iMyanmarHouse.com - Best Property Website for Myanmar
×

ေသြးေၾကာထံုးေရာဂါကို အဂၤလိပ္လို
Varicose Veins လို႔ေခၚပါတယ္...

တစ္ခ်ိဳ႕က ေသြးေၾကာေတြ ႀကိဳးလိုထံုးတာမ်ိဳး
အခ်င္းခ်င္းရစ္ပတ္ တုပ္ေႏွာင္သြားတာမ်ိဳးလို႔
ယူဆတတ္ၾကပါတယ္...
တကယ္ေတာ့ ႀကိဳးထံုးတာနဲ႔ ေသြးေၾကထံုးတာက
ျဖစ္စဥ္မတူပါဘူး...

လူ႔ခႏၶာကိုယ္ထဲမွာ ေသြးလႊတ္ေၾကာနဲ႔
ေသြးျပန္ေၾကာဆိုၿပီး ေသြးေၾကာ ႏွစ္မ်ိဳးႏွစ္စား
ရွိပါတယ္...

ႏွလံုးထဲက ေသြးေတြဟာ ႏွလံုးရဲ႕ညႇစ္အားနဲ႔
ေသြးလႊတ္ေၾကာေတြထဲကို တြန္းပို႔ခံလိုက္ရၿပီး
စီးဆင္း ခရီးႏွင္ၾကရတာပါ...

ခႏၶာကိုယ္အႏွံကေသြးေတြ
ႏွလံုးဆီ ျပန္ေရာက္လာဖို႔က်ေတာ့ ေသြးျပန္ေၾကာေတြရဲ႕
တစ္လမ္းေမာင္းျဖစ္ေအာင္ စီမံထားတဲ့
leaflet valves အဆို႔ရွင္ေတြက ႏွလံုးဆီ
ဦးတည္သြားေနတဲ့ ေသြးကို ေအာက္ျပန္မက်ေအာင္
ထိန္းသိမ္းေပးပါတယ္.

ေသြးျပန္ေၾကာမွာရွိတဲ့ ေသြးေတြ အေပၚတက္ႏိုင္ဖို႔
ေဘးမွာရွိတဲ့ ႂကြက္သားေတြက ညႇစ္ေပးပါတယ္ ..

ျပီးရင္ အထက္တက္တဲ့ေသြးေတြ ေအာက္ျပန္မက်ရေအာင္
ဒီအဆို႔ရွင္ေတြက တားဆီးေပးပါတယ္...

ေသြးေၾကာထံုးတယ္ဆိုတာက တကယ္ေတာ့
အေပၚမွာရွိတဲ့ ေသြးဖိအားနဲ႔ ေအာက္မွာရွိတဲ့
ေသြးျပန္ေၾကာအေပၚ သက္ေရာက္လို႔ပါဘဲ...

ေသြးျပန္ေၾကာအလုပ္လုပ္ပံုကို နားလည္ရင္
ေသြးျပန္ေၾကာ ဘာ့ေၾကာင့္ထံုးရတာလဲဆိုတဲ့
အခ်က္ကို လြယ္လြယ္သိႏိုင္ပါၿပီ...

မတ္တပ္ရက္တဲ့အခါ ကမ႓ာ့ဆြဲငင္အားအရ
ေသြးေတြဟာ ေအာက္ဖက္(ေျခေထာက္)မွာ စုပံုလာတယ္ ..

ၾကာလာေတာ့ ေသြးေတြ အိုင္လာတယ္...
ဖိအားမ်ားလာၿပီး ေသြးနံရံေတြ ေဖာင္းလာတယ္...

ဒီလိုေဖာင္းလာတဲ့ ေသြးေၾကာနံရံေတြေၾကာင့္
အဆို႔ရွင္ေတြ မလံုေတာ့ဘဲ အားအင္ခ်ည့္နဲ႔လာခဲ့ၿပီး
ထိန္းသိမ္းႏိုင္စြမ္းက်ကာ ေအာက္ျပန္ယိုစီးမႈေတြ
ရွိလာပါတယ္...

ဒီလိုနဲ႔ ေအာက္ဖက္ပိုေရာက္ေလ ေသြးဖိအား
ပိုမ်ားေလျဖစ္ၿပီး ေသြးေၾကာေတြဟာ အိုင္ထြန္း
ေဖာင္းကားလာၿပီး ပိုမိုေဖာင္းလာကာ ေနာက္ဆံုး
တြန္႔လိမ္ေကာက္ေကြး လာေတာ့တာပါဘဲ...

