စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

သံေယာဇဥ္နဲ႔ သတိရျခင္း ဆိုတာ အင္မတန္ ပူေလာင္ပါတယ္ ၊ ဒါဆိုရင္ သံေယာဇဥ္ကို ျဖတ္သင့္လား ? မျဖတ္သင့္ဘူးလား ? ျဖတ္သင့္တယ္ ၊ျဖတ္သင့္တယ္ ဆိုျပီး ကြာရွင္းျပတ္စဲရမွာ မဟုတ္ဘူးေနာ္၊စိတ္ထဲမွာ ရွိေနတဲ႔ သံေယာဇဥ္ဓါတ္ေတြကို ပါးသည္ထက္ ပါးသြားေအာင္ ႀကိဳးစားရမယ္၊ သံေယာဇဥ္ေနရာမွာ ေမတၱာ အစားထိုးရမယ္၊ သံေယာဇဥ္ေနရာမွာ သဒၶါ ၊ ဝီရိယ ၊သတိ ၊ သမာဓိ၊ ပညာ၊ သူေတာ္ေကာင္းဓါတ္ေတြ အစားထိုးရမယ္ ။ဒါဆိုရင္ တဏွာဓါတ္ေတြ ပါး ပါးမသြားဘူးလား ?"ႏြယ္တစ္မ်ွင္ ျမက္တစ္ပင္လို . . . သံေယာဇဥ္ကို အလြယ္ ျဖတ္နိုင္တဲ႔သူ ျဖစ္ရပါလိုသည္ တဲ႔

ျမန္မာဂႏၶဝင္သီခ်င္းေတြထဲက ေရနံေခ်ာင္းသား ကိုတင္လႈိင္ ဆိုထားတဲ႔ " အမုန္းခြန္အား ေပးသနားပါ" ဆိုတဲ႔ သီခ်င္းထဲ က " ႏြယ္တစ္မ်ွင္ ျမက္တစ္ပင္လို . . . သံေယာဇဥ္ကို အလြယ္တကူ ျဖတ္နိုင္တဲ႔သူ . . . ျဖစ္လိုပါသည္" ကို အႀကိဳက္ဆံုးပါပဲ။ဘာျဖစ္လို႔လဲ ဆိုေတာ့ တရားသေဘာေတြ အျပည့္ပါလို႔ေလ ။ အဲဒီသီခ်င္း ႀကိဳက္လို႔လဲ ဘုန္းႀကီး ျဖစ္တာ ျဖစ္နိုင္တယ္ေနာ္။ဘယ္ေလာက္မ်ား ေကာင္းလိုက္လဲ၊ႏြယ္ပင္ေလးကို ဆြဲျဖတ္လိုက္သလို ၊ျမက္ပင္ေလးကို ဆြဲျဖတ္လိုက္သလို သံေယာဇဥ္အမ်ွင္တန္းေတြကိုလည္း ရုတ္တရက္ အလြယ္တကူ ေထာက္ကနဲ ခ်ိဳးျဖတ္နိုင္သူ ျဖစ္ပါရေစ" တဲ႔ ။

သံေယာဇဥ္ကို ႏြယ္တစ္မ်ွင္ ၊ ျမက္တစ္ပင္လို ျဖတ္ခ်င္တာလား ၊ သစ္ကိုင္းတစ္ကိုင္းလို ျဖတ္ခ်င္တာလား
သစ္ကိုင္းမွာ မန္က်ည္းကိုင္းလား ၊ တမာကိုင္းလား၊-မန္က်ည္းကိုင္း ဆိုရင္ . ."မန္က်ည္းတစ္ညို ၊ လူတစ္ကိုယ္တဲ႔ ၊လက္တစ္ဆစ္ေလာက္ပဲတုတ္တဲ႔ မန္က်ည္းကိုင္းေလး တစ္ကိုင္းကလည္း လူတစ္ကိုယ္ ရပ္တည္လို႔ မရဘူးလား ၊ရတယ္ ၊ ေတာ္ေတာ္နဲ႔ မက်ိဳးဘူး ။

