Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #
သားစစ်ဟာ သူ့ရဲ့သူများနဲ့မတူတဲ့စကားလုံးအသစ်တွေ သီချင်းစာသားတွေကြောင့် Facebook တစ်ခွင်မှာအောင်မြင်ကျော်ကြားလူကြိုက်များလာတဲ့အနုပညာှရင်တစ်ဦးဖြစ်ပါတယ်။ သားစစ်ရဲ့အနုပညာတွေ စတိုင်ဒီဇိုင်းအထာကာလာအနေအထားတွေကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးကို ရှိနေတာပါ။သားစစ်က 8days နဲ့ Interview မှာ ခေါင်းဆောင်မင်းသားလုပ်ပြီး ရိုက်မယ့်ရုပ်ရှင်ကားကြီးအကြောင်းတွေပြောပြထားသလို သူူ့စကားတွေယူသုံးနေတဲ့အနုပညာရှင်တွေကို ချဲလိုက်တဲ့ စကားတွေလည်းပြောထားပါတယ်။
သားစစ်က သူခေါင်းဆောင်မင်းသားလုပ်မယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းကို “ဇာတ်ကားရိုက်တော့မယ်ဆိုတာက ရှေ့နှစ်ကျမှရိုက်မှာ။ ဒုဋ္ဌဝတီကိုလွန်၍ပရိုဂျူဆာ ကောင်းကြွယ်တို့နဲ့ ကျွန်တော် ဇာတ်ညွှန်းမအပ်ရသေးလို့ပေါ့နော်။ နောင်နှစ်မှရိုက်မှာ”လို့ပြောပြထားပြီး ဇာတ်ကားထဲမှာ မြင်တွေ့ရမယ့်ပုံစံအကြောင်းကိုလည်း”ဇာတ်ရုပ်ကတော့ ကျွန်တော် အဆိုတော်မဖြစ်ခင်တုန်းကအကြောင်းတွေလည်းပါတာပေါ့။ ဘဝပေးအကြောင်းတွေပေါ့နော်။ဘယ်လိုဖြတ်သန်းခဲ့ရတယ်။ ဘယ်လိုစတိုင်ဒီဇိုင်းအထာကာလာ ဘယ်လိုမျိုးလဲဘာညာဆိုတာ”လို့ပြောပြထားပါတယ်။
သားစစ်က သူရိုက်မယ့်ဇာတ်ကားကို ဆင်ဆာမပေးရင် နိုင်ငံခြားမှာသွားရိုက်မယ့်အကြောင်းကိုလည်း “ကျွန်တော်က ဖြစ်ရပ်မှန်အစစ်တွေရိုက်မှာ သူတို့ဆင်ဆာပေးတာဘာညာတော့ မသိဘူးပေါ့။တကယ်လို့ ဇာတ်ညွှန်းကိုဆင်ဆာမပေးဘူးဆိုရင်တော့ ကျွန်တော်တို့ပြောင်းရိုက်ရမယ်။ ကျောရိုးကတော့ ကျွန်တော့်ကျော်ရိုးပဲ။ကျွန်တော်ကိုယ်တိုင်ခေါင်းဆောင်မင်းသားပဲဖြစ်ပါတယ်။အက်လယ်။ ကျွန်တော်စစ်တပ်ကအကြောင်းတွေလည်းပါမှာပေါ့။ စစ်တပ်ကထွက်တော့ကျွန်တော်ထောင်ကျတယ်။ အင်းစိန်ထောင်ကျတာ။ ထောင်ထဲကအကြောင်းတွေလည်းပါမှာပေါ့။ ဆင်ဆာခွင့်မပြုရင် ကျွန်တော်တို့က ဇာတ်လမ်းပြောင်းမယ်။ နိုင်ငံခြားမှာသွားရိုက်မယ်။ နိုင်ငံခြားထောင်ဖြစ်သွားမယ်။မြန်မာထောင်မဟုတ်တော့ဘူး နိုင်ငံခြားထောင်ဖြစ်သွားမယ်”လို့ ပြောပြထားပါတယ်။
သားစစ်က သူ့စကားလုံးတွေကို အနုပညာရှင်တွေယူသုံးနေကြတာကိုလည်း “ဘယ်လိုပြောရမလဲ အမှတ်မထင်တကယ်မထင်မှတ်ပဲ ရုတ်တရက် ချက်ချင်းဘလိုင်းကြီးဆိုသလိုပဲ ကျွန်တော့်တော်ကီတွေကို လျှောက်သုံးတယ်ဆိုတော့ ကျွန်တော်ပျော်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တရားစွဲဖို့ကိစ္စတွေရှိတယ်။ကျွန်တော်ပြောတာ။ကျွန်တော့်တော်ကီတွေကိုသုံး။ရတယ်၊ကြိုက်သလောက်သုံး။ ဒါပေမယ့် ကျွန်တော့်ကိုလာပြောလေ။ ညီလေးရဲ့တော်ကီတွေသုံးချင်လို့ပါ။ကျွန်တော့်ကိုနည်းနည်းေ-ာက်ဖက်လုပ်လေ။ ေ-ာက်ရူးမှမဟုတ်တဲ့ကိစ္စကြီးကို ။နည်းနည်းပါးပါးအသိပေးပေါ့။ ကျွန်တော်က သူတို့လို စပွန်ဆာေ-ာက်ဂရုစိုကပ်တဲ့ကောင်မဟုတ်ဘူး။ စပွန်ဆာလည်းမျှော်ကိုးနေတဲ့ကောင်မဟုတ်ဘူး။ကိုယ့်ပိုက်ဆံနဲ့ကိုယ်”လို့ပြောထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top