iMyanmarHouse.com - Best Property Website for Myanmar
×

ဖိုတိုေမာ္ဒယ္သ႐ုပ္ေဆာင္ေမပန္းခ်ီဆိုတာကိုေတာ့ Social Media ေတြကေနတစ္ ေယာက်္ားေလးတခ်ိဳ႕ရဲ႕စိတ္ဝင္စားမႈခံခဲ့ရတဲ့တစ္ေယာက္ျဖစ္သလို အခုတေလာသူနဲ႔ပတ္သတ္ၿပီးနာမည္ႀကီးေနတဲ့ကိစၥအေပၚမွာထားတဲ့သူမရဲ႕အျမင္ေတြကို မီဒီယာေတြနဲ႕အင္တာဗ်ဴးတစ္ခုမွာေျပာျပသြားပါတယ္။ အဲ့ဒီလိုေျပာသြားတဲ့အေၾကာင္းအရာေတြကိုေျပာခ်င္လြန္းလို႕ပရိသတ္ႀကီးသိေအာင္ေဖာ္ျပေပးလိုက္ပါရေစ။

“ပန္းခ်ီတို႔ၾကေတာ့ ေျပာရမယ္ဆိုရင္ ရာႏႈန္းျပည့္ေကာင္းတယ္လို႔မဆိုလိုပါဘူး။ လုပ္သင့္တဲ့ေနရာလုပ္ရတာပဲေလ။ ႐ိုက္ကူးေရးက ေရကူးကန္မွာလုပ္မယ္ဆိုရင္ ရင္ဖံုးဝတ္သြားလို႔မရဘူးေလ။ သူေနရနဲ႕သူလိုက္ေအာင္ဝတ္ရတာေပါ့ ။ သူမ်ားဒါလုပ္လို႔လိုက္လုပ္ရမယ္လို႔ေတာ့ အေမကလည္းသင္မထားပါဘူး ။ သူမ်ားက က႑တစ္ခုမွာ ေဖာ္ၿပီး႐ိုက္ထားလို႔ ငါကေတာ့ရင္ဖံုးနဲ႔သြား႐ိုက္လိုက္မယ္လို႔လည္း ပန္းခ်ီမေတြးဘူး။ အဲ့ဒီလိုေတြးလိုက္တာပါပဲ။ အခုကိစၥမွာလည္း စိတ္ထဲမွာ မေကာင္းျဖစ္ေနတဲ့ကိစၥေလးကို တင္လုိက္တာပါ။

ေနာက္ေန႔က်ေတာ့လည္းအဲ့ဒီကိစၥႀကီးကမ႐ိွေတာ့ပါဘူး ။ တကယ္ဝိုင္းၿပီးShareလုပ္တဲ့သူေတြက ေထာင္ဂဏန္းေလာက္႐ိွသြားတယ္ေလ ။ ပန္းခ်ီကေတာ့ ကိုယ့္စိတ္ထဲမွာ႐ိွတဲ့အတိုင္းေလးပဲေရးတင္လိုက္တာပါ။ ကိုယ္လည္းအခ်ိန္ေပးထားရတယ္ ပိုက္ဆံလည္းရတာမဟုတ္ဘူး ။ ကိုယ္႐ိုက္ထားတာ၁၅ရက္ေလာက္႐ိွၿပီလႊင့္မေပးဘူး။ ကိုယ့္ေနာက္မွ လြန္ခဲ့တဲ့ႏွစ္ရက္သံုးရက္ကမွ႐ိုက္တဲ့သူေတြက်လႊင့္ေပးတယ္။ ပန္းခ်ီေျပာခ်င္တာက မလႊင့္ေပးေသးလည္းကိစၥမ႐ိွဘူး ။ဒါေပမယ့္ ေမပန္းခ်ီေရ နင့္ဟာေတာ့မလႊင့္ေသးဘူး မလႊင့္ျဖစ္ဘူး ေျပာေပးေပါ့ ပန္းခ်ီသြား႐ိုက္တယ္ဆိုတာကလည္းသူတို႔ကိုေလးစားလို႔သြား႐ိုက္တာေလ။အဲ့ဒီလို အျပန္အလွန္ေလးစားမႈေလး႐ိွေစခ်င္တာ။