ဒါကို ေသြးေၾကာထံုးတယ္လို႔ ေခၚပါတယ္...

ဒီေရာဂါဟာ ေသြးျပန္ေၾကာေတြမွာသာ
ျဖစ္ေလ့ရွိတာပါ..
ေျခေထာက္တစ္ခုတည္းလားဆို မဟုတ္ေသးပါ..

စအိုမွာလည္း ျဖစ္တတ္ပါတယ္...
စအိုတြင္းက ေသြးျပန္ေၾကာေတြ ေဖာင္းကား
တြန္႔လိမ္လာရင္ေတာ့ လိပ္ေခါင္းေရာဂါလို႔
ေခၚဆိုၾကပါတယ္...

ဒါတင္မကေသးပါ..
ေယာက်ၤားကပ္ပယ္အိပ္ထဲမွာလည္း ျဖစ္တတ္တာမို႔
သားသမီးမရႏိုင္ဘဲ ျမံဳသြားတဲ့အထိ ျဖစ္ႏိုင္ပါတယ္...

သာမန္အေျခအေနမွာေျခေထာက္ကျပႆနာ မဟုတ္ေသးပါ...
အၾကည့္ရ ဆိုးရံုေလာက္သာ...

ႏွစ္ခ်ီလာရင္ေတာ့ ေျခသလံုးမွာ စတင္ ကိုက္ခဲလာမယ္...
ထံုက်င္လာမယ္...
ေျခေထာက္ေတြ ေလးလံလာမယ္..တင္းလာမယ္...

ညေနပိုင္းမွာ ပိုဆိုးလာတတ္တယ္ ...ေရာင္လာမယ္...
ရုတ္တရက္ထမိရင္ ႂကြက္တက္လာမယ္..
မတ္တပ္ရပ္ရင္ ပိုနာမယ္...

အေရျပား ယားမယ္..အဖုအေဖာင္းေတြ ပိုထြက္လာမယ္...
ေနရာအႏွံ႔ ျဖစ္လာမယ္..

ေသြးေၾကာေနရာ
စိမ္းတာ ျပာတာ မဲတာ အေရာင္အမ်ိဳးမ်ိဳး ျဖစ္လာႏိုင္တယ္...

ေနာက္ပိုင္း အေရျပားအေရာင္ ရင့္လာမယ္...
အေရျပားေရာဂါဝင္လာၿပီး ေျခေထာက္အနာ ျဖစ္လာမယ္...
ေျခေထာက္ ေျခခ်င္းဝတ္ စတဲ့ေနရာေတြမွာ
ႏွင္းကူနာလိုပါ ျဖစ္လာႏိုင္တယ္...

အနာျဖစ္လာရင္ ၾကာလာတာနဲ႔အမၽွ ေသြးေတြ
စုပံုလာတာေၾကာင့္ ေသြးခဲၿပီး ေသြးေၾကာပါပိတ္ႏိုင္တယ္...

ေျခေထာက္အတြက္သာမက
ႏွလံုး အဆုပ္ ဦးေႏွာက္ကိုပါ ဒုကၡေပးႏိုင္တယ္...

တစ္ခ်ိဳ႕က် အနာက Carcinoma
or Sarcoma ကင္ဆာ ေျပာင္းသြားတတ္ေသးတယ္..

ဒီေရာဂါက အသက္ ၅၀ ေက်ာ္ရင္ ၂ ေယာက္မွာ
တစ္ေယာက္ေလာက္ အနည္းနဲ႔အမ်ား ရွိလာတတ္တယ္...

အမ်ိဳးသမီးေတြ ပိုအျဖစ္မ်ားတယ္..မ်ိဳးရိုးလိုက္တတ္တယ္...
ကိုယ္ဝန္ေဆာင္ရတာ ..အဝလြန္တာ.. အဆီမ်ားတာ
ေသြးဆံုးတာ..တားေဆးကဒ္ေတြ အသံုးမ်ားတာ ...
အသက္ႀကီးတာ..အၾကာႀကီးရပ္ရတာ..
ေျခေထာက္ထိခိုက္မိတာ ေတြေၾကာင့္ ျဖစ္လာေစႏိုင္တယ္

တကယ္လို႔မ်ား ေသြးေၾကာအထံုးထဲ ေသြးခဲေလးေတြ
ေပၚထြန္းလာခဲ့ရင္ အဆုပ္ထဲကို သြားေရာက္ ပိတ္ဆို႔ႏိုင္ၿပီး
ရုတ္တရက္ ရင္ဘတ္ေအာင့္ ႏွလံုးခုန္ ရပ္ဆိုင္းသြားတာထိ
ျဖစ္လာႏိုင္ပါတယ္...

