iMyanmarHouse.com - Best Property Website for Myanmar
×







Credit: လမ်းပြကြယ်

#Unicode Version#

အို … ဘုရားဆုပန်နိုင်တဲ့ ယောက်ျားတို့ရေ …မိန်းမဆိုတဲ့ မိခင်လောင်းတွေကို အနိုင်မယူပါနဲ့ !အားနွဲ့သူဆိုပြီး အနိုင်မကျင့်ကြပါနဲ့ …ယောက်ျားများနဲ့ယှဉ်လိုက်လျှင် နိမ့်ကျတယ်ဆိုပြီး …အထင်သေးစိတ်တွေ မမွေးမြူလိုက်ပါနဲ့ …ကျွန်တော်တို့ယောက်ျားတွေကို မွေးဖွားပေးခဲ့တာ …မိန်းမဆိုတဲ့ သူတို့တွေပါပဲ …

သန်မာထွားကျိုင်းတဲ့ ယောက်ျားတွေကို …ဝမ်းဗိုက်ထဲ ထည့်ထားနိုင်တာလဲ မိန်းမတွေပါ …ပညာတတ်ကြီးတွေ ဆရာဝန်ကြီးတွေ …အရက်သမားကအစ သူတောင်းစားအဆုံး …ဝမ်းဗိုက်ထဲမှာ နေထိုင်ခွင့်ပေးခဲ့ပြီး …လအတန်ကြာသည်အထိ အင်အားကြီးစွာဖြင့် …ယောက်ျားများကို လွယ်ထားနိုင်သူတွေပါ …

သင်အထင်သေး အမြင်သေးနေတဲ့ …မိန်းမတွေကို ကိုယ်ချင်းစာကြည့်ပါ …သူတို့ဟာ အားနွဲ့သူတွေလို့ထင်ရပေမယ့် …မေတ္တာတရားနဲ့ပတ်သက်လျှင်အင်အားကြီးသူပါ …ယောက်ျားတွေနဲတန်းတူ အလေးပင်များကို …သယ်မနိုင်ခြင်းမရှိပေမယ့် …ယောက်ျားတွေမလုပ်နိုင်တဲ့ ကိုယ်ဝင်လွယ်ခြင်း …မီးဖွားခြင်းများ သူတို့လုပ်နိုင်ပါတယ် …ရာဇဝင်မှာ သားသမီးနဲ့ပတ်သက်လျှင် …အချစ်ကြီးလွန်းတဲ့ မပဋာသည်လည်း …မိန်းမတစ်ဦးပါပဲ …

ရင်သွေးလေးသေမယ့်အရေး သိခဲ့သောကြောင့် …မြေလူးငိုခဲ့တဲ့နေရာ အခုထိမြက်မပေါက်နိုင်ဘူး …ရာဇဝင်ထဲမှာ များစွာသောမိခင်လောင်းတို့ရဲ့ …အချစ်ကြီးပုံတွေ မေတ္တာကြီးမားပုံတွေဟာ …ရေး၍ပင် မကုန်နိုင်ပါဘူး ဆိုလိုသည်က မိန်းမဆိုတဲ့လူထဲကလူတွေကို …အားနွဲ့သူဆိုပြီး အနိုင်မယူစေဖို့ပါ …နိမ့်ကျသူတွေဆိုပြီး အထင်မသေးစေဖို့ပါ …

သင်ချစ်သော သင့်မိခင်ပင်လျှင် …အားနွဲ့တဲ့မိန်းမတစ်ဦးဖြစ်ပေသည် …

ဖိုးသူတော် (www.phothutaw.com)

Credit: လမ်းပြကြယ်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top