မွန္တာေျပာရင္ ရြာျပင္ထုတ္ခံရပါတယ္။ ပန္းခ်ီလည္းေတာ္ေတာ္ေလးရြာျပင္ေရာက္ေနပါၿပီ။တစ္ခုခုဆိုအမုန္းခံလြန္းလို႕ေလ ေနာက္ၿပီးကိုယ္ကခ်က္ခ်င္းေျဖ႐ွင္းတတ္တဲ့လူစားမ်ိဳး တစ္ခါတေလက်ရင္ေမေမက နင္နည္းနည္းစဥ္းစားလိုက္ဦး ကိုယ့္အတြက္ေရ႐ွည္က႐ိွေသးတယ္ေပါ့။ ဒါေပမယ့္ စိတ္ကမရဘူးအခုေနာက္ပိုင္းက်ေတာ့လူမိုက္လုပ္မွရေတာ့မယ္ေခတ္ျဖစ္ေနတယ္။ကိုယ္တိုင္လည္းလိုအပ္ခ်က္ေတြအမ်ားႀကီး႐ိွတယ္။ ပန္းခ်ီကေခတ္ေရစီးေၾကာင္းကိုမလိုက္ႏိုင္တဲ့မင္းသမီးထဲမွာ ပန္းခ်ီပါပါတယ္ ။ အျမဲတမ္းဂ်င္းအက်ႌ နဲ႔Countryရွပ္နဲ႔ေနတယ္။ ႐ိုက္ကူးေရး႐ိွတဲ့အခ်ိန္မွဂါဝန္က်ပ္က်ပ္ေလးေတြဝတ္တာ။ဒါေပမယ့္ကိုယ္ခႏၶာကိုယ္ကႀကီးေတာဘယ္လို႐ိုက္႐ိုက္ကိုေပၚေနတာေပါ့ အလြန္ၾကဴးႀကီးထဲမွာေတာ့မပါပါဘူး။ေနာက္ၿပီးကိုယ္႔ပစၥည္းနဲ႕ကိုယ္အဆဲမခံႏိုင္ဘူး”ဆိုၿပီးေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

ဖိုတိုမော်ဒယ်သရုပ်ဆောင်မေပန်းချီဆိုတာကိုတော့ Social Media တွေကနေတစ် ယောကျ်ားလေးတချို့ရဲ့စိတ်ဝင်စားမှုခံခဲ့ရတဲ့တစ်ယောက်ဖြစ်သလို အခုတလောသူနဲ့ပတ်သတ်ပြီးနာမည်ကြီးနေတဲ့ကိစ္စအပေါ်မှာထားတဲ့သူမရဲ့အမြင်တွေကို မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။ အဲ့ဒီလိုပြောသွားတဲ့အကြောင်းအရာတွေကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ဖော်ပြပေးလိုက်ပါရစေ။

“ပန်းချီတို့ကြတော့ ပြောရမယ်ဆိုရင် ရာနှုန်းပြည့်ကောင်းတယ်လို့မဆိုလိုပါဘူး။ လုပ်သင့်တဲ့နေရာလုပ်ရတာပဲလေ။ ရိုက်ကူးရေးက ရေကူးကန်မှာလုပ်မယ်ဆိုရင် ရင်ဖုံးဝတ်သွားလို့မရဘူးလေ။ သူနေရနဲ့သူလိုက်အောင်ဝတ်ရတာပေါ့ ။ သူများဒါလုပ်လို့လိုက်လုပ်ရမယ်လို့တော့ အမေကလည်းသင်မထားပါဘူး ။ သူများက ကဏ္ဍတစ်ခုမှာ ဖော်ပြီးရိုက်ထားလို့ ငါကတော့ရင်ဖုံးနဲ့သွားရိုက်လိုက်မယ်လို့လည်း ပန်းချီမတွေးဘူး။ အဲ့ဒီလိုတွေးလိုက်တာပါပဲ။ အခုကိစ္စမှာလည်း စိတ်ထဲမှာ မကောင်းဖြစ်နေတဲ့ကိစ္စလေးကို တင်လိုက်တာပါ။