ပူျပင္းတဲ့ေႏြရာသီမွာ ဦးေႏွာက္ေသြးေၾကာ
ေပါက္တတ္တဲ့အတြက္ ေမြးရာပါ ေသြးေၾကာထံုးေရာဂါ
ရွိသူေတြ ပိုသတိထားရမွာပါ...

ဝမ္းဗိုက္အတြင္း ေသြးေၾကာထံုးတာ ျဖစ္ခဲ့ရင္
ဝမ္းဗိုက္ေအာက္ပိုင္း စူးစူးရွရွေအာင့္ျခင္း...
မနက္ခင္းမွာ သိပ္မနာပဲ တျဖည္းျဖည္း ပိုမို နာက်င္လာျခင္း ...
လဲေလ်ာင္းလိုက္တဲ့အခါ
ဒါမွမဟုတ္ အပူကပ္တဲ့အခါ နာက်င္မႈ ပိုလာျခင္းေတြ
ျဖစ္ေစတတ္ပါတယ္...

ကုသနည္း အမ်ိဳးမ်ိဳးရွိပါတယ္...
မကုသခင္ အရင္ဆံုး ျပဳျပင္ရမွာက
အစားအေသာက္ အေနအထိုင္ ပါဘဲ...
အာဟာရ မၽွတေအာင္စားၿပီး ဝမ္းခ်ဳပ္တာကို ကာကြယ္ပါ...
အရက္ ေဆးလိပ္ ေရွာင္ပါ...
သိပ္မဆိုးေသးရင္ သက္သာသြားႏိုင္ပါတယ္...

မတ္တပ္အၾကာႀကီး ရပ္တဲ့အလုပ္မ်ိဳး မလုပ္ပါနဲ႔..
ရပ္ရရင္လည္း နာရီဝက္တစ္ခါ ခႏၶာကိုယ္ ေျပာင္းလဲေပးပါ...
မၾကာခဏ နားေပးပါ..

ေျခေထာက္လိမ္ယွက္ၿပီး မထိုင္ပါနဲ႔..
ခါးပတ္ ခါးစည္း အတြင္းခံ က်ပ္က်ပ္သိပ္သိပ္
ဝတ္ျခင္းေတြက ေရာဂါျဖစ္ေစဖို႔ အားေပးသလို
ျဖစ္ေစပါတယ္...

ႂကြက္သားေလ့က်င့္ခန္း လုပ္ေပးပါ..
အဝမလြန္ အဆီမမ်ား ပါေစနဲ႔...
အိပ္တဲ့အခါ ေျခေထာက္မွာ တစ္ခုခု ျမႇင့္တင္ေပးထားပါ...

အသားကပ္အိတ္တစ္မ်ိဳး Compressing Stocking ကို တစ္ေနကုန္ဝတ္သင့္ပါတယ္...
ညအိပ္ခါနီးမွ ခၽြတ္အိပ္ပါ...

ေရာဂါဆိုးရြားလာရင္ေတာ့ ကၽြမ္းက်င္တဲ့ ဆရာဝန္နဲ႔
ျပသ တိုင္ပင္ပါ..
ခြဲစိတ္ကုသနည္း...ေပါင္ရင္းက ေသြးျပန္ေၾကာကို ထံုေဆးေပးၿပီး ေလဆာေရာင္ျခည္နဲ႔ ခြဲထုတ္ပစ္တဲ့နည္း တျခားနည္း ေတြရွိပါတယ္...

ေျခေထာက္ကေန ႏွလံုးဆီျပန္လာတဲ့ ေသြးေတြရဲ႕
၉၀ % က အတြင္းပိုင္းက ေသြးျပန္ေၾကာေတြကေန လုပ္ေပးတာမို႔ ေသြးေၾကာထံုး ျဖစ္ေစတတ္တဲ့ အေပၚယံေသြးေၾကာကို ခြဲစိတ္ထုတ္ျပစ္တာ ျပႆနာမရွိပါဘူးဆိုတဲ့အေၾကာင္း ေဒါက္တာတင့္ေဆြရဲ႕ ေဆးေဆာင္းပါးအရ သိရပါတယ္...။ ။

အားလံုး က်န္းမာ အသက္ရွည္ၾကပါေစ...