"တမာတစ္ကိုင္း လူ႔သခ််ႍိဳင္းတဲ႔ ။တမာကိုင္းက ဆတ္တယ္ ၊ က််ိဳးလြယ္တယ္ေလ ၊ ဒါေၾကာင့္ တမာကိုင္းေပၚ လူတက္လိုက္ရင္ အလြယ္တကူ က်ိဳးျပီး လူေသသြားနိုင္တယ္ လို႔ ေျပာတာ ။ေသရင္ သခ်ိၤဳင္း ေရာက္မွာမို႔ " တမာတစ္ကိုင္း လူ႔သခ်ၤ္ဳင္းတဲ႔။ သစ္ကိုင္းသံေယာဇဥ္သမားေတြမွာလည္း . . မန္က်ည္းကိုင္းသံေယာဇဥ္နဲ႔ တမာကိုင္းသံေယာဇဥ္ လို႔ ႏွစ္မ်ိဳး ရွိျပန္တာေပါ့ ။မန္က်ည္းကိုင္းသံေယာဇဥ္က က ျဖတ္ဖို႔ သိပ္ခက္တယ္ ။ အစြဲအလန္း အရမ္းႀကီးလို႔ ။တမာကိုင္းသံေယာဇဥ္က ျဖတ္ဖို႔လြယ္တယ္ ။ အစြဲအလန္း မႀကီးလို႔ ။

အဲဒီက်ေတာ့လည္း . . "တမာေတာမွာ ေပ်ာ္တယ္ ဆိုတဲ႔ .. ေမာင္ေရ . . ေမာင္ေရ" ဆိုတာက လာဦးမွာ ။ မခက္ဘူးလား ။ ခက္တာပဲ ။ ဒါေၾကာင့္ . . . ဆိုလိုက္ပါ"ေမတၱာနဲ႔သာ ေအးခ်မ္းစြာ စိတ္မွာ သတိရ"ကိုယ္ခ်စ္တဲ႔သူ ၊ ကိုယ္သံေယာဇဥ္ ရွိတဲ႔သူကို သတိမရဖို႔ ျဖစ္မွ မျဖစ္နိုင္တာ ။

တစ္ဖက္သားကိုလည္း သတိမရနဲ႔လို႔ တားဆီးလို႔ မရဘူး ။ကိုယ္ကိုယ္တိုင္လဲ ေမ့ပစ္လိုက္လို႔ မရဘူး အဲဒီေတာ့ သတိရတဲ႔အခါမွာ . . . .ကိုယ့္စိတ္ကိုယ္စစ္လိုက္ ၊ တဏွာနဲ႔ သတိရေနတာလား ၊ ေမတၱာနဲ႔ သတိရေနတာလား ၊ တဏွာနဲ႔ သတိရေနရင္ ေမတၱာ ျဖစ္ေအာင္ ျမန္ျမန္ ေျပာင္းလိုက္ပါ။ကိုယ္ခ်စ္တဲ႔သူကို သတိရတယ္။ေပ်ာ္ခဲ႔ပါးခဲ႔ ၾကည္နူးခဲ႔ တာေတြကို သတိရမေနဘဲနဲ႔ ၊ ေပ်ာ္ခ်င္ပါးခ်င္တဲ႔စိတ္နဲ႔ သတိရမေနဘဲနဲ႔ " က်န္းမာပါေစ ၊ ခ်မ္းသာပါေစ" ေမတၱာေလးပြားျပီး သတိရေတာ့ ေအးခ်မ္းသြားတယ္ ။

ကိုယ္ခ်စ္တဲ႔သူကို ကူညီေစာင့္ေရွာက္ခဲ႔တာေလးေတြ ၊ ေပးကမ္း လွဴဒါန္းခဲ႔တာေလးေတြကို ျပန္ေတြးလိုက္ေတာ့ စာဂါႏုႆတိ ဘာဝနာေတာင္ ျဖစ္သြားေသးတယ္ ။သတိရနည္းေလး ေျပာေပးတာေနာ္ ။သတိမရနဲ႔လို႔ တားေနတာ မဟုတ္ပါဘူး

-တဏွာနဲ႔ သတိမရပါနဲ႔ ၊ ေမတၱာနဲ႔ သတိရပါ ၊
-ေဒါသနဲ႔ သတိမရပါနဲ႔ ၊ ကရုဏာနဲ႔ သတိရပါ ၊
-ဣႆ ာနဲ႔ သတိမရပါနဲ႔ ၊ မုဒိတာနဲ႔ သတိရပါ ၊
စသည္ျဖင့္ေပါ့ေနာ္ ၊ သတိရနည္း မွန္ကန္ဖို႔ ေျပာေပးေနတာပါ ။