နောက်နေ့ကျတော့လည်းအဲ့ဒီကိစ္စကြီးကမရှိတော့ပါဘူး ။ တကယ်ဝိုင်းပြီးShareလုပ်တဲ့သူတွေက ထောင်ဂဏန်းလောက်ရှိသွားတယ်လေ ။ ပန်းချီကတော့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းလေးပဲရေးတင်လိုက်တာပါ။ ကိုယ်လည်းအချိန်ပေးထားရတယ် ပိုက်ဆံလည်းရတာမဟုတ်ဘူး ။ ကိုယ်ရိုက်ထားတာ၁၅ရက်လောက်ရှိပြီလွှင့်မပေးဘူး။ ကိုယ့်နောက်မှ လွန်ခဲ့တဲ့နှစ်ရက်သုံးရက်ကမှရိုက်တဲ့သူတွေကျလွှင့်ပေးတယ်။ ပန်းချီပြောချင်တာက မလွှင့်ပေးသေးလည်းကိစ္စမရှိဘူး ။ဒါပေမယ့် မေပန်းချီရေ နင့်ဟာတော့မလွှင့်သေးဘူး မလွှင့်ဖြစ်ဘူး ပြောပေးပေါ့ ပန်းချီသွားရိုက်တယ်ဆိုတာကလည်းသူတို့ကိုလေးစားလို့သွားရိုက်တာလေ။အဲ့ဒီလို အပြန်အလှန်လေးစားမှုလေးရှိစေချင်တာ။

မှန်တာပြောရင် ရွာပြင်ထုတ်ခံရပါတယ်။ ပန်းချီလည်းတော်တော်လေးရွာပြင်ရောက်နေပါပြီ။တစ်ခုခုဆိုအမုန်းခံလွန်းလို့လေ နောက်ပြီးကိုယ်ကချက်ချင်းဖြေရှင်းတတ်တဲ့လူစားမျိုး တစ်ခါတလေကျရင်မေမေက နင်နည်းနည်းစဉ်းစားလိုက်ဦး ကိုယ့်အတွက်ရေရှည်ကရှိသေးတယ်ပေါ့။ ဒါပေမယ့် စိတ်ကမရဘူးအခုနောက်ပိုင်းကျတော့လူမိုက်လုပ်မှရတော့မယ်ခေတ်ဖြစ်နေတယ်။ကိုယ်တိုင်လည်းလိုအပ်ချက်တွေအများကြီးရှိတယ်။ ပန်းချီကခေတ်ရေစီးကြောင်းကိုမလိုက်နိုင်တဲ့မင်းသမီးထဲမှာ ပန်းချီပါပါတယ် ။ အမြဲတမ်းဂျင်းအင်္ကျီ နဲ့Countryရှပ်နဲ့နေတယ်။ ရိုက်ကူးရေးရှိတဲ့အချိန်မှဂါဝန်ကျပ်ကျပ်လေးတွေဝတ်တာ။ဒါပေမယ့်ကိုယ်ခန္ဓာကိုယ်ကကြီးတောဘယ်လိုရိုက်ရိုက်ကိုပေါ်နေတာပေါ့ အလွန်ကြူးကြီးထဲမှာတော့မပါပါဘူး။နောက်ပြီးကိုယ့်ပစ္စည်းနဲ့ကိုယ်အဆဲမခံနိုင်ဘူး”ဆိုပြီးပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top