iMyanmarHouse.com - Best Property Website for Myanmar
×






Source – May Toe Khine
Video ကြည့်ရန်



Credit: Real News

#Unicode Version#

လက်ရှိ အနုပညာလောကတွင် ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ယခုချိန်ထိ ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို ရရှိထားသူတွေပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်များတွင် ကျွမ်းကျင်ပီပြင်စွာသရုပ်ဆောင်မှုတို့တွေကြောင့်လည်း သူတို့နှစ်ဦးဟာ ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားကြသူတွေပဲ ဖြစ်ပါတယ်။


လက်ရှိမှာတော့ သားငယ်ဖိုးဒီနှင့် သမီးလေး သုသုတို့နှင့်အတူ ပျော်ရွှင်သာယာသော မိသားစုကမ္ဘာလေးအဖြစ်ဖန်တီးတည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။မိခင်ဖြစ်တဲ့ အူဝဲတစ်ယောက်ဟာလည်း ကလေးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေအပြင် သူမကိုချစ်တဲ့ ပရိတ်သတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေတဲ့ မိခင်ကောင်းတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

သူတို့ရဲ့သားသမီးတွေဖြစ်ကြတဲ့ ဖိုးဒီနဲ့ သုသုတို့နှစ်ယောက်ဟာလည်း အရမ်းကိုချစ်စရာကောင်းလွန်းနေပြီး ပရိတ်သတ်များကသာမကပဲ အနုပညာရှင်များကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။အခုတစ်ယောက်မှာလည်း သူတို့မောင်နှမနှစ်ယောက်ရဲ့အတွဲညီညီသီချင်းသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်တွေအတွက် ဝေမျှထားတာလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး မပီကလာလေးသီဆိုထားကြတဲ့ သုသုတိုည့မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source – May Toe Khine

ဖိုးသူတော် (www.phothutaw.com)

Credit: Real News
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top