ေမတၱာ ၊ ကရုဏာ ၊ မုဒိတာ လို႔ေခၚတဲ႔ သူေတာ္ေကာင္း တရားေလးေတြနဲ႔ သတိရေနမယ္ ဆိုရင္ စိတ္လည္း ေအးခ်မ္းပါတယ္ ။ ကုသိုလ္တရားေတြလည္း တိုးပြားပါတယ္။ေပးခဲ႔ ၊ ကမ္းခဲ႔ ၊ လွဴခဲ႔ ၊ တန္းခဲ႔တာေတြကို အမ်ားအားျဖင့္ ျပန္ျပီး မစဥ္းစားမိတတ္ဘူး ။ကိုယ္ခ်စ္ခင္ျမတ္နိုးတဲ႔ ၊ ၾကည္ညိုေလးစားတဲ႔သူကို သတိရေနတယ္ ဆိုရင္ . . သတိရမႈနဲ႔အတူ တြဲၿပီး ကိုယ္ေပးလွဴခဲ႔ ၊ ကူညီခဲ႔တာေတြ ကို ျပန္ျပီးေတာ့ သတိရသင့္တယ္ ။

ဒါဆိုရင္ ကိုယ္ျပဳခဲ႔တဲ႔ ကုသိုလ္ေတြကလည္း အားေကာင္း သည္ထက္ အားေကာင္းလာမယ္။ ေမတၱာဓာတ္ေတြလည္း ပို ပိုလာမယ္ ။သူ႔အေပၚမွာတြင္ မဟုတ္ဘူး ၊ တျခားေသာ ပုဂၢိဳလ္ေတြ အေပၚမွာလည္း ေမတၱာဓာတ္ေတြ ထားနိုင္လာတယ္။ကိုယ္ခ်စ္တဲ႔သူအေပၚ ေမတၱာထားခဲ႔တာေတြ ထပ္ကာထပ္ကာသတိရဖန္ မ်ားလာရာကေန ေမတၱာဓာတ္ေတြ တိုးပြားျပီး ကိုယ္နဲ႔ ပတ္သက္လာသမ်ွ တျခားလူေတြအားလံုး အေပၚမွာလည္း ေမတၱာထားနိုင္လာတယ္ ။

" ဆရာေတာ္အရွင္ဆႏၵာဓိက- ေရႊပါရမီေတာရ"
(ဘယ္ေလာက္ေဝးေဝး နီးနီးေလး- စာ- ၅၉-၆၅ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ညီညီ

#Unicode Version#

သံယောဇဉ်နဲ့ သတိရခြင်း ဆိုတာ အင်မတန် ပူလောင်ပါတယ် ၊ ဒါဆိုရင် သံယောဇဉ်ကို ဖြတ်သင့်လား ? မဖြတ်သင့်ဘူးလား ? ဖြတ်သင့်တယ် ၊ဖြတ်သင့်တယ် ဆိုပြီး ကွာရှင်းပြတ်စဲရမှာ မဟုတ်ဘူးနော်၊စိတ်ထဲမှာ ရှိနေတဲ့ သံယောဇဉ်ဓါတ်တွေကို ပါးသည်ထက် ပါးသွားအောင် ကြိုးစားရမယ်၊ သံယောဇဉ်နေရာမှာ မေတ္တာ အစားထိုးရမယ်၊ သံယောဇဉ်နေရာမှာ သဒ္ဓါ ၊ ဝီရိယ ၊သတိ ၊ သမာဓိ၊ ပညာ၊ သူတော်ကောင်းဓါတ်တွေ အစားထိုးရမယ် ။ဒါဆိုရင် တဏှာဓါတ်တွေ ပါး ပါးမသွားဘူးလား ?"နွယ်တစ်မျှင် မြက်တစ်ပင်လို . . . သံယောဇဉ်ကို အလွယ် ဖြတ်နိုင်တဲ့သူ ဖြစ်ရပါလိုသည် တဲ့

မြန်မာဂန္ဓဝင်သီချင်းတွေထဲက ရေနံချောင်းသား ကိုတင်လှိုင် ဆိုထားတဲ့ " အမုန်းခွန်အား ပေးသနားပါ" ဆိုတဲ့ သီချင်းထဲ က " နွယ်တစ်မျှင် မြက်တစ်ပင်လို . . . သံယောဇဉ်ကို အလွယ်တကူ ဖြတ်နိုင်တဲ့သူ . . . ဖြစ်လိုပါသည်" ကို အကြိုက်ဆုံးပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ တရားသဘောတွေ အပြည့်ပါလို့လေ ။ အဲဒီသီချင်း ကြိုက်လို့လဲ ဘုန်းကြီး ဖြစ်တာ ဖြစ်နိုင်တယ်နော်။ဘယ်လောက်များ ကောင်းလိုက်လဲ၊နွယ်ပင်လေးကို ဆွဲဖြတ်လိုက်သလို ၊မြက်ပင်လေးကို ဆွဲဖြတ်လိုက်သလို သံယောဇဉ်အမျှင်တန်းတွေကိုလည်း ရုတ်တရက် အလွယ်တကူ ထောက်ကနဲ ချိုးဖြတ်နိုင်သူ ဖြစ်ပါရစေ" တဲ့ ။

သံယောဇဉ်ကို နွယ်တစ်မျှင် ၊ မြက်တစ်ပင်လို ဖြတ်ချင်တာလား ၊ သစ်ကိုင်းတစ်ကိုင်းလို ဖြတ်ချင်တာလား
သစ်ကိုင်းမှာ မန်ကျည်းကိုင်းလား ၊ တမာကိုင်းလား၊-မန်ကျည်းကိုင်း ဆိုရင် . ."မန်ကျည်းတစ်ညို ၊ လူတစ်ကိုယ်တဲ့ ၊လက်တစ်ဆစ်လောက်ပဲတုတ်တဲ့ မန်ကျည်းကိုင်းလေး တစ်ကိုင်းကလည်း လူတစ်ကိုယ် ရပ်တည်လို့ မရဘူးလား ၊ရတယ် ၊ တော်တော်နဲ့ မကျိုးဘူး ။

"တမာတစ်ကိုင်း လူ့သချႍျိုင်းတဲ့ ။တမာကိုင်းက ဆတ်တယ် ၊ ကျျိုးလွယ်တယ်လေ ၊ ဒါကြောင့် တမာကိုင်းပေါ် လူတက်လိုက်ရင် အလွယ်တကူ ကျိုးပြီး လူသေသွားနိုင်တယ် လို့ ပြောတာ ။သေရင် သချိၤုင်း ရောက်မှာမို့ " တမာတစ်ကိုင်း လူ့သင်္ချ်ုင်းတဲ့။ သစ်ကိုင်းသံယောဇဉ်သမားတွေမှာလည်း . . မန်ကျည်းကိုင်းသံယောဇဉ်နဲ့ တမာကိုင်းသံယောဇဉ် လို့ နှစ်မျိုး ရှိပြန်တာပေါ့ ။မန်ကျည်းကိုင်းသံယောဇဉ်က က ဖြတ်ဖို့ သိပ်ခက်တယ် ။ အစွဲအလန်း အရမ်းကြီးလို့ ။တမာကိုင်းသံယောဇဉ်က ဖြတ်ဖို့လွယ်တယ် ။ အစွဲအလန်း မကြီးလို့ ။

အဲဒီကျတော့လည်း . . "တမာတောမှာ ပျော်တယ် ဆိုတဲ့ .. မောင်ရေ . . မောင်ရေ" ဆိုတာက လာဦးမှာ ။ မခက်ဘူးလား ။ ခက်တာပဲ ။ ဒါကြောင့် . . . ဆိုလိုက်ပါ"မေတ္တာနဲ့သာ အေးချမ်းစွာ စိတ်မှာ သတိရ"ကိုယ်ချစ်တဲ့သူ ၊ ကိုယ်သံယောဇဉ် ရှိတဲ့သူကို သတိမရဖို့ ဖြစ်မှ မဖြစ်နိုင်တာ ။

တစ်ဖက်သားကိုလည်း သတိမရနဲ့လို့ တားဆီးလို့ မရဘူး ။ကိုယ်ကိုယ်တိုင်လဲ မေ့ပစ်လိုက်လို့ မရဘူး အဲဒီတော့ သတိရတဲ့အခါမှာ . . . .ကိုယ့်စိတ်ကိုယ်စစ်လိုက် ၊ တဏှာနဲ့ သတိရနေတာလား ၊ မေတ္တာနဲ့ သတိရနေတာလား ၊ တဏှာနဲ့ သတိရနေရင် မေတ္တာ ဖြစ်အောင် မြန်မြန် ပြောင်းလိုက်ပါ။ကိုယ်ချစ်တဲ့သူကို သတိရတယ်။ပျော်ခဲ့ပါးခဲ့ ကြည်နူးခဲ့ တာတွေကို သတိရမနေဘဲနဲ့ ၊ ပျော်ချင်ပါးချင်တဲ့စိတ်နဲ့ သတိရမနေဘဲနဲ့ " ကျန်းမာပါစေ ၊ ချမ်းသာပါစေ" မေတ္တာလေးပွားပြီး သတိရတော့ အေးချမ်းသွားတယ် ။

ကိုယ်ချစ်တဲ့သူကို ကူညီစောင့်ရှောက်ခဲ့တာလေးတွေ ၊ ပေးကမ်း လှူဒါန်းခဲ့တာလေးတွေကို ပြန်တွေးလိုက်တော့ စာဂါနုဿတိ ဘာဝနာတောင် ဖြစ်သွားသေးတယ် ။သတိရနည်းလေး ပြောပေးတာနော် ။သတိမရနဲ့လို့ တားနေတာ မဟုတ်ပါဘူး

-တဏှာနဲ့ သတိမရပါနဲ့ ၊ မေတ္တာနဲ့ သတိရပါ ၊
-ဒေါသနဲ့ သတိမရပါနဲ့ ၊ ကရုဏာနဲ့ သတိရပါ ၊
-ဣဿ ာနဲ့ သတိမရပါနဲ့ ၊ မုဒိတာနဲ့ သတိရပါ ၊
စသည်ဖြင့်ပေါ့နော် ၊ သတိရနည်း မှန်ကန်ဖို့ ပြောပေးနေတာပါ ။

မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ လို့ခေါ်တဲ့ သူတော်ကောင်း တရားလေးတွေနဲ့ သတိရနေမယ် ဆိုရင် စိတ်လည်း အေးချမ်းပါတယ် ။ ကုသိုလ်တရားတွေလည်း တိုးပွားပါတယ်။ပေးခဲ့ ၊ ကမ်းခဲ့ ၊ လှူခဲ့ ၊ တန်းခဲ့တာတွေကို အများအားဖြင့် ပြန်ပြီး မစဉ်းစားမိတတ်ဘူး ။ကိုယ်ချစ်ခင်မြတ်နိုးတဲ့ ၊ ကြည်ညိုလေးစားတဲ့သူကို သတိရနေတယ် ဆိုရင် . . သတိရမှုနဲ့အတူ တွဲပြီး ကိုယ်ပေးလှူခဲ့ ၊ ကူညီခဲ့တာတွေ ကို ပြန်ပြီးတော့ သတိရသင့်တယ် ။

ဒါဆိုရင် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကလည်း အားကောင်း သည်ထက် အားကောင်းလာမယ်။ မေတ္တာဓာတ်တွေလည်း ပို ပိုလာမယ် ။သူ့အပေါ်မှာတွင် မဟုတ်ဘူး ၊ တခြားသော ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း မေတ္တာဓာတ်တွေ ထားနိုင်လာတယ်။ကိုယ်ချစ်တဲ့သူအပေါ် မေတ္တာထားခဲ့တာတွေ ထပ်ကာထပ်ကာသတိရဖန် များလာရာကနေ မေတ္တာဓာတ်တွေ တိုးပွားပြီး ကိုယ်နဲ့ ပတ်သက်လာသမျှ တခြားလူတွေအားလုံး အပေါ်မှာလည်း မေတ္တာထားနိုင်လာတယ် ။

" ဆရာတော်အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
(ဘယ်လောက်ဝေးဝေး နီးနီးလေး- စာ- ၅၉-၆၅ )

ဖိုးသူတော် (www.phothutaw.com)

Credit: ညီညီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top