နေ်ာ။ ရွှေကြိုမဟုတ်တော့ဘူး။ အရင်တုန်းက ရွှေကြိုက လျှောက်လွှာခေါ်တယ်ပေါ့နော်။ စည်းကမ်းချက်တွေထုတ်တယ်။ အခုကတော့ နီးစပ်ရာလေးစုံစမ်းလိုက်တော့ ယောက်ျားလေးအင်အားကနည်းတယ်။ ကိုခင်လှိုင်ရေ ကိုခင်လှိုင်သားနဲ့သမီးနဲ့ ရွှေကြိုလုပ်မလားပေါ့။ မင်းသူဆီမှာလည်း သားရှိတယ်ဆိုတော့ သားလေးကို မျိုးဆက်အနေနဲ့ ပွဲထုတ်ချင်တယ်ပေ့ါ၊ကျွန်တော်တို့က ရွှေကြိုဆိုတဲ့ ပေတံနဲ့မတိုင်းပါဘူး။ အဓိကက အနုပညာရှင်တွေရဲ့ရင်သွေးဖြစ်ရမယ်ဆိုတာပဲအသိအမှတ်ပြုထားပါတယ်”လို့ ပြောပြထားပါတယ်။

ရွှေကြိုမလုပ်ရဘူးဆိုပြီး ဂယက်ရိုက်သွားတဲ့ ကိုကိုဦးသားလေးကိစ္စကို ရန်အောင်က “ကိုကိုဦးသားလေးကကျတော့ ကျွန်တော်တို့က လူပြည့်သွားပြီ။ လူတွေကတော်တော်ကြီးကိုပြည့်သွားပြီပေါ့နော်။ အချို့ကလည်းအကြောင်းကြားတာနောက်ကျတယ်။ လူကပြည့်သွားတော့ change လို့မရတော့ဘူးဖြစ်နေတယ်။ အဲဒီမှာ ကိုကိုဦးသားလေးကအဲ့လိုဖြစ်လာတယ်ဆိုတော့ ခေါင်းခြောက်သွားတယ်ပေါ့နော်။ သူကကံလေးကလည်းကောင်းချင်တော့ ကိုခင်လှိုင့်သားလေးက လေးရက်နေ့မှာ ရုပ်ရှင်ရိုက်စရာရှိတော့ ခွင့်ယူတယ်ပေါ့နော်။ အဲဒီနေရာကို ကိုကိုဦးသားလေးက ဝင်သွားတယ်ပေါ့နော်”လို့ ရှင်းပြထားပါတယ်။


လောလောဆယ်ရွှေကြိုတွေရဲ့အခြေအနေကို မဆင့်က “အခုဆိုရင် လူရွေးပေးတယ်စိစစ်ပေးတယ်ပေါ့နော်။ မိတ်ကပ်အဝတ်အစားတွေဘာတွေ ဂိုက်လိုင်းချပေးလိုက်တာပဲ။ သူတို့ကိုတကယ်တမ်းသင်မှာကတော့ မေစံပယ်ပေါ့နော်။ လမ်းလျှောက်ပုံလမ်းလျှောက်နည်းသင်ပေးပါလိမ့်မယ်။မေစံပယ်ကလည်း မော်ဒယ်ပေါ့နော်”လို့ ပြောပြထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေကြိုလေးတွေကိုချစ်ကြလား။အနုပညာရှင်တွေရဲ့မျိုးဆက်သစ် ရွှေကြိုလေးတွေကို စင်မြင့်ထက်မှာမြင်ရဖို့ရင်ခုန်နေကြပြီလား။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)

Credit: Can’t Wait To Say

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top