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေဒါက္တာျမင့္ဦး(ဂ်ီပီ)
စြဲၿငိတဲ့ က်န္းမာေရးေဆာင္းပါးမ်ား...
ေဒါက္တာေအးမင္းထူး
ကိုးကား...
ေဒါက္တာတင့္ေဆြ
#Unicode Version#
သွေးကြောထုံးရောဂါကို အင်္ဂလိပ်လို
Varicose Veins လို့ခေါ်ပါတယ်...

တစ်ချို့က သွေးကြောတွေ ကြိုးလိုထုံးတာမျိုး
အချင်းချင်းရစ်ပတ် တုပ်နှောင်သွားတာမျိုးလို့
ယူဆတတ်ကြပါတယ်...
တကယ်တော့ ကြိုးထုံးတာနဲ့ သွေးကြေထုံးတာက
ဖြစ်စဉ်မတူပါဘူး...

လူ့ခန္ဓာကိုယ်ထဲမှာ သွေးလွှတ်ကြောနဲ့
သွေးပြန်ကြောဆိုပြီး သွေးကြော နှစ်မျိုးနှစ်စား
ရှိပါတယ်...

နှလုံးထဲက သွေးတွေဟာ နှလုံးရဲ့ညှစ်အားနဲ့
သွေးလွှတ်ကြောတွေထဲကို တွန်းပို့ခံလိုက်ရပြီး
စီးဆင်း ခရီးနှင်ကြရတာပါ...

ခန္ဓာကိုယ်အနှံကသွေးတွေ
နှလုံးဆီ ပြန်ရောက်လာဖို့ကျတော့ သွေးပြန်ကြောတွေရဲ့
တစ်လမ်းမောင်းဖြစ်အောင် စီမံထားတဲ့
leaflet valves အဆို့ရှင်တွေက နှလုံးဆီ
ဦးတည်သွားနေတဲ့ သွေးကို အောက်ပြန်မကျအောင်
ထိန်းသိမ်းပေးပါတယ်.

သွေးပြန်ကြောမှာရှိတဲ့ သွေးတွေ အပေါ်တက်နိုင်ဖို့
ဘေးမှာရှိတဲ့ ကြွက်သားတွေက ညှစ်ပေးပါတယ် ..

ပြီးရင် အထက်တက်တဲ့သွေးတွေ အောက်ပြန်မကျရအောင်
ဒီအဆို့ရှင်တွေက တားဆီးပေးပါတယ်...

သွေးကြောထုံးတယ်ဆိုတာက တကယ်တော့
အပေါ်မှာရှိတဲ့ သွေးဖိအားနဲ့ အောက်မှာရှိတဲ့
သွေးပြန်ကြောအပေါ် သက်ရောက်လို့ပါဘဲ...

သွေးပြန်ကြောအလုပ်လုပ်ပုံကို နားလည်ရင်
သွေးပြန်ကြော ဘာ့ကြောင့်ထုံးရတာလဲဆိုတဲ့
အချက်ကို လွယ်လွယ်သိနိုင်ပါပြီ...

မတ်တပ်ရက်တဲ့အခါ ကမ္ဘာ့ဆွဲငင်အားအရ
သွေးတွေဟာ အောက်ဖက်(ခြေထောက်)မှာ စုပုံလာတယ် ..

ကြာလာတော့ သွေးတွေ အိုင်လာတယ်...
ဖိအားများလာပြီး သွေးနံရံတွေ ဖောင်းလာတယ်...

ဒီလိုဖောင်းလာတဲ့ သွေးကြောနံရံတွေကြောင့်
အဆို့ရှင်တွေ မလုံတော့ဘဲ အားအင်ချည့်နဲ့လာခဲ့ပြီး
ထိန်းသိမ်းနိုင်စွမ်းကျကာ အောက်ပြန်ယိုစီးမှုတွေ
ရှိလာပါတယ်...

