မြန္ျပည္နယ္ မုဒုံျမဳိ့နယ္ ကမာဝက္ျမဳိ႕ စိန္ေတာင္ေက်းရြာေန မ…..(၁၅) ႏွစ္သည္ အိမ္နီးနားျခင္းေန မ်ဳိးေအာင္ (၂၅)ႏွစ္ႏွင့္ ခ်စ္ၾကဳိက္မိရာမွ ကိုယ္ဝန္(၅)လ ႐ွိခဲ့သည္ကုိ မ…….၏ အဖြားျဖစ္သူမွ သိ႐ွိ၍ မ်ဳိးေအာင္ (၂၅) ႏွစ္အား ၎ေျမးမေလး၏ ကုိယ္ဝန္ကုိ တာဝန္ယူရန္ေျပာခဲ့ရာ မ်ဳိးေအာင္(၂၅)ႏွစ္မွ တာဝန္ မယူႏုိင္ေၾကာင္း ကေလးအေဖေနရာတြင္ ၎၏ အမည္ မထည့္ေစလုိေၾကာင္း ေျပာသျဖင့္

မ…….(၁၅)ႏွစ္၏ အဖြားျဖစ္သူမွ ကမာဝက္ျမဳိ႕ စိန္ေတာင္ရပ္႐ွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးသုိ႔ သြားေရာက္တုိင္ၾကားရာ ရုံးရွိ တာဝန္႐ွိသူမ်ားမွ ညႇိႏႈိင္းေပး၍ ၎အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ (၇.၁၁.၂၀၁၈)ရက္ေန႔၌ ၎ကိစၥအား ႏွစ္ဦးသေဘာတူ ေငြက်ပ္ (၅) သိန္းျဖင့္ ေက်ေအးလက္မွတ္ ထုိးခဲ့ျကေၾကာင္း သိရသည္…

၎ျဖစ္စဥ္အား မြန္ျပည္နယ္ အနာဂတ္အလင္းတန္း လူမႈကြန္ယက္ အဖြဲ႔မွ ဥကၠဌ ေဒၚသက္ထားလြင္သည္ ကမာဝက္ျမဳိ႕ စိန္ေတာင္ရပ္ ေဒသႏၱရ က်န္းမာေရး ေဆး႐ုံသုိ႔ ရင္ခြင္မဲ့ကေလး ေလ်ာ့ခ်ေရး စီမံခ်က္အား ကြင္းဆင္း ေဆာင္ရြက္ရန္ ေရာက္႐ွိစဥ္ ၎ ေဆးခန္း႐ွိ သားဖြားဆရာမ ေဒၚေငြၿငိမ္းႏွင့္ မ……(၁၅)ႏွစ္တုိ႔ ေရာက္႐ွိလာၿပီး

မ…..(၁၅)ႏွစ္မွ ၎တြင္ ကုိယ္ဝန္(၅)လ ႐ွိေနၿပီးျဖစ္ေၾကာင္း ကေလးေမြးဖြားၿပီးပါက လုိခ်င္တဲ့ လူ႐ွိရင္ ေပးမည္ျဖစ္ေၾကာင္းေျပာရာ အနာဂတ္အလင္းတန္း ဥကၠဌ ေဒၚသက္ထားလြင္မွ ဗုိက္ထဲမွ ကေလး၏ ဖခင္အားေမးျမန္ရာ မ……(၁၅)ႏွစ္မွ ၎ႏွင့္ ခ်စ္ၾကဳိက္၍ ကိုယ္ဝန္ရေအာင္က်ဴးလြန္ခဲ့သူ မ်ဳိးေအာင္(၂၅)ႏွစ္မွ ၎ကုိယ္ဝန္အား တာဝန္မယူႏုိင္ေၾကာင္း အေဖနာမည္လည္း မခံေပးႏုိင္ေၾကာင္း ေျပာၿပီး

အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေလ်ာ္ေၾကး(၅)သိန္းေပးကာ ေၾကေအးေပးခဲ့ျခင္းတုိ႔ကုိ ေျပာျပ သိ႐ွိရ၍ အနာဂတ္အလင္းတန္းဥကၠဌ ေဒၚသက္ထားလြင္သည္ အမ်ဳိးသမီးထုဘက္မွ မခံမရပ္ႏုိင္ျဖစ္ျခင္း ၊ လစ္လ်ဴ႐ႈ႕ထားပါက အလားတူ အရြယ္မေရာက္ေသးေသာ မိန္းကေလးငယ္မ်ားအား မ်ဳိးေအာင္(၂၅)ႏွစ္မွ ထပ္မံ က်ဴးလြန္ႏုိင္ေျခ ႐ွိျခင္းမ်ားေၾကာင့္ ၎ကုိယ္တုိင္း မုဒုံျမဳိ့ ကမာဝက္နယ္ေျမ ရဲစခန္းသုိ႔ သြားေရာက္ၿပီး အရြယ္မေရာက္ေသးသူ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသမီးငယ္အား သားမယားအျဖစ္ ကာမရယူ ျပဳက်င့္ခဲ့သူ မ်ဳိးေအာင္(၂၅)ႏွစ္အား အေရးယူေပးရန္ တရားလုိျပဳလုပ္တုိင္ၾကားခဲ့ေၾကာင္း သိရသည္…

ျဖစ္စဥ္အား မုဒုံျမဳိ့နယ္ ကမာဝက္နယ္ေျမ ရဲစခန္းမွ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳးိသမီးငယ္အား ကာမရယူျပဳက်င့္၍ကုိယ္ဝန္ရေစသူ မ်ဳိးေအာင္(၂၅)ႏွစ္အား ကမာဝက္နယ္ေျမရဲစခန္း (ပ)၆၁/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ (၃၇၆)ျဖင့္ ေဒၚသက္ထားလြင္မွ တရားလုိျပဳလုပ္ကာ နယ္ေျမရဲစခန္းမွ ရဲအုပ္ညီညီေထြးမွ အမႈအား ဆက္လက္စစ္ေဆး ေဆာင္ရြတ္ေနေၾကာင္း သတင္းရ႐ွိပါသည္…

ဖိုးသူေတာ္(www.phothutaw.com)
Credit:San Lin Oo(အမႊာညီေနာင္ – မုဒုံ)
တြဲဘက္​တာဝန္​ခံအယ္​ဒီတာ
SH အထူးဟစ္​တုိင္​အင္​တာနက္​အြန္​လုိင္​းသတင္​းအဖြဲ႔
SH MEDIA GROUP

#Unicode Version#
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ကျေးရွာနေ မ…..(၁၅) နှစ်သည် အိမ်နီးနားခြင်းနေ မျိုးအောင် (၂၅)နှစ်နှင့် ချစ်ကြိုက်မိရာမှ ကိုယ်ဝန်(၅)လ ရှိခဲ့သည်ကို မ…….၏ အဖွားဖြစ်သူမှ သိရှိ၍ မျိုးအောင် (၂၅) နှစ်အား ၎င်းမြေးမလေး၏ ကိုယ်ဝန်ကို တာဝန်ယူရန်ပြောခဲ့ရာ မျိုးအောင်(၂၅)နှစ်မှ တာဝန် မယူနိုင်ကြောင်း ကလေးအဖေနေရာတွင် ၎င်း၏ အမည် မထည့်စေလိုကြောင်း ပြောသဖြင့်

မ…….(၁၅)နှစ်၏ အဖွားဖြစ်သူမှ ကမာဝက်မြို့ စိန်တောင်ရပ်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားရာ ရုံးရှိ တာဝန်ရှိသူများမှ ညှိနှိုင်းပေး၍ ၎င်းအုပ်ချုပ်ရေးမှူးရုံး၌ (၇.၁၁.၂၀၁၈)ရက်နေ့၌ ၎င်းကိစ္စအား နှစ်ဦးသဘောတူ ငွေကျပ် (၅) သိန်းဖြင့် ကျေအေးလက်မှတ် ထိုးခဲ့ကြကြောင်း သိရသည်…

၎င်းဖြစ်စဉ်အား မွန်ပြည်နယ် အနာဂတ်အလင်းတန်း လူမှုကွန်ယက် အဖွဲ့မှ ဥက္ကဌ ဒေါ်သက်ထားလွင်သည် ကမာဝက်မြို့ စိန်တောင်ရပ် ဒေသန္တရ ကျန်းမာရေး ဆေးရုံသို့ ရင်ခွင်မဲ့ကလေး လျော့ချရေး စီမံချက်အား ကွင်းဆင်း ဆောင်ရွက်ရန် ရောက်ရှိစဉ် ၎င်း ဆေးခန်းရှိ သားဖွားဆရာမ ဒေါ်ငွေငြိမ်းနှင့် မ……(၁၅)နှစ်တို့ ရောက်ရှိလာပြီး

မ…..(၁၅)နှစ်မှ ၎င်းတွင် ကိုယ်ဝန်(၅)လ ရှိနေပြီးဖြစ်ကြောင်း ကလေးမွေးဖွားပြီးပါက လိုချင်တဲ့ လူရှိရင် ပေးမည်ဖြစ်ကြောင်းပြောရာ အနာဂတ်အလင်းတန်း ဥက္ကဌ ဒေါ်သက်ထားလွင်မှ ဗိုက်ထဲမှ ကလေး၏ ဖခင်အားမေးမြန်ရာ မ……(၁၅)နှစ်မှ ၎င်းနှင့် ချစ်ကြိုက်၍ ကိုယ်ဝန်ရအောင်ကျူးလွန်ခဲ့သူ မျိုးအောင်(၂၅)နှစ်မှ ၎င်းကိုယ်ဝန်အား တာဝန်မယူနိုင်ကြောင်း အဖေနာမည်လည်း မခံပေးနိုင်ကြောင်း ပြောပြီး

အုပ်ချုပ်ရေးမှူးရုံး၌ လျော်ကြေး(၅)သိန်းပေးကာ ကြေအေးပေးခဲ့ခြင်းတို့ကို ပြောပြ သိရှိရ၍ အနာဂတ်အလင်းတန်းဥက္ကဌ ဒေါ်သက်ထားလွင်သည် အမျိုးသမီးထုဘက်မှ မခံမရပ်နိုင်ဖြစ်ခြင်း ၊ လစ်လျူရှု့ထားပါက အလားတူ အရွယ်မရောက်သေးသော မိန်းကလေးငယ်များအား မျိုးအောင်(၂၅)နှစ်မှ ထပ်မံ ကျူးလွန်နိုင်ခြေ ရှိခြင်းများကြောင့် ၎င်းကိုယ်တိုင်း မုဒုံမြို့ ကမာဝက်နယ်မြေ ရဲစခန်းသို့ သွားရောက်ပြီး အရွယ်မရောက်သေးသူ အသက်(၁၆)နှစ်အောက် အမျိုးသမီးငယ်အား သားမယားအဖြစ် ကာမရယူ ပြုကျင့်ခဲ့သူ မျိုးအောင်(၂၅)နှစ်အား အရေးယူပေးရန် တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း သိရသည်…

ဖြစ်စဉ်အား မုဒုံမြို့နယ် ကမာဝက်နယ်မြေ ရဲစခန်းမှ အသက်(၁၆)နှစ်အောက် အမျုးိသမီးငယ်အား ကာမရယူပြုကျင့်၍ကိုယ်ဝန်ရစေသူ မျိုးအောင်(၂၅)နှစ်အား ကမာဝက်နယ်မြေရဲစခန်း (ပ)၆၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၆)ဖြင့် ဒေါ်သက်ထားလွင်မှ တရားလိုပြုလုပ်ကာ နယ်မြေရဲစခန်းမှ ရဲအုပ်ညီညီထွေးမှ အမှုအား ဆက်လက်စစ်ဆေး ဆောင်ရွတ်နေကြောင်း သတင်းရရှိပါသည်…


ဖိုးသူတော်(www.phothutaw.com)
Credit:San Lin Oo(အမွှာညီနောင် – မုဒုံ)
တွဲဘက်တာဝန်ခံအယ်ဒီတာ
SH အထူးဟစ်တိုင်အင်တာနက်အွန်လိုင်းသတင်းအဖွဲ့
SH MEDIA GROUP
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top