ဒီလိုနဲ့ အောက်ဖက်ပိုရောက်လေ သွေးဖိအား
ပိုများလေဖြစ်ပြီး သွေးကြောတွေဟာ အိုင်ထွန်း
ဖောင်းကားလာပြီး ပိုမိုဖောင်းလာကာ နောက်ဆုံး
တွန့်လိမ်ကောက်ကွေး လာတော့တာပါဘဲ...

ဒါကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်...

ဒီရောဂါဟာ သွေးပြန်ကြောတွေမှာသာ
ဖြစ်လေ့ရှိတာပါ..
ခြေထောက်တစ်ခုတည်းလားဆို မဟုတ်သေးပါ..

စအိုမှာလည်း ဖြစ်တတ်ပါတယ်...
စအိုတွင်းက သွေးပြန်ကြောတွေ ဖောင်းကား
တွန့်လိမ်လာရင်တော့ လိပ်ခေါင်းရောဂါလို့
ခေါ်ဆိုကြပါတယ်...

ဒါတင်မကသေးပါ..
ယောင်္ကျားကပ်ပယ်အိပ်ထဲမှာလည်း ဖြစ်တတ်တာမို့
သားသမီးမရနိုင်ဘဲ မြုံသွားတဲ့အထိ ဖြစ်နိုင်ပါတယ်...

သာမန်အခြေအနေမှာခြေထောက်ကပြဿနာ မဟုတ်သေးပါ...
အကြည့်ရ ဆိုးရုံလောက်သာ...

နှစ်ချီလာရင်တော့ ခြေသလုံးမှာ စတင် ကိုက်ခဲလာမယ်...
ထုံကျင်လာမယ်...
ခြေထောက်တွေ လေးလံလာမယ်..တင်းလာမယ်...

ညနေပိုင်းမှာ ပိုဆိုးလာတတ်တယ် ...ရောင်လာမယ်...
ရုတ်တရက်ထမိရင် ကြွက်တက်လာမယ်..
မတ်တပ်ရပ်ရင် ပိုနာမယ်...

အရေပြား ယားမယ်..အဖုအဖောင်းတွေ ပိုထွက်လာမယ်...
နေရာအနှံ့ ဖြစ်လာမယ်..

သွေးကြောနေရာ
စိမ်းတာ ပြာတာ မဲတာ အရောင်အမျိုးမျိုး ဖြစ်လာနိုင်တယ်...

နောက်ပိုင်း အရေပြားအရောင် ရင့်လာမယ်...
အရေပြားရောဂါဝင်လာပြီး ခြေထောက်အနာ ဖြစ်လာမယ်...
ခြေထောက် ခြေချင်းဝတ် စတဲ့နေရာတွေမှာ
နှင်းကူနာလိုပါ ဖြစ်လာနိုင်တယ်...

အနာဖြစ်လာရင် ကြာလာတာနဲ့အမျှ သွေးတွေ
စုပုံလာတာကြောင့် သွေးခဲပြီး သွေးကြောပါပိတ်နိုင်တယ်...

ခြေထောက်အတွက်သာမက
နှလုံး အဆုပ် ဦးနှောက်ကိုပါ ဒုက္ခပေးနိုင်တယ်...

တစ်ချို့ကျ အနာက Carcinoma
or Sarcoma ကင်ဆာ ပြောင်းသွားတတ်သေးတယ်..

ဒီရောဂါက အသက် ၅၀ ကျော်ရင် ၂ ယောက်မှာ
တစ်ယောက်လောက် အနည်းနဲ့အများ ရှိလာတတ်တယ်...

အမျိုးသမီးတွေ ပိုအဖြစ်များတယ်..မျိုးရိုးလိုက်တတ်တယ်...
ကိုယ်ဝန်ဆောင်ရတာ ..အဝလွန်တာ.. အဆီများတာ
သွေးဆုံးတာ..တားဆေးကဒ်တွေ အသုံးများတာ ...
အသက်ကြီးတာ..အကြာကြီးရပ်ရတာ..
ခြေထောက်ထိခိုက်မိတာ တွေကြောင့် ဖြစ်လာစေနိုင်တယ်

တကယ်လို့များ သွေးကြောအထုံးထဲ သွေးခဲလေးတွေ
ပေါ်ထွန်းလာခဲ့ရင် အဆုပ်ထဲကို သွားရောက် ပိတ်ဆို့နိုင်ပြီး
ရုတ်တရက် ရင်ဘတ်အောင့် နှလုံးခုန် ရပ်ဆိုင်းသွားတာထိ
ဖြစ်လာနိုင်ပါတယ်...

ပူပြင်းတဲ့နွေရာသီမှာ ဦးနှောက်သွေးကြော
ပေါက်တတ်တဲ့အတွက် မွေးရာပါ သွေးကြောထုံးရောဂါ
ရှိသူတွေ ပိုသတိထားရမှာပါ...

ဝမ်းဗိုက်အတွင်း သွေးကြောထုံးတာ ဖြစ်ခဲ့ရင်
ဝမ်းဗိုက်အောက်ပိုင်း စူးစူးရှရှအောင့်ခြင်း...
မနက်ခင်းမှာ သိပ်မနာပဲ တဖြည်းဖြည်း ပိုမို နာကျင်လာခြင်း ...
လဲလျောင်းလိုက်တဲ့အခါ
ဒါမှမဟုတ် အပူကပ်တဲ့အခါ နာကျင်မှု ပိုလာခြင်းတွေ
ဖြစ်စေတတ်ပါတယ်...

ကုသနည်း အမျိုးမျိုးရှိပါတယ်...
မကုသခင် အရင်ဆုံး ပြုပြင်ရမှာက
အစားအသောက် အနေအထိုင် ပါဘဲ...
အာဟာရ မျှတအောင်စားပြီး ဝမ်းချုပ်တာကို ကာကွယ်ပါ...
အရက် ဆေးလိပ် ရှောင်ပါ...
သိပ်မဆိုးသေးရင် သက်သာသွားနိုင်ပါတယ်...

မတ်တပ်အကြာကြီး ရပ်တဲ့အလုပ်မျိုး မလုပ်ပါနဲ့..
ရပ်ရရင်လည်း နာရီဝက်တစ်ခါ ခန္ဓာကိုယ် ပြောင်းလဲပေးပါ...
မကြာခဏ နားပေးပါ..

ခြေထောက်လိမ်ယှက်ပြီး မထိုင်ပါနဲ့..
ခါးပတ် ခါးစည်း အတွင်းခံ ကျပ်ကျပ်သိပ်သိပ်
ဝတ်ခြင်းတွေက ရောဂါဖြစ်စေဖို့ အားပေးသလို
ဖြစ်စေပါတယ်...

ကြွက်သားလေ့ကျင့်ခန်း လုပ်ပေးပါ..
အဝမလွန် အဆီမများ ပါစေနဲ့...
အိပ်တဲ့အခါ ခြေထောက်မှာ တစ်ခုခု မြှင့်တင်ပေးထားပါ...

အသားကပ်အိတ်တစ်မျိုး Compressing Stocking ကို တစ်နေကုန်ဝတ်သင့်ပါတယ်...
ညအိပ်ခါနီးမှ ချွတ်အိပ်ပါ...

ရောဂါဆိုးရွားလာရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့
ပြသ တိုင်ပင်ပါ..
ခွဲစိတ်ကုသနည်း...ပေါင်ရင်းက သွေးပြန်ကြောကို ထုံဆေးပေးပြီး လေဆာရောင်ခြည်နဲ့ ခွဲထုတ်ပစ်တဲ့နည်း တခြားနည်း တွေရှိပါတယ်...

ခြေထောက်ကနေ နှလုံးဆီပြန်လာတဲ့ သွေးတွေရဲ့
၉၀ % က အတွင်းပိုင်းက သွေးပြန်ကြောတွေကနေ လုပ်ပေးတာမို့ သွေးကြောထုံး ဖြစ်စေတတ်တဲ့ အပေါ်ယံသွေးကြောကို ခွဲစိတ်ထုတ်ပြစ်တာ ပြဿနာမရှိပါဘူးဆိုတဲ့အကြောင်း ဒေါက်တာတင့်ဆွေရဲ့ ဆေးဆောင်းပါးအရ သိရပါတယ်...။ ။

အားလုံး ကျန်းမာ အသက်ရှည်ကြပါစေ...

ဖိုးသူတော်(www.phothutaw.com)
Credit:ဒေါက်တာမြင့်ဦး(ဂျီပီ)
စွဲငြိတဲ့ ကျန်းမာရေးဆောင်းပါးများ...
ဒေါက်တာအေးမင်းထူး

ကိုးကား...